လွတ်လပ်ရေးနေ့အတွက် ပြည်လမ်းအား ခေတ္တပိတ်ထားမည်ဖြစ်၍ ပြောင်းလဲမောင်းနှင်ရမည့် လမ်းများ အသိပေး

134

စော (NP News) - ဒီဇင်ဘာ ၂၉
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ပြည်လမ်းအား ဇန်နဝါရီ ၂ ရက် နှင့် ၄ ရက်တို့တွင် ခေတ္တပိတ်ထားမည်ဖြစ်၍ ပြောင်းလဲမောင်းနှင်ရမည့်လမ်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့ (ဒီဇင်ဘာ ၂၉ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြည်၌ ဇန်နဝါရီ (၂)ရက်နေ နံနက် (၄)နာရီအချိန်တွင် အစမ်းလေ့ကျင့်ခြင်း အပါအဝင် ဇန်နဝါရီ (၄)ရက် နံနက် (၄)နာရီအချိန်တွင် အလံတင်အခမ်းအနား၊ နံနက် (၇)နာရီတွင် နိုင်ငံတော်အလံ အလေးပြုအခမ်းအနားနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အခမ်းအနား ကျင်းပစဉ်အချိန်မှ ပြီးစီးသည့်အချိန်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်သဖြင့် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော ယာဉ်များသည် မြေနီကုန်းတံတားအောက် ရှင်စောပုလမ်းသို့ ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့ ပြောင်းလဲမောင်းနှင်ရန် အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်များသည် ပြည်ထောင်စု ရိပ်သာလမ်းသို့ချိုးကွေ့၍ ခရေပင်လမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့ ဆက်လက်မောင်းနှင်ကြရန် ဆက်လက်အသိပေးထားသည်။

Zawgyi Version:
လြတ္လပ္ေရးေန႔အတြက္ ျပည္လမ္းအား ေခတၱပိတ္ထားမည္ျဖစ္၍ ေျပာင္းလဲေမာင္းႏွင္ရမည့္ လမ္းမ်ား အသိေပး
ေစာ (NP News) - ဒီဇင္ဘာ ၂၉
(၇၈)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အခမ္းအနားအတြက္ ျပည္လမ္းအား ဇန္နဝါရီ ၂ ရက္ ႏွင့္ ၄ ရက္တို႔တြင္ ေခတၱပိတ္ထားမည္ျဖစ္၍ ေျပာင္းလဲေမာင္းႏွင္ရမည့္လမ္းမ်ားကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ယေန႔ (ဒီဇင္ဘာ ၂၉ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
(၇၈)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပည္၌ ဇန္နဝါရီ (၂)ရက္ေန နံနက္ (၄)နာရီအခ်ိန္တြင္ အစမ္းေလ့က်င့္ျခင္း အပါအဝင္ ဇန္နဝါရီ (၄)ရက္ နံနက္ (၄)နာရီအခ်ိန္တြင္ အလံတင္အခမ္းအနား၊ နံနက္ (၇)နာရီတြင္ ႏိုင္ငံေတာ္အလံ အေလးျပဳအခမ္းအနားႏွင့္ လြတ္လပ္ေရးေန႔ သဝဏ္လႊာ ဖတ္ၾကားျခင္းတို႔ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အခမ္းအနား က်င္းပစဥ္အခ်ိန္မွ ၿပီးစီးသည့္အခ်ိန္အထိ ျပည္လမ္းကို ေခတၱပိတ္ထားမည္ျဖစ္သျဖင့္ ျပည္လမ္းအတိုင္း ေျမာက္မွေတာင္သို႔ ေမာင္းႏွင္လာေသာ ယာဥ္မ်ားသည္ ေျမနီကုန္းတံတားေအာက္ ရွင္ေစာပုလမ္းသို႔ ခ်ိဳးေကြ႕၍ ေအာက္ၾကည့္ျမင္တိုင္လမ္းသို႔ ေျပာင္းလဲေမာင္းႏွင္ရန္ အသိေပးထုတ္ျပန္ထားသည္။
ထို႔ျပင္ ျပည္လမ္းအတိုင္း ေတာင္မွေျမာက္သို႔ ေမာင္းႏွင္လာေသာ ယာဥ္မ်ားသည္ ျပည္ေထာင္စု ရိပ္သာလမ္းသို႔ခ်ိဳးေကြ႕၍ ခေရပင္လမ္း၊ အလုံလမ္းမွတစ္ဆင့္ ေအာက္ၾကည့္ျမင္တိုင္လမ္းသို႔ ဆက္လက္ေမာင္းႏွင္ၾကရန္ ဆက္လက္အသိေပးထားသည္။