မွန်လူမျိုးထဲက ခေါင်းဆောင်လုပ်နေသူများပင် မိရိုးဖလာ ရိုးရာနတ်များအကြောင်း မသိကြဟု ဝန်ကြီး ချုပ် ဦးအောင်ကြည်သိန်း ပြော

 250

သုတကျော် (NP News)-ဒီဇင်ဘာ ၃၀
မွန်လူမျိုးထဲက ခေါင်းဆောင်လုပ်နေသူ များပင် မွန်ရိုးရာနတ်များရှိမှန်း မသိကြကြောင်း NP News နှင့် သီးသန့်အင်တာဗျူးတွင် အဆိုပါပြည်နယ်၏ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောကြား သည်။
“သူတို့ကိုကျွန်တော်မေးတယ်။ သူတို့အမြဲတမ်း ဒီ မွန်၊ မွန်ဆိုပြီးတော့။ ကဲ အဲဒီတော့ ကိုယ့် မွန် လူမျိုးက အရင်တုန်းကသူတို့ပြောနေတာ ရှိတယ်။ မွန် သုံးမျိုးရှိတယ် မွန်ဒိုင်း ၊ မွန်ဒဲ့၊ မွန်ည ဆိုတာရှိ တယ်နော်။ မွန်ဒိုင်း ဆိုတာ ဘယ်ကနေလာ တာလဲ။ ဟံသာဝတီကနေလာတာ။ မွန်ဒဲ့ ဆိုတာ ဘယ်နေ လာလဲ။ ပုသိမ်ကနေလာတာ။ ပုသိမ်မြို့ ပေါ့နော် ။ မွန်ညဆိုတာ ဒီမုတ္တမကပေါ့နော် ။ အဲဒီက (၃၂) မြို့ရှိ တယ်။ အရင်တုန်းက သူတို့ပြောတာ အားလုံးက (၃၂)မြို့စီရှိကြတာပေါ့နော် ။ အားလုံးက မွန်တွေက (၉၆) မြို့ ပိုင်တာပေါ့။ ဒါဒီနေ့အထိ သူတို့အော်နေတဲ့ဟာတွေ။ အဲဒီလူမျိုးတစ်မျိုးက သူရဲ့ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု။ ဟုတ်တယ်မလား။ ပြီးတော့ ရိုးရာဓလေ့ ထုံးတမ်းတွေရှိတယ်။ ရိုးရာပေါ့နော်။ အဓိက ကတော့ အခုမွန်လူမျိုးတွေက အဲဒီ သက်သေပြနိုင်တဲ့ဟာတွေက အခုဒီချိန်မှာ အဲဒီသုံး မျိုးပဲ။ အဲဒီသုံး မျိုးပဲ ရှိနေတယ်ဆိုတာ သက်သေပြနိုင်တာဘာလဲဆိုတော့ ခုနက ရိုးရာ”ဟု မွန်ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်းက ဆိုသည်။
မွန်တိုင်းရင်းသားများအနေဖြင့် အထက်ပါ အတိုင်း မွန်သုံးရပ်ရှိရာ ရိုးရာအလိုက် ကိုးကွယ်သော နတ်များရှိကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
“အားလုံးက မွန်ပေမယ့်လို့ တချို့ကျတော့ ခုနလို အဲဒီ သူ့နတ်နဲ့သူရှိတယ်။ ဘာနဲ့သက်သေပြ လဲဆိုတော့။ ဟံသာဝတီကလာတဲ့မွန်တွေက အဲဒီမွန်နတ်က အုန်းသီးကို အမှတ်အသားပြုပြီးတော့ အုန်း သီးကို အိမ်ဦးရင်တိုင်မှာ တင်ပြီးတော့မှ ပူဇော် ပသတာပေါ့နော်။ ကိုးကွယ်တယ်လို့မပြောဘူး။ ပူဇော် ပသတာပေါ့ ။ နောက်ပြီးတော့မှ ပုသိမ်မွန်တွေက မိဘရဲ့ ဘိုးဘွားတွေရဲ့အဝတ်အစားကိုပူဇော်။ နောက် ပြီးတော့မှ ဒီကမုတ္တမ၊ မုတ္တမထဲကနေပြီးတော့မှ သူကဒီဝါးကျဉ်တောက်ထဲမှာ နတ်ပန်းညိုကို ထည့်ပြီး တော့မှ သူတို့ဘာသာသူတို့ အဲဒီလိုပဲ တည်တာ။ နတ်ကတဲ့အချိန်ကျလို့ရှိရင်လည်း သူ့ဘာသူ တစ်ပုံစံ တည်းပဲ။ အဲဒီထည့်တဲ့ဟာတွေက။ အဲဒီ (၃၂)ခန်း၊ (၃၂)ခန်းနဲ့ သူကသွားတာ။ အဲဒီတော့ ဒီမှာရှိတဲ့မွန်တွေ အားလုံးက ဒီဟာတွေ ကြည့်ခြင်းအားဖြင့် ဒီမွန်က ဟံသာဝတီ ပဲခူးကနေလာတဲ့မွန်လား။ ပုသိမ်က လာ တဲ့မွန်လား။ ဒီမုတ္တမမှာ ရှိတဲ့မွန်လားဆိုတာ သိရမယ်လို့ ကျွန်တော် သူတို့ကိုပြောတာ။ သူတို့ဟာသူတို့ သွားပြီးတော့မှ ကျန်တဲ့ ဟာတွေသွားမလုပ်နဲ့ ။ အခု တချို့လူတွေက မွန်လူမျိုးကို အရမ်းချစ်တယ် အရမ်းချစ်တယ်ဆိုပြီးတော့ ဘာနတ်မှမရှိတဲ့လူတွေ ရှိတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
အဆိုပါ နတ်ကသည်ဆိုခြင်းမှာ ကွယ်လွန် အနိစ္စရောက်သွားပြီဖြစ်သည့် ဘိုးဘွားစဉ်ဆက်များ ကို လှူဒါန်းခြင်းမျိုးလည်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ “ကိုယ့်ဘိုးဘွားတွေကနေပြီးတော့မှ ဘိုးဘွား ၊ ဆွေမျိုးအဆက်ဆက်ကနေပြီးတော့မှ ကွယ်လွန်အနိစ္စရောက်လို့ သေဆုံးသွားလို့ရှိရင် တချို့ ကျတော့ အပါယ်လေးဘုံထဲက အသူရကာယ်တို့ ပြိတ္တာတို့ ဖြစ်လို့ရှိရင် စားရမဲ့ သောက်ရမဲ့ တွေရှိတယ် မလား။ အဲဒီလိုစားရမဲ့ သောက်ရမဲ့ ရှိလို့ရှိရင် အဲဒီလိုနတ်တွေက လိုက်လို့ရှိရင် သူတို့ကိုယ့်ဆွေစဉ်မျိုး ဆက် အကုန်ဝင်လာလို့ရတယ်။ ဝင်စားလို့ရတယ် ။ အဲဒီထဲမှာလည်း အကုန်လုံး မုန့်ပဲသရေစာကအစ၊ ကြက်သားတို့၊ ငါးရံ့တို့ ဘာတို့ အဲဒီလိုဟာမျိုး တွေရှိတယ် ။ တချို့ဆို လိပ်တို့ ဘာတို့ကျွေးတာမွေးတာ ရှိတယ်။ အရက်တို့ အကုန်ပါတယ်။ ထန်းရည်တို့ ဘာတို့ အကုန်ပါတယ်။ အဲဒီတော့ ကျွန်တော်က ပြန် ကြည့်လိုက်လို့ရှိရင် အဲဒီလိုသွားတွေ့တာ။ ဘာလို့ဆိုတော့ အဲဒီဘုံတွေရောက်သွားလို့ရှိရင် ကျန်တဲ့ဟာ တွေဝင်စားလို့မရဘူး။ နိမ့်နေလို့ရှိရင်။ ကိုယ့်အမျိုးထဲကလို့ရှိရင် ကိုယ့်အမျိုးအိမ် သိတဲ့အိမ်ကို သွားစား သလိုပေါ့” ဟု ဝန်ကြီးချုပ်ကပြောသည်။
ရိုးရာကိုထိန်းသိမ်းရန်အတွက် စာပေနှင့် ယဉ်ကျေးမှုကိုထိန်းသိမ်းရမည်ဖြစ်ကာ ရိုးရာ အမွေ အနှစ်များကို ကိုယ်တိုင်က အကောင်အထည်ဖော်ထိန်းသိမ်းမှ ကိုယ့်လူမျိုးမပျောက်မည်ဖြစ်ကြောင်း လည်း ဝန်ကြီးချုပ်က ပြောသည်။
“ကျွန်တော်အခု ပန်းခြံထဲမှာဆိုရင် မွန်တွေရဲ့ အဓိကတူရိယာဖြစ်တဲ့ လခြမ်းကို ကျွန်တော်အခု ပန်းခြံထဲမှာ အကြီးကြီးပဲ။ အခုကြည့်လို့ရတယ် အခုဆို စလုပ်နေပြီ သံနဲ့ခွေပြီးတော့။ ပြီးလို့ရှိရင် မိ ကျောင်းတူရိယာဆိုတာရှိတယ်။ သူများနဲ့မတူဘူး။ ဗမာနဲ့လည်းမတူဘူး။ ကျန်တဲ့ဟာနဲ့လည်းမတူဘူး။ ဘယ်တိုင်းရင်းသားနဲ့မှ မတူတဲ့ဟာ။ အဲဒီလိုဟာမျိုးတွေကို ကိုယ်ကနေပြီးတော့မှ အကောင်အထည် ဖော်မှ ကိုယ့်လူမျိုးကမပျောက်တာပေါ့နော် ။ လျှောက်အော် နေလို့ ဟိုလုပ်ဒီလုပ် လုပ်လို့မရ၍ဘူးဆိုတာ ရှင်းပြတယ်။ သူတို့လည်းတော်တော်နားလည်သွားပြီ။ တချို့ကျတော့ အဲဒီမွန်တွေထဲကနေပဲ ခေါင်း ဆောင်လုပ်တဲ့လူတွေကိုက ခုနကနတ်ကိုးကွယ်ရမှန်းလည်း မသိဘူး။ ဒါတွေ ရှိမှန်လည်းမသိဘူး။ အဲဒီ လိုပေါ့ တစ်ခုခုဆိုရင် ဒါလူမျိုး လူမျိုး လူမျိုး ဘာညာဘာညာဆိုပြီးတော့ အဲဒီလိုဟာမျိုးတွေရှိတယ်။ လူမျိုးစွဲပေါ့။ လူမျိုးစွဲတွေ အဲဒီတော့ အဲဒါကို ကျွန်တော်က ပြန်ထိန်းပေးလိုက်တဲ့အချိန်မှာ သူတို့လည်း တော်တော်လေးကို။ ဒီနတ်တွေလည်း ကျွန်တော့်ဘာသာကျွန်တော် ပြန်လုပ်ပေးပြီးတော့မှ နတ်ကတဲ့ ဟာကအစ အကုန်လုံးအစအဆုံးရိုက်ပေးတယ်။ အဲဒီဟာတွေ လိုချင်လည်းရှိတယ်။ မွန်နတ်တွေက ဘယ်လိုဘယ်လို သွားတယ် ။ ဒါကခုနပြောသလိုပေါ့ ဒါနပြုတာပေါ့နော်။ အမှန်ကတော့ ကိုးကွယ် တာ မဟုတ်ဘူး။ သူတို့က ကန်တော့တယ် ဘာညာ။ ကန်တော့မှာပေါ့။ ကိုယ့်ဘိုးဘွားလေ” ဟု ဝန်ကြီးချုပ်က ပြောသည်။

Zawgyi Version:
မြန္လူမ်ိဳးထဲက ေခါင္းေဆာင္လုပ္ေနသူမ်ားပင္ မိ႐ိုးဖလာ ႐ိုးရာနတ္မ်ားအေၾကာင္း မသိၾကဟု ဝန္ႀကီး ခ်ဳပ္ ဦးေအာင္ၾကည္သိန္း ေျပာ
သုတေက်ာ္ (NP News)-ဒီဇင္ဘာ ၃၀
မြန္လူမ်ိဳးထဲက ေခါင္းေဆာင္လုပ္ေနသူ မ်ားပင္ မြန္႐ိုးရာနတ္မ်ားရွိမွန္း မသိၾကေၾကာင္း NP News ႏွင့္ သီးသန႔္အင္တာဗ်ဴးတြင္ အဆိုပါျပည္နယ္၏ ဝန္ႀကီးခ်ဳပ္ ဦးေအာင္ၾကည္သိန္းက ေျပာၾကား သည္။
“သူတို႔ကိုကြၽန္ေတာ္ေမးတယ္။ သူတို႔အၿမဲတမ္း ဒီ မြန္၊ မြန္ဆိုၿပီးေတာ့။ ကဲ အဲဒီေတာ့ ကိုယ့္ မြန္ လူမ်ိဳးက အရင္တုန္းကသူတို႔ေျပာေနတာ ရွိတယ္။ မြန္ သုံးမ်ိဳးရွိတယ္ မြန္ဒိုင္း ၊ မြန္ဒဲ့၊ မြန္ည ဆိုတာရွိ တယ္ေနာ္။ မြန္ဒိုင္း ဆိုတာ ဘယ္ကေနလာ တာလဲ။ ဟံသာဝတီကေနလာတာ။ မြန္ဒဲ့ ဆိုတာ ဘယ္ေန လာလဲ။ ပုသိမ္ကေနလာတာ။ ပုသိမ္ၿမိဳ႕ ေပါ့ေနာ္ ။ မြန္ညဆိုတာ ဒီမုတၱမကေပါ့ေနာ္ ။ အဲဒီက (၃၂) ၿမိဳ႕ရွိ တယ္။ အရင္တုန္းက သူတို႔ေျပာတာ အားလုံးက (၃၂)ၿမိဳ႕စီရွိၾကတာေပါ့ေနာ္ ။ အားလုံးက မြန္ေတြက (၉၆) ၿမိဳ႕ ပိုင္တာေပါ့။ ဒါဒီေန႔အထိ သူတို႔ေအာ္ေနတဲ့ဟာေတြ။ အဲဒီလူမ်ိဳးတစ္မ်ိဳးက သူရဲ႕ဘာသာ၊ စာေပ၊ ယဥ္ေက်းမႈ။ ဟုတ္တယ္မလား။ ၿပီးေတာ့ ႐ိုးရာဓေလ့ ထုံးတမ္းေတြရွိတယ္။ ႐ိုးရာေပါ့ေနာ္။ အဓိက ကေတာ့ အခုမြန္လူမ်ိဳးေတြက အဲဒီ သက္ေသျပႏိုင္တဲ့ဟာေတြက အခုဒီခ်ိန္မွာ အဲဒီသုံး မ်ိဳးပဲ။ အဲဒီသုံး မ်ိဳးပဲ ရွိေနတယ္ဆိုတာ သက္ေသျပႏိုင္တာဘာလဲဆိုေတာ့ ခုနက ႐ိုးရာ”ဟု မြန္ဝန္ႀကီးခ်ဳပ္ ဦးေအာင္ ၾကည္သိန္းက ဆိုသည္။
မြန္တိုင္းရင္းသားမ်ားအေနျဖင့္ အထက္ပါ အတိုင္း မြန္သုံးရပ္ရွိရာ ႐ိုးရာအလိုက္ ကိုးကြယ္ေသာ နတ္မ်ားရွိေၾကာင္း ဝန္ႀကီးခ်ဳပ္က ဆိုသည္။
“အားလုံးက မြန္ေပမယ့္လို႔ တခ်ိဳ႕က်ေတာ့ ခုနလို အဲဒီ သူ႔နတ္နဲ႔သူရွိတယ္။ ဘာနဲ႔သက္ေသျပ လဲဆိုေတာ့။ ဟံသာဝတီကလာတဲ့မြန္ေတြက အဲဒီမြန္နတ္က အုန္းသီးကို အမွတ္အသားျပဳၿပီးေတာ့ အုန္း သီးကို အိမ္ဦးရင္တိုင္မွာ တင္ၿပီးေတာ့မွ ပူေဇာ္ ပသတာေပါ့ေနာ္။ ကိုးကြယ္တယ္လို႔မေျပာဘူး။ ပူေဇာ္ ပသတာေပါ့ ။ ေနာက္ၿပီးေတာ့မွ ပုသိမ္မြန္ေတြက မိဘရဲ႕ ဘိုးဘြားေတြရဲ႕အဝတ္အစားကိုပူေဇာ္။ ေနာက္ ၿပီးေတာ့မွ ဒီကမုတၱမ၊ မုတၱမထဲကေနၿပီးေတာ့မွ သူကဒီဝါးက်ဥ္ေတာက္ထဲမွာ နတ္ပန္းညိဳကို ထည့္ၿပီး ေတာ့မွ သူတို႔ဘာသာသူတို႔ အဲဒီလိုပဲ တည္တာ။ နတ္ကတဲ့အခ်ိန္က်လို႔ရွိရင္လည္း သူ႔ဘာသူ တစ္ပုံစံ တည္းပဲ။ အဲဒီထည့္တဲ့ဟာေတြက။ အဲဒီ (၃၂)ခန္း၊ (၃၂)ခန္းနဲ႔ သူကသြားတာ။ အဲဒီေတာ့ ဒီမွာရွိတဲ့မြန္ေတြ အားလုံးက ဒီဟာေတြ ၾကည့္ျခင္းအားျဖင့္ ဒီမြန္က ဟံသာဝတီ ပဲခူးကေနလာတဲ့မြန္လား။ ပုသိမ္က လာ တဲ့မြန္လား။ ဒီမုတၱမမွာ ရွိတဲ့မြန္လားဆိုတာ သိရမယ္လို႔ ကြၽန္ေတာ္ သူတို႔ကိုေျပာတာ။ သူတို႔ဟာသူတို႔ သြားၿပီးေတာ့မွ က်န္တဲ့ ဟာေတြသြားမလုပ္နဲ႔ ။ အခု တခ်ိဳ႕လူေတြက မြန္လူမ်ိဳးကို အရမ္းခ်စ္တယ္ အရမ္းခ်စ္တယ္ဆိုၿပီးေတာ့ ဘာနတ္မွမရွိတဲ့လူေတြ ရွိတယ္” ဟု ဝန္ႀကီးခ်ဳပ္က ဆိုသည္။
အဆိုပါ နတ္ကသည္ဆိုျခင္းမွာ ကြယ္လြန္ အနိစၥေရာက္သြားၿပီျဖစ္သည့္ ဘိုးဘြားစဥ္ဆက္မ်ား ကို လႉဒါန္းျခင္းမ်ိဳးလည္းျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ဆိုသည္။ “ကိုယ့္ဘိုးဘြားေတြကေနၿပီးေတာ့မွ ဘိုးဘြား ၊ ေဆြမ်ိဳးအဆက္ဆက္ကေနၿပီးေတာ့မွ ကြယ္လြန္အနိစၥေရာက္လို႔ ေသဆုံးသြားလို႔ရွိရင္ တခ်ိဳ႕ က်ေတာ့ အပါယ္ေလးဘုံထဲက အသူရကာယ္တို႔ ၿပိတၱာတို႔ ျဖစ္လို႔ရွိရင္ စားရမဲ့ ေသာက္ရမဲ့ ေတြရွိတယ္ မလား။ အဲဒီလိုစားရမဲ့ ေသာက္ရမဲ့ ရွိလို႔ရွိရင္ အဲဒီလိုနတ္ေတြက လိုက္လို႔ရွိရင္ သူတို႔ကိုယ့္ေဆြစဥ္မ်ိဳး ဆက္ အကုန္ဝင္လာလို႔ရတယ္။ ဝင္စားလို႔ရတယ္ ။ အဲဒီထဲမွာလည္း အကုန္လုံး မုန႔္ပဲသေရစာကအစ၊ ၾကက္သားတို႔၊ ငါးရံ႕တို႔ ဘာတို႔ အဲဒီလိုဟာမ်ိဳး ေတြရွိတယ္ ။ တခ်ိဳ႕ဆို လိပ္တို႔ ဘာတို႔ေကြၽးတာေမြးတာ ရွိတယ္။ အရက္တို႔ အကုန္ပါတယ္။ ထန္းရည္တို႔ ဘာတို႔ အကုန္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္က ျပန္ ၾကည့္လိုက္လို႔ရွိရင္ အဲဒီလိုသြားေတြ႕တာ။ ဘာလို႔ဆိုေတာ့ အဲဒီဘုံေတြေရာက္သြားလို႔ရွိရင္ က်န္တဲ့ဟာ ေတြဝင္စားလို႔မရဘူး။ နိမ့္ေနလို႔ရွိရင္။ ကိုယ့္အမ်ိဳးထဲကလို႔ရွိရင္ ကိုယ့္အမ်ိဳးအိမ္ သိတဲ့အိမ္ကို သြားစား သလိုေပါ့” ဟု ဝန္ႀကီးခ်ဳပ္ကေျပာသည္။
႐ိုးရာကိုထိန္းသိမ္းရန္အတြက္ စာေပႏွင့္ ယဥ္ေက်းမႈကိုထိန္းသိမ္းရမည္ျဖစ္ကာ ႐ိုးရာ အေမြ အႏွစ္မ်ားကို ကိုယ္တိုင္က အေကာင္အထည္ေဖာ္ထိန္းသိမ္းမွ ကိုယ့္လူမ်ိဳးမေပ်ာက္မည္ျဖစ္ေၾကာင္း လည္း ဝန္ႀကီးခ်ဳပ္က ေျပာသည္။
“ကြၽန္ေတာ္အခု ပန္းၿခံထဲမွာဆိုရင္ မြန္ေတြရဲ႕ အဓိကတူရိယာျဖစ္တဲ့ လျခမ္းကို ကြၽန္ေတာ္အခု ပန္းၿခံထဲမွာ အႀကီးႀကီးပဲ။ အခုၾကည့္လို႔ရတယ္ အခုဆို စလုပ္ေနၿပီ သံနဲ႔ေခြၿပီးေတာ့။ ၿပီးလို႔ရွိရင္ မိ ေက်ာင္းတူရိယာဆိုတာရွိတယ္။ သူမ်ားနဲ႔မတူဘူး။ ဗမာနဲ႔လည္းမတူဘူး။ က်န္တဲ့ဟာနဲ႔လည္းမတူဘူး။ ဘယ္တိုင္းရင္းသားနဲ႔မွ မတူတဲ့ဟာ။ အဲဒီလိုဟာမ်ိဳးေတြကို ကိုယ္ကေနၿပီးေတာ့မွ အေကာင္အထည္ ေဖာ္မွ ကိုယ့္လူမ်ိဳးကမေပ်ာက္တာေပါ့ေနာ္ ။ ေလွ်ာက္ေအာ္ ေနလို႔ ဟိုလုပ္ဒီလုပ္ လုပ္လို႔မရ၍ဘူးဆိုတာ ရွင္းျပတယ္။ သူတို႔လည္းေတာ္ေတာ္နားလည္သြားၿပီ။ တခ်ိဳ႕က်ေတာ့ အဲဒီမြန္ေတြထဲကေနပဲ ေခါင္း ေဆာင္လုပ္တဲ့လူေတြကိုက ခုနကနတ္ကိုးကြယ္ရမွန္းလည္း မသိဘူး။ ဒါေတြ ရွိမွန္လည္းမသိဘူး။ အဲဒီ လိုေပါ့ တစ္ခုခုဆိုရင္ ဒါလူမ်ိဳး လူမ်ိဳး လူမ်ိဳး ဘာညာဘာညာဆိုၿပီးေတာ့ အဲဒီလိုဟာမ်ိဳးေတြရွိတယ္။ လူမ်ိဳးစြဲေပါ့။ လူမ်ိဳးစြဲေတြ အဲဒီေတာ့ အဲဒါကို ကြၽန္ေတာ္က ျပန္ထိန္းေပးလိုက္တဲ့အခ်ိန္မွာ သူတို႔လည္း ေတာ္ေတာ္ေလးကို။ ဒီနတ္ေတြလည္း ကြၽန္ေတာ့္ဘာသာကြၽန္ေတာ္ ျပန္လုပ္ေပးၿပီးေတာ့မွ နတ္ကတဲ့ ဟာကအစ အကုန္လုံးအစအဆုံး႐ိုက္ေပးတယ္။ အဲဒီဟာေတြ လိုခ်င္လည္းရွိတယ္။ မြန္နတ္ေတြက ဘယ္လိုဘယ္လို သြားတယ္ ။ ဒါကခုနေျပာသလိုေပါ့ ဒါနျပဳတာေပါ့ေနာ္။ အမွန္ကေတာ့ ကိုးကြယ္ တာ မဟုတ္ဘူး။ သူတို႔က ကန္ေတာ့တယ္ ဘာညာ။ ကန္ေတာ့မွာေပါ့။ ကိုယ့္ဘိုးဘြားေလ” ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။

Related news

© 2021. All rights reserved.