ကမာရွတ်မြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မိုင်းခွဲခံရသည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်

 639

သန့်ဇင်(NP News)-ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမိုင်းခွဲတိုက်ခံရသည်မှာ အသင်းအမှား သာ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ရုံးကို ယနေ့(ဒီဇင်ဘာ ၂၈ ရက်) နံနက် ၂ နာရီ ၄၅မိနစ်က မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သတင်းမှားထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Yangon Army (YA) ဆိုသော အဖွဲ့နှင့် အနောက်ပိုင်းခရိုင် ပကဖ ဆိုသောအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ပြည်ပရောက် သတင်းမီဒီယာသို့ ပြောဆိုထားသော်လည်း ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အဲဒီဖြစ်စဉ်မျိုးဖြစ်ပွားခဲ့တာမရှိပါဘူး။ သတင်းအမှားဖြစ်ပါတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

Zawgyi Version:
ကမာ႐ြတ္ၿမိဳ႕နယ္ရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံး မိုင္းခြဲခံရသည္ဆိုျခင္းမွာ သတင္းအမွားသာျဖစ္
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၂၈
ရန္ကုန္တိုင္းေဒသႀကီး ၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္ ၃ ရပ္ကြက္ရွိ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမိုင္းခြဲတိုက္ခံရသည္မွာ အသင္းအမွား သာ ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
အဆိုပါ ႐ုံးကို ယေန႔(ဒီဇင္ဘာ ၂၈ ရက္) နံနက္ ၂ နာရီ ၄၅မိနစ္က မိုင္းခြဲတိုက္ခိုက္ခံရေၾကာင္း သတင္းမွားထြက္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းတိုက္ခိုက္မႈကို Yangon Army (YA) ဆိုေသာ အဖြဲ႕ႏွင့္ အေနာက္ပိုင္းခ႐ိုင္ ပကဖ ဆိုေသာအဖြဲ႕တို႔က ပူးေပါင္း လုပ္ေဆာင္ခဲ့ ျခင္းျဖစ္ေၾကာင္း ျပည္ပေရာက္ သတင္းမီဒီယာသို႔ ေျပာဆိုထားေသာ္လည္း ယင္းျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းမရွိေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။
“အဲဒီျဖစ္စဥ္မ်ိဳးျဖစ္ပြားခဲ့တာမရွိပါဘူး။ သတင္းအမွားျဖစ္ပါတယ္”ဟု ေဒသခံတစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.