တစ်ပတ်ရစ်နှင့် ဖုန်းအသစ်အပိုပစ္စည်းများ ဈေးတက်သောကြောင့် အရောင်းအဝယ် အေးနေ

135

သန့်ဇင် (NP News)- ဒီဇင်ဘာ ၃၀
တယ်လီဖုန်းများ၏ Battery ၊ စက်ပြား အပါအဝင် ဖုန်းနှင့် ပတ်သက်သော တစ်ပတ်ရစ်နှင့် အသစ် အပိုပစ္စည်းများမှာ ပြည်တွင်းသို့ အဝင်နည်းပြီး ဈေးတက်နေသောကြောင့် အရောင်းအဝယ်အေး နေကြောင်း ဖုန်းအပိုပစ္စည်းများရောင်းဝယ် လုပ်ကိုင်နေသူများထံ NP News က မေးမြန်းချက်အရ သိရ သည်။
ယခင်က ဖုန်းအပိုပစ္စည်းရောင်းဆိုင်များသည့် တစ်ရက်လျှင် ကျပ်(၆၀ဝဝဝ)မှ ကျပ် (၁၀ဝဝဝ၀) အထိ ရောင်းချရသော်လည်း လက်ရှိတွင်မူ ကျပ် (၂၀ဝဝဝ) ဝန်းကျင်ရရှိရန်ပင် မလွယ်ကူတော့သည့် အခြေအနေဖြစ်နေကြောင်း သိရသည်။
“ရောင်းအားသွက်တာဆိုလို့ ကာဗာတောင် မရောင်းရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင် တုန်းကဆိုရင် ကာဗာတစ်ခုကို ကျပ် (၂၅၀ဝ) (၃၀ဝဝ) ပဲရောင်းတာလေ။ အခုဆိုရင် ကျပ်(၅၀ဝဝ)မှမရ ရင်ရောင်းလို့မရတော့ဘူးလေ။ ပစ္စည်းဈေးတက်သွားတာ ဟိုဘက်အဝင်ကကျပ်တော့ ဈေးတွေက တက် ကုန်ပြီ”ဟု အထက်ပါသတင်း ရင်းမြစ်ကပြောသည်။
ထို့ပြင် လက်ကိုင်ဖုန်းများ၏ စက်ပြားနှင့် အားသွင်းကြိုးရောင်းဝယ်ရေးတွင် ဖုန်းအမျိုးအစား ပေါ်မူတည်၍ ယခင်က အနည်းဆုံး ကျပ်ထောင် ဂဏန်းအထိပေါက်ဈေးရှိခဲ့သော်လည်း လက်ရှိတွင် အပိုပစ္စည်းတင်သွင်းမှုကျပ်တည်းလာခြင်းများ ကြောင့် ကျပ် (၃၀ဝဝဝ) အထိပေါက်ဈေးရှိနေကြောင်း သိရသည်။
ထို့ကြောင့် ဖုန်းအပိုပစ္စည်းအရောင်းအဝယ် ဈေးကွက်လည်းအေးစက်လာကာ ယခင်ကထက် အပိုပစ္စည်းမှာယူသူများနည်းပါးလာသည့်အတွက် ဝင်ငွေထိခိုက်မှုများနှင့် ကြုံတွေ့လာရသည့်အပြင် အချို့သော ဆိုင်များမှာ ပိတ်သိမ်းရသည်အထိ ဖြစ်လာကြောင်း သိရသည်။
“စက်ပြားတွေလည်း အရောင်းအဝယ် သိပ်မကောင်းဘူး။ သိပ်မကောင်းတော့ အဝယ်ရပ်ထား တာ။ အဝယ်ရပ်ထားတော့ ကျွန်တော်တောင်မှ စက်ပြားတွေရောင်းဖို့ဆို အရင်တုန်းကဆို သူ့မော် ဒယ်နဲ့ သူဆိုရင် ကျပ် (၂၀ဝဝဝ) ကျော် (၃၀ဝဝဝ) ရတယ်။ အခုဆိုရင် ကျပ် (၈၀ဝဝ) (၁၀ဝဝဝ၀) (၁၂၀ဝဝဝ) အဲဒီလောက်အထိ ဖြစ်သွားတယ်။ အခုဈေးက G-7 တို့ Samsung အနိမ့်အလုံးတွေဆိုရင် (၄၀ဝဝ) (၅၀ဝဝ)ကျပ်၊ အမြင့်အလုံးတွေကတော့ (၁၀ဝဝဝ)ကနေ (၁၀ဝဝဝ)ကျော် အဲဒီလောက်ပဲ။ ReDmi တွေ ကတော့ (၁၀ဝဝဝ)ကျော်တယ်။ (၁၅၀ဝဝ)ကနေ (၁၈၀ဝဝ)အဲဒီလောက်ပဲ။ မော်ဒယ်အလိုက် အနိမ့် အမြင့်ပေါ်မူတည်ပြီးရောင်းရတာပေါ့။ အားသွင်းကြိုးအပိုပစ္စည်းကတော့ အရင်ကတော့ (၁၀ဝဝ)ကနေ အခု (၂၀ဝဝ) (၃၀ဝဝ)ဖြစ်သွားပြီ”ဟု ၎င်းကပြောသည်။
သို့သော်လည်း ဝယ်ယူသူများအနေဖြင့် ယခင်က စိတ်ချယုံကြည်ရသည့်ဆိုင်များထံမှ ပစ္စည်း ကောင်းများရွေးချယ်ဝယ်ယူရသည့် အခြေအနေမှ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် လက်ရှိတွင် ဈေး သက်သာသည့်ပစ္စည်းများသာ ရွေးချယ်လာသူ များလည်းရှိလာကြောင်း အခြားသောဖုန်းအပိုအစ္စည်း ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့က အခွန်ခတစ်လမှ ပျှမ်းမျှတွက်ရင် (၁)သိန်းကျော်ပဲပေးရတာလေ။ (၁)သိန်း ကျော်ပေးရတဲ့ခါကျတော့ ကိုကြီးဒီကောင်ကို (၃၀ဝဝ)နဲ့ယူရင် (၄၀ဝဝ)ပြန်ရောင်းချင်ရောင်းလို့ရ တယ်။ ဈေးကပ်ထားလို့ရတယ်။ သူတို့ကတော့ပုံသေ ဒါတစ်ခုကို (၅၀ဝဝ)မရရင် မရောင်းလို့မရဘူးပုံစံနဲ့ပေါ့။ ဘာလို့လဲဆိုတော့ ဝန်ထမ်းကြေးရှိတယ်လေ။ ဆိုင်ခန်းငှားခလည်းရှိတယ်လေ။ အထွေထွေကြေး တွေရှိ တော့ ကွာတယ်လေ။ နောက်အဝင် အထွက်ကျတော့လည်း ကျွန်တော်ဆီမှာက ဈေးကွက်ထဲက ဖုန်း ဝယ်ပြီးသွားတဲ့လူက ဆိုင်ကြီးတွေမသွားတော့ဘူး။ ကျွန်တော်တို့ဆီမှာပဲဝယ်ကြတယ်။ အရင်ကလိုပဲ လူမလာတော့တာ”ဟု ၎င်းကပြောသည်။
အလားတူ ဖုန်းအပိုပစ္စည်းများဈေးနှုန်း မြင့်တက်လာခြင်းနှင့် ရောင်းဝယ်ရေးဈေးကွက်အေးစက် လာရခြင်းသည် ပြည်ပမှ ကုန်ပစ္စည်းအဝင် အထွက် နည်းပါးခြင်းနှင့် ဝယ်သူများအနေဖြင့်လည်း အခြေခံ စားသောက်ကုန်များဈေးမြင့်တက်ခြင်းဒဏ် ရိုက်ခတ်ခံရမှုများနှင့် အများဆုံးသက်ဆိုင်နေကြောင်း ဖုန်း အပိုပစ္စည်းတင်သွင်းရောင်းချနေသူတစ်ဦးက ဆိုသည်။ “ဘယ်ဟာပဲဖြစ်ဖြစ် ဒီပစ္စည်းမှမဟုတ်ဘူး ဖုန်း တွေလည်းရောင်းဝယ်ရတာပါးတယ်။ တစ်ခြားပစ္စည်းတွေလည်းအရောင်းအဝယ်ပါးတယ်။ ကုန်ဈေးနှုန်း တက်လို့ ဒီဈေးတွေတက်လာတာလည်းပါတယ်” ဟု ၎င်းကပြောသည်။

Zawgyi Version:
တစ္ပတ္ရစ္ႏွင့္ ဖုန္းအသစ္အပိုပစၥည္းမ်ား ေဈးတက္ေသာေၾကာင့္ အေရာင္းအဝယ္ ေအးေန
သန႔္ဇင္ (NP News)- ဒီဇင္ဘာ ၃၀
တယ္လီဖုန္းမ်ား၏ Battery ၊ စက္ျပား အပါအဝင္ ဖုန္းႏွင့္ ပတ္သက္ေသာ တစ္ပတ္ရစ္ႏွင့္ အသစ္ အပိုပစၥည္းမ်ားမွာ ျပည္တြင္းသို႔ အဝင္နည္းၿပီး ေဈးတက္ေနေသာေၾကာင့္ အေရာင္းအဝယ္ေအး ေနေၾကာင္း ဖုန္းအပိုပစၥည္းမ်ားေရာင္းဝယ္ လုပ္ကိုင္ေနသူမ်ားထံ NP News က ေမးျမန္းခ်က္အရ သိရ သည္။
ယခင္က ဖုန္းအပိုပစၥည္းေရာင္းဆိုင္မ်ားသည့္ တစ္ရက္လွ်င္ က်ပ္(၆၀ဝဝဝ)မွ က်ပ္ (၁၀ဝဝဝ၀) အထိ ေရာင္းခ်ရေသာ္လည္း လက္ရွိတြင္မူ က်ပ္ (၂၀ဝဝဝ) ဝန္းက်င္ရရွိရန္ပင္ မလြယ္ကူေတာ့သည့္ အေျခအေနျဖစ္ေနေၾကာင္း သိရသည္။
“ေရာင္းအားသြက္တာဆိုလို႔ ကာဗာေတာင္ မေရာင္းရေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အရင္ တုန္းကဆိုရင္ ကာဗာတစ္ခုကို က်ပ္ (၂၅၀ဝ) (၃၀ဝဝ) ပဲေရာင္းတာေလ။ အခုဆိုရင္ က်ပ္(၅၀ဝဝ)မွမရ ရင္ေရာင္းလို႔မရေတာ့ဘူးေလ။ ပစၥည္းေဈးတက္သြားတာ ဟိုဘက္အဝင္ကက်ပ္ေတာ့ ေဈးေတြက တက္ ကုန္ၿပီ”ဟု အထက္ပါသတင္း ရင္းျမစ္ကေျပာသည္။
ထို႔ျပင္ လက္ကိုင္ဖုန္းမ်ား၏ စက္ျပားႏွင့္ အားသြင္းႀကိဳးေရာင္းဝယ္ေရးတြင္ ဖုန္းအမ်ိဳးအစား ေပၚမူတည္၍ ယခင္က အနည္းဆုံး က်ပ္ေထာင္ ဂဏန္းအထိေပါက္ေဈးရွိခဲ့ေသာ္လည္း လက္ရွိတြင္ အပိုပစၥည္းတင္သြင္းမႈက်ပ္တည္းလာျခင္းမ်ား ေၾကာင့္ က်ပ္ (၃၀ဝဝဝ) အထိေပါက္ေဈးရွိေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဖုန္းအပိုပစၥည္းအေရာင္းအဝယ္ ေဈးကြက္လည္းေအးစက္လာကာ ယခင္ကထက္ အပိုပစၥည္းမွာယူသူမ်ားနည္းပါးလာသည့္အတြက္ ဝင္ေငြထိခိုက္မႈမ်ားႏွင့္ ႀကဳံေတြ႕လာရသည့္အျပင္ အခ်ိဳ႕ေသာ ဆိုင္မ်ားမွာ ပိတ္သိမ္းရသည္အထိ ျဖစ္လာေၾကာင္း သိရသည္။
“စက္ျပားေတြလည္း အေရာင္းအဝယ္ သိပ္မေကာင္းဘူး။ သိပ္မေကာင္းေတာ့ အဝယ္ရပ္ထား တာ။ အဝယ္ရပ္ထားေတာ့ ကြၽန္ေတာ္ေတာင္မွ စက္ျပားေတြေရာင္းဖို႔ဆို အရင္တုန္းကဆို သူ႔ေမာ္ ဒယ္နဲ႔ သူဆိုရင္ က်ပ္ (၂၀ဝဝဝ) ေက်ာ္ (၃၀ဝဝဝ) ရတယ္။ အခုဆိုရင္ က်ပ္ (၈၀ဝဝ) (၁၀ဝဝဝ၀) (၁၂၀ဝဝဝ) အဲဒီေလာက္အထိ ျဖစ္သြားတယ္။ အခုေဈးက G-7 တို႔ Samsung အနိမ့္အလုံးေတြဆိုရင္ (၄၀ဝဝ) (၅၀ဝဝ)က်ပ္၊ အျမင့္အလုံးေတြကေတာ့ (၁၀ဝဝဝ)ကေန (၁၀ဝဝဝ)ေက်ာ္ အဲဒီေလာက္ပဲ။ ReDmi ေတြ ကေတာ့ (၁၀ဝဝဝ)ေက်ာ္တယ္။ (၁၅၀ဝဝ)ကေန (၁၈၀ဝဝ)အဲဒီေလာက္ပဲ။ ေမာ္ဒယ္အလိုက္ အနိမ့္ အျမင့္ေပၚမူတည္ၿပီးေရာင္းရတာေပါ့။ အားသြင္းႀကိဳးအပိုပစၥည္းကေတာ့ အရင္ကေတာ့ (၁၀ဝဝ)ကေန အခု (၂၀ဝဝ) (၃၀ဝဝ)ျဖစ္သြားၿပီ”ဟု ၎ကေျပာသည္။
သို႔ေသာ္လည္း ဝယ္ယူသူမ်ားအေနျဖင့္ ယခင္က စိတ္ခ်ယုံၾကည္ရသည့္ဆိုင္မ်ားထံမွ ပစၥည္း ေကာင္းမ်ားေ႐ြးခ်ယ္ဝယ္ယူရသည့္ အေျခအေနမွ ေဈးႏႈန္းႀကီးျမင့္လာျခင္းေၾကာင့္ လက္ရွိတြင္ ေဈး သက္သာသည့္ပစၥည္းမ်ားသာ ေ႐ြးခ်ယ္လာသူ မ်ားလည္းရွိလာေၾကာင္း အျခားေသာဖုန္းအပိုအစၥည္း ေရာင္းဝယ္ေရးလုပ္ကိုင္သူတစ္ဦးက ဆိုသည္။
“ကြၽန္ေတာ္တို႔က အခြန္ခတစ္လမွ ပွ်မ္းမွ်တြက္ရင္ (၁)သိန္းေက်ာ္ပဲေပးရတာေလ။ (၁)သိန္း ေက်ာ္ေပးရတဲ့ခါက်ေတာ့ ကိုႀကီးဒီေကာင္ကို (၃၀ဝဝ)နဲ႔ယူရင္ (၄၀ဝဝ)ျပန္ေရာင္းခ်င္ေရာင္းလို႔ရ တယ္။ ေဈးကပ္ထားလို႔ရတယ္။ သူတို႔ကေတာ့ပုံေသ ဒါတစ္ခုကို (၅၀ဝဝ)မရရင္ မေရာင္းလို႔မရဘူးပုံစံနဲ႔ေပါ့။ ဘာလို႔လဲဆိုေတာ့ ဝန္ထမ္းေၾကးရွိတယ္ေလ။ ဆိုင္ခန္းငွားခလည္းရွိတယ္ေလ။ အေထြေထြေၾကး ေတြရွိ ေတာ့ ကြာတယ္ေလ။ ေနာက္အဝင္ အထြက္က်ေတာ့လည္း ကြၽန္ေတာ္ဆီမွာက ေဈးကြက္ထဲက ဖုန္း ဝယ္ၿပီးသြားတဲ့လူက ဆိုင္ႀကီးေတြမသြားေတာ့ဘူး။ ကြၽန္ေတာ္တို႔ဆီမွာပဲဝယ္ၾကတယ္။ အရင္ကလိုပဲ လူမလာေတာ့တာ”ဟု ၎ကေျပာသည္။
အလားတူ ဖုန္းအပိုပစၥည္းမ်ားေဈးႏႈန္း ျမင့္တက္လာျခင္းႏွင့္ ေရာင္းဝယ္ေရးေဈးကြက္ေအးစက္ လာရျခင္းသည္ ျပည္ပမွ ကုန္ပစၥည္းအဝင္ အထြက္ နည္းပါးျခင္းႏွင့္ ဝယ္သူမ်ားအေနျဖင့္လည္း အေျခခံ စားေသာက္ကုန္မ်ားေဈးျမင့္တက္ျခင္းဒဏ္ ႐ိုက္ခတ္ခံရမႈမ်ားႏွင့္ အမ်ားဆုံးသက္ဆိုင္ေနေၾကာင္း ဖုန္း အပိုပစၥည္းတင္သြင္းေရာင္းခ်ေနသူတစ္ဦးက ဆိုသည္။ “ဘယ္ဟာပဲျဖစ္ျဖစ္ ဒီပစၥည္းမွမဟုတ္ဘူး ဖုန္း ေတြလည္းေရာင္းဝယ္ရတာပါးတယ္။ တစ္ျခားပစၥည္းေတြလည္းအေရာင္းအဝယ္ပါးတယ္။ ကုန္ေဈးႏႈန္း တက္လို႔ ဒီေဈးေတြတက္လာတာလည္းပါတယ္” ဟု ၎ကေျပာသည္။