ယူကရိန်းမှာ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံအသစ် ထွက်ပေါ်လာ

320

Pika (NP News) – ဒီဇင်ဘာ ၂၉
ယူကရိန်းအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအာဏာပိုင်တွေဟာ လျှို့ဝှက်စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့ပြီး နောက် တာဝန်ထမ်းဆောင်နေတဲ့လွှတ်တော်အမတ်တွေပါဝင်တဲ့ မဲလိမ်လည်မှုနဲ့ လာဘ်ပေးလာဘ်ယူမှုအစီအစဉ် တစ်ခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကြား တွေ့ဆုံမှုမတိုင်ခင် ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းကလည်း ယူကရိန်းအစိုးရဟာ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေတဲ့လူအတော်အများကို ဖော်ထုတ်နိုင် ခဲ့ပြီး ရာထူးတွေကနေ ဖယ်ရှားပစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ယူကရိန်းရဲ့အမျိုးသားအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဗျူရို(NABU) နဲ့ အထူးအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ရှေ့နေရုံး (SAPO) တို့ဟာ တာဝန်ထမ်းဆောင်နေတဲ့လွှတ်တော်အမတ်တွေပါဝင်တဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ ရာဇဝတ်မှုလုပ်ငန်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အေဂျင်စီတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ထုတ်ပြန်ကြေညာချက်မှာ “စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ အေဂျင်စီအဖွဲ့ဝင်တွေဟာ လွှတ်တော်အမတ်တွေ ပါဝင်နေတဲ့ မဲလိမ်လည်မှုနဲ့ လာဘ်ပေးလာဘ်ယူမှုအစီအစဉ် တစ်ခုကို အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version:
ယူကရိန္းမွာ အက်င့္ပ်က္ျခစားမႈအရႈပ္ေတာ္ပုံအသစ္ ထြက္ေပၚလာ
Pika (NP News) – ဒီဇင္ဘာ ၂၉
ယူကရိန္းအက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရးအာဏာပိုင္ေတြဟာ လွ်ိဳ႕ဝွက္စစ္ဆင္ေရးတစ္ခုကို လုပ္ေဆာင္ခဲ့ၿပီး ေနာက္ တာဝန္ထမ္းေဆာင္ေနတဲ့လႊတ္ေတာ္အမတ္ေတြပါဝင္တဲ့ မဲလိမ္လည္မႈနဲ႔ လာဘ္ေပးလာဘ္ယူမႈအစီအစဥ္ တစ္ခုကို ေဖာ္ထုတ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ တို႔ၾကား ေတြ႕ဆုံမႈမတိုင္ခင္ ယခုလိုျဖစ္ရပ္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လေတြတုန္းကလည္း ယူကရိန္းအစိုးရဟာ အက်င့္ပ်က္ျခစားမႈအရႈပ္ေတာ္ပုံမွာ ပါဝင္ပတ္သက္ေနတဲ့လူအေတာ္အမ်ားကို ေဖာ္ထုတ္ႏိုင္ ခဲ့ၿပီး ရာထူးေတြကေန ဖယ္ရွားပစ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းရဲ႕အမ်ိဳးသားအက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရးဗ်ဴ႐ို(NABU) နဲ႔ အထူးအက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရး ေရွ႕ေန႐ုံး (SAPO) တို႔ဟာ တာဝန္ထမ္းေဆာင္ေနတဲ့လႊတ္ေတာ္အမတ္ေတြပါဝင္တဲ့ စနစ္တက်ဖြဲ႕စည္းထားတဲ့ ရာဇဝတ္မႈလုပ္ငန္းတစ္ခုကို ေဖာ္ထုတ္ႏိုင္ခဲ့တာျဖစ္တယ္လို႔ ေအဂ်င္စီေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ထုတ္ျပန္ေၾကညာခ်က္မွာ “စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ေအဂ်င္စီအဖြဲ႕ဝင္ေတြဟာ လႊတ္ေတာ္အမတ္ေတြ ပါဝင္ေနတဲ့ မဲလိမ္လည္မႈနဲ႔ လာဘ္ေပးလာဘ္ယူမႈအစီအစဥ္ တစ္ခုကို ေအာင္ျမင္စြာေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။