ရွေးကောက်ပွဲအပြီး တက်လာသော အစိုးရသစ်သည် ညွန့်ပေါင်းအစိုးရဖြစ်ဖွယ်ရှိကြောင်း ကျားဖြူပါတီ ယုံကြည်

 544

သုတကျော် (NP News) - ဒီဇင်ဘာ ၂၉

ရွေးကောက်ပွဲအပြီးတက်လာသောအစိုးရသစ်သည် ညွန့်ပေါင်းအစိုးရ ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက NP News ဂျာနယ်က တစ်ဆင့် ခန့်မှန်းပြောကြားသည်။
ပါတီစုံ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာလ (၂၈) ရက်တွင် ပြုလုပ်ပြီး ဒုတိယပိုင်းနှင့် တတိယပိုင်းကို ဇန်နဝါရီလအတွင်း ပြုလုပ်မည်ဖြစ်ကာ ရွေးကောက်ပွဲအပြီးတွင် ထွက်ပေါ်လာနိုင်သော အစိုးရသစ်နှင့် ပတ်သက်၍ ၎င်းက ခန့်မှန်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အခု ကျွန်တော်တို့ မြင်တာတော့ ဒီတစ်ကြိမ် ရွေးကောက်ပွဲကလေ တစ်ပါတီတည်း Landslide နိုင်မယ့် အခြေအနေမရှိဘူး။ ဘယ်ပါတီမှမနိုင်နိုင်ဘူး။ တစ်ပါတီတည်းနဲ့ သောင်ပြိုကမ်းပြိုနိုင်မယ့် အခြေအနေမရှိဘူး။ ပါတီကြီးပဲ ဖြစ်ဖြစ်၊ ပါတီလတ်ပဲ ဖြစ်ဖြစ်၊ ပါတီသေးပဲ ဖြစ်ဖြစ် မရနိုင်ဘူး။ ကျွန်တော်က အဲဒီလိုပဲ မြင်တယ်” ဟု ဦးစိုင်း အိုက်ပေါင်းက ဆိုသည်။
လာမည့် အစိုးရသစ်သည် ညွန့်ပေါင်းအစိုးရ ဖြစ်ဖွယ်ရှိသော်လည်း ပါတီအရေအတွက် များပြားစွာ ပါဝင်မည့် ညွန့်ပေါင်းအစိုးရ မဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းပြောကြားသည်။
“ညွန့်ပေါင်းဖြစ်မှာပဲ။ ညွန့်ပေါင်းဆိုတာလည်း အများညွန့်ပေါင်းတော့ သိပ်မထင်ဘူးလေ။ နှစ်ပါတီ၊ သုံးပါတီ၊ လေးပါတီ အဲဒီလောက်ပဲ ရှိချင်ရှိမှာပေါ့။ ငါးပါတီ ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒီလိုတော့ မြင်တယ်ဗျ။ (၂၀၁၁)ကနေ (၂၀၁၅) တစ်ပါတီတည်း ပြည်ခိုင်ဖြိုးလေ။ (၂၀၁၆) ကနေ (၂၀၂၀) က NLD လေ။ အစိုးရ သက်တမ်းနှစ်ခုစလုံးမှာ တစ်ပါတီတည်း ကြီးစိုးသွားတာလေ။ ဒီတစ်ခါတော့ တစ်ပါတီတည်း Landslide နိုင်မယ့်ပုံ မပေါက်ဘူး” ဟု ၎င်းက ဆိုသည်။ ညွန့်ပေါင်းအစိုးရ ဖြစ်လာပါက ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ဆောင်ရမည်ဖြစ်ကာ ညွန့်ပေါင်းတွင်ပါဝင်မည့် ပါတီအားလုံးသည် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တိုးတက်ရေးအတွက်ဆိုသော ရည်မှန်းချက်အားလုံး တူရမည် ဖြစ်ကြောင်းလည်း ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
“ရည်မှန်းချက် အားလုံးတူရမယ်။ ထော်လော်ကန့်လန့် လုပ်လို့ မရဘူး။ ကောင်းတဲ့ရည်မှန်းချက်ပဲလေ” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲအၿပီး တက္လာေသာ အစိုးရသစ္သည္ ၫြန႔္ေပါင္းအစိုးရျဖစ္ဖြယ္ရွိေၾကာင္း က်ားျဖဴပါတီ ယုံၾကည္
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၉

ေ႐ြးေကာက္ပြဲအၿပီးတက္လာေသာအစိုးရသစ္သည္ ၫြန႔္ေပါင္းအစိုးရ ျဖစ္ဖြယ္ရွိသည္ဟု ခန႔္မွန္းေၾကာင္း ရွမ္းႏွင့္ တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (က်ားျဖဴပါတီ) ဥကၠ႒ ဦးစိုင္းအိုက္ေပါင္းက NP News ဂ်ာနယ္က တစ္ဆင့္ ခန႔္မွန္းေျပာၾကားသည္။
ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲ ပထမပိုင္းကို ဒီဇင္ဘာလ (၂၈) ရက္တြင္ ျပဳလုပ္ၿပီး ဒုတိယပိုင္းႏွင့္ တတိယပိုင္းကို ဇန္နဝါရီလအတြင္း ျပဳလုပ္မည္ျဖစ္ကာ ေ႐ြးေကာက္ပြဲအၿပီးတြင္ ထြက္ေပၚလာႏိုင္ေသာ အစိုးရသစ္ႏွင့္ ပတ္သက္၍ ၎က ခန႔္မွန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“အခု ကြၽန္ေတာ္တို႔ ျမင္တာေတာ့ ဒီတစ္ႀကိမ္ ေ႐ြးေကာက္ပြဲကေလ တစ္ပါတီတည္း Landslide ႏိုင္မယ့္ အေျခအေနမရွိဘူး။ ဘယ္ပါတီမွမႏိုင္ႏိုင္ဘူး။ တစ္ပါတီတည္းနဲ႔ ေသာင္ၿပိဳကမ္းၿပိဳႏိုင္မယ့္ အေျခအေနမရွိဘူး။ ပါတီႀကီးပဲ ျဖစ္ျဖစ္၊ ပါတီလတ္ပဲ ျဖစ္ျဖစ္၊ ပါတီေသးပဲ ျဖစ္ျဖစ္ မရႏိုင္ဘူး။ ကြၽန္ေတာ္က အဲဒီလိုပဲ ျမင္တယ္” ဟု ဦးစိုင္း အိုက္ေပါင္းက ဆိုသည္။
လာမည့္ အစိုးရသစ္သည္ ၫြန႔္ေပါင္းအစိုးရ ျဖစ္ဖြယ္ရွိေသာ္လည္း ပါတီအေရအတြက္ မ်ားျပားစြာ ပါဝင္မည့္ ၫြန႔္ေပါင္းအစိုးရ မျဖစ္ႏိုင္ေၾကာင္း ၎က ခန႔္မွန္းေျပာၾကားသည္။
“ၫြန႔္ေပါင္းျဖစ္မွာပဲ။ ၫြန႔္ေပါင္းဆိုတာလည္း အမ်ားၫြန႔္ေပါင္းေတာ့ သိပ္မထင္ဘူးေလ။ ႏွစ္ပါတီ၊ သုံးပါတီ၊ ေလးပါတီ အဲဒီေလာက္ပဲ ရွိခ်င္ရွိမွာေပါ့။ ငါးပါတီ ျဖစ္ခ်င္ျဖစ္မွာေပါ့။ အဲဒီလိုေတာ့ ျမင္တယ္ဗ်။ (၂၀၁၁)ကေန (၂၀၁၅) တစ္ပါတီတည္း ျပည္ခိုင္ၿဖိဳးေလ။ (၂၀၁၆) ကေန (၂၀၂၀) က NLD ေလ။ အစိုးရ သက္တမ္းႏွစ္ခုစလုံးမွာ တစ္ပါတီတည္း ႀကီးစိုးသြားတာေလ။ ဒီတစ္ခါေတာ့ တစ္ပါတီတည္း Landslide ႏိုင္မယ့္ပုံ မေပါက္ဘူး” ဟု ၎က ဆိုသည္။ ၫြန႔္ေပါင္းအစိုးရ ျဖစ္လာပါက ၿငိမ္းခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ ေရးလုပ္ေဆာင္ရမည္ျဖစ္ကာ ၫြန႔္ေပါင္းတြင္ပါဝင္မည့္ ပါတီအားလုံးသည္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး၊ ဖြံ႕ၿဖိဳးေရး၊ တိုးတက္ေရးအတြက္ဆိုေသာ ရည္မွန္းခ်က္အားလုံး တူရမည္ ျဖစ္ေၾကာင္းလည္း ဦးစိုင္းအိုက္ေပါင္းက ေျပာသည္။
“ရည္မွန္းခ်က္ အားလုံးတူရမယ္။ ေထာ္ေလာ္ကန႔္လန႔္ လုပ္လို႔ မရဘူး။ ေကာင္းတဲ့ရည္မွန္းခ်က္ပဲေလ” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.