ပြည်ပမီဒီယာတစ်ခုတွင် ဖော်ပြထားသော သတင်းနှင့် ပတ်သက်၍ ဒေါက်တာ အေးမောင် ပြန်လည် ရှင်းလင်း

 825

သန့်ဇင် (NP News) - ဒီဇင်ဘာ ၃၀
ပြည်ပမီဒီယာတစ်ခုတွင် ဖော်ပြထားသော သတင်းနှင့် ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဖြစ်သော ဒေါက်တာ အေးမောင် က ပါတီ ၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ထုတ်ပြန်ချက်ထုတ်ကာ ပြန်လည် ရှင်းလင်းခဲ့သည်။
ဒီဇင်ဘာလာ (၂၈) ၊ ၂၀၂၅ ခုနှစ်တွင် ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၏ အမျိုးသားလွှတ်တော် (FPTP) နေရာမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော ဒေါက်တာအေးမောင် အား မဲရလဒ်နှင့် စပ်လျင်း၍ ဗမာစကားပြော ရခိုင်စကားဝဲသူတစ်ဦးက ပြည်တွင်းသုံးဖုန်းနံပတ်ဖြင့် ပြည်တွင်းသတင်းဌာန Myanmar သတင်း ဟု အမည်လိမ် ခံယူကာ မဲရလဒ်နှင့် ပတ်သတ်ပြီး မေးမြန်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ မေးမြန်းမှု အပေါ် ဒေါက်တာ အေးမောင်က တာဝန်ကျေပွန်စွာ လာရောက်မဲပေးကြသော ရခိုင်ပြည်သူများ ကျေးဇူးအထူးတင်ရှိကြောင်း၊ မဲရလဒ်နှင့် ပါတီရည်ရွယ်ချက်အား သိရှိနိုင်စေရန် ရည်ရွယ်လျက် (၁၃) မိနစ်ခန့် ရှင်းလင်းစွာ ဖြေကြားခဲ့သော်လည်း အဆိုပါ အမည်လိမ်ခံယူထားသူ (Myanmar Now သတင်းသမား (သို့) အခကြေးငွေယူ ပြည်တွင်းသတင်းပေး) မေးမြန်းချက်ကို Myanmar Now ပြည်ပသတင်းဌာနမှ လိုရာစွဲ ဖြတ်ညှပ်ကတ် ပြုလုပ်ကာ ပြန်လည် ဖော်ပြခဲ့ကြောင်းလည်း ရေးသားထားသည်။
၎င်းသတင်းဌာနမှ အသုံးပြုထားသော် ဓါတ်ပုံသည် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ၏ ပုံရိပ်ကို ကျဆင်းစေရန် ရည်ရွယ်လျက် ထောင်ကျစဥ်ကာလက ရိုက်ကူးထားသော ဓါတ်ပုံအား အသုံးပြု ထားခြင်းအား ကြည့်ခြင်းဖြင့် လှုံ့ဆော်တိုက်ခိုက်လိုသော စိတ်နေစိတ်ထားကို သိသာစွာတွေ့မြင်နိုင်ကြောင်းလည်း ရေးသားထားသည်။
ထို့ပြင် Myanmar Now ၏ သတင်းအတွင်း "ကျွန်တော်တို့ပါတီက နိုင်သင့်သလောက်နိုင်တာပဲ။ ရှုံးတဲ့နေရာလည်း ရှုံးရတာမဟုတ်ဘူးလား။ သူ့ရဲ့ ပေးထားချက်တွေက နိုင်တဲ့ဥစ္စာမဟုတ်ဘူးလေ။ ဒီနိုင်တဲ့ဥစ္စာမဟုတ်ဘူးဆိုတာကို ကျွန်တော် ကြိုသိတာပေါ့ " ဟု ဆိုကာ လိုရာဆွဲကာ လိမ်ညာ ဖော်ပြခဲ့ကြောင်း လည်း ထုတ်ပြန်ချက်အရ သိရသည်။
နောက်နောင်တွင် ပြည်တွင်း/ ပြည်ပသတင်းဌာများ၏ ဖုန်းဖြင့် မေးမြန်းချက်များကို သေချာစွာ စိစစ်လက်ခံပြီးမှ ဖြေကြားသွားနိုင်မည်ဖြစ်ပြီး၊ နောင်တွင် ယခု ဖြစ်စဥ်ကဲ့သို့ မီဒီယာ ကျင့်ဝတ်မဲ့သော သတင်းဌာနအချို့၏ အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် လူကိုယ်တိုင်တွေ့ဆုံမေးမြန်းခြင်းဖြင့်သာ ဦးစားပေး ဖြေကြားသွားမည်ဖြစ်ပါကြောင်း ဤနေရာမှ မီဒီယာသတင်းဌာနများအား အထူးမေတ္တာရပ်ခံလျက် အသိပေး ဖော်ပြအပ်ပါသည်ဟု လည်း ရေးသားထားသည်။

Zawgyi Version:
ျပည္ပမီဒီယာတစ္ခုတြင္ ေဖာ္ျပထားေသာ သတင္းႏွင့္ ပတ္သက္၍ ေဒါက္တာ ေအးေမာင္ ျပန္လည္ ရွင္းလင္း
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၃၀
ျပည္ပမီဒီယာတစ္ခုတြင္ ေဖာ္ျပထားေသာ သတင္းႏွင့္ ပတ္သက္၍ ရခိုင့္ဦးေဆာင္ပါတီ ဥကၠဌ ျဖစ္ေသာ ေဒါက္တာ ေအးေမာင္ က ပါတီ ၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ထုတ္ျပန္ခ်က္ထုတ္ကာ ျပန္လည္ ရွင္းလင္းခဲ့သည္။
ဒီဇင္ဘာလာ (၂၈) ၊ ၂၀၂၅ ခုႏွစ္တြင္ က်င္းပေသာ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ၌ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ ၏ အမ်ိဳးသားလႊတ္ေတာ္ (FPTP) ေနရာမွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ ေဒါက္တာေအးေမာင္ အား မဲရလဒ္ႏွင့္ စပ္လ်င္း၍ ဗမာစကားေျပာ ရခိုင္စကားဝဲသူတစ္ဦးက ျပည္တြင္းသုံးဖုန္းနံပတ္ျဖင့္ ျပည္တြင္းသတင္းဌာန Myanmar သတင္း ဟု အမည္လိမ္ ခံယူကာ မဲရလဒ္ႏွင့္ ပတ္သတ္ၿပီး ေမးျမန္းခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ယင္းသို႔ ေမးျမန္းမႈ အေပၚ ေဒါက္တာ ေအးေမာင္က တာဝန္ေက်ပြန္စြာ လာေရာက္မဲေပးၾကေသာ ရခိုင္ျပည္သူမ်ား ေက်းဇူးအထူးတင္ရွိေၾကာင္း၊ မဲရလဒ္ႏွင့္ ပါတီရည္႐ြယ္ခ်က္အား သိရွိႏိုင္ေစရန္ ရည္႐ြယ္လ်က္ (၁၃) မိနစ္ခန္႔ ရွင္းလင္းစြာ ေျဖၾကားခဲ့ေသာ္လည္း အဆိုပါ အမည္လိမ္ခံယူထားသူ (Myanmar Now သတင္းသမား (သို႔) အခေၾကးေငြယူ ျပည္တြင္းသတင္းေပး) ေမးျမန္းခ်က္ကို Myanmar Now ျပည္ပသတင္းဌာနမွ လိုရာစြဲ ျဖတ္ညႇပ္ကတ္ ျပဳလုပ္ကာ ျပန္လည္ ေဖာ္ျပခဲ့ေၾကာင္းလည္း ေရးသားထားသည္။
၎သတင္းဌာနမွ အသုံးျပဳထားေသာ္ ဓါတ္ပုံသည္ ရခိုင့္ဦးေဆာင္ပါတီ ဥကၠဌ ၏ ပုံရိပ္ကို က်ဆင္းေစရန္ ရည္႐ြယ္လ်က္ ေထာင္က်စဥ္ကာလက ႐ိုက္ကူးထားေသာ ဓါတ္ပုံအား အသုံးျပဳ ထားျခင္းအား ၾကည့္ျခင္းျဖင့္ လႈံ႕ေဆာ္တိုက္ခိုက္လိုေသာ စိတ္ေနစိတ္ထားကို သိသာစြာေတြ႕ျမင္ႏိုင္ေၾကာင္းလည္း ေရးသားထားသည္။
ထို႔ျပင္ Myanmar Now ၏ သတင္းအတြင္း "ကြၽန္ေတာ္တို႔ပါတီက ႏိုင္သင့္သေလာက္ႏိုင္တာပဲ။ ရႈံးတဲ့ေနရာလည္း ရႈံးရတာမဟုတ္ဘူးလား။ သူ႔ရဲ႕ ေပးထားခ်က္ေတြက ႏိုင္တဲ့ဥစၥာမဟုတ္ဘူးေလ။ ဒီႏိုင္တဲ့ဥစၥာမဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္ ႀကိဳသိတာေပါ့ " ဟု ဆိုကာ လိုရာဆြဲကာ လိမ္ညာ ေဖာ္ျပခဲ့ေၾကာင္း လည္း ထုတ္ျပန္ခ်က္အရ သိရသည္။
ေနာက္ေနာင္တြင္ ျပည္တြင္း/ ျပည္ပသတင္းဌာမ်ား၏ ဖုန္းျဖင့္ ေမးျမန္းခ်က္မ်ားကို ေသခ်ာစြာ စိစစ္လက္ခံၿပီးမွ ေျဖၾကားသြားႏိုင္မည္ျဖစ္ၿပီး၊ ေနာင္တြင္ ယခု ျဖစ္စဥ္ကဲ့သို႔ မီဒီယာ က်င့္ဝတ္မဲ့ေသာ သတင္းဌာနအခ်ိဳ႕၏ အႏၲရာယ္ကို ေရွာင္ရွားႏိုင္ရန္အတြက္ လူကိုယ္တိုင္ေတြ႕ဆုံေမးျမန္းျခင္းျဖင့္သာ ဦးစားေပး ေျဖၾကားသြားမည္ျဖစ္ပါေၾကာင္း ဤေနရာမွ မီဒီယာသတင္းဌာနမ်ားအား အထူးေမတၱာရပ္ခံလ်က္ အသိေပး ေဖာ္ျပအပ္ပါသည္ဟု လည္း ေရးသားထားသည္။

Related news

© 2021. All rights reserved.