စီမံကိန်းသတင်းများကြောင့် ပြင်ဦးလွင်မြေဈေး ထိုးတက်

 669

ကိုဖြိုး (NP News) - ဒီဇင်ဘာ ၂၉

စီမံကိန်းအသစ်များ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ရှိကြောင်း သတင်းများကြောင့်၊ ပြင်ဦးလွင်မြို့အနီး ဝန်းကျင်ရှိ မြေဈေးများ ထိုးတက်သွားကြောင်း ဒေသခံများထံက သိရသည်။
ဘူတာအဆင့်မြှင့်စီမံကိန်း အပါအဝင် စီမံကိန်းသုံးခုအား၊ မကြာခင်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိကြောင်း သတင်းများထွက်ပေါ်လာပြီးနောက်၊ လက်ရှိအရောင်းအဝယ်ဖြစ်နေသည့် ဈေးတန်း တစ်ခုမှ ရုတ်တရတ်ထိုးတက်သွားခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
“စီမံကိန်းသတင်းတွေ ကြားကြားချင်းပဲ မြေဈေးက ထိုးတက်သွားတာ၊ သိန်းခြောက်ရာ၊ တစ်ထောင်အောက်ခေါ်တဲ့ မြေက သိန်းရှစ်ရာ၊ သိန်းတစ်ထောင်ကျော်၀န်းကျင်ဖြစ်သွားတယ်၊ ဈေးခေါ်ကြည့်တယ်။ အဝယ်လိုက်လာရင် ဈေးထပ်တင်ပြီးခေါ်တယ်။ အလုပ်ဖြစ်တဲ့အခါရှိသလို၊ ဈေးဆွဲဆွဲတင်နေလို့ အလုပ်မဖြစ်တဲ့ရက်တွေလည်းရှိတယ်” ဟု ဒေသခံအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ဘူတာအဆင့်မြှင့်စီမံကိန်း၊ မြို့မဈေးအဆင့်မြှင့်စီမံကိန်းနှင့် ရတနာပုံ ဆိုက်ဘာစီးတီး ပြန်လည်စတင်မည့် စီမံကိန်းများအား၊ မကြာခင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ရှိ ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
လက်ရှိအရောင်းအ၀ယ်ပြုလုပ်နေကြသည့်မြေများ စိတ်ချရမှုရှိမရှိနှင့်ပတ်သက်၍ စနစ်တကျ စစ်ဆေးဝယ်ယူကြ ရန် ဝါရင့်အိမ်ခြံမြေအကျိုးဆောင်များနှင့် ရှေ့နေအသိုက်အ၀န်းက သတိပေးပြောဆိုနေကြသည်။

Zawgyi Version:
စီမံကိန္းသတင္းမ်ားေၾကာင့္ ျပင္ဦးလြင္ေျမေဈး ထိုးတက္
ကိုၿဖိဳး (NP News) - ဒီဇင္ဘာ ၂၉
စီမံကိန္းအသစ္မ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားရန္ရွိေၾကာင္း သတင္းမ်ားေၾကာင့္၊ ျပင္ဦးလြင္ၿမိဳ႕အနီး ဝန္းက်င္ရွိ ေျမေဈးမ်ား ထိုးတက္သြားေၾကာင္း ေဒသခံမ်ားထံက သိရသည္။
ဘူတာအဆင့္ျမႇင့္စီမံကိန္း အပါအဝင္ စီမံကိန္းသုံးခုအား၊ မၾကာခင္ကာလအတြင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရန္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚလာၿပီးေနာက္၊ လက္ရွိအေရာင္းအဝယ္ျဖစ္ေနသည့္ ေဈးတန္း တစ္ခုမွ ႐ုတ္တရတ္ထိုးတက္သြားျခင္းျဖစ္သည္ဟု ၎တို႔က ဆိုသည္။
“စီမံကိန္းသတင္းေတြ ၾကားၾကားခ်င္းပဲ ေျမေဈးက ထိုးတက္သြားတာ၊ သိန္းေျခာက္ရာ၊ တစ္ေထာင္ေအာက္ေခၚတဲ့ ေျမက သိန္းရွစ္ရာ၊ သိန္းတစ္ေထာင္ေက်ာ္၀န္းက်င္ျဖစ္သြားတယ္၊ ေဈးေခၚၾကည့္တယ္။ အဝယ္လိုက္လာရင္ ေဈးထပ္တင္ၿပီးေခၚတယ္။ အလုပ္ျဖစ္တဲ့အခါရွိသလို၊ ေဈးဆြဲဆြဲတင္ေနလို႔ အလုပ္မျဖစ္တဲ့ရက္ေတြလည္းရွိတယ္” ဟု ေဒသခံအိမ္ၿခံေျမအက်ိဳးေဆာင္တစ္ဦးက ေျပာသည္။
မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕တြင္ ဘူတာအဆင့္ျမႇင့္စီမံကိန္း၊ ၿမိဳ႕မေဈးအဆင့္ျမႇင့္စီမံကိန္းႏွင့္ ရတနာပုံ ဆိုက္ဘာစီးတီး ျပန္လည္စတင္မည့္ စီမံကိန္းမ်ားအား၊ မၾကာခင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားရန္ရွိ ေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။
လက္ရွိအေရာင္းအ၀ယ္ျပဳလုပ္ေနၾကသည့္ေျမမ်ား စိတ္ခ်ရမႈရွိမရွိႏွင့္ပတ္သက္၍ စနစ္တက် စစ္ေဆးဝယ္ယူၾက ရန္ ဝါရင့္အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားႏွင့္ ေရွ႕ေနအသိုက္အ၀န္းက သတိေပးေျပာဆိုေနၾကသည္။

Related news

© 2021. All rights reserved.