ကြိုဝယ်နံပါတ်များ ယာဉ်မစစ်ရသေးမီ လမ်းပေါ်တက်မောင်းပါက ဖမ်းမည်

 110

ပြည်ဖြိုး (NP News) - ဒီဇင်ဘာ ၃ဝ

မော်တော်ယာဉ်မူသေအမှတ်ကို စိတ်ကြိုက်ဝယ်ယူထားသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်မစစ်ရသေးခင် လမ်းပေါ်တက်မောင်းပါက ဖမ်းဆီးအရေးယူခံရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး òန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။
သတ်မှတ်မူသေအမှတ်အတွင်းမရောက်ရှိသေးဘဲ၊ အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် မောင်းနှင်အသုံးပြု ခွင့်မပေးထားသဖြင့် စည်းကမ်း ဖောက်ဖျက်ကျူးလွန်လျှင် တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
‘အထူးသဖြင့် အိမ်စီးကားတွေပေါ့နော်။ ယာဉ်နံပါတ်ကို စိတ်ကြိုက်ဂဏန်းအလှလေးတွေဝယ်ထားပြီး ယာဉ် မစစ်ရသေးခင် လမ်းပေါ်တက်မောင်းနေတာတွေတွေ့ရတယ်ပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနက စာထုတ် တားမြစ်တာ၊ စည်းကမ်းဖောက်ဖျက်တာတွေ့ရင် (၂၀၂၀)မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူခံရမှာပါ’ဟု ကုန်းလမ်းပို့ ဆောင်ရေးòန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မော်တော်ယာဉ်မူသေအမှတ်များ ရောင်းချပေးရာတွင် ကြိုတင်ဝယ်ယူထားသည့် မော်တော်ယာဉ် အမှတ်များကို သတ်မှတ်အက္ခရာရောက်ရှိမှသာ ယာဉ်စစ်ဆေးခြင်း၊ ဖောင်းကြွနံပါတ်ပြားရောင်းချပေးခြင်းနှင့် ကနဦးမှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ပေးခြင်းတို့ဆောင်ရွက်ပေးနေပြီး၊ သတ်မှတ်မူသေအမှတ်အတွင်း မရောက်ရှိသေးပါက ကနဦးမှတ်ပုံ တင်လုပ်ငန်းများဆောင်ရွက်ခွင့်မရှိသည့်အပြင် တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အများပြည်သူဆိုင်ရာ လမ်းများ ပေါ်တွင် မောင်းနှင်အသုံးပြုခွင့်မရှိကြောင်း ကုန်းလမ်းပို့ဆောင် ရေးòန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မူသေအမှတ်ကြိုတင်ရောင်းချပေးစဉ်တွင်လည်း ယာယီနံပါတ်ပြားပြုလုပ်၍စီးနင်းခြင်းမပြုကြောင်း၊ ယာဉ်ပိုင် ရှင်များ၏ခံဝန်ချက်များရယူ၍ ရွေးချယ်ဝယ်ယူခြင်းအတွက်၊ ငွေပေးသွင်းပြီးပါက မည်သည့် အကြောင်းနှင့်မျှ နိုင်ငံတော်သို့ပေးသွင်းပြီး ငွေအားပြန်လည်ထုတ်ပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်းလည်း၊ အသိပေးကြေညာ ထားသည်။
ကုန်းလမ်းပို့ဆောင်ရေးòန်ကြားမှုဦးစီးဌာနအနေနှင့်၊ မော်တော်ယာဉ်အသစ်များကို ရောက်ရှိမူသေ အမှတ် အသစ်ရယူလိုပါက၊ ရောက်ရှိယာဉ်အမှတ်အတွင်း ဂဏန်း(၁၀)လုံးကို ကွန်ပျူတာတွင် အခမဲ့မဲနှိုက်၍နံပါတ်ရယူ ခွင့်ပြုထားပြီး၊ အဆိုပါဂဏန်း(၁၀)လုံးကိုရယူခြင်းမပြုဘဲ ရောက်ရှိအက္ခရာအတွင်း မိမိနှစ်သက်သော မော်တော်ယာဉ်မူ အမှတ်ကို ရွေးချယ်ဝယ်ယူလိုပါကလည်း၊ ကျသင့်ငွေပေးသွင်း၍ ဝယ်ယူ ခွင့်ပြုထားသည်။

Zawgyi Version:
ႀကိဳဝယ္နံပါတ္မ်ား ယာဥ္မစစ္ရေသးမီ လမ္းေပၚတက္ေမာင္းပါက ဖမ္းမည္
ျပည္ၿဖိဳး (NP News) - ဒီဇင္ဘာ ၃ဝ

ေမာ္ေတာ္ယာဥ္မူေသအမွတ္ကို စိတ္ႀကိဳက္ဝယ္ယူထားသည့္ ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ ယာဥ္မစစ္ရေသးခင္ လမ္းေပၚတက္ေမာင္းပါက ဖမ္းဆီးအေရးယူခံရမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရး òန္ၾကားမႈဦးစီးဌာနက သတင္း ထုတ္ျပန္ထားသည္။
သတ္မွတ္မူေသအမွတ္အတြင္းမေရာက္ရွိေသးဘဲ၊ အမ်ားျပည္သူဆိုင္ရာလမ္းမ်ားေပၚတြင္ ေမာင္းႏွင္အသုံးျပဳ ခြင့္မေပးထားသျဖင့္ စည္းကမ္း ေဖာက္ဖ်က္က်ဴးလြန္လွ်င္ တည္ဆဲဥပေဒ၊ နည္းဥပေဒမ်ားအရ အေရးယူသြားမည္ျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္ကဆိုသည္။
‘အထူးသျဖင့္ အိမ္စီးကားေတြေပါ့ေနာ္။ ယာဥ္နံပါတ္ကို စိတ္ႀကိဳက္ဂဏန္းအလွေလးေတြဝယ္ထားၿပီး ယာဥ္ မစစ္ရေသးခင္ လမ္းေပၚတက္ေမာင္းေနတာေတြေတြ႕ရတယ္ေပါ့။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ဝန္ႀကီးဌာနက စာထုတ္ တားျမစ္တာ၊ စည္းကမ္းေဖာက္ဖ်က္တာေတြ႕ရင္ (၂၀၂၀)ေမာ္ေတာ္ယာဥ္ဥပေဒနဲ႔ အေရးယူခံရမွာပါ’ဟု ကုန္းလမ္းပို႔ ေဆာင္ေရးòန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
ေမာ္ေတာ္ယာဥ္မူေသအမွတ္မ်ား ေရာင္းခ်ေပးရာတြင္ ႀကိဳတင္ဝယ္ယူထားသည့္ ေမာ္ေတာ္ယာဥ္ အမွတ္မ်ားကို သတ္မွတ္အကၡရာေရာက္ရွိမွသာ ယာဥ္စစ္ေဆးျခင္း၊ ေဖာင္းႂကြနံပါတ္ျပားေရာင္းခ်ေပးျခင္းႏွင့္ ကနဦးမွတ္ပုံတင္ လုပ္ငန္းေဆာင္႐ြက္ေပးျခင္းတို႔ေဆာင္႐ြက္ေပးေနၿပီး၊ သတ္မွတ္မူေသအမွတ္အတြင္း မေရာက္ရွိေသးပါက ကနဦးမွတ္ပုံ တင္လုပ္ငန္းမ်ားေဆာင္႐ြက္ခြင့္မရွိသည့္အျပင္ တည္ဆဲဥပေဒ၊ နည္းဥပေဒမ်ားအရ အမ်ားျပည္သူဆိုင္ရာ လမ္းမ်ား ေပၚတြင္ ေမာင္းႏွင္အသုံးျပဳခြင့္မရွိေၾကာင္း ကုန္းလမ္းပို႔ေဆာင္ ေရးòန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္သည္။
မူေသအမွတ္ႀကိဳတင္ေရာင္းခ်ေပးစဥ္တြင္လည္း ယာယီနံပါတ္ျပားျပဳလုပ္၍စီးနင္းျခင္းမျပဳေၾကာင္း၊ ယာဥ္ပိုင္ ရွင္မ်ား၏ခံဝန္ခ်က္မ်ားရယူ၍ ေ႐ြးခ်ယ္ဝယ္ယူျခင္းအတြက္၊ ေငြေပးသြင္းၿပီးပါက မည္သည့္ အေၾကာင္းႏွင့္မွ် ႏိုင္ငံေတာ္သို႔ေပးသြင္းၿပီး ေငြအားျပန္လည္ထုတ္ေပးျခင္း ျပဳလုပ္မည္မဟုတ္ေၾကာင္းလည္း၊ အသိေပးေၾကညာ ထားသည္။
ကုန္းလမ္းပို႔ေဆာင္ေရးòန္ၾကားမႈဦးစီးဌာနအေနႏွင့္၊ ေမာ္ေတာ္ယာဥ္အသစ္မ်ားကို ေရာက္ရွိမူေသ အမွတ္ အသစ္ရယူလိုပါက၊ ေရာက္ရွိယာဥ္အမွတ္အတြင္း ဂဏန္း(၁၀)လုံးကို ကြန္ပ်ဴတာတြင္ အခမဲ့မဲႏႈိက္၍နံပါတ္ရယူ ခြင့္ျပဳထားၿပီး၊ အဆိုပါဂဏန္း(၁၀)လုံးကိုရယူျခင္းမျပဳဘဲ ေရာက္ရွိအကၡရာအတြင္း မိမိႏွစ္သက္ေသာ ေမာ္ေတာ္ယာဥ္မူ အမွတ္ကို ေ႐ြးခ်ယ္ဝယ္ယူလိုပါကလည္း၊ က်သင့္ေငြေပးသြင္း၍ ဝယ္ယူ ခြင့္ျပဳထားသည္။

Related news

© 2021. All rights reserved.