တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ ပြင်းအား(၇)မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်

 302

Pika (NP News) – ဒီဇင်ဘာ ၂၉

တရုတ်(တိုင်ပေ)ကျွန်းရဲ့ အရှေ့မြောက်ဘက်ကမ်းရိုးတန်းမြို့ ယီလန်ကနေ မိုင်(၂၀)ခန့်အကွာမှာ ပြင်းအား(၇) မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ တရုတ်(တိုင်ပေ)ကျွန်းရဲ့မိုးလေဝသဌာနက ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်တဲ့အစီရင်ခံစာတွေ ထွက်ပေါ်လာတာမျိုးတော့ မရှိသေးဘူး လို့ သိရပါတယ်။ အဲဒီငလျင်ကြောင့် တိုင်ပေမြို့က အဆောက်အဦးတွေ လှုပ်ခါသွားခဲ့ပြီး တရုတ်(တိုင်ပေ) တစ်ကျွန်းလုံးနီးပါး ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရတယ်လို့ တရုတ်(တိုင်ပေ)အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ ဒါ့ပြင် ငလျင်ကို ပြင်းထန်မှုအဆင့်(၄)ရှိတဲ့ ငလျင်အဖြစ် သတ်မှတ်ထားတာကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းငယ်ရှိနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီငလျင်ကြောင့် အချို့နေရာတွေမှာ ဓါတ်ငွေ့နဲ့ ရေယိုစိမ့်မှုတွေ အပါအဝင် အဆောက်အဦးအနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့အစီရင်ခံစာတွေပဲ ထွက်ပေါ်သေးတယ်လို့လည်း သိရပါတယ်။
ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ယီလန်မြို့က နေအိမ်ပေါင်း(၃၀၀၀)ကျော် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ Taiwan Power ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ ျပင္းအား(၇)မဂၢနီက်ဳအဆင့္ရွိ ငလ်င္လႈပ္ခတ္
Pika (NP News) – ဒီဇင္ဘာ ၂၉
တ႐ုတ္(တိုင္ေပ)ကြၽန္းရဲ႕ အေရွ႕ေျမာက္ဘက္ကမ္း႐ိုးတန္းၿမိဳ႕ ယီလန္ကေန မိုင္(၂၀)ခန႔္အကြာမွာ ျပင္းအား(၇) မဂၢနီက်ဳအဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့တယ္လို႔ တ႐ုတ္(တိုင္ေပ)ကြၽန္းရဲ႕မိုးေလဝသဌာနက ထုတ္ျပန္ေျပာၾကား ခဲ့ပါတယ္။
ဒါေပမယ့္လည္း ႀကီးမားတဲ့ပ်က္စီးဆုံးရႈံးမႈနဲ႔ပတ္သက္တဲ့အစီရင္ခံစာေတြ ထြက္ေပၚလာတာမ်ိဳးေတာ့ မရွိေသးဘူး လို႔ သိရပါတယ္။ အဲဒီငလ်င္ေၾကာင့္ တိုင္ေပၿမိဳ႕က အေဆာက္အဦးေတြ လႈပ္ခါသြားခဲ့ၿပီး တ႐ုတ္(တိုင္ေပ) တစ္ကြၽန္းလုံးနီးပါး ငလ်င္လႈပ္ခတ္မႈဒဏ္ကို ခံစားခဲ့ရတယ္လို႔ တ႐ုတ္(တိုင္ေပ)အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။ ဒါ့ျပင္ ငလ်င္ကို ျပင္းထန္မႈအဆင့္(၄)ရွိတဲ့ ငလ်င္အျဖစ္ သတ္မွတ္ထားတာေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ အနည္းငယ္ရွိႏိုင္တယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီငလ်င္ေၾကာင့္ အခ်ိဳ႕ေနရာေတြမွာ ဓါတ္ေငြ႕နဲ႔ ေရယိုစိမ့္မႈေတြ အပါအဝင္ အေဆာက္အဦးအနည္းငယ္ထိခိုက္ပ်က္စီးခဲ့တယ္ဆိုတဲ့အစီရင္ခံစာေတြပဲ ထြက္ေပၚေသးတယ္လို႔လည္း သိရပါတယ္။
ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ယီလန္ၿမိဳ႕က ေနအိမ္ေပါင္း(၃၀၀၀)ေက်ာ္ လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မႈေတြကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ Taiwan Power ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.