ကော့သောင်းဒေသရှိ ရေတံခွန်ခြံ နှင့် မလိဝမ်းခြံတို့တွင် ဆီအုန်းစိုက်ဧက (၁ဝဝ) စိုက်ပျိုးမည်

 80

ကိုဖြိုး (NP News) - ဒီဇင်ဘာ ၂၉

ပြည်တွင်းရှိ စားသုံးဆီလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်နှင့် ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့် စားသုံးဆီ ပမာဏ ကို အထိုက်အလျောက်လျှော့ချနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် ရေတံခွန်ခြံနှင့် မလိဝမ်းခြံတို့၌ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆီအုန်းစိုက်ဧက (၁ဝဝ) ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
“လာမယ့် ၂၀၂၆ ခုနှစ် မိုးရာသီကနေ စပြီးစိုက်ပျိုးသွားမယ်။ လက်ရှိမှာလည်း ဆီအုန်းသီးနှံစိုက်ဧက (၁ဝဝ) အတွက် ပြည်ပကတင်သွင်းထားတဲ့ မျိုးနဲ့ ပြည်တွင်းက စပ်မျိုး နှစ်မျိုးလုံးကို ယှဉ်ပြိုင် စမ်းသပ်သုတေသနပြုနေပါ တယ်။ ဘယ်မျိုးက ကော့သောင်းမြို့ရဲ့ ရာသီဥတု ရေမြေဒေသနဲ့ပိုကိုက်ညီမလဲ၊ အထွက်ကောင်း ဖြစ်မလဲဆိုတာ ရယ်ကို စမ်းသပ်သုတေသနပြုနေပါတယ်” လို့ အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆီအုန်းသီးနှံပင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး ဦးစီးဌာနပိုင် ခြံများအတွင်း ဧရိယာ ၂၈၇ ဒသမ ၆၅ ဧကတွင် သုတေသနလုပ်ငန်းများကို စီမံဆောင်ရွက်နေကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာအတွင်း ဌာနပိုင်ခြံများမှ စိုက်ပျိုးသည့် ဆီအုန်းသီးနှံဧရိယာမှာ ၁၀,၀၆၉ ဒသမ ၈၆ ဧက ရှိခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များမှ စိုက်ပျိုးသည့် ဧရိယာမှာ ၃၈၅,၉၂၁ ဒသမ ၁၄ ဧက ရှိကာ ထိုသို့စိုက်ပျိုးမှုမှတဆင့် ဆီချောတန်ချိန်ပမာဏ ၃၇,၄၁၆ ဒသမ ၇၆ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆီအုန်းသီးနှံမှ အခြားနည်းသုံး(ဆပ်ပြာကုန်ကြမ်းဆီ)အဖြစ် (၁၀,၆၆၂ ဒသမ ဝ၉) တန် ထုတ်လုပ်နိုင်ခဲ့ ကြောင်း သိရသည်။
ဆီအုန်းသီးနှံမှာ နှစ်ရှည်စိုက်ပျိုးရသည့် သီးနှံပင်အမျိုးအစားဖြစ်ပြီး အပင်သက်တမ်း ၅ နှစ်ပြည့်ချိန်မှ စတင်ကာ စီးပွားဖြစ်ခူးဆွတ်၍ ဆီထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ ဆီအုန်းသီးနှံအများဆုံး ထွက်ရှိချိန်သည်လည်း နှစ်စဉ် မေလနှင့် ဇွန်လများဖြစ်ကြောင်း နှင့် ပြည်တွင်းမှာ ဆီအုန်းသီးနှံကို တနင်္သာရီတိုင်းဒေသကြီးတွင် အဓိက စိုက်ပျိုးကြောင်း သိရသည်။

Zawgyi Version:
ေကာ့ေသာင္းေဒသရွိ ေရတံခြန္ၿခံ ႏွင့္ မလိဝမ္းၿခံတို႔တြင္ ဆီအုန္းစိုက္ဧက (၁ဝဝ) စိုက္ပ်ိဳးမည္
ကိုၿဖိဳး (NP News) - ဒီဇင္ဘာ ၂၉
ျပည္တြင္းရွိ စားသုံးဆီလိုအပ္ခ်က္ကို ျဖည့္တင္းႏိုင္ရန္ႏွင့္ ျပည္ပမွ ဝယ္ယူတင္သြင္းေနရသည့္ စားသုံးဆီ ပမာဏ ကို အထိုက္အေလ်ာက္ေလွ်ာ့ခ်ႏိုင္ရန္အတြက္ တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္ရွိ စိုက္ပ်ိဳးေရး ဦးစီးဌာနပိုင္ ေရတံခြန္ၿခံႏွင့္ မလိဝမ္းၿခံတို႔၌ လာမည့္ ၂၀၂၆-၂၀၂၇ ဘ႑ာႏွစ္အတြင္း ဆီအုန္းစိုက္ဧက (၁ဝဝ) ကို စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း အဆိုပါဌာနမွ သိရသည္။
“လာမယ့္ ၂၀၂၆ ခုႏွစ္ မိုးရာသီကေန စၿပီးစိုက္ပ်ိဳးသြားမယ္။ လက္ရွိမွာလည္း ဆီအုန္းသီးႏွံစိုက္ဧက (၁ဝဝ) အတြက္ ျပည္ပကတင္သြင္းထားတဲ့ မ်ိဳးနဲ႔ ျပည္တြင္းက စပ္မ်ိဳး ႏွစ္မ်ိဳးလုံးကို ယွဥ္ၿပိဳင္ စမ္းသပ္သုေတသနျပဳေနပါ တယ္။ ဘယ္မ်ိဳးက ေကာ့ေသာင္းၿမိဳ႕ရဲ႕ ရာသီဥတု ေရေျမေဒသနဲ႔ပိုကိုက္ညီမလဲ၊ အထြက္ေကာင္း ျဖစ္မလဲဆိုတာ ရယ္ကို စမ္းသပ္သုေတသနျပဳေနပါတယ္” လို႔ အဆိုပါဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဆီအုန္းသီးႏွံပင္ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ား စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ရန္ စိုက္ပ်ိဳးေရး ဦးစီးဌာနပိုင္ ၿခံမ်ားအတြင္း ဧရိယာ ၂၈၇ ဒသမ ၆၅ ဧကတြင္ သုေတသနလုပ္ငန္းမ်ားကို စီမံေဆာင္႐ြက္ေနေၾကာင္း သိရသည္။
၂၀၂၄-၂၀၂၅ ဘ႑ာအတြင္း ဌာနပိုင္ၿခံမ်ားမွ စိုက္ပ်ိဳးသည့္ ဆီအုန္းသီးႏွံဧရိယာမွာ ၁၀,၀၆၉ ဒသမ ၈၆ ဧက ရွိခဲ့ၿပီး ပုဂၢလိက လုပ္ငန္းရွင္မ်ားမွ စိုက္ပ်ိဳးသည့္ ဧရိယာမွာ ၃၈၅,၉၂၁ ဒသမ ၁၄ ဧက ရွိကာ ထိုသို႔စိုက္ပ်ိဳးမႈမွတဆင့္ ဆီေခ်ာတန္ခ်ိန္ပမာဏ ၃၇,၄၁၆ ဒသမ ၇၆ တန္ ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ဆီအုန္းသီးႏွံမွ အျခားနည္းသုံး(ဆပ္ျပာကုန္ၾကမ္းဆီ)အျဖစ္ (၁၀,၆၆၂ ဒသမ ဝ၉) တန္ ထုတ္လုပ္ႏိုင္ခဲ့ ေၾကာင္း သိရသည္။
ဆီအုန္းသီးႏွံမွာ ႏွစ္ရွည္စိုက္ပ်ိဳးရသည့္ သီးႏွံပင္အမ်ိဳးအစားျဖစ္ၿပီး အပင္သက္တမ္း ၅ ႏွစ္ျပည့္ခ်ိန္မွ စတင္ကာ စီးပြားျဖစ္ခူးဆြတ္၍ ဆီထုတ္လုပ္ႏိုင္ၿပီျဖစ္ေၾကာင္း၊ ဆီအုန္းသီးႏွံအမ်ားဆုံး ထြက္ရွိခ်ိန္သည္လည္း ႏွစ္စဥ္ ေမလႏွင့္ ဇြန္လမ်ားျဖစ္ေၾကာင္း ႏွင့္ ျပည္တြင္းမွာ ဆီအုန္းသီးႏွံကို တနသၤာရီတိုင္းေဒသႀကီးတြင္ အဓိက စိုက္ပ်ိဳးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.