အကြမ်းဖက်များ၏ အဖျက်အမှောင့် လုပ်ရပ်များကြားမှ ရွေးကောက်ပွဲအပိုင်း(၁) ကို  အောင်မြင်စွာကျင်းပနိုင်ခဲ့

 711

သန့်ဇင် (NP News)- ဒီဇင်ဘာ ၂၉

အကြမ်းဖက်များ၏ အဖျက်အမှောင့် လုပ်ရပ်များကြားမှရွေးကောက်ပွဲအပိုင်း(၁) ကို  အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

အစိုးရနှင့် ပြည်သူလူထုက ဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ်နေချိန်တွင် အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် အကြမ်းဖက်ဝါဒကို ဆက်လက်စွဲကိုင်ကာ နိုင်ငံအတွင်းရှိအချို့နေရာများ၌ ရွေးကောက်ပွဲအထမမြောက်စေရန်၊ မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ မဲရုံများသို့ မသွားနိုင်စေရန်၊ ဖွင့်လှစ်ပြီး မဲရုံများ ပျက်စီးဆုံးရှုံးစေရန်နှင့် လာရောက်မဲပေးကြသည့် မဲဆန္ဒရှင်များ ထိတ်လန့်တုန်လှုပ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အဝေးမှ လက်လုပ်လက်နက်ကြီးများ၊ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နှောင့်ယှက်ခြင်း၊ အသံမိုင်းများဖောက်ခွဲပြခြင်း၊ မဲရုံသို့ လာရောက်ရန် ကြို/ ပို့ယာဉ်များအား တားဆီးခြင်း၊ ခြိမ်းခြောက်စာများပို့ခြင်းစသည့် ခြိမ်းခြောက်မှုများ ရှိခဲ့သကဲ့သို့ ဒရုန်းများဖြင့် Drop Bomb ချခြင်း၊ Fixed Wing ဖြင့် ပစ်ခတ်ခြင်းနှင့် မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့‌ေကြာင်း သိရသည်။

ထို့သို့လုပ်ဆောင်ခဲ့ကြရာ အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကျင်းပခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၊ အမှတ် (၁၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၈၂) ၌ လက်လုပ်အသံမိုင်းဖောက်ခွဲခြင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်အတွင်းသို့ ၁၀၇ မမ လက်လုပ်ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်အနီးနှင့် အမှတ် (၅) ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၂) တံတားအနီးတို့၌ ဒေသန္တရလက်လုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအား Fixed Wing ဖြင့် ပစ်ခတ်ခြင်း၊ ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ယုဇနဆီအုန်းကုမ္ပဏီ၊ မာရမ်းပျိုးခြံမှ ဆန္ဒမဲပေးရန် မဲရုံသို့ သွားရောက်သည့် ဆီအုန်းခြံလုပ်သား ၁၇၀ ဦးအား တားဆီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မဲရုံအမှတ် (၂) အနီးသို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ စစ်ကိုင်းမြို့၊ တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ လက်လုပ်ရှော့တိုက်ဒုံး (၆) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တမူးမြို့၊ စော်ဘွား (၁) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၃) အနီးသို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ ကသာမြို့မြောက်ဖက်နှင့် တောင်ဖက်မှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် နှောင့် ယှက်ပစ်ခတ်ခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအတွင်းနှင့် အောင်မြေသာဇံမြို့နယ်အတွင်းတို့သို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြင်းခြံမြို့ ထွေ/အုပ်ရုံးအနီး၊ တရားရုံးအနီးနှင့် ဗဟိုအကျဉ်းထောင်ကြားလမ်းအနီးတို့သို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ ညောင်ဦးမြို့နယ်၊ ဇုန်အမှတ် (၉)၊ မဲရုံအမှတ် (၆၄)၊ အခြေခံ ပညာမူလတန်းကျောင်း (ပြွန်) စာသင်ကျောင်းအနီးသို့ လက်နက်ငယ်များဖြင့် လာရောက်နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေမှ ၂၈ ရက်နေ့ ညနေပိုင်းအထိ အပိုင်း (၁) မဲဆန္ဒနယ် (၁၀၂) မြို့နယ်အနက် မြို့နယ် (၁၁) ခုတို့၌ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြရာ ပြည်သူ (၅) ဦးခန့်သာ အနည်းငယ်ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့သော်လည်း လွတ်လပ်၍ တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ နှောင့်ယှက်ပစ်ခတ်မှုနှင့် ခြိမ်းခြောက်မှုများကြားမှ အပိုင်း (၁) ကျင်းပသည့် (၁၀၂) မြို့နယ်လုံး၌ ဒီမိုကရေစီစနစ်ကို သက်ဝင်ယုံကြည်ကြသူများနှင့် နိုင်ငံတော်အစိုးရ၏ရွေးကောက်ပွဲဆိုင်ရာစီမံဆောင်ရွက်မှုများအပေါ် သံသယကင်းရှင်းပြီး ထောက်ခံကြသည့် မဲပေးပိုင်ခွင့်ရှိသူပြည်သူများမှ တစ်ခဲနက် မိမိတို့ဆန္ဒအလျောက် ဒီဇင်ဘာလ ၂၈ ရက်နံနက် ၅နာရီခွဲမှပင် စတင်စောင့်ဆိုင်းလျက် မဲရုံများ တစ်ပြိုင်နက်ဖွင့်လှစ်သည့် နံနက် ၆ နာရီမှ သတ်မှတ်ချိန်မဲရုံပိတ်သည့် ညနေ ၄ နာရီအထိနှင့် ၄ နာရီနောက်ပိုင်း မဲရုံပရိဝုဏ်အတွင်း ကျန်ရှိနေသည့် မဲဆန္ဒရှင်များမှလည်း ဆက်လက်မဲပေးကြရာ ညနေ ၅နာရီ၊ ၃၀ မိနစ်တွင် မြို့နယ် (၁၀၂) မြို့နယ်လုံးအနေဖြင့် ရွေးကောက်ပွဲအပိုင်း (၁) အား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့‌ေကြာင်း သိရသည်။

ထို့ပြင် အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအကြိုကာလများတွင်လည်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ရာ မြို့နယ်ပေါင်း (၄၁) မြို့နယ်တွင် အများပြည်သူဆိုင်ရာနေရာများ၌ မဟုတ်မမှန် ဝါဒဖြန့်စာစောင်များ ဖြန့်ဝေခြင်း၊ ကပ်ထားခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း၊ မဲမပေးရန် လှုံ့ဆော်အော်ဟစ်ပြောဆိုခြင်း/ ဆဲဆိုခြင်း၊ မဲမပေးရန်လှုံ့ဆော်သည့် Sound Box/ Speaker များဖွင့်ခြင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေးဆိုင်းဘုတ်၊ ပိုစတာများအား ရိုက်ချိုးခြင်း၊ လှဲချခြင်း၊ မီးရှို့ခြင်းများ ၂၃ ကြိမ်၊ မဲရုံလုံခြုံရေးတပ်ဖွဲ့ဝင်များအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း ၄ ကြိမ်၊ Drop Bomb ချ တိုက်ခိုက်ခြင်း ၆ ကြိမ်၊ လက်လုပ်အသံမိုင်းခွဲနှောင့်ယှက်ခြင်း ၂ ကြိမ်၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း ၆ ကြိမ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း (၃) ကြိမ်၊ ရွေးကောက်ပွဲတာဝန်ခံ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ရွေးကောက်ခံပါတီအဖွဲ့ဝင်များအား လက်နက်ကိုင်ခြိမ်းခြောက်ခြင်း ၃ ကြိမ်၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း (၆) ကြိမ်၊ စုစုပေါင်း (၅၄) ကြိမ် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်းတွေ့ရှိရ‌ေကြာင်း သိရသည်။

အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်မှုမရှိစေရေး၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစွာ မဖြစ်ပေါ်လာစေရေး နည်းလမ်းမျိုးစုံဖြင့် အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ပြည်ပြေးပြည်ဖျက်မီဒီယာများက မမှန်မကန်ရေးသားထုတ်လွှင့် အသရေဖျက်ခြင်းများကို မည်ကဲ့သို့ပင်လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ နိုင်ငံတော်အစိုးရနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားထောက်ခံသူ ပြည်သူလူထုမဲဆန္ဒရှင်များအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၊ သံတမန်များ၊ သတင်းမီဒီယာများနှင့် ကိုယ်တိုင်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ရှေ့မှောက်တွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အောင်မြင်ပြီးမြောက်စွာ ကျင်းပနိုင် ခဲ့ပြီဖြစ်‌ေကြာင်း သိရသည်။

ဆက်လက်ကျင်းပသွားရမည့် ရွေးကောက်ပွဲအပိုင်း (၂) နှင့် အပိုင်း (၃) တို့တွင်လည်း မဲဆန္ဒရှင်ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ လုံခြုံစိတ်ချမှုအပြည့်ဖြင့် ဆန္ဒမဲများပေးနိုင်ရေး နိုင်ငံတော်အစိုးရ၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမိုကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်သကဲ့သို့ ယဉ်ကျေးသိမ်မွေ့သောနည်းလမ်းဖြင့် ပါတီစုံဒီမိုကရေစီစနစ်သို့ ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် ဒီမိုကရေစီကိုထောက်ခံကြိုဆိုကြသည့်၊ နိုင်ငံအဝန်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသည့် တာဝန်သိပြည်သူများအနေဖြင့်လည်း အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများ၊ သံသယဖြစ်ဖွယ်ရာများကို တွေ့ရှိရပါက တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းထားသည်။

zawgyi version




အစိုးရနှင့် ပြည်သူလူထုက ဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ်နေချိန်တွင် အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် အကြမ်းဖက်ဝါဒကို ဆက်လက်စွဲကိုင်ကာ နိုင်ငံအတွင်းရှိအချို့နေရာများ၌ ရွေးကောက်ပွဲအထမမြောက်စေရန်၊ မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ မဲရုံများသို့ မသွားနိုင်စေရန်၊ ဖွင့်လှစ်ပြီး မဲရုံများ ပျက်စီးဆုံးရှုံးစေရန်နှင့် လာရောက်မဲပေးကြသည့် မဲဆန္ဒရှင်များ ထိတ်လန့်တုန်လှုပ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အဝေးမှ လက်လုပ်လက်နက်ကြီးများ၊ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နှောင့်ယှက်ခြင်း၊ အသံမိုင်းများဖောက်ခွဲပြခြင်း၊ မဲရုံသို့ လာရောက်ရန် ကြို/ ပို့ယာဉ်များအား တားဆီးခြင်း၊ ခြိမ်းခြောက်စာများပို့ခြင်းစသည့် ခြိမ်းခြောက်မှုများ ရှိခဲ့သကဲ့သို့ ဒရုန်းများဖြင့် Drop Bomb ချခြင်း၊ Fixed Wing ဖြင့် ပစ်ခတ်ခြင်းနှင့် မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့‌ကြောင်း သိရသည်။

ထို့သို့လုပ်ဆောင်ခဲ့ကြရာ အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကျင်းပခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၊ အမှတ် (၁၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၈၂) ၌ လက်လုပ်အသံမိုင်းဖောက်ခွဲခြင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်အတွင်းသို့ ၁၀၇ မမ လက်လုပ်ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်အနီးနှင့် အမှတ် (၅) ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၂) တံတားအနီးတို့၌ ဒေသန္တရလက်လုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအား Fixed Wing ဖြင့် ပစ်ခတ်ခြင်း၊ ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ယုဇနဆီအုန်းကုမ္ပဏီ၊ မာရမ်းပျိုးခြံမှ ဆန္ဒမဲပေးရန် မဲရုံသို့ သွားရောက်သည့် ဆီအုန်းခြံလုပ်သား ၁၇၀ ဦးအား တားဆီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မဲရုံအမှတ် (၂) အနီးသို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ စစ်ကိုင်းမြို့၊ တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ လက်လုပ်ရှော့တိုက်ဒုံး (၆) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တမူးမြို့၊ စော်ဘွား (၁) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၃) အနီးသို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ ကသာမြို့မြောက်ဖက်နှင့် တောင်ဖက်မှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် နှောင့် ယှက်ပစ်ခတ်ခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအတွင်းနှင့် အောင်မြေသာဇံမြို့နယ်အတွင်းတို့သို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြင်းခြံမြို့ ထွေ/အုပ်ရုံးအနီး၊ တရားရုံးအနီးနှင့် ဗဟိုအကျဉ်းထောင်ကြားလမ်းအနီးတို့သို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ ညောင်ဦးမြို့နယ်၊ ဇုန်အမှတ် (၉)၊ မဲရုံအမှတ် (၆၄)၊ အခြေခံ ပညာမူလတန်းကျောင်း (ပြွန်) စာသင်ကျောင်းအနီးသို့ လက်နက်ငယ်များဖြင့် လာရောက်နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေမှ ၂၈ ရက်နေ့ ညနေပိုင်းအထိ အပိုင်း (၁) မဲဆန္ဒနယ် (၁၀၂) မြို့နယ်အနက် မြို့နယ် (၁၁) ခုတို့၌ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြရာ ပြည်သူ (၅) ဦးခန့်သာ အနည်းငယ်ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့သော်လည်း လွတ်လပ်၍ တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ နှောင့်ယှက်ပစ်ခတ်မှုနှင့် ခြိမ်းခြောက်မှုများကြားမှ အပိုင်း (၁) ကျင်းပသည့် (၁၀၂) မြို့နယ်လုံး၌ ဒီမိုကရေစီစနစ်ကို သက်ဝင်ယုံကြည်ကြသူများနှင့် နိုင်ငံတော်အစိုးရ၏ရွေးကောက်ပွဲဆိုင်ရာစီမံဆောင်ရွက်မှုများအပေါ် သံသယကင်းရှင်းပြီး ထောက်ခံကြသည့် မဲပေးပိုင်ခွင့်ရှိသူပြည်သူများမှ တစ်ခဲနက် မိမိတို့ဆန္ဒအလျောက် ဒီဇင်ဘာလ ၂၈ ရက်နံနက် ၅နာရီခွဲမှပင် စတင်စောင့်ဆိုင်းလျက် မဲရုံများ တစ်ပြိုင်နက်ဖွင့်လှစ်သည့် နံနက် ၆ နာရီမှ သတ်မှတ်ချိန်မဲရုံပိတ်သည့် ညနေ ၄ နာရီအထိနှင့် ၄ နာရီနောက်ပိုင်း မဲရုံပရိဝုဏ်အတွင်း ကျန်ရှိနေသည့် မဲဆန္ဒရှင်များမှလည်း ဆက်လက်မဲပေးကြရာ ညနေ ၅နာရီ၊ ၃၀ မိနစ်တွင် မြို့နယ် (၁၀၂) မြို့နယ်လုံးအနေဖြင့် ရွေးကောက်ပွဲအပိုင်း (၁) အား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့‌ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအကြိုကာလများတွင်လည်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ရာ မြို့နယ်ပေါင်း (၄၁) မြို့နယ်တွင် အများပြည်သူဆိုင်ရာနေရာများ၌ မဟုတ်မမှန် ဝါဒဖြန့်စာစောင်များ ဖြန့်ဝေခြင်း၊ ကပ်ထားခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း၊ မဲမပေးရန် လှုံ့ဆော်အော်ဟစ်ပြောဆိုခြင်း/ ဆဲဆိုခြင်း၊ မဲမပေးရန်လှုံ့ဆော်သည့် Sound Box/ Speaker များဖွင့်ခြင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေးဆိုင်းဘုတ်၊ ပိုစတာများအား ရိုက်ချိုးခြင်း၊ လှဲချခြင်း၊ မီးရှို့ခြင်းများ ၂၃ ကြိမ်၊ မဲရုံလုံခြုံရေးတပ်ဖွဲ့ဝင်များအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း ၄ ကြိမ်၊ Drop Bomb ချ တိုက်ခိုက်ခြင်း ၆ ကြိမ်၊ လက်လုပ်အသံမိုင်းခွဲနှောင့်ယှက်ခြင်း ၂ ကြိမ်၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း ၆ ကြိမ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း (၃) ကြိမ်၊ ရွေးကောက်ပွဲတာဝန်ခံ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ရွေးကောက်ခံပါတီအဖွဲ့ဝင်များအား လက်နက်ကိုင်ခြိမ်းခြောက်ခြင်း ၃ ကြိမ်၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း (၆) ကြိမ်၊ စုစုပေါင်း (၅၄) ကြိမ် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်းတွေ့ရှိရ‌ကြောင်း သိရသည်။

အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်မှုမရှိစေရေး၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစွာ မဖြစ်ပေါ်လာစေရေး နည်းလမ်းမျိုးစုံဖြင့် အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ပြည်ပြေးပြည်ဖျက်မီဒီယာများက မမှန်မကန်ရေးသားထုတ်လွှင့် အသရေဖျက်ခြင်းများကို မည်ကဲ့သို့ပင်လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ နိုင်ငံတော်အစိုးရနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားထောက်ခံသူ ပြည်သူလူထုမဲဆန္ဒရှင်များအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၊ သံတမန်များ၊ သတင်းမီဒီယာများနှင့် ကိုယ်တိုင်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ရှေ့မှောက်တွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အောင်မြင်ပြီးမြောက်စွာ ကျင်းပနိုင် ခဲ့ပြီဖြစ်‌ကြောင်း သိရသည်။


Related news

© 2021. All rights reserved.