အညာဒေသတွင် လုပ်ငန်းရှင်တစ်ဦး၏ပေါက်ဈေးမှာ ကျပ်သိန်းပေါင်း (၈၀ဝဝ)အထိ မြင့်တက်နေ

1118

သန့်ဇင် (NP News)-ဒီဇင်ဘာ၃၀
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့တွင် လုပ်ငန်းရှင်များကို PDF တို့က ပြန်ပေးဆွဲပြီး ငွေတောင်းခံခြင်းများပြုလုပ်နေရာ လုပ်ငန်းရှင် တစ်ဦးလျှင် အမြင့်ဆုံး ကျပ်သိန်းပေါင်း (၈၀ဝဝ)အထိပင် ပြန်ပေးငွေပေးရသောအခြေအနေမျိုးရှိနေ ကြောင်း၊ အညာဒေသတွင် PDF အဖွဲ့များ၏ ဖမ်းဆီး ပြန်ပေးဆွဲခံရပြီး ငွေ ကျပ်သိန်းထောင်နှင့်ချီပေးမှ သာ ပြန်လည်လွတ်မြောက်ရသည့်ဖြစ်စဉ်များသည် ယခုကာလတွင် ပိုမိုအဖြစ်များလာကြောင်းသိရ သည်။
“ညောင်ဦးမှာလည်း မြို့လယ်ကောင်ကနေခေါ်သွားပြီး မြစ်ဟိုဘက်ကမ်းပါခေါ်သွားတာ။ အဲဒီ ကနေ တစ်ဆင့်ပြီးတစ်ဆင့်တောင်းတာ။ သိန်း (၈၀ဝဝ)အထိတောင်းတာ။ အဲဒီကနေ (၇၅၀ဝ)နဲ့ ပြတ် တာ။ ဟိုတစ်နေ့ကလည်း ဆီလုပ်ငန်းရှင်တစ်ယောက်ကိုလည်း (၆၀ဝဝ)တောင်းတာ။ (၁၅၀ဝ)ပဲ ဘဏ် ပိတ်နေလို့လွှဲပေးလိုက်တာကို အလောင်းကို ဘူတာမှာလာပစ်သွားတာ။ အဲဒါ သိန်း(၁၅၀ဝ) လွှဲပြီးသား။ ပေးပြီးသားကိုသတ်ပစ်လိုက်တာ”ဟု ညောင်ဦးမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
PDF အဖွဲ့၏ ဖမ်းဆီးပြန်ပေးဆွဲခံရသူအများစုသည် လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ ငွေကြေးအဆင် ပြေသူများဖြစ်ကြပြီး အလွှာအလိုက် ငွေကြေးတတ်နိုင်မှုပေါ်ကြည့်ကာ သိန်းရာဂဏန်းမှ ထောင်ကြီးပိုင်း အထိ တောင်းခံရနိုင်ကြောင်း ၎င်းကဆိုသည်။
“လုပ်ငန်းရှင်ဆိုရင်တစ်ဈေး။ ပုံမှန်လူဆိုရင် တစ်ခုမဟုတ်တစ်ခုပေါ့နော်။ ဒီနေ့လည်း တောင် တွင်းကြီးမှာ ဘာသံကြားရလဲဆိုရင် နတ်မောက်အပိုင်ထဲက PDF တွေကဖမ်းသွားတာ။ ဖမ်းသွားပြီး သိန်း (၅၀ဝဝ)တောင်းနေတယ်။ ကားကြီးနဲ့ အလုပ်သမားတွေလည်းပါတယ်။ တော်တော်များများတော့ ရွှေပါ သွားတာတို့ ကားပါသွားတာတို့ဆိုပြန်မရဘူး။ လူပဲပြန်ရတာ။ ကားတို့ကတော့ရခဲပါတယ်။ ဟိုတစ်နေ့က ကျောက်ဆည်ကအဖွဲ့ဆိုရင်လည်း ရွှေတွေပါသွားတယ်။ လူတွေပဲပြန်လွှတ်လိုက်တာ။ နာမည်ကြီးသွား သေးတယ်။ မိသားစု(၂)စုဆိုတာလေ”ဟု ၎င်းက ပြောသည်။
ဖမ်းဆီး ပြန်ပေးဆွဲကာ ငွေကြေးများစွာ တောင်းယူသည့် PDF အဖွဲ့များသည် ၎င်းတို့ ရပ်တည် ရန်ခက်ခဲလာသည့်အတွက် ငွေကြေးအဆင်ပြေသူများကို ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ပြန်ပေးဆွဲနေ ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ ထိုသို့ ဖမ်းဆီးပြန်ပေးဆွဲခံရမှုများသည် လုပ်ငန်းရှင်နှင့် ငွေ ကြေးအဆင်ပြေသူများထံဦးတည်လာခြင်းကြောင့် အချို့သောလုပ်ငန်းရှင်များမှာ ထိတ်လန့်နေကြရ ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“သူတို့ကတော့ နည်းနည်းလေးတော့ ကျပ်လာတာပေါ့နော်။ ဒီဘက်အပိုင်းမှာ လူထုက လက်မခံ တော့တဲ့အပိုင်းတွေဖြစ်လာတာ့ နေစရာ ထိုင်စရာမရှိတော့ အဲဒီလိုတွေဖြစ်တာပေါ့။ နောက်ပြီးတော့ သူ တို့ဆွဲတာပြုတာလုပ်ချင်ရင် ဒီကောင်က စစ်ကောင်စီထောက်ပံ့တို့ “ဒလန်၊သူလျှို” လို့ခေါင်းစဉ် လျှောက် တပ်တာပေါ့ဗျာ။ အခုက အဲဒီလိုဖြစ်နေတာ ပေါ့။ တော်တော်ကိုဆိုးနေတာ။ အဲဒါကြောင့် လုပ်ငန်းရှင် တွေဆို အဲဒါကိုကြောက်နေရတာ။ သိပ် အပြင်မထွက်ရဲကြတော့ဘူး”ဟု အထက်ပါသတင်းရင်းမြစ် လက်ရှိတွင် ပွင့်လင်းရာသီနှင့်အတူ ပုဂံသို့ ဘုရားဖူးခရီးသွားများစွာလာရောက်နေလျက်ရှိရာ နိုင်ငံရေး အခင်းအကျင်းနှင့် ရောယှက်ကာ ခရီးသွားများအား ဖမ်းဆီးပြန်ပေးဆွဲမှုများလည်းလုပ်ဆောင်လာနိုင် ကြောင်း သိရသည်။ “အခုက ပုဂံမှာဧသည်ကတော့ တော်တော်ကိုဝင်နေတယ်။ ဟိုတယ်ခန်းတောင်မ လောက်အောင်ပဲ။ အခုလိုတွေဖြစ်နေတော့ ခရီးသွားတွေကို အသွားအလာဂရုစိုက်ကြဖို့ပေါ့နော်။ နောက် ပြီး အသက်ကို ဉာဏ်စောင့်ဆိုတဲ့အတိုင်း သတိနဲ့သွားလာကြဖို့ပါပဲ။ အဲဒီလိုလေးပဲ သတိပေးချင်ပါ တယ်”ဟု ပုဂံဒေသခံတစ်ဦးက ပြောသည်။
ထို့ကြောင့် လက်ရှိပုဂံဘုရားဖူးသွား အနေဖြင့် ညောင်ဦး၊ ကျောက်ပန်းတောင်းလမ်း၊ ညောင်ဦး၊ လက်ပံခြေပေါ် ၊ မြင်းခြံလမ်း၊ ညောင်ဦး၊ ပုပ္ပား၊ ဗျတ္တပန်းဆက်လမ်း၊ ပုဂံမြို့သစ်၊ ချောက်၊ ဂွေးချို၊ ရေနံ ချောင်းလမ်းများသို့ သွားလာရာတွင် နယ်မြေအခြေအနေအရ အသွားအလာဂရုစိုက်ကြရန်လည်း Voice Of Bagan ကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပုဂံသို့လာ သည့် ဘုရားဖူးဧည့်သည်များအား ညောင်ဦး PDF အဖွဲ့က ဖမ်းဆီးပြန်ပေးဆွဲကာ ကျပ်သိန်း (၁၂၀ဝ)အပြင် ရွှေထည်ပစ္စည်းများနှင့်ပါ ပြန်လည်ရွေးယူခဲ့ရကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၃)ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင် ဦးမြို့မှ စက်သုံးဆီလုပ်ငန်းရှင်၏ဇနီးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ ငွေကျပ် သိန်း (၅၀ဝ)ကိုပါ လု ယက် ယူဆောင်သွားခဲ့ပြီး ပြန်ပေးငွေများစွာဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်းသိရသည်။
ညောင်ဦးမြို့နယ်တွင်ပင် (၂၀၂၅)ခုနှစ်အ တွင်း PDF အဖွဲ့၏ ဖမ်းဆီးပြန်ပေးဆွဲခံရသည့်ဖြစ်စဉ် (၅)ခုထက်မနည်းရှိခဲ့ပြီး ငွေကျပ် ထောင်ကြီးပိုင်းအထိ ပြန်လည်ရွေးယူခဲ့ရကြောင်းသိရသည်။

Zawgyi Version:
အညာေဒသတြင္ လုပ္ငန္းရွင္တစ္ဦး၏ေပါက္ေဈးမွာ က်ပ္သိန္းေပါင္း (၈၀ဝဝ)အထိ ျမင့္တက္ေန
သန႔္ဇင္ (NP News)-ဒီဇင္ဘာ၃၀
ျမန္မာႏိုင္ငံအလယ္ပိုင္း မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသ ႀကီးတို႔တြင္ လုပ္ငန္းရွင္မ်ားကို PDF တို႔က ျပန္ေပးဆြဲၿပီး ေငြေတာင္းခံျခင္းမ်ားျပဳလုပ္ေနရာ လုပ္ငန္းရွင္ တစ္ဦးလွ်င္ အျမင့္ဆုံး က်ပ္သိန္းေပါင္း (၈၀ဝဝ)အထိပင္ ျပန္ေပးေငြေပးရေသာအေျခအေနမ်ိဳးရွိေန ေၾကာင္း၊ အညာေဒသတြင္ PDF အဖြဲ႕မ်ား၏ ဖမ္းဆီး ျပန္ေပးဆြဲခံရၿပီး ေငြ က်ပ္သိန္းေထာင္ႏွင့္ခ်ီေပးမွ သာ ျပန္လည္လြတ္ေျမာက္ရသည့္ျဖစ္စဥ္မ်ားသည္ ယခုကာလတြင္ ပိုမိုအျဖစ္မ်ားလာေၾကာင္းသိရ သည္။
“ေညာင္ဦးမွာလည္း ၿမိဳ႕လယ္ေကာင္ကေနေခၚသြားၿပီး ျမစ္ဟိုဘက္ကမ္းပါေခၚသြားတာ။ အဲဒီ ကေန တစ္ဆင့္ၿပီးတစ္ဆင့္ေတာင္းတာ။ သိန္း (၈၀ဝဝ)အထိေတာင္းတာ။ အဲဒီကေန (၇၅၀ဝ)နဲ႔ ျပတ္ တာ။ ဟိုတစ္ေန႔ကလည္း ဆီလုပ္ငန္းရွင္တစ္ေယာက္ကိုလည္း (၆၀ဝဝ)ေတာင္းတာ။ (၁၅၀ဝ)ပဲ ဘဏ္ ပိတ္ေနလို႔လႊဲေပးလိုက္တာကို အေလာင္းကို ဘူတာမွာလာပစ္သြားတာ။ အဲဒါ သိန္း(၁၅၀ဝ) လႊဲၿပီးသား။ ေပးၿပီးသားကိုသတ္ပစ္လိုက္တာ”ဟု ေညာင္ဦးၿမိဳ႕ခံ အမ်ိဳးသားတစ္ဦးကေျပာသည္။
PDF အဖြဲ႕၏ ဖမ္းဆီးျပန္ေပးဆြဲခံရသူအမ်ားစုသည္ လုပ္ငန္းရွင္အသိုင္းအဝိုင္းမွ ေငြေၾကးအဆင္ ေျပသူမ်ားျဖစ္ၾကၿပီး အလႊာအလိုက္ ေငြေၾကးတတ္ႏိုင္မႈေပၚၾကည့္ကာ သိန္းရာဂဏန္းမွ ေထာင္ႀကီးပိုင္း အထိ ေတာင္းခံရႏိုင္ေၾကာင္း ၎ကဆိုသည္။
“လုပ္ငန္းရွင္ဆိုရင္တစ္ေဈး။ ပုံမွန္လူဆိုရင္ တစ္ခုမဟုတ္တစ္ခုေပါ့ေနာ္။ ဒီေန႔လည္း ေတာင္ တြင္းႀကီးမွာ ဘာသံၾကားရလဲဆိုရင္ နတ္ေမာက္အပိုင္ထဲက PDF ေတြကဖမ္းသြားတာ။ ဖမ္းသြားၿပီး သိန္း (၅၀ဝဝ)ေတာင္းေနတယ္။ ကားႀကီးနဲ႔ အလုပ္သမားေတြလည္းပါတယ္။ ေတာ္ေတာ္မ်ားမ်ားေတာ့ ေ႐ႊပါ သြားတာတို႔ ကားပါသြားတာတို႔ဆိုျပန္မရဘူး။ လူပဲျပန္ရတာ။ ကားတို႔ကေတာ့ရခဲပါတယ္။ ဟိုတစ္ေန႔က ေက်ာက္ဆည္ကအဖြဲ႕ဆိုရင္လည္း ေ႐ႊေတြပါသြားတယ္။ လူေတြပဲျပန္လႊတ္လိုက္တာ။ နာမည္ႀကီးသြား ေသးတယ္။ မိသားစု(၂)စုဆိုတာေလ”ဟု ၎က ေျပာသည္။
ဖမ္းဆီး ျပန္ေပးဆြဲကာ ေငြေၾကးမ်ားစြာ ေတာင္းယူသည့္ PDF အဖြဲ႕မ်ားသည္ ၎တို႔ ရပ္တည္ ရန္ခက္ခဲလာသည့္အတြက္ ေငြေၾကးအဆင္ေျပသူမ်ားကို ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ကာ ျပန္ေပးဆြဲေန ျခင္းျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။ ထိုသို႔ ဖမ္းဆီးျပန္ေပးဆြဲခံရမႈမ်ားသည္ လုပ္ငန္းရွင္ႏွင့္ ေငြ ေၾကးအဆင္ေျပသူမ်ားထံဦးတည္လာျခင္းေၾကာင့္ အခ်ိဳ႕ေသာလုပ္ငန္းရွင္မ်ားမွာ ထိတ္လန႔္ေနၾကရ ေၾကာင္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။
“သူတို႔ကေတာ့ နည္းနည္းေလးေတာ့ က်ပ္လာတာေပါ့ေနာ္။ ဒီဘက္အပိုင္းမွာ လူထုက လက္မခံ ေတာ့တဲ့အပိုင္းေတြျဖစ္လာတာ့ ေနစရာ ထိုင္စရာမရွိေတာ့ အဲဒီလိုေတြျဖစ္တာေပါ့။ ေနာက္ၿပီးေတာ့ သူ တို႔ဆြဲတာျပဳတာလုပ္ခ်င္ရင္ ဒီေကာင္က စစ္ေကာင္စီေထာက္ပံ့တို႔ “ဒလန္၊သူလွ်ိဳ” လို႔ေခါင္းစဥ္ ေလွ်ာက္ တပ္တာေပါ့ဗ်ာ။ အခုက အဲဒီလိုျဖစ္ေနတာ ေပါ့။ ေတာ္ေတာ္ကိုဆိုးေနတာ။ အဲဒါေၾကာင့္ လုပ္ငန္းရွင္ ေတြဆို အဲဒါကိုေၾကာက္ေနရတာ။ သိပ္ အျပင္မထြက္ရဲၾကေတာ့ဘူး”ဟု အထက္ပါသတင္းရင္းျမစ္ လက္ရွိတြင္ ပြင့္လင္းရာသီႏွင့္အတူ ပုဂံသို႔ ဘုရားဖူးခရီးသြားမ်ားစြာလာေရာက္ေနလ်က္ရွိရာ ႏိုင္ငံေရး အခင္းအက်င္းႏွင့္ ေရာယွက္ကာ ခရီးသြားမ်ားအား ဖမ္းဆီးျပန္ေပးဆြဲမႈမ်ားလည္းလုပ္ေဆာင္လာႏိုင္ ေၾကာင္း သိရသည္။ “အခုက ပုဂံမွာဧသည္ကေတာ့ ေတာ္ေတာ္ကိုဝင္ေနတယ္။ ဟိုတယ္ခန္းေတာင္မ ေလာက္ေအာင္ပဲ။ အခုလိုေတြျဖစ္ေနေတာ့ ခရီးသြားေတြကို အသြားအလာဂ႐ုစိုက္ၾကဖို႔ေပါ့ေနာ္။ ေနာက္ ၿပီး အသက္ကို ဉာဏ္ေစာင့္ဆိုတဲ့အတိုင္း သတိနဲ႔သြားလာၾကဖို႔ပါပဲ။ အဲဒီလိုေလးပဲ သတိေပးခ်င္ပါ တယ္”ဟု ပုဂံေဒသခံတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ လက္ရွိပုဂံဘုရားဖူးသြား အေနျဖင့္ ေညာင္ဦး၊ ေက်ာက္ပန္းေတာင္းလမ္း၊ ေညာင္ဦး၊ လက္ပံေျခေပၚ ၊ ျမင္းၿခံလမ္း၊ ေညာင္ဦး၊ ပုပၸား၊ ဗ်တၱပန္းဆက္လမ္း၊ ပုဂံၿမိဳ႕သစ္၊ ေခ်ာက္၊ ေဂြးခ်ိဳ၊ ေရနံ ေခ်ာင္းလမ္းမ်ားသို႔ သြားလာရာတြင္ နယ္ေျမအေျခအေနအရ အသြားအလာဂ႐ုစိုက္ၾကရန္လည္း Voice Of Bagan ကေျပာသည္။
ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ပုဂံသို႔လာ သည့္ ဘုရားဖူးဧည့္သည္မ်ားအား ေညာင္ဦး PDF အဖြဲ႕က ဖမ္းဆီးျပန္ေပးဆြဲကာ က်ပ္သိန္း (၁၂၀ဝ)အျပင္ ေ႐ႊထည္ပစၥည္းမ်ားႏွင့္ပါ ျပန္လည္ေ႐ြးယူခဲ့ရေၾကာင္း သိရသည္။ အလားတူ ၿပီးခဲ့သည့္ ဇူလိုင္လ (၁၃)ရက္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ ဦးၿမိဳ႕မွ စက္သုံးဆီလုပ္ငန္းရွင္၏ဇနီးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္ကာ ေငြက်ပ္ သိန္း (၅၀ဝ)ကိုပါ လု ယက္ ယူေဆာင္သြားခဲ့ၿပီး ျပန္ေပးေငြမ်ားစြာျဖင့္ ျပန္လည္ေ႐ြးယူခဲ့ရေၾကာင္းသိရသည္။
ေညာင္ဦးၿမိဳ႕နယ္တြင္ပင္ (၂၀၂၅)ခုႏွစ္အ တြင္း PDF အဖြဲ႕၏ ဖမ္းဆီးျပန္ေပးဆြဲခံရသည့္ျဖစ္စဥ္ (၅)ခုထက္မနည္းရွိခဲ့ၿပီး ေငြက်ပ္ ေထာင္ႀကီးပိုင္းအထိ ျပန္လည္ေ႐ြးယူခဲ့ရေၾကာင္းသိရသည္။