ဂီတပလက်ဖောင်းများစွာ၏ နှစ်ကုန်ဇယား၌ ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်လျက်ရှိသည့် BLACKPINK အဖွဲ့ဝင် ရို့စ်

197

Pika (NP News) - ဒီဇင်ဘာ ၂၉
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆို တော်အဖွဲ့ BLACKPINK ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရို့စ်သည် ကမ္ဘာလုံးဆိုင်ရာစံချိန်မှတ်တမ်းများကိုရရှိခဲ့သလို ဂီတပလက်ဖောင်းများစွာ၏ နှစ်ကုန်ဇယားတွင် ထိပ်ဆုံးနေရာ၌ ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။ ရို့စ်သည် Genius Korea 2025 နှစ်ကုန်စာရင်းတွင် သီချင်းအများ ဆုံးပါရှိသည့် K-pop အဆိုတော်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ Genius Korea 2025 နှစ် ကုန်စာရင်းတွင်ပါရှိခဲ့သည့် ရို့စ်၏သီချင်းများမှာ “Messy”၊ “stay a little longer”၊ “vampire hollie”၊ “two years”၊ “call it the end”၊ “too bad for us” နှင့် “not the same” သီချင်းတို့ဖြစ် ကြောင်းသိရသည်။ အဆိုပါ သီချင်း(၇) ပုဒ်ထဲတွင် ရို့စ်၏အောင်မြင်မှုအများဆုံးရရှိခဲ့သော သီချင်းနှစ် ပုဒ်ဖြစ်သည့် “Messy” နှင့် “stay a little longer” သီချင်းတို့သည် Genius Korea 2025 နှစ်ကုန် စာရင်းတွင် ထိပ်ဆုံး(၂)နေရာကိုရယူနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရို့စ်၏ ဂီတနယ်ပယ်တွင် ဆက်လက်အောင်မြင်ကျော်ကြားမှုများက ၎င်းကို တစ်နှစ် တာကာလအတွင်း အအောင်မြင် ဆုံးနှင့် သက်ဆိုင်ရာ တစ်ကိုယ်တော်အနုပညာရှင်များထဲမှတစ်ဦးဖြစ်လာစေခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် ရို့စ်နှင့် ဘရူနို မားစ်တို့ အတူတကွဖန်တီးခဲ့သည့် “APT” သီချင်းသည်လည်း ဂီတပလက်ဖောင်းများစွာတွင် အောင် မြင်ကျော် ကြားမှုများစွာကိုရယူနိုင်ခဲ့ပြီး ၎င်းတို့၏ကမ္ဘာလုံးဆိုင်ရာရပ်တည်ချက်ကို ပိုမိုခိုင်မာလာစေခဲ့ ကြောင်းလည်းသိရသည်။ နှစ်ယောက်စလုံးကလည်း ၎င်းတို့ အတူတကွသီဆိုထားသည့် APT သီချင်း၏ အောင်မြင်မှုများနှင့်ပတ်သက်ပြီး ဝမ်းသာကြည်နူးမှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြကြောင်းလည်းသိရသည်။

Zawgyi Version:
ဂီတပလက္ေဖာင္းမ်ားစြာ၏ ႏွစ္ကုန္ဇယား၌ ထိပ္ဆုံးေနရာတြင္ ဆက္လက္ရပ္တည္လ်က္ရွိသည့္ BLACKPINK အဖြဲ႕ဝင္ ႐ို႕စ္
Pika (NP News) - ဒီဇင္ဘာ ၂၉
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီးအဆို ေတာ္အဖြဲ႕ BLACKPINK ၏အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ႐ို႕စ္သည္ ကမာၻလုံးဆိုင္ရာစံခ်ိန္မွတ္တမ္းမ်ားကိုရရွိခဲ့သလို ဂီတပလက္ေဖာင္းမ်ားစြာ၏ ႏွစ္ကုန္ဇယားတြင္ ထိပ္ဆုံးေနရာ၌ ဆက္လက္ရပ္တည္လ်က္ရွိေၾကာင္း သိရသည္။ ႐ို႕စ္သည္ Genius Korea 2025 ႏွစ္ကုန္စာရင္းတြင္ သီခ်င္းအမ်ား ဆုံးပါရွိသည့္ K-pop အဆိုေတာ္တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရျခင္း ျဖစ္ေၾကာင္းသိရသည္။ Genius Korea 2025 ႏွစ္ ကုန္စာရင္းတြင္ပါရွိခဲ့သည့္ ႐ို႕စ္၏သီခ်င္းမ်ားမွာ “Messy”၊ “stay a little longer”၊ “vampire hollie”၊ “two years”၊ “call it the end”၊ “too bad for us” ႏွင့္ “not the same” သီခ်င္းတို႔ျဖစ္ ေၾကာင္းသိရသည္။ အဆိုပါ သီခ်င္း(၇) ပုဒ္ထဲတြင္ ႐ို႕စ္၏ေအာင္ျမင္မႈအမ်ားဆုံးရရွိခဲ့ေသာ သီခ်င္းႏွစ္ ပုဒ္ျဖစ္သည့္ “Messy” ႏွင့္ “stay a little longer” သီခ်င္းတို႔သည္ Genius Korea 2025 ႏွစ္ကုန္ စာရင္းတြင္ ထိပ္ဆုံး(၂)ေနရာကိုရယူႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ႐ို႕စ္၏ ဂီတနယ္ပယ္တြင္ ဆက္လက္ေအာင္ျမင္ေက်ာ္ၾကားမႈမ်ားက ၎ကို တစ္ႏွစ္ တာကာလအတြင္း အေအာင္ျမင္ ဆုံးႏွင့္ သက္ဆိုင္ရာ တစ္ကိုယ္ေတာ္အႏုပညာရွင္မ်ားထဲမွတစ္ဦးျဖစ္လာေစခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ႐ို႕စ္ႏွင့္ ဘ႐ူႏို မားစ္တို႔ အတူတကြဖန္တီးခဲ့သည့္ “APT” သီခ်င္းသည္လည္း ဂီတပလက္ေဖာင္းမ်ားစြာတြင္ ေအာင္ ျမင္ေက်ာ္ ၾကားမႈမ်ားစြာကိုရယူႏိုင္ခဲ့ၿပီး ၎တို႔၏ကမာၻလုံးဆိုင္ရာရပ္တည္ခ်က္ကို ပိုမိုခိုင္မာလာေစခဲ့ ေၾကာင္းလည္းသိရသည္။ ႏွစ္ေယာက္စလုံးကလည္း ၎တို႔ အတူတကြသီဆိုထားသည့္ APT သီခ်င္း၏ ေအာင္ျမင္မႈမ်ားႏွင့္ပတ္သက္ၿပီး ဝမ္းသာၾကည္ႏူးမႈမ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ၾကေၾကာင္းလည္းသိရသည္။