ဖမ်းဆီးရမိ ကုန်ကား(၄၀ဝ)ကျော်ပေါ်မှ အကောက်ခွန်မဲ့ပစ္စည်းများကို ဒဏ်ကြေးလျှော့ပေးရန် အသနားခံစာ တင်ပြမှုများရှိနေ

 274

Pearl (NP News)-ဒီဇင်ဘာ ၃၀
တိုင်းနှင့် ပြည်နယ် လေးခုမှဖမ်းဆီးရမိ ကုန်ကား (၄၀ဝ)ကျော်ပေါ်ရှိ အကောက်ခွန်မဲ့ပစ္စည်းများ ကို ဒဏ်ကြေးလျှော့ပေးရန် အသနားခံစာ တင်ပြမှုများရှိနေကြောင်း ကုန်ကားများ နှင့်နီးစပ်သူသတင်း ရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် လပိုင်းက ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းတို့တွင် ဖမ်းဆီးရမိသည့် မော်တော်ယာဉ် (၄၇၀) ပေါ်မှ ကန့် သတ်/တားမြစ်ကုန်များကိုသိမ်းဆည်းခဲ့ပြီး ခွင့်ပြု ချက်နှင့် ကွဲလွဲတင်သွင်းလာသည့် သို့မဟုတ် လုံးဝ ခွင့်ပြုချက်မပါဘဲ တင်သွင်းလာသည့် လိုင်စင်မဲ့၊ အ ကောက်ခွန်မဲ့ကုန်များကို သင့်လျော်သည့်ရွေးယူ ဒဏ်ငွေတပ်ရိုက်ခဲ့ရာ ကုန်သည်များက ပြန်လည်ရွေး ယူရန်အတွက် ဒဏ်ငွေများလျှော့ပေါ့ပေးရန် အ သနားခံစာတင်ပြမှုများရှိနေကြောင်း သိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ NP News အနေဖြင့် ထပ်မံ အတည်ပြုနိုင်ခြင်း မရှိသေးသော် လည်း ထွက်ပေါ်နေသည့် သတင်းများအရမူ အဆိုပါသတင်းရင်းမြစ်၏ ပြောကြားချက်နှင့် ကိုက်ညီနေ ကြောင်း တွေ့မြင်ရသည်။ “အခု ဖမ်းခံထားရတဲ့ကားအစီးပေါင်း (၄၀ဝ) ကျော် နဲ့ပတ်သက်ပြီး ပြန်ရွေးဖို့ လုပ်တဲ့အခါမှာ ပြန်ရွေးဖို့ မရွေးနိုင်လို့နိုင်ငံတော်ကို အသနားခံစာတွေတင်နေကြတယ်လို့ ကြားတယ်။ တချို့ကလည်း ရာခိုင်နှုန်းချပေးဖို့ ညှိနှိုင်း နေတယ်။ ကာစတန်က ညွှန်ကြားထားတဲ့၊ ဘဏ္ဍာ အခွန်ကနေ ထုတ်ထားတဲ့ ညွှန်ကြားချက်မှာ ကားဆို ဘယ်နှဆဆိုပြီး ဆတွေများတော့ ဘယ်လိုလုပ် ရွေး နိုင်မှာလဲ။ တန်ဖိုးထက် ဆက ပိုများနေတယ်။ ဆလျှော့ပေးရင် ရွေးချင်တယ်ဆိုတဲ့အသနားခံစာတွေ တင်ကြတယ် လို့ ကြားတယ်” ဟု ကုန်ကားများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထိုသို့ အသနားခံစာ တင်ပြမှုများရှိ နေရာ အချို့ကုန်ပစ္စည်းများကို ဒဏ်ငွေ များလျှော့ပေါ့ပေးသင့်ကြောင်းလည်း ၎င်းက အကြံပြုထား သည်။
“တချို့ဟာတွေ ဖြေလျှော့ပေးသင့်တယ်။ City Mart တွေ မှာဆိုရင် တချို့ယိုးဒယား ပစ္စည်းတွေ ဘာမှမရှိတော့ဘူး။ မရှိတော့တဲ့အတွက် နေတာက နေနိုင်ပါတယ်။ ဒါပေမဲ့ တခြားပစ္စည်းတွေ ဈေးတက် လာတယ်။ ယိုးဒယားဆပ်ပြာမှုန့်မရရင်လည်း ဗမာ ဆပ်ပြာမှုန့်တွေက လျှပ်စစ်မီတာကြေးတွေ မြင့်လို့ သူတို့လည်း တက်လာတာပဲ။ အိမ်သုံးပစ္စည်းကတော့ နည်းနည်းတော့ တက်လာတာပေါ့။ တိရစ္ဆာန်အစာ လေးတွေတောင်ရှားသွားတယ်။ မှောင်ခိုကို လုပ်လိုက်တာ ကောင်းတာကတော့ ကောင်းတယ်။ တချို့ ကျတော့ နည်းနည်းတော့ ဖြေလျှော့ပေးသင့်တယ်။ တချို့ကျ နည်းနည်းထိခိုက်သွားတာပေါ့။ အသုံးပြု နေတဲ့လူတွေပေါ့” ဟု ၎င်းက ဆက်ပြောသည်။
အကောက်ခွန်မဲ့ကုန်ပစ္စည်းများကို ရွေးယူ ဒဏ်ငွေတပ်ရိုက်ခဲ့ရာ လယ်ယာလုပ်ငန်းသုံး ထော် လာဂျီ / E Three Wheel Motocycle နှင့် ဆေးဝါးအချို့ကို (ဝ.၅) ဆ ၊ ရုံးသုံး Stationary များကို (ဝ.၇၅) ဆ၊ စက်မှုကုန်ကြမ်းနှင့် စက်မှုလုပ်ငန်းသုံး ပစ္စည်းများကို (၁) ဆ၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ တာယာ နှင့် ဆောက်လုပ်ရေးသုံး၊ ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ လုပ်ငန်းသုံးမော်တော်ယာဉ်၊ နောက်တွဲယာဉ် များကို (၂)ဆ၊ Electronic Goods ၊ ယန္တရား (၃) ဆနှင့် လူစီးမော်တော်ယာဉ်ကို (၄)ဆ အဖြစ် သတ် မှတ်ထားကြောင်း သိရသည်။ ကန့်သတ်၊ တားမြစ် ကုန်ပစ္စည်းများဖြစ်သည့် Vape ၊ စီးကရက် ၊ ဘီယာ ၊ ဖဲထုပ်တို့ကို သိမ်း ဆည်းမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ဖမ္းဆီးရမိ ကုန္ကား(၄၀ဝ)ေက်ာ္ေပၚမွ အေကာက္ခြန္မဲ့ပစၥည္းမ်ားကို ဒဏ္ေၾကးေလွ်ာ့ေပးရန္ အသနားခံစာ တင္ျပမႈမ်ားရွိေန
Pearl (NP News)-ဒီဇင္ဘာ ၃၀
တိုင္းႏွင့္ ျပည္နယ္ ေလးခုမွဖမ္းဆီးရမိ ကုန္ကား (၄၀ဝ)ေက်ာ္ေပၚရွိ အေကာက္ခြန္မဲ့ပစၥည္းမ်ား ကို ဒဏ္ေၾကးေလွ်ာ့ေပးရန္ အသနားခံစာ တင္ျပမႈမ်ားရွိေနေၾကာင္း ကုန္ကားမ်ား ႏွင့္နီးစပ္သူသတင္း ရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ လပိုင္းက ကရင္ျပည္နယ္၊ မြန္ ျပည္နယ္၊ ရွမ္းျပည္နယ္ ႏွင့္ မႏၲေလးတိုင္းတို႔တြင္ ဖမ္းဆီးရမိသည့္ ေမာ္ေတာ္ယာဥ္ (၄၇၀) ေပၚမွ ကန႔္ သတ္/တားျမစ္ကုန္မ်ားကိုသိမ္းဆည္းခဲ့ၿပီး ခြင့္ျပဳ ခ်က္ႏွင့္ ကြဲလြဲတင္သြင္းလာသည့္ သို႔မဟုတ္ လုံးဝ ခြင့္ျပဳခ်က္မပါဘဲ တင္သြင္းလာသည့္ လိုင္စင္မဲ့၊ အ ေကာက္ခြန္မဲ့ကုန္မ်ားကို သင့္ေလ်ာ္သည့္ေ႐ြးယူ ဒဏ္ေငြတပ္႐ိုက္ခဲ့ရာ ကုန္သည္မ်ားက ျပန္လည္ေ႐ြး ယူရန္အတြက္ ဒဏ္ေငြမ်ားေလွ်ာ့ေပါ့ေပးရန္ အ သနားခံစာတင္ျပမႈမ်ားရွိေနေၾကာင္း သိရသည္။
အဆိုပါ သတင္းႏွင့္ပတ္သက္၍ NP News အေနျဖင့္ ထပ္မံ အတည္ျပဳႏိုင္ျခင္း မရွိေသးေသာ္ လည္း ထြက္ေပၚေနသည့္ သတင္းမ်ားအရမူ အဆိုပါသတင္းရင္းျမစ္၏ ေျပာၾကားခ်က္ႏွင့္ ကိုက္ညီေန ေၾကာင္း ေတြ႕ျမင္ရသည္။ “အခု ဖမ္းခံထားရတဲ့ကားအစီးေပါင္း (၄၀ဝ) ေက်ာ္ နဲ႔ပတ္သက္ၿပီး ျပန္ေ႐ြးဖို႔ လုပ္တဲ့အခါမွာ ျပန္ေ႐ြးဖို႔ မေ႐ြးႏိုင္လို႔ႏိုင္ငံေတာ္ကို အသနားခံစာေတြတင္ေနၾကတယ္လို႔ ၾကားတယ္။ တခ်ိဳ႕ကလည္း ရာခိုင္ႏႈန္းခ်ေပးဖို႔ ညႇိႏႈိင္း ေနတယ္။ ကာစတန္က ၫႊန္ၾကားထားတဲ့၊ ဘ႑ာ အခြန္ကေန ထုတ္ထားတဲ့ ၫႊန္ၾကားခ်က္မွာ ကားဆို ဘယ္ႏွဆဆိုၿပီး ဆေတြမ်ားေတာ့ ဘယ္လိုလုပ္ ေ႐ြး ႏိုင္မွာလဲ။ တန္ဖိုးထက္ ဆက ပိုမ်ားေနတယ္။ ဆေလွ်ာ့ေပးရင္ ေ႐ြးခ်င္တယ္ဆိုတဲ့အသနားခံစာေတြ တင္ၾကတယ္ လို႔ ၾကားတယ္” ဟု ကုန္ကားမ်ားႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။ ထိုသို႔ အသနားခံစာ တင္ျပမႈမ်ားရွိ ေနရာ အခ်ိဳ႕ကုန္ပစၥည္းမ်ားကို ဒဏ္ေငြ မ်ားေလွ်ာ့ေပါ့ေပးသင့္ေၾကာင္းလည္း ၎က အႀကံျပဳထား သည္။
“တခ်ိဳ႕ဟာေတြ ေျဖေလွ်ာ့ေပးသင့္တယ္။ City Mart ေတြ မွာဆိုရင္ တခ်ိဳ႕ယိုးဒယား ပစၥည္းေတြ ဘာမွမရွိေတာ့ဘူး။ မရွိေတာ့တဲ့အတြက္ ေနတာက ေနႏိုင္ပါတယ္။ ဒါေပမဲ့ တျခားပစၥည္းေတြ ေဈးတက္ လာတယ္။ ယိုးဒယားဆပ္ျပာမႈန႔္မရရင္လည္း ဗမာ ဆပ္ျပာမႈန႔္ေတြက လွ်ပ္စစ္မီတာေၾကးေတြ ျမင့္လို႔ သူတို႔လည္း တက္လာတာပဲ။ အိမ္သုံးပစၥည္းကေတာ့ နည္းနည္းေတာ့ တက္လာတာေပါ့။ တိရစာၦန္အစာ ေလးေတြေတာင္ရွားသြားတယ္။ ေမွာင္ခိုကို လုပ္လိုက္တာ ေကာင္းတာကေတာ့ ေကာင္းတယ္။ တခ်ိဳ႕ က်ေတာ့ နည္းနည္းေတာ့ ေျဖေလွ်ာ့ေပးသင့္တယ္။ တခ်ိဳ႕က် နည္းနည္းထိခိုက္သြားတာေပါ့။ အသုံးျပဳ ေနတဲ့လူေတြေပါ့” ဟု ၎က ဆက္ေျပာသည္။
အေကာက္ခြန္မဲ့ကုန္ပစၥည္းမ်ားကို ေ႐ြးယူ ဒဏ္ေငြတပ္႐ိုက္ခဲ့ရာ လယ္ယာလုပ္ငန္းသုံး ေထာ္ လာဂ်ီ / E Three Wheel Motocycle ႏွင့္ ေဆးဝါးအခ်ိဳ႕ကို (ဝ.၅) ဆ ၊ ႐ုံးသုံး Stationary မ်ားကို (ဝ.၇၅) ဆ၊ စက္မႈကုန္ၾကမ္းႏွင့္ စက္မႈလုပ္ငန္းသုံး ပစၥည္းမ်ားကို (၁) ဆ၊ ဓာတ္ေျမဩဇာ၊ စက္သုံးဆီ၊ တာယာ ႏွင့္ ေဆာက္လုပ္ေရးသုံး၊ ဆက္သြယ္ေရးသုံး ပစၥည္းမ်ား၊ လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္၊ ေနာက္တြဲယာဥ္ မ်ားကို (၂)ဆ၊ Electronic Goods ၊ ယႏၲရား (၃) ဆႏွင့္ လူစီးေမာ္ေတာ္ယာဥ္ကို (၄)ဆ အျဖစ္ သတ္ မွတ္ထားေၾကာင္း သိရသည္။ ကန႔္သတ္၊ တားျမစ္ ကုန္ပစၥည္းမ်ားျဖစ္သည့္ Vape ၊ စီးကရက္ ၊ ဘီယာ ၊ ဖဲထုပ္တို႔ကို သိမ္း ဆည္းမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.