Home Alone ရုပ်ရှင်ထဲမှ နေအိမ်၏ ပုံစံတူကို မုန့်များဖြင့်တည်ဆောက်ခဲ့သည့် Disney+ နှင့် Hulu ကုမ္ပဏီ

 335

Pika (NP News) - ဒီဇင်ဘာ ၂၉
Disney+ နှင့် Hulu ကုမ္ပဏီတို့သည် နာမည်ကျော်ရုပ်ရှင်ဇာတ်ကား Home Alone ၏ (၃၅)နှစ်မြောက် နှစ်ပတ် လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရုပ်ရှင်ထဲတွင်ပါဝင်သည့်အိမ်ပုံစံတူကို မုန့်များဖြင့် တည်ဆောက်ခဲ့ကြောင်း သိရ သည်။ အဆိုပါနေအိမ်သည် အလျား(၃၄)ပေ၊ အနံ(၅၈)ပေ နှင့် အမြင့်(၂၂)ပေရှိပြီး ကမ္ဘာ့အကြီးဆုံးမုန့်များဖြင့်တည် ဆောက်ထားသောအိမ်ဖြစ်ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က အတည်ပြုခဲ့သည်။ ကျွမ်းကျင်ပညာရှင်များက (၈)ရက်ကြာ ကြိုးပမ်းတည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးမုန့်များဖြင့်တည်ဆောက်ထားသော အိမ်အတွက် ဂင်းနစ်စံချိန်ကို တရားဝင်ရရှိခဲ့ခြင်းဖြစ်ကြောင်း Disney+ နှင့် Hulu ကုမ္ပဏီတို့က ထုတ်ပြန်ပြောကြားခဲ့သည်။
ဟောလိဝုဒ်တွင်ပြသထားသော အဆိုပါ အဆောက်အအုံတွင် ဂျုံမှုန့်(၇၃၅၀)ပေါင်၊ ကြက်ဥအလုံးရေ (၆၆၀ဝ) ကျော်၊ စားသုံးနိုင်သောကော်(၂၀) ဂါလန်နှင့် ခရင်မ်(၁၀)ပေါင်တို့ပါဝင်ကြောင်းသိရသည်။ (၁၉၉၀)ပြည့်နှစ်တွင် စတင် ထွက်ရှိလာခဲ့သော Home Alone ဇာတ်ကားတွင် Kevin McCallister ဆိုသည့်ကလေးငယ်က ၎င်း၏မိသားစု အိမ်သို့ဖောက် ထွင်းဝင်ရောက်ရန်ကြိုးပမ်းခဲ့သော သူခိုးနှစ်ဦးကို ထောင်ချောက်များ တစ်ခုပြီးတစ်ခုဆင်ကာ အိမ်အ တွင်းသို့ရောက်မလာအောင်ကြိုးပမ်းပုံများကို အကောင်းဆုံးရိုက်ကူးပြသထားသည်။ Disney+ နှင့် Hulu ကုမ္ပဏီတို့က ‘‘Home Alone ရုပ်ရှင်ရဲ့ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အကြီးဆုံးမုန့်တွေနဲ့တည်ဆောက် ထားတဲ့အိမ်ကို ဖော်ကျူးဖို့စိတ်ကူးရခဲ့ပါတယ်။ ဒီစိတ်ကူးက ကမ္ဘာ့အကြီးဆုံးမုန့်တွေနဲ့တည်ဆောက်ထားတဲ့ အိမ် အတွက် ဂင်းနစ်စံချိန်ကိုရရှိခဲ့လို့လည်း ဝမ်းသာမိပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
Home Alone ႐ုပ္ရွင္ထဲမွ ေနအိမ္၏ ပုံစံတူကို မုန႔္မ်ားျဖင့္တည္ေဆာက္ခဲ့သည့္ Disney+ ႏွင့္ Hulu ကုမၸဏီ
Pika (NP News) - ဒီဇင္ဘာ ၂၉
Disney+ ႏွင့္ Hulu ကုမၸဏီတို႔သည္ နာမည္ေက်ာ္႐ုပ္ရွင္ဇာတ္ကား Home Alone ၏ (၃၅)ႏွစ္ေျမာက္ ႏွစ္ပတ္ လည္ေန႔ကို ဂုဏ္ျပဳသည့္အေနျဖင့္ ႐ုပ္ရွင္ထဲတြင္ပါဝင္သည့္အိမ္ပုံစံတူကို မုန႔္မ်ားျဖင့္ တည္ေဆာက္ခဲ့ေၾကာင္း သိရ သည္။ အဆိုပါေနအိမ္သည္ အလ်ား(၃၄)ေပ၊ အနံ(၅၈)ေပ ႏွင့္ အျမင့္(၂၂)ေပရွိၿပီး ကမာၻ႔အႀကီးဆုံးမုန႔္မ်ားျဖင့္တည္ ေဆာက္ထားေသာအိမ္ျဖစ္ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က အတည္ျပဳခဲ့သည္။ ကြၽမ္းက်င္ပညာရွင္မ်ားက (၈)ရက္ၾကာ ႀကိဳးပမ္းတည္ေဆာက္ခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံးမုန႔္မ်ားျဖင့္တည္ေဆာက္ထားေသာ အိမ္အတြက္ ဂင္းနစ္စံခ်ိန္ကို တရားဝင္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း Disney+ ႏွင့္ Hulu ကုမၸဏီတို႔က ထုတ္ျပန္ေျပာၾကားခဲ့သည္။
ေဟာလိဝုဒ္တြင္ျပသထားေသာ အဆိုပါ အေဆာက္အအုံတြင္ ဂ်ဳံမႈန႔္(၇၃၅၀)ေပါင္၊ ၾကက္ဥအလုံးေရ (၆၆၀ဝ) ေက်ာ္၊ စားသုံးႏိုင္ေသာေကာ္(၂၀) ဂါလန္ႏွင့္ ခရင္မ္(၁၀)ေပါင္တို႔ပါဝင္ေၾကာင္းသိရသည္။ (၁၉၉၀)ျပည့္ႏွစ္တြင္ စတင္ ထြက္ရွိလာခဲ့ေသာ Home Alone ဇာတ္ကားတြင္ Kevin McCallister ဆိုသည့္ကေလးငယ္က ၎၏မိသားစု အိမ္သို႔ေဖာက္ ထြင္းဝင္ေရာက္ရန္ႀကိဳးပမ္းခဲ့ေသာ သူခိုးႏွစ္ဦးကို ေထာင္ေခ်ာက္မ်ား တစ္ခုၿပီးတစ္ခုဆင္ကာ အိမ္အ တြင္းသို႔ေရာက္မလာေအာင္ႀကိဳးပမ္းပုံမ်ားကို အေကာင္းဆုံး႐ိုက္ကူးျပသထားသည္။ Disney+ ႏွင့္ Hulu ကုမၸဏီတို႔က ‘‘Home Alone ႐ုပ္ရွင္ရဲ႕ (၃၅)ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ကမာၻ႔အႀကီးဆုံးမုန႔္ေတြနဲ႔တည္ေဆာက္ ထားတဲ့အိမ္ကို ေဖာ္က်ဴးဖို႔စိတ္ကူးရခဲ့ပါတယ္။ ဒီစိတ္ကူးက ကမာၻ႔အႀကီးဆုံးမုန႔္ေတြနဲ႔တည္ေဆာက္ထားတဲ့ အိမ္ အတြက္ ဂင္းနစ္စံခ်ိန္ကိုရရွိခဲ့လို႔လည္း ဝမ္းသာမိပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.