အမေရိကန်နိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲမှာတိုက်မိပြီး ပျက်ကျ

353
Pika (NP News) - ဒီဇင်ဘာ ၃ဝ
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ ရဟတ်ယာဉ်နှစ်စင်း လေထဲမှာ တိုက်မိမှုကြောင့် အနည်းဆုံး လူ(၁)ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။ Enstrom F-28A နဲ့ Enstrom 280C ရဟတ်ယာဉ်တို့ဟာ Hammonton မြို့မှာရှိတဲ့ လေဆိပ်အနီးက လေထဲမှာ တိုက်မိခဲ့တာဖြစ်တယ်လို့ ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲရေးဌာန(FAA) က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
(FAA) က “ဒီဖြစ်ရပ်အတွင်း အနည်းဆုံးလူ(၁)ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခု မှာ ရဟတ်ယာဉ်တစ်စီးက ထိန်းချုပ်မှုလွတ်သွားပြီး ပျက်ကျနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ ရဟတ်ယာဉ်ပျက်ကျသွားတယ်လို့ယူဆရတဲ့နေရာကနေ မီးခိုးလုံးကြီးတွေ ထွက်ပေါ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းရေး ဘုတ်အဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး ရရှိလာတဲ့သတင်းအချက်အလက်တွေ အားလုံးကို တရားဝင်ထုတ်ပြန်သွားမယ်လို့လည်း FAA က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ ရဟတ္ယာဥ္ႏွစ္စီး ေလထဲမွာတိုက္မိၿပီး ပ်က္က်
Pika (NP News) - ဒီဇင္ဘာ ၃ဝ
အေမရိကန္ႏိုင္ငံ နယူးဂ်ာစီျပည္နယ္မွာ ရဟတ္ယာဥ္ႏွစ္စင္း ေလထဲမွာ တိုက္မိမႈေၾကာင့္ အနည္းဆုံး လူ(၁)ဦး ေသဆုံးခဲ့တယ္လို႔ အေမရိကန္အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။ Enstrom F-28A နဲ႔ Enstrom 280C ရဟတ္ယာဥ္တို႔ဟာ Hammonton ၿမိဳ႕မွာရွိတဲ့ ေလဆိပ္အနီးက ေလထဲမွာ တိုက္မိခဲ့တာျဖစ္တယ္လို႔ ဖက္ဒရယ္ ေလေၾကာင္း စီမံခန႔္ခြဲေရးဌာန(FAA) က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
(FAA) က “ဒီျဖစ္ရပ္အတြင္း အနည္းဆုံးလူ(၁)ဦးေသဆုံးခဲ့ၿပီး အျခားတစ္ဦးကေတာ့ စိုးရိမ္ရတဲ့အေျခအေနနဲ႔ ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ေပးခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္တစ္ခု မွာ ရဟတ္ယာဥ္တစ္စီးက ထိန္းခ်ဳပ္မႈလြတ္သြားၿပီး ပ်က္က်ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ေနာက္ထပ္ဗီဒီယိုတစ္ခုမွာေတာ့ ရဟတ္ယာဥ္ပ်က္က်သြားတယ္လို႔ယူဆရတဲ့ေနရာကေန မီးခိုးလုံးႀကီးေတြ ထြက္ေပၚေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ အေမရိကန္ အမ်ိဳးသားသယ္ယူပို႔ေဆာင္ေရး ေဘးကင္းေရး ဘုတ္အဖြဲ႕ဟာ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနၿပီး ရရွိလာတဲ့သတင္းအခ်က္အလက္ေတြ အားလုံးကို တရားဝင္ထုတ္ျပန္သြားမယ္လို႔လည္း FAA က ေျပာၾကားခဲ့ပါတယ္။