ရွေးကောက်ပွဲမှ ပေါ်လာမည့်အစိုးရအသစ်သည် နိုင်ငံတည်ငြိမ်မှုရှိရန်ဆောက်ရွက်လိမ့်မည်ဟု ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ သုံးသပ်

177

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၉
ရွေးကောက်ပွဲမှ ပေါ်လာမည့်အစိုးရအသစ်သည် နိုင်ငံတည်ငြိမ်မှုရှိရန်ဆောက်ရွက်လိမ့်မည်ဖြစ်ကြောင်း ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool က ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်) ရွေးကောက်ပွဲအပိုင်း (၁)ကို H.E.Mr.Sholban Kara-Ool က စောင့်ကြည့်လေ့လာစဉ် မီဒီယာများထံ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွေးကော်ပွဲသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သွားပါက အလွန်ကောင်းမွန်သည့်စနစ်တစ်ခုဖြစ်ကြောင်း ၎င်းက ဆို သည်။
ထို့ပြင် ပြည်သူများ စိတ်အားထက်သန်စွာ မဲပေးနေခြင်းသည်လည်း နိုင်ငံ မှန်ကန်ကောင်းမွန်ရန်ဖြစ်ေကြာင်း ၎င်းက ဆိုသည်။
"ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင် ရွေးကောက်ပွဲအောင်မြင်အောင်ကြိုးပမ်းပြီးတော့ပြုလုပ်နေတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲအပါ်မှာ စိတ်အားထက်သန်စွာ ကျင်းပပေးတဲ့အတွက် မကြာခင်မှာ ရွေးကောက်ပွဲ ပြီးသွားမယ်။ ပါလီမန်အသစ်ပေါ်လာမယ်။ ပါလီမန်ကနေပြီးတော့အစိုးရ ဖွဲ့မယ်။ သမ္မတအဖြစ် ရွေးကောက်တင်မြောက်မယ်။ ဒီလိုအစီအစဉ်တွေ ဆက်ပြီးတော့ လုပ်ဆောင်ပါမယ်။ ပြည်သူတွေက သူတို့ရွေးချယ်ခဲ့တဲ့ ပါတီမှန်ကန်မှု ရှိ/မရှိ ဆိုတာ သူတို့သိရပါလိမ့်မယ်" ဟု H.E.Mr.Sholban Kara-Ool က ပြောသည်။
ထို့ကြောင့် ရွေးကောက်ပွဲကျင်းပခြင်းသည် အဓိကအားဖြင့် ဖြစ်ပေါ်လာမည့်အစိုးရသစ်က နိုင်ငံတည်ငြိမ်မှုကို ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
"ယခုလိုမျိုးရွေးကောက်ပွဲ ပြုလုပ်တာဟာ အဓိကအားဖြင့် ဖြစ်ပေါ်လာမယ့်အစိုးရအသစ်က နိုင်ငံရဲ့ တည်ငြိမ်မှုကို ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဒီကနေတစ်ဆင့် ထပ်ပြီးတော့သွားရင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို လုပ်နိုင်ပါလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု H.E.Mr.Sholban Kara-Ool က ပြောသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲမွ ေပၚလာမည့္အစိုးရအသစ္သည္ ႏိုင္ငံတည္ၿငိမ္မႈရွိရန္ေဆာက္႐ြက္လိမ့္မည္ဟု ႐ုရွားႏိုင္ငံ ဒူးမားလႊတ္ေတာ္ဥကၠ႒ သုံးသပ္
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၉
ေ႐ြးေကာက္ပြဲမွ ေပၚလာမည့္အစိုးရအသစ္သည္ ႏိုင္ငံတည္ၿငိမ္မႈရွိရန္ေဆာက္႐ြက္လိမ့္မည္ျဖစ္ေၾကာင္း ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံ ဒူးမားလႊတ္ေတာ္ဒုတိယဥကၠ႒ H.E.Mr.Sholban Kara-Ool က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ (ဒီဇင္ဘာ ၂၈ ရက္) ေ႐ြးေကာက္ပြဲအပိုင္း (၁)ကို H.E.Mr.Sholban Kara-Ool က ေစာင့္ၾကည့္ေလ့လာစဥ္ မီဒီယာမ်ားထံ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေ႐ြးေကာ္ပြဲသည္ ဒီမိုကေရစီလမ္းေၾကာင္းေပၚသြားပါက အလြန္ေကာင္းမြန္သည့္စနစ္တစ္ခုျဖစ္ေၾကာင္း ၎က ဆို သည္။
ထို႔ျပင္ ျပည္သူမ်ား စိတ္အားထက္သန္စြာ မဲေပးေနျခင္းသည္လည္း ႏိုင္ငံ မွန္ကန္ေကာင္းမြန္ရန္ျဖစ္ေၾကာင္း ၎က ဆိုသည္။
"ကြၽန္ေတာ္တို႔အေနနဲ႔ေျပာရမယ္ဆိုရင္ ေ႐ြးေကာက္ပြဲေအာင္ျမင္ေအာင္ႀကိဳးပမ္းၿပီးေတာ့ျပဳလုပ္ေနတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကလည္း ေ႐ြးေကာက္ပြဲအပၚမွာ စိတ္အားထက္သန္စြာ က်င္းပေပးတဲ့အတြက္ မၾကာခင္မွာ ေ႐ြးေကာက္ပြဲ ၿပီးသြားမယ္။ ပါလီမန္အသစ္ေပၚလာမယ္။ ပါလီမန္ကေနၿပီးေတာ့အစိုးရ ဖြဲ႕မယ္။ သမၼတအျဖစ္ ေ႐ြးေကာက္တင္ေျမာက္မယ္။ ဒီလိုအစီအစဥ္ေတြ ဆက္ၿပီးေတာ့ လုပ္ေဆာင္ပါမယ္။ ျပည္သူေတြက သူတို႔ေ႐ြးခ်ယ္ခဲ့တဲ့ ပါတီမွန္ကန္မႈ ရွိ/မရွိ ဆိုတာ သူတို႔သိရပါလိမ့္မယ္" ဟု H.E.Mr.Sholban Kara-Ool က ေျပာသည္။
ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲက်င္းပျခင္းသည္ အဓိကအားျဖင့္ ျဖစ္ေပၚလာမည့္အစိုးရသစ္က ႏိုင္ငံတည္ၿငိမ္မႈကို ေဆာင္႐ြက္ႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
"ယခုလိုမ်ိဳးေ႐ြးေကာက္ပြဲ ျပဳလုပ္တာဟာ အဓိကအားျဖင့္ ျဖစ္ေပၚလာမယ့္အစိုးရအသစ္က ႏိုင္ငံရဲ႕ တည္ၿငိမ္မႈကို ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ ဒီကေနတစ္ဆင့္ ထပ္ၿပီးေတာ့သြားရင္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈကို လုပ္ႏိုင္ပါလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္" ဟု H.E.Mr.Sholban Kara-Ool က ေျပာသည္။