ဂျပန်လုပ်သား (၇၀ဝ) ကျော် လိမ်လည်ခံရခြင်းနှင့် ပြည်ပလုပ်သားပြဿနာအတွင်းရေးများ . . . (ဆွေးနွေးခန်း)

 287

Pearl (NP News)
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့လုပ်သားစေလွှတ်ခြင်းများထိန်းချုပ်ကန့်သတ်ထား သည့်အတွက် ဂျပန်သို့ သွားရောက်လုပ်ကိုင်လိုသည့်လုပ်သားများအနေဖြင့် တာချီလိတ်နယ်စပ်ဂိတ်မှ တစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ကူးကာ ဂျပန်သို့သွားရောက်လုပ်ကိုင်မှုများရှိလာခဲ့သည်။ ထို့ပြင် အဆိုပါ လမ်းကြောင်းမှတစ်ဆင့် ဂျပန်သို့ပို့ဆောင်ပေးမည်ဟုဆိုကာ လိမ်လည်မှုများရှိလာနေပြီး လက်ရှိတွင် ဂျပန်သို့သွား ရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာလုပ်သား (၇၀ဝ) ကျော်ခန့်သည် ထိုင်းနိုင်ငံအတွင်း၌ သောင်တင်နေကြောင်းသိရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီလုပ်ကိုင်သူများနှင့် NP News မှတွေ့ဆုံဆွေးနွေးထားသည်များကို ကောက်နုတ်ဖော်ပြအပ် ပါသည်။

မေး - အခုလက်ရှိထွက်နေတဲ့သတင်း လူ (၇၀ဝ)လောက် ဂျပန်ကိုပို့ပေးမယ်ဆိုပြီး ထိုင်းမှာ သောင်တင်နေတာနဲ့ပတ်သက်ပြီး နည်းနည်းလောက်ရှင်းပြပေးပါဦး။
ဖြေ - အခုလက်ရှိထွက်နေတဲ့သတင်းတွေက အမှန်ပဲ။ ကုမ္ပဏီနှစ်ခုလေ။ အသေးစိတ်တော့ ပြန်မပြောတော့ပါဘူး။ သိန်းပေါင်း (၉)သောင်းကျော်။ လူ (၇၀ဝ)ကျော်က လက်ရှိထိုင်းမှာ။ အဲဒီထဲမှာ လည်း (၃)လကနေ (၅)လကြား စောင့်နေတဲ့ကလေးတွေရှိ တယ်။ သူ့စရိတ်နဲ့သူနေရတာ။ ဘာကြောင့် လဲဆိုရင် ကျွန်တော်တို့ တည့်တည့်ပဲပြောရရင် နယ်စပ်ကနေပြီးတော့ ဟိုဘက်ကို ကယ်ရီလုပ်ပေးနေတဲ့၊ ပြည်တွင်းကနေစပြီးတော့ တာချီလိတ်လေဆိပ်ကနေကမ်းကူးတယ်။ မယ်ဆိုင်ကနေ ဘတ်စကား စီး ပြီးရင် (၃)ည ပဲ။ (၃)ညအိပ်ပြီးရင် လေယာဉ်ပေါ်တက်။ ဂျပန် စထွက်။ ဒါကတော့ ဂျပန်သွားတဲ့အဖွဲ့ပေါ့။ ကာတာတို့ အရှေ့အလယ်ပိုင်းတို့ နောက်တခြားသွားတဲ့ လူကတော့ သူတို့ကိစ္စပေါ့လေ။ ဂျပန်သွားတဲ့ ကိစ္စပဲပြောရမယ်ဆိုရင်တော့ (၃)ညပဲ။ အရမ်းရင်းနှီးတဲ့လူတွေဆိုရင် အကူအညီတောင်းတာ။ (၃)ည တော့မလုပ်ပါနဲ့ ဘာညာပေါ့။ ဂျပန်ကတိကျတယ်။ ဘယ်နေ့ လေဆိပ်ကိုအရောက်လာပါ။ ဥပမာ (၂၃) ရက်နေ့ အိုဆာကာ က လေဆိပ်ကို မနက် (၈)နာရီကနေ နေ့လည် (၁)နာရီအတွင်းကို ရောက်ချင်တဲ့ အချိန်ရောက်။ အဲဒီအချိန်အတွင်း ငါတို့စောင့်မယ်ဆိုရင် ကျွန်တော်တို့က လေယာဉ်ရှာပြီး ရောက်အောင် ပို့ပေးရတယ်။ အဲဒီမှာ တချို့အချိန်တွေဆိုရင် တစ်ခါသွားရင်လည်း တာချီလိတ်ဘက်ကို ကူးတယ်ဆိုရင် လည်း အဖွဲ့ငယ်လေးတွေလုပ်ပြီးကူးရတာ။ တစ်ယောက်ချင်းဆို မကာမိဘူး။ ကမ်းကူးပေးတဲ့ပွဲစားက လည်း မကိုက်ဘူး။ အဲဒီတော့ဘာလုပ်ပေးရလဲဆိုရင် အနည်းဆုံး(၅)ယောက် တန်သည်၊ (၈)ယောက်တန် သည်၊ (၁၀)ယောက်တန်သည် အုပ်စုလိုက်လုပ်ပြီးကမ်းကူးတာ။ ကမ်းကူးရင် သူတို့ကလည်း ပွင့်ပွင်း လင်းလင်းပြောရရင် ထိန်းသိမ်းရတာလည်းပိုလွယ်တယ်။ တစ်ယောက်ကမ်းကူးလိုက် တစ်ခါပို့လိုက် တစ်ခါထိန်းသိမ်းလိုက်ဆို ပိုမလွယ်ဘူး။ အဖွဲ့လိုက်ကို သူတို့ခေါ်သွားတယ်။ ပြီးရင် ဘန်ကောက်မှာ (၃) ညအိပ်တယ်။ အဲဒီကျရင် သူတို့ကို Request လုပ်ရတယ်။ ဟိုဘက်က ဘယ်နေ့၊ ဘယ်နေ့ အဝင် ဖြစ်နေ လို့ (၅)ညလောက်တော့ထားပေးပါ၊ (၄)ညလောက်တော့ထားပေးပါဆိုရင်လည်း တစ်ခါတလေ လျှော့ ပေးတယ်ထားလို့အဆင်မပြေဘူးဆိုရင်လည်း တစ်ညကို ဘတ် (၅၀ဝ)ယူတယ်။ ဒါကတော့ထုံးစံပဲ ဒီ လောကမှာ။ ဘတ် (၅၀ဝ)ဆိုတော့ တစ်လကို (၁၅၀ဝဝ)လောက်ရှိတာပေါ့။ ဒီကလေးတွေက ဟိုဘက် က (၃)လလောက်ဆိုတော့ ဘတ် (၅၀ဝဝဝ)လောက်က သူတို့စရိတ်နဲ့သူတို့ခံရတာ။ ဒါပေမဲ့ တစ်ခန်းကို တစ်ယောက်တော့မဟုတ်ဘူး။ (၃)ယောက်စုနေရင်စုနေမယ်။ (၄)ယောက်စုနေရင် စုနေမယ်။ သူတို့ ပိုက်ဆံနဲ့ထုတ်နေရတာ‌ပေါ့။ အခုက ကြာလာပြီဆိုတော့ အော်ပြီပေါ့။ ပွဲစားကလည်း ရှင်းရှင်းပြောရရင် ဒီအခန်းနဲ့ဒီမှာလုပ်နေတာက အခန်းပိုင်ရှင်ပဲပိုက်ဆံရတာလေ။ သူ့အနေနဲ့က သူရဲ့စီးပွားရေးက ဒီလမ်း ကြောင်းကနေ ဒီလိုထွက်နေမှပဲ ပိုက်ဆံရမှာဆိုတော့ နယ်စပ်ကပွဲစားတွေကိုယ်တိုင်ကလည်း ဒါကို မကြိုက်ဘူး။ မြန်မြန်ထွက်တာကြိုက်ကြတယ်။ ဒါကြီးဖြစ်နေတော့ ပွဲစားကလည်းအော်တယ်။ ခံရတာ အကုန်လုံးက ကလေးတွေ။ ကလေးတွေဆိုတာ မိဘလုပ်စာစားကြတာလေ။ သူတို့ဘာသာ ပိုက်ဆံရှိလို့ အုံလိုက်ကျင်းလိုက်သွားကြတာမဟုတ်ဘူး။ ဥပမာ အင်ဒိုနီးရှားဆိုရင် မိန်းကလေးတွေ ဂျပန်ကို ထွက် တယ်။ အဲဒီမိန်းကလေးက (၃၀)အောက် မထွက်ဘူး။ (၃၀)အထက်မှထွက်တာ။ ဂျပန်ကလည်း (၃၀) အထက်မှပဲခေါ်တာ။ ဘာကြောင့်လဲဆိုရင် အ မျိုးသမီး (၃၀)အထက်မှ သူတို့က အိမ်ထောင်ကျပြီးပြီ။ သားသမီး(၁)ယောက် (၂)ယောက်ရပြီးပြီ။ ဂျပန်မှာလည်း မနေဘူး။ သူတို့ရဲ့ Target သည် (၃)နှစ် သို့မ ဟုတ် (၅) နှစ်။ အိမ်ဝယ်မယ်၊ ကားဝယ်မယ်။ မိသားစုဆိုင်ဖွင့်မယ် အဲဒီလို Target ထားပြီးသွားတာ။ အဲဒီတော့ ဂျပန်စာလည်း ကျွန်တော်တို့ဗမာတွေ လိုသိပ်မရဘူး။ အပျိုအရွယ်၊ လူပျိုအရွယ်လေးတွေ သွားကြတာမဟုတ်ဘူး။ (၃၀) ပတ်ချာလည်တွေသွား တာ။ တကယ်လည်းပြန်လာတယ်။ ဂျပန်မှာလည်း အပြီးမနေဘူး။ ဗမာတွေက သွားပြီးတော့ ဟိုမှာလည်း နိုင်ငံရေးခိုလှုံခွင့်တွေတင်ကြဆိုတော့ နာမည် ကောင်းလည်း အရမ်းကြီးတော့ရမနေဘူး။ ဒါပေမဲ့ ဘာမှာ နာမည်ရလဲဆိုရင် ဂျပန်စာမှာနာမည်ရတယ်။ သဒ္ဒါတူတာကိုး။ ဂျပန်စာရတယ်။ အလုပ်ထဲမှာ စိတ်ပါ လက် ပါနဲ့လုပ်တယ်။ အကင်းပါးတယ်။ ကျွန် တော်တို့က ငယ်ငယ်ကတည်းက ရုန်းကန်လှုပ်ရှားပြီးတိုးနေရတာဖြစ်တဲ့အတွက် အကင်းပါးတယ်။ ဒါပေမဲ့ ရေရှည် လက်ကြောတင်းအောင်မလုပ်ချင်ဘူး။ တစ်နှစ်မပြည့်သေးဘူး အလုပ်ပြောင်းချင်တယ်။ တချို့က ရည်းစားထားတယ်။ ပြည်ပမှာ ရည်းစားထားတာက အကြောင်းမဟုတ်ဘူး။ ဂျပန်ပြည်တွင်းမှာ ရည်းစားထားရင် သူ့ရည်းစားက ဘယ်မှာရှိလဲ။ ရှိတဲ့နေရာကို သွားချင်တာ။ အဲဒီမှာ နောက်ထပ်တစ်ခုက နိုင်ငံရေး အဖွဲ့အ စည်း၊ ဥပမာ ရခိုင်၊ မွန် အဖွဲ့အစည်းတွေရှိတယ်။ ဟိုမှာ နဂိုတည်းကအခြေချပြီးသား။ ရောက်အောင်ပဲလာခဲ့။ ရောက်ရင် ရောက်တဲ့နေရာက မင်းတို့နေရာ မင်းတို့အလုပ် ဘယ်မှာလဲ။ ရောက် ပြီဆိုပြီးတော့ ကျွန်တော်တို့ပို့တဲ့အထဲမှာ မွန်လူမျိုးတွေ။ တစ်ပတ်၊ (၁၀)ရက်ပဲကြာတယ်။ ကျွန်တော်တို့ နဲ့ ဂျပန်နဲ့ စာချုပ်ချုပ်ထားတာ။ အနည်းဆုံးတစ်နှစ်၊ အများဆုံး နှစ်နှစ် လုပ်ပေးပါမယ်ဆိုတာ စာချုပ်ချုပ် ထားတာ။ မလုပ်ပေးရင် ကျွန်တော်တို့အေဂျင်စီတွေက လျော်ကြေးပြန်ပေးရတာ။ အဲဒါတွေ သူတို့ မသိ ဘူး။ သူတို့ သိတာရောက်ပြီ၊ (၇) ရက်ကနေ (၁၀)ရက်ပဲကြာတယ် ထွက်ပြေးသွားပြီ။ ရောက်သွားပြီးရင် နိုင်ငံရေး ခိုလှုံခွင့်ကို သူတို့မှာ ရှေ့နေတွေရှိပြီးသား။ အဲဒီရှေ့နေတွေကိုလည်း အဖွဲ့အစည်းကပေးတယ်။ ပြီးရင် သူတို့နဲ့ချိတ်ဆက်ထားတဲ့ နောက်အလုပ်ထဲကိုဝင်သွားပြီးတော့ နောက်အလုပ်ကနေ လူမိတ်ဆက် ပေးခဆိုပြီး နိုင်ငံရေးအဖွဲ့အစည်းကိုပိုက်ဆံပြန်ပေးတယ်။ ဗမာပြည်က လုပ်သားခေါ်တာလည်း နှစ် ပေါင်းတော်တော် ကြာခဲ့ပြီ။ ဆိုတော့ တော်တော်လေးသိနေပြီ။ အခုနောက်ပိုင်းဆို ရခိုင်ဆို No၊ မွန်ဆို သတိထား။ ကျန်တာဆို အိုကေ။ ရခိုင်က စစဦး ဆုံးနှစ်ပိုင်းတွေကတည်းက လူမှုရေး ရခိုင်အဖွဲ့အစည်း ဆိုပြီးဖွဲ့စည်းပြီးတော့ မင်းတို့ ဘယ်မြို့မှာ‌ရောက်နေလဲ။ တိုကျိုလား အိုဆာကာလား ရှိတဲ့နေရာအထိ သွားခေါ်တာ။ ခေါ်ပြီးတော့ ရောက်တာမှတစ်ပတ်ပဲရှိသေးတယ်။ အလုပ်ထဲမှာ ညဘက်ဘယ်သူမှ မနိုး တဲ့အချိန်မှာ ပြင်ဆင်ထားတယ်။ မနက်မိုးလင်းတဲ့အချိန်မှာ အိတ်တွေကို အဖွဲ့အစည်းကိုပေးတယ်။ အလုပ်သွားဆင်းတယ်။ ညနေအလုပ်ကပြန်တဲ့အချိန် အဆောင်ကိုမရောက်တော့ဘူး။ အဲဒါတွေသည် လွန်ခဲ့ တဲ့(၁၀)စုနှစ်ကတည်းက ရခိုင်တွေလုပ်လာတာဖြစ်တဲ့အတွက် ဂျပန်လူမျိုးသည် လူမျိုးမှာ ရခိုင် ဆို No။ အခုနောက်ပိုင်း မှတ်ပုံတင်ထဲမှာ လူမျိုးက ရခိုင်ဆိုရင် အတတ်နိုင်ဆုံး အင်တာဗျူးထည့်ပေး တာ ရှောင်ရတယ်။ အဲဒီလိုပြောလို့လည်း မကောင်းပါဘူး။ ဒါသည် ကျွန်တော်တို့လုပ်ငန်းမှာဖြစ်နေတဲ့ လက်တွေ့ရှေ့မှာ ကိုယ်စိုက်ပျိုးတာ ကိုယ်ရိတ်သိမ်းရတာပဲလေ။ ရခိုင်လူမျိုး ကျောင်းတက်လာပြီဆို ကတည်းကစပြီး သတိထားနေရတယ်။ အချိန်တန်တော့ မင်းတို့တောင်းတဲ့အတိုင်း ကျောင်းတွေလည်း တက် interview ဘာလို့ မအောင်လဲဆိုရင် ကလေးကို တည့်သွားပြောလို့မရဘူး။ သူ့ဆီမှာတော့ ရည် ရွယ်ချက်ရှိချင်ရှိမယ်။ ဟိုရှေ့ကလူတွေလုပ် ထားတဲ့အကျိုးဆက်တွေက ရခိုင်ဆိုတာကြီး ပါနေတော့ ဂျပန်သည် အခုနောက်ပိုင်း ရခိုင်ဆို NO။ မွန်ဆိုရင် နည်းနည်းစဉ်းစားမယ်။ မွန်တွေက လွန်ခဲ့တဲ့ (၄)(၅) နှစ်ကစပြီး အဲဒါမျိုးတွေပါလာတယ်။ အခု ရခိုင်ထက် မွန်က ပို Strong ဖြစ်လာသေးတယ်။ ထားပါတော့ ဒါကကိစ္စတစ်ခုပေါ့။ ခုနကဟာဆက်ပြောရရင် အားလုံးသိပြီးသား။ ကျွန်တော်လည်း အဲဒါပဲသိတာ။ ဘာ လို့လဲဆိုတော့ လူ (၈၀ဝ) ၊ လူ (၇၀ဝ)ကျော် ထိုင်းထဲမှာပိတ်တယ်။ ချင်းမိုင်မှာလည်းရှိတယ်။ နေရာ အနှံ့ ပို့ထားတာ။ ဘန်ကောက်ကတော့အများဆုံးပေါ့။ ဖူးခက်မှာလည်းရှိတယ်။ နေရာပေါင်းစုံကိုပို့ထားတာ။ ဘယ်လိုတွေစီစဉ်ပြီး ဘယ်လိုတွေပို့ကြလဲမသိဘူး။ ကျွန်တော်ကြားရသလောက်က ဂျပန်အွန်လိုင်း ငွေ လိမ်ဂိုဏ်းလို ဖြစ်သွားတာပေါ့။ အခုက ဂျပန်အလုပ်၊ ဂျပန် အေဂျင်စီ၊ မြန်မာအေဂျင်စီ၊ လုပ်သားပေါ့။ အဲဒီလိုသွားတယ်။ အေဂျင်စီချင်းပဲဆက်သွယ်တာ။ အလုပ်နဲ့လုပ်သားကိုကျော်ပြီး ဆက်သွယ်လို့မရဘူး။ အဲဒီမှာ ဂျပန်အေဂျင်စီက မြန်မာအေဂျင်စီကို လာပြီးတော့ ငါတို့မှာအလုပ်တွေရှိတယ်ဆိုပြီး ကျွန်တော် တို့ကို အလုပ်ခေါ်စာတွေပို့နေတဲ့ကုမ္ပဏီတွေ လာပြီးဆက်သွယ်တယ်။ အခုနောက်ပိုင်းမှာ ဘာဆက် ကြားရလဲဆိုတော့ လူခေါ်ပေးတဲ့ပွဲစားဆိုပြီး ဆက်ဖြစ်လာတယ်။ ဂျပန်ဘက်က အေဂျင်စီရဲ့ပွဲစားက အေဂျင်စီ (၃၊ ၄) ခုကို ဆက်သွယ်ပြီး ခွဲပြီး လုပ်သားတောင်းတာ။ ကလေးတွေဆီက အေဂျင်စီခက ဒေါ် လာ (၁၅၀ဝ) ရတယ်။ (၁၅၀ဝ)ကပို့ဆွမ်းပို့၊ အခွန်ဖြတ် ဘာဖြတ်ညာဖြတ်နဲ့ ကျန်ရင် (၈၅၀) လောက် ကျန်တယ်။ အဲဒီတော့ ဒေါ်လာ (၄၀ဝ)တောင်းတယ်၊ (၅၀ဝ)တောင်းတယ်။ ပို့ပေး မယ်ဆိုပြီးခေါ်တယ်။ အခုဖြစ်တာက ပွဲစားက ပိုက်ဆံ နဲ့ညှိပြီးခေါ်တာဖြစ်ပါလိမ့်မယ်။ အခုက ထွက်ပြီဆိုရင် ထိုင်းထိ‌ရောက်ပြီ ဆိုရင် သေချာလို့သွားတာ။ ထိုင်းကို ကြားခံပဲသုံးတာ။ အရင်ကလေးတွေအကုန်လုံး ထိုင်း မှာ (၃)ရက် သို့မဟုတ် (၅)ရက်နေပြီး ဂျပန်ကိုရောက်တာ အကုန်လုံး။ အခုကျတော့ ဂျပန်ထွက်ပြီဆိုတာ သေချာလို့ ကလေးတွေက ပေးပျော်ပြီ။ ဒီမှာကလည်း (အလည)ကစပိတ်လိုက်တဲ့အချိန်ကစပြီးတော့ အခုထိ ထွက် နေဆဲပဲ။ အခုပိတ်လိုက်တဲ့ (၁၀)လလောက် အတွင်းမှာလည်းပဲ ထိုင်းထွက်ပြီဆိုတာနဲ့ သေချာပြီ။ အဲဒီက တည်းက ဒေါ်လာ (၁၅၀ဝ)ကို အကုန်သွင်း။ အဲဒီမှာ ပွဲစားနဲ့ချိတ်ပြီးတော့ ထိုင်းက ဒွန်မောင်းလေဆိပ် သို့မဟုတ် သုဝဏ္ဏဘူမိလေ ဆိပ်အထိပို့တဲ့အပြီးအစီးသည် မြန်မာပြည် တာချီလိတ်ကိုထွက်မယ့် ပြည် တွင်းလေကြောင်းကနေစပြီး အကုန်လုံးသည် သိန်း (၅၀)နဲ့အထက်မှာချည်းပဲ။ အဲဒီတော့ ကလေးတွေ သည် ပိုက်ဆံကို ဒီမှာအပြီး ချေတာ။ ဟိုရောက်ပြီဆိုတာနဲ့ ကလေးတွေက စိတ်ချလက်ချနဲ့ ထိုင်းကိုထွက် ပြီဆို ပေးသွားပြီ။ အေဂျင်စီကလည်း ကလေးတွေက ထိုင်းထိအောင်ထွက်ပြီးပြီဖြစ်တဲ့အတွက်။ အဲဒီမှာ ပွဲစားက မင်းတို့ပြောထားတဲ့ဒေါ်လာ (၅၀ဝ)ပေး၊ (၄၀ဝ)ပေး တောင်းတယ်။ အဲဒီထက်ပိုတောင်းရင်လည်း တောင်းမယ်။ အများဆုံး (၈၀ဝ)လောက်အထိ ပေးရတယ်။ အေဂျင်စီလည်း အကျိုးအမြတ်တွေ တစ်ဝက် သို့မဟုတ် တစ်ဝက်နဲ့အထက် ယူကိုယူထား တယ်။ အခုတော့ ပေါ်တာတော့ (၂) ခုပေါ့လေ။ (၂) ခုထက် လည်းပိုများနိုင်တယ်။
မေး - အခုဖြစ်တဲ့ Case မှာ သင်တန်းကျောင်းတွေလည်း ပါတယ်လို့ကြားတယ်နော်။ ဟုတ်လား။
ဖြေ - အဲဒီမှာ အဲဒီကလေးတွေကို မိတ်ဆက်ပေးတဲ့ကျောင်းတွေရှိသေးတယ်။ ကျောင်းတွေက အေဂျင်စီမရှိဘူး။ ကျောင်းတွေက အများကြီးလိုက်ဖွင့်ထားတဲ့ကျောင်းတွေရှိတယ်။ အဲဒီလိုကျောင်းတွေ ထဲမှာ ဆာကူရာကျောင်းတောင်ပါတယ်။ ဒါကတော့ စာသင်ပေးထားတဲ့ကလေးတွေကို အေဂျင်စီတွေကို ပို့ပေးတာ။ ကျွန်တော်တို့ကတော့ မှန်မှန်ကန်ကန်လုပ်နေတယ်။ ဒီလို အေဂျင်စီမျိုးနဲ့ပွဲစားနဲ့တွေ့တဲ့ အချိန်မှာ သူတို့လည်း ဒုက္ခရောက်တာပေါ့နော်။ အေဂျင်စီ သည် လူခေါ်ပေးတဲ့ လူပွဲစားကိုလည်း ပိုက်ဆံ ပေးရတယ်။ ကျောင်းကိုလည်း ကလေးတစ်ယောက်ကိုဘယ် လောက်ဆိုပြီးလည်း ပေးရတယ်။ ကျောင်း ဘက်ကို ပြန်ပေးရတာ။ ကလေးရှာပေးခ ဒေါ်လာဘယ်လောက်ဆိုပြီး။ ဒီအရှုပ်ထုပ်ကိုကြည့်လိုက်တော့ နစ်နာသူက ကလေးတွေပဲ။ နောက်ထပ်နစ်နာတာက အေဂျင်စီ။ ဘုမသိဘမသိဘဲနဲ့ အေဂျင်စီပါးမဝဘဲနဲ့ ပါးရည်နပ်ရည် မရှိဘဲနဲ့လုပ်တဲ့ကောင်။ ရှင်းရှင်းပြောရရင် အေဂျင်စီ‌လောကက ခွက်စောင်းခုတ်နေတာ။ ရှေ့မှာတုန်းကလည်း ပြောခဲ့ဖူးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မသင်ပေးဘူး။ တစ်ယောက်နဲ့ တစ် ယောက် မမျှဝေဘူး။ တစ်ယောက်နဲ့တစ်ယောက် ဆွဲခေါ်ရမယ်ဆိုတာမသိဘူး။ မင်းဖြစ်သွားပြီမလား ထိုးချနေတဲ့ကောင်‌တွေချည်းပဲ။ ဘယ်သူ့ကိုမှမသင်ပေးဘူး။ ကျွန်တော်ဆိုလည်း ဒီပညာကို ဂျပန်ဘက် ကသင်ခဲ့ရတာ။ ကလေးများများပို့တယ်။ လူများများပို့ရင် ဒီအေဂျင်စီ ကနာမည်ကြီးလာရော။ အခုက သူတို့ကမက်တာပေါ့။ တချို့ကျ နာမည်အရင်ကြီးအောင်လုပ်လိုက်မယ်။ ပိုက်ဆံလျှော့ယူလိုက်မယ်။ ပွဲစားကို များများပေးလိုက်မယ်။ ငါ့ဆီက လူများများထွက်ရင်ပြီးရော အဲဒီလို ဂုဏ်၊ ဒြပ်ကိုလိုတဲ့လူက ပြဿနာတွေနဲ့ရင်ဆိုင်ရတယ်။ အဲဒီတော့ နစ်နာသူ (၁) သည် ကလေးဆိုရင်၊ နစ်နာသူ (၂)က အဲဒီ အေဂျင်စီပဲ။ သူတို့မှာ ပိုက်ဆံလည်းကုန်သေးတယ်၊ တာဝန်လည်းခံရသေးတယ်။ အခုအရေးယူခံရင် ဒီ အေဂျင်စီ။ ဂျပန်ဘက်က ပွဲစား ကပွိုင့်။ သူက ဘယ်သူလဲ ဘယ်ဝါလဲ။ အဲဒီလူက တစ်ခါတလေ အဲဒီ ကောင်က တရုတ်လူမျိုး၊ ဂျပန်မှာ ဟိုးအရင်ကတည်းကနေတဲ့တရုတ်လူမျိုး။ ဂျပန်နဲ့ တရုတ်ဆိုတာ အရင်တည်းကရောယှက်နေတာ။ ဂျပန်မှာ ဟိုအရင် လုပ်သားတွေ မရှိခင်ကတည်းက နံပါတ်(၁)က တရုတ်နဲ့စခဲ့တာ။ ပြီးတော့ ဗီယက်နမ်တို့ မြန်မာတို့ကို ဆက်လာတာ။ အဲဒီတရုတ်တွေသည် အရင်က လုပ်သားအနေနဲ့လုပ်ခဲ့ကြပြီး အခုကျတော့ အလုပ်ရှင်လည်းပြန်ဖြစ်သွားပြီ။ အလုပ်သမား အေးဂျင့်တွေ လည်းပြန်ဖြစ်ကုန်ပြီ။ ဆိုတော့ တရုတ်။ သူ့ကိုဖော်ရမှာ။ ပြီးတော့မှ အစိုးရချင်းချိတ်ပြီးတော့။ အစိုးရနဲ့ မြန်မာကုမ္ပဏီနဲ့ချိတ်ဆက်ပြီးတော့ ထိထိရောက်ရောက်အရေးယူရမှာ။ တကယ်တော့ အခြေခံ အားလုံး ရဲ့ဇစ်မြစ်ကိုလိုက်ရှာ၊ ပြဿနာရဲ့အရင်းအမြစ်ကို လိုက်ရှာရင် (အလည)ပဲ။ (အလည)က ပိတ်ထားလို့ ဒီ လမ်းကြောင်းက ဒီလိုကြီးဖြစ်နေတာလေ။ အရင် ကိုကျော်နုပြောတာရှင်းရှင်းလေး။ ဘယ်လို စစ်မှုထမ်း စုမလဲမဆိုတာ။ ဒီအထက်ကပုဂ္ဂိုလ်တွေ လမ်းကြောင်းကို ဒီလိုပိတ်ထားမှပဲ ဒီပြဿနာကိုဖြေရှင်းနိုင် မယ်လို့ထင်နေတာလား။
မေး - ဂျပန်က လုပ်သားလိုတာဘယ်လောက်လဲ။ မြန်မာဝေစု ဘယ်လောက်လဲ။ ဒါ အစိုးရက ဝေစုကို ရအောင်ယူလိုက်။ ပြီးရင် အေဂျင်စီတွေကိုခေါ်ပြီး လုပ်သားလိုအပ်ချက်က ဒီလောက်ရှိတယ်။ အဲဒီထက်ကျော်မပို့နဲ့ဆို ရပြီလေ။ ဘာတွေများခက်ခဲနေလဲ နားမလည်ဘူး။
ဖြေ - ကျွန်တော်လည်းနားမလည်ဘူး။ အားလုံးရဲ့ တရားခံသည် (အလည)ပဲ။ UMFCCI က ဒုဥက္ကဋ္ဌနဲ့ စကားသွားပြောတယ်။ သွားပြောတော့ သူလည်း စိတ်ညစ်နေတာ။ စီးကူးကို ဂျပန် JMC က ကလေးတွေကို စာသင်ပေးတယ်တို့၊ မာစတာတက်တယ်တို့။ စကော်လားချပေးတယ်တို့ လုပ်တာ။ အဲဒီ စင်တာဆက်ဖွင့်ဖို့ စီးကူးနဲ့ JICA နဲ့ သံရုံးရယ်၊ UMFCCI ရယ် (၄)ဦး သဘောတူလက်မှတ် ထိုးရတယ်။ အဲဒီမှာသက်တမ်းတိုးထားတာ။ အဲဒီမှာသက်တမ်းမတိုးထားတာကြာပြီ။ နားလည်မှုနဲ့။ အခု ရွေးကောက် ပွဲတွေဘာတွေလည်း လုပ်တော့မယ်ဆိုတော့ ဂျပန်ဘက်ကရော JICA ဘက်ကရော ဒါကို စီးပွားကူး သန်း နဲ့လက်မှတ်ထိုးတာကို သက်တမ်းတိုးချင်တယ်။ အဲဒီမှာ သူကိုယ်တိုင် ဦးချစ်ဆွေရုံးခန်းထဲကိုသွားပြီး လက်မှတ်ထိုးခိုင်းတော့ ဒီကိစ္စက အရေးပါတဲ့ကိစ္စမဟုတ်ဘူး။ အဲဒီတော့ အချိန်ကြာလိမ့်မယ် စဉ်းစား မယ်ဆိုပြီး (၃)ကြိမ် ငြင်းခံလိုက်ရတယ်တဲ့။ နောက်ဆုံးတော့ JICA ကသွားမှအဆင်ပြေတယ်။ ပြောချင် တာက သူက စလိုက်တဲ့အစ။ သူ့ကြောင့်လား အထက်ကပေါ်လစီကြောင့်လား မသိပေမယ့် နားမလည် တာတစ်ခုက အဲဒီလိုမျိုး ပိတ်ပြီးတော့ရှာမှပဲ စစ်မှုထမ်းကရမှာလား။ သူတို့က စစ်မှုထမ်းကြောင့်လို့ပြော တာကိုး။ အခုက သူများတွေပြောရင် အပြင်လူတွေပြောရင် ယောကျာ်းလေးပိတ်ထားတာ (၁၈)-(၃၅) မလား။ အဲဒါပဲသိတာ။ တကယ်က မိန်းကလေးပါပိတ် ထားတာ။ ထွက်ခွာခွင့်ကိုမပေးတာ။ ကျွန်တော်တို့ အေဂျင်စီတွေ အလုပ်လုပ်လို့မရဘူး။ အခု ဘာထပ်လုပ်လဲဆိုရင် နိုဝင်ဘာလမှာ ကျွန်တော်တို့ကို အခွန် မဖြစ်မနေဆောင်ပါဆိုပြီးတင်းကြပ်တယ်။ နိုဝင်ဘာလဆန်းမှာ တင်းကြပ်တယ်။ ပုံမှန်လုပ်နေကျ။ တစ် ကယ်ဆိုရင် ဘတ်ဂျက်ရေးရာပိတ်တာသည် ‌ဧပြီမှာ။ အဲဒီဧပြီမှာ ဘတ်ဂျက်မပိတ်ခင် အခွန် အပြီး‌ ဆောင်။ ဧပြီမ ရောက်ခင်မှာ အားလုံးရှင်းပြီးသားဖြစ်တာကို အစိုးရကိုတင်ရင် လိုင်စင်ဆက်ချပေးတယ်။ အခုကျ ဒီနှစ် မကုန်ခင်မှာ အပြီး‌ဆောင်တဲ့။ အပြီးမဆောင်ရင် အေဂျင်စီတွေ အရေးယူမယ်ဆိုပြီး ထလုပ် မယ်။ အခု ပြီးအောင်လုပ်ရတာပေါ့။ အားလုံးပြီးတဲ့အချိန်မှာ အခွန်ရုံး(၄)ကိုတင်လိုက်ပြီ။ ထုံးစံအတိုင်း အခွန်ရုံးဆိုတာ ချက်ချင်းချပေးတာမဟုတ်ဘူးလေ။ လနဲ့ချီပြီး ဆွဲတာ တချို့ဆို။ အဲဒီတော့ နိုဝင်ဘာ ကုန် ပြီး ဒီဇင်ဘာအစမှာ (အလည) ကစာထုတ်တယ်။ အေဂျင်စီပေါင်း (၆၀ဝ)ကျော်ရှိတဲ့အထဲမှာ (၃၇၀) ကျော် အခွန်မဆောင်ရသေးပါဘူး။ အခွန်ကင်းရှင်းကြောင်းစာရွက် သူ့ဆီကိုတက်မလာသေးပါဘူး။ တက်မလာသေးတဲ့အတွက်ကြောင့်မို့ ဒီ(၃၀ဝ)သည် ကျွန်တော်ကုမ္ပဏီလည်းပါတယ်။ ဒီ(၃၀ဝ)ကျော် သည် အခွန်ပြီးအောင်ပြတ်အောင် လမကုန်ခင်စာမတင်ပေးရင် ဒီနှစ်ကုန်ကစပြီး အေဂျင်စီလိုင်စင် ပိတ် သိမ်းပါမယ်ဆိုပြီးတော့ တစ်လပဲကြာတယ်။ ထင်တာက အေဂျင်စီတွေကို အလုပ်မလုပ်စေချင်တာလား။ ပိတ်တာလား။ ရည်ရွယ်ချက်ကဘာလဲ။ နိုင်ငံခြားငွေလည်း လစဉ်လေ။ အရင်ကပိတ်သိမ်းခံရတာ (၂၅) ရာခိုင်နှုန်းမတင်လို့ လေ။ တကယ်တော့ ဒီ(၂၅)ရာခိုင်နှုန်းက ဗမာပြည်က သူ့မိဘတွေကိုပြန်လွှဲလိုက်တဲ့ ကိစ္စက အေဂျင်စီနဲ့ မဆိုင်တဲ့ကိစ္စကို တာဝန်ဝင်ထမ်းနေတယ်။ မလုပ်ရင်လည်း အရေးယူမယ်ဖြစ်တော့ လုပ်ပေးတယ်။ အခုကျတော့ အခွန်ဆိုလည်းဆောင်။ ဧပြီဆိုလည်းဆောင်တာပဲ။ မဆောင်လို့လည်းမရ ဘူးလေ။ မ‌ဆောင်ရင် ဘယ်လိုသက်တမ်းတိုးမလဲ။ အခုက မရရအောင်ညှစ်နေတာလား ဘာဖြစ်ချင် တာလဲ နားမလည်ဘူး။ အခုကျွန်တော်တို့ရှိနေလို့ နိုင်ငံခြားကို လူ‌တွေထွက်နေတယ်လို့မြင်ပြီးတော့ပဲ အေဂျင်စီတွေကို ပိတ်သွားအောင်လုပ်နေတာလား။ အဲဒီလိုလည်းတွေးပါတယ်။ အခုအားလုံး ဖြစ်သွားတဲ့ တရားခံကိုလိုက်မရှာနဲ့ (အလည)ပဲ။

(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
ဂ်ပန္လုပ္သား (၇၀ဝ) ေက်ာ္ လိမ္လည္ခံရျခင္းႏွင့္ ျပည္ပလုပ္သားျပႆနာအတြင္းေရးမ်ား . . .
(ေဆြးေႏြးခန္း)
Pearl (NP News)
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျပည္ပသို႔လုပ္သားေစလႊတ္ျခင္းမ်ားထိန္းခ်ဳပ္ကန႔္သတ္ထား သည့္အတြက္ ဂ်ပန္သို႔ သြားေရာက္လုပ္ကိုင္လိုသည့္လုပ္သားမ်ားအေနျဖင့္ တာခ်ီလိတ္နယ္စပ္ဂိတ္မွ တစ္ဆင့္ ထိုင္းႏိုင္ငံဘက္သို႔ကူးကာ ဂ်ပန္သို႔သြားေရာက္လုပ္ကိုင္မႈမ်ားရွိလာခဲ့သည္။ ထို႔ျပင္ အဆိုပါ လမ္းေၾကာင္းမွတစ္ဆင့္ ဂ်ပန္သို႔ပို႔ေဆာင္ေပးမည္ဟုဆိုကာ လိမ္လည္မႈမ်ားရွိလာေနၿပီး လက္ရွိတြင္ ဂ်ပန္သို႔သြား ေရာက္အလုပ္လုပ္ကိုင္လိုသည့္ ျမန္မာလုပ္သား (၇၀ဝ) ေက်ာ္ခန႔္သည္ ထိုင္းႏိုင္ငံအတြင္း၌ ေသာင္တင္ေနေၾကာင္းသိရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ျပည္ပအလုပ္အကိုင္ရွာေဖြ ေရးေအဂ်င္စီလုပ္ကိုင္သူမ်ားႏွင့္ NP News မွေတြ႕ဆုံေဆြးေႏြးထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ ပါသည္။

ေမး - အခုလက္ရွိထြက္ေနတဲ့သတင္း လူ (၇၀ဝ)ေလာက္ ဂ်ပန္ကိုပို႔ေပးမယ္ဆိုၿပီး ထိုင္းမွာ ေသာင္တင္ေနတာနဲ႔ပတ္သက္ၿပီး နည္းနည္းေလာက္ရွင္းျပေပးပါဦး။
ေျဖ - အခုလက္ရွိထြက္ေနတဲ့သတင္းေတြက အမွန္ပဲ။ ကုမၸဏီႏွစ္ခုေလ။ အေသးစိတ္ေတာ့ ျပန္မေျပာေတာ့ပါဘူး။ သိန္းေပါင္း (၉)ေသာင္းေက်ာ္။ လူ (၇၀ဝ)ေက်ာ္က လက္ရွိထိုင္းမွာ။ အဲဒီထဲမွာ လည္း (၃)လကေန (၅)လၾကား ေစာင့္ေနတဲ့ကေလးေတြရွိ တယ္။ သူ႔စရိတ္နဲ႔သူေနရတာ။ ဘာေၾကာင့္ လဲဆိုရင္ ကြၽန္ေတာ္တို႔ တည့္တည့္ပဲေျပာရရင္ နယ္စပ္ကေနၿပီးေတာ့ ဟိုဘက္ကို ကယ္ရီလုပ္ေပးေနတဲ့၊ ျပည္တြင္းကေနစၿပီးေတာ့ တာခ်ီလိတ္ေလဆိပ္ကေနကမ္းကူးတယ္။ မယ္ဆိုင္ကေန ဘတ္စကား စီး ၿပီးရင္ (၃)ည ပဲ။ (၃)ညအိပ္ၿပီးရင္ ေလယာဥ္ေပၚတက္။ ဂ်ပန္ စထြက္။ ဒါကေတာ့ ဂ်ပန္သြားတဲ့အဖြဲ႕ေပါ့။ ကာတာတို႔ အေရွ႕အလယ္ပိုင္းတို႔ ေနာက္တျခားသြားတဲ့ လူကေတာ့ သူတို႔ကိစၥေပါ့ေလ။ ဂ်ပန္သြားတဲ့ ကိစၥပဲေျပာရမယ္ဆိုရင္ေတာ့ (၃)ညပဲ။ အရမ္းရင္းႏွီးတဲ့လူေတြဆိုရင္ အကူအညီေတာင္းတာ။ (၃)ည ေတာ့မလုပ္ပါနဲ႔ ဘာညာေပါ့။ ဂ်ပန္ကတိက်တယ္။ ဘယ္ေန႔ ေလဆိပ္ကိုအေရာက္လာပါ။ ဥပမာ (၂၃) ရက္ေန႔ အိုဆာကာ က ေလဆိပ္ကို မနက္ (၈)နာရီကေန ေန႔လည္ (၁)နာရီအတြင္းကို ေရာက္ခ်င္တဲ့ အခ်ိန္ေရာက္။ အဲဒီအခ်ိန္အတြင္း ငါတို႔ေစာင့္မယ္ဆိုရင္ ကြၽန္ေတာ္တို႔က ေလယာဥ္ရွာၿပီး ေရာက္ေအာင္ ပို႔ေပးရတယ္။ အဲဒီမွာ တခ်ိဳ႕အခ်ိန္ေတြဆိုရင္ တစ္ခါသြားရင္လည္း တာခ်ီလိတ္ဘက္ကို ကူးတယ္ဆိုရင္ လည္း အဖြဲ႕ငယ္ေလးေတြလုပ္ၿပီးကူးရတာ။ တစ္ေယာက္ခ်င္းဆို မကာမိဘူး။ ကမ္းကူးေပးတဲ့ပြဲစားက လည္း မကိုက္ဘူး။ အဲဒီေတာ့ဘာလုပ္ေပးရလဲဆိုရင္ အနည္းဆုံး(၅)ေယာက္ တန္သည္၊ (၈)ေယာက္တန္ သည္၊ (၁၀)ေယာက္တန္သည္ အုပ္စုလိုက္လုပ္ၿပီးကမ္းကူးတာ။ ကမ္းကူးရင္ သူတို႔ကလည္း ပြင့္ပြင္း လင္းလင္းေျပာရရင္ ထိန္းသိမ္းရတာလည္းပိုလြယ္တယ္။ တစ္ေယာက္ကမ္းကူးလိုက္ တစ္ခါပို႔လိုက္ တစ္ခါထိန္းသိမ္းလိုက္ဆို ပိုမလြယ္ဘူး။ အဖြဲ႕လိုက္ကို သူတို႔ေခၚသြားတယ္။ ၿပီးရင္ ဘန္ေကာက္မွာ (၃) ညအိပ္တယ္။ အဲဒီက်ရင္ သူတို႔ကို Request လုပ္ရတယ္။ ဟိုဘက္က ဘယ္ေန႔၊ ဘယ္ေန႔ အဝင္ ျဖစ္ေန လို႔ (၅)ညေလာက္ေတာ့ထားေပးပါ၊ (၄)ညေလာက္ေတာ့ထားေပးပါဆိုရင္လည္း တစ္ခါတေလ ေလွ်ာ့ ေပးတယ္ထားလို႔အဆင္မေျပဘူးဆိုရင္လည္း တစ္ညကို ဘတ္ (၅၀ဝ)ယူတယ္။ ဒါကေတာ့ထုံးစံပဲ ဒီ ေလာကမွာ။ ဘတ္ (၅၀ဝ)ဆိုေတာ့ တစ္လကို (၁၅၀ဝဝ)ေလာက္ရွိတာေပါ့။ ဒီကေလးေတြက ဟိုဘက္ က (၃)လေလာက္ဆိုေတာ့ ဘတ္ (၅၀ဝဝဝ)ေလာက္က သူတို႔စရိတ္နဲ႔သူတို႔ခံရတာ။ ဒါေပမဲ့ တစ္ခန္းကို တစ္ေယာက္ေတာ့မဟုတ္ဘူး။ (၃)ေယာက္စုေနရင္စုေနမယ္။ (၄)ေယာက္စုေနရင္ စုေနမယ္။ သူတို႔ ပိုက္ဆံနဲ႔ထုတ္ေနရတာ‌ေပါ့။ အခုက ၾကာလာၿပီဆိုေတာ့ ေအာ္ၿပီေပါ့။ ပြဲစားကလည္း ရွင္းရွင္းေျပာရရင္ ဒီအခန္းနဲ႔ဒီမွာလုပ္ေနတာက အခန္းပိုင္ရွင္ပဲပိုက္ဆံရတာေလ။ သူ႔အေနနဲ႔က သူရဲ႕စီးပြားေရးက ဒီလမ္း ေၾကာင္းကေန ဒီလိုထြက္ေနမွပဲ ပိုက္ဆံရမွာဆိုေတာ့ နယ္စပ္ကပြဲစားေတြကိုယ္တိုင္ကလည္း ဒါကို မႀကိဳက္ဘူး။ ျမန္ျမန္ထြက္တာႀကိဳက္ၾကတယ္။ ဒါႀကီးျဖစ္ေနေတာ့ ပြဲစားကလည္းေအာ္တယ္။ ခံရတာ အကုန္လုံးက ကေလးေတြ။ ကေလးေတြဆိုတာ မိဘလုပ္စာစားၾကတာေလ။ သူတို႔ဘာသာ ပိုက္ဆံရွိလို႔ အုံလိုက္က်င္းလိုက္သြားၾကတာမဟုတ္ဘူး။ ဥပမာ အင္ဒိုနီးရွားဆိုရင္ မိန္းကေလးေတြ ဂ်ပန္ကို ထြက္ တယ္။ အဲဒီမိန္းကေလးက (၃၀)ေအာက္ မထြက္ဘူး။ (၃၀)အထက္မွထြက္တာ။ ဂ်ပန္ကလည္း (၃၀) အထက္မွပဲေခၚတာ။ ဘာေၾကာင့္လဲဆိုရင္ အ မ်ိဳးသမီး (၃၀)အထက္မွ သူတို႔က အိမ္ေထာင္က်ၿပီးၿပီ။ သားသမီး(၁)ေယာက္ (၂)ေယာက္ရၿပီးၿပီ။ ဂ်ပန္မွာလည္း မေနဘူး။ သူတို႔ရဲ႕ Target သည္ (၃)ႏွစ္ သို႔မ ဟုတ္ (၅) ႏွစ္။ အိမ္ဝယ္မယ္၊ ကားဝယ္မယ္။ မိသားစုဆိုင္ဖြင့္မယ္ အဲဒီလို Target ထားၿပီးသြားတာ။ အဲဒီေတာ့ ဂ်ပန္စာလည္း ကြၽန္ေတာ္တို႔ဗမာေတြ လိုသိပ္မရဘူး။ အပ်ိဳအ႐ြယ္၊ လူပ်ိဳအ႐ြယ္ေလးေတြ သြားၾကတာမဟုတ္ဘူး။ (၃၀) ပတ္ခ်ာလည္ေတြသြား တာ။ တကယ္လည္းျပန္လာတယ္။ ဂ်ပန္မွာလည္း အၿပီးမေနဘူး။ ဗမာေတြက သြားၿပီးေတာ့ ဟိုမွာလည္း ႏိုင္ငံေရးခိုလႈံခြင့္ေတြတင္ၾကဆိုေတာ့ နာမည္ ေကာင္းလည္း အရမ္းႀကီးေတာ့ရမေနဘူး။ ဒါေပမဲ့ ဘာမွာ နာမည္ရလဲဆိုရင္ ဂ်ပန္စာမွာနာမည္ရတယ္။ သဒၵါတူတာကိုး။ ဂ်ပန္စာရတယ္။ အလုပ္ထဲမွာ စိတ္ပါ လက္ ပါနဲ႔လုပ္တယ္။ အကင္းပါးတယ္။ ကြၽန္ ေတာ္တို႔က ငယ္ငယ္ကတည္းက ႐ုန္းကန္လႈပ္ရွားၿပီးတိုးေနရတာျဖစ္တဲ့အတြက္ အကင္းပါးတယ္။ ဒါေပမဲ့ ေရရွည္ လက္ေၾကာတင္းေအာင္မလုပ္ခ်င္ဘူး။ တစ္ႏွစ္မျပည့္ေသးဘူး အလုပ္ေျပာင္းခ်င္တယ္။ တခ်ိဳ႕က ရည္းစားထားတယ္။ ျပည္ပမွာ ရည္းစားထားတာက အေၾကာင္းမဟုတ္ဘူး။ ဂ်ပန္ျပည္တြင္းမွာ ရည္းစားထားရင္ သူ႔ရည္းစားက ဘယ္မွာရွိလဲ။ ရွိတဲ့ေနရာကို သြားခ်င္တာ။ အဲဒီမွာ ေနာက္ထပ္တစ္ခုက ႏိုင္ငံေရး အဖြဲ႕အ စည္း၊ ဥပမာ ရခိုင္၊ မြန္ အဖြဲ႕အစည္းေတြရွိတယ္။ ဟိုမွာ နဂိုတည္းကအေျခခ်ၿပီးသား။ ေရာက္ေအာင္ပဲလာခဲ့။ ေရာက္ရင္ ေရာက္တဲ့ေနရာက မင္းတို႔ေနရာ မင္းတို႔အလုပ္ ဘယ္မွာလဲ။ ေရာက္ ၿပီဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ပို႔တဲ့အထဲမွာ မြန္လူမ်ိဳးေတြ။ တစ္ပတ္၊ (၁၀)ရက္ပဲၾကာတယ္။ ကြၽန္ေတာ္တို႔ နဲ႔ ဂ်ပန္နဲ႔ စာခ်ဳပ္ခ်ဳပ္ထားတာ။ အနည္းဆုံးတစ္ႏွစ္၊ အမ်ားဆုံး ႏွစ္ႏွစ္ လုပ္ေပးပါမယ္ဆိုတာ စာခ်ဳပ္ခ်ဳပ္ ထားတာ။ မလုပ္ေပးရင္ ကြၽန္ေတာ္တို႔ေအဂ်င္စီေတြက ေလ်ာ္ေၾကးျပန္ေပးရတာ။ အဲဒါေတြ သူတို႔ မသိ ဘူး။ သူတို႔ သိတာေရာက္ၿပီ၊ (၇) ရက္ကေန (၁၀)ရက္ပဲၾကာတယ္ ထြက္ေျပးသြားၿပီ။ ေရာက္သြားၿပီးရင္ ႏိုင္ငံေရး ခိုလႈံခြင့္ကို သူတို႔မွာ ေရွ႕ေနေတြရွိၿပီးသား။ အဲဒီေရွ႕ေနေတြကိုလည္း အဖြဲ႕အစည္းကေပးတယ္။ ၿပီးရင္ သူတို႔နဲ႔ခ်ိတ္ဆက္ထားတဲ့ ေနာက္အလုပ္ထဲကိုဝင္သြားၿပီးေတာ့ ေနာက္အလုပ္ကေန လူမိတ္ဆက္ ေပးခဆိုၿပီး ႏိုင္ငံေရးအဖြဲ႕အစည္းကိုပိုက္ဆံျပန္ေပးတယ္။ ဗမာျပည္က လုပ္သားေခၚတာလည္း ႏွစ္ ေပါင္းေတာ္ေတာ္ ၾကာခဲ့ၿပီ။ ဆိုေတာ့ ေတာ္ေတာ္ေလးသိေနၿပီ။ အခုေနာက္ပိုင္းဆို ရခိုင္ဆို No၊ မြန္ဆို သတိထား။ က်န္တာဆို အိုေက။ ရခိုင္က စစဦး ဆုံးႏွစ္ပိုင္းေတြကတည္းက လူမႈေရး ရခိုင္အဖြဲ႕အစည္း ဆိုၿပီးဖြဲ႕စည္းၿပီးေတာ့ မင္းတို႔ ဘယ္ၿမိဳ႕မွာ‌ေရာက္ေနလဲ။ တိုက်ိဳလား အိုဆာကာလား ရွိတဲ့ေနရာအထိ သြားေခၚတာ။ ေခၚၿပီးေတာ့ ေရာက္တာမွတစ္ပတ္ပဲရွိေသးတယ္။ အလုပ္ထဲမွာ ညဘက္ဘယ္သူမွ မႏိုး တဲ့အခ်ိန္မွာ ျပင္ဆင္ထားတယ္။ မနက္မိုးလင္းတဲ့အခ်ိန္မွာ အိတ္ေတြကို အဖြဲ႕အစည္းကိုေပးတယ္။ အလုပ္သြားဆင္းတယ္။ ညေနအလုပ္ကျပန္တဲ့အခ်ိန္ အေဆာင္ကိုမေရာက္ေတာ့ဘူး။ အဲဒါေတြသည္ လြန္ခဲ့ တဲ့(၁၀)စုႏွစ္ကတည္းက ရခိုင္ေတြလုပ္လာတာျဖစ္တဲ့အတြက္ ဂ်ပန္လူမ်ိဳးသည္ လူမ်ိဳးမွာ ရခိုင္ ဆို No။ အခုေနာက္ပိုင္း မွတ္ပုံတင္ထဲမွာ လူမ်ိဳးက ရခိုင္ဆိုရင္ အတတ္ႏိုင္ဆုံး အင္တာဗ်ဴးထည့္ေပး တာ ေရွာင္ရတယ္။ အဲဒီလိုေျပာလို႔လည္း မေကာင္းပါဘူး။ ဒါသည္ ကြၽန္ေတာ္တို႔လုပ္ငန္းမွာျဖစ္ေနတဲ့ လက္ေတြ႕ေရွ႕မွာ ကိုယ္စိုက္ပ်ိဳးတာ ကိုယ္ရိတ္သိမ္းရတာပဲေလ။ ရခိုင္လူမ်ိဳး ေက်ာင္းတက္လာၿပီဆို ကတည္းကစၿပီး သတိထားေနရတယ္။ အခ်ိန္တန္ေတာ့ မင္းတို႔ေတာင္းတဲ့အတိုင္း ေက်ာင္းေတြလည္း တက္ interview ဘာလို႔ မေအာင္လဲဆိုရင္ ကေလးကို တည့္သြားေျပာလို႔မရဘူး။ သူ႔ဆီမွာေတာ့ ရည္ ႐ြယ္ခ်က္ရွိခ်င္ရွိမယ္။ ဟိုေရွ႕ကလူေတြလုပ္ ထားတဲ့အက်ိဳးဆက္ေတြက ရခိုင္ဆိုတာႀကီး ပါေနေတာ့ ဂ်ပန္သည္ အခုေနာက္ပိုင္း ရခိုင္ဆို NO။ မြန္ဆိုရင္ နည္းနည္းစဥ္းစားမယ္။ မြန္ေတြက လြန္ခဲ့တဲ့ (၄)(၅) ႏွစ္ကစၿပီး အဲဒါမ်ိဳးေတြပါလာတယ္။ အခု ရခိုင္ထက္ မြန္က ပို Strong ျဖစ္လာေသးတယ္။ ထားပါေတာ့ ဒါကကိစၥတစ္ခုေပါ့။ ခုနကဟာဆက္ေျပာရရင္ အားလုံးသိၿပီးသား။ ကြၽန္ေတာ္လည္း အဲဒါပဲသိတာ။ ဘာ လို႔လဲဆိုေတာ့ လူ (၈၀ဝ) ၊ လူ (၇၀ဝ)ေက်ာ္ ထိုင္းထဲမွာပိတ္တယ္။ ခ်င္းမိုင္မွာလည္းရွိတယ္။ ေနရာ အႏွံ႔ ပို႔ထားတာ။ ဘန္ေကာက္ကေတာ့အမ်ားဆုံးေပါ့။ ဖူးခက္မွာလည္းရွိတယ္။ ေနရာေပါင္းစုံကိုပို႔ထားတာ။ ဘယ္လိုေတြစီစဥ္ၿပီး ဘယ္လိုေတြပို႔ၾကလဲမသိဘူး။ ကြၽန္ေတာ္ၾကားရသေလာက္က ဂ်ပန္အြန္လိုင္း ေငြ လိမ္ဂိုဏ္းလို ျဖစ္သြားတာေပါ့။ အခုက ဂ်ပန္အလုပ္၊ ဂ်ပန္ ေအဂ်င္စီ၊ ျမန္မာေအဂ်င္စီ၊ လုပ္သားေပါ့။ အဲဒီလိုသြားတယ္။ ေအဂ်င္စီခ်င္းပဲဆက္သြယ္တာ။ အလုပ္နဲ႔လုပ္သားကိုေက်ာ္ၿပီး ဆက္သြယ္လို႔မရဘူး။ အဲဒီမွာ ဂ်ပန္ေအဂ်င္စီက ျမန္မာေအဂ်င္စီကို လာၿပီးေတာ့ ငါတို႔မွာအလုပ္ေတြရွိတယ္ဆိုၿပီး ကြၽန္ေတာ္ တို႔ကို အလုပ္ေခၚစာေတြပို႔ေနတဲ့ကုမၸဏီေတြ လာၿပီးဆက္သြယ္တယ္။ အခုေနာက္ပိုင္းမွာ ဘာဆက္ ၾကားရလဲဆိုေတာ့ လူေခၚေပးတဲ့ပြဲစားဆိုၿပီး ဆက္ျဖစ္လာတယ္။ ဂ်ပန္ဘက္က ေအဂ်င္စီရဲ႕ပြဲစားက ေအဂ်င္စီ (၃၊ ၄) ခုကို ဆက္သြယ္ၿပီး ခြဲၿပီး လုပ္သားေတာင္းတာ။ ကေလးေတြဆီက ေအဂ်င္စီခက ေဒၚ လာ (၁၅၀ဝ) ရတယ္။ (၁၅၀ဝ)ကပို႔ဆြမ္းပို႔၊ အခြန္ျဖတ္ ဘာျဖတ္ညာျဖတ္နဲ႔ က်န္ရင္ (၈၅၀) ေလာက္ က်န္တယ္။ အဲဒီေတာ့ ေဒၚလာ (၄၀ဝ)ေတာင္းတယ္၊ (၅၀ဝ)ေတာင္းတယ္။ ပို႔ေပး မယ္ဆိုၿပီးေခၚတယ္။ အခုျဖစ္တာက ပြဲစားက ပိုက္ဆံ နဲ႔ညႇိၿပီးေခၚတာျဖစ္ပါလိမ့္မယ္။ အခုက ထြက္ၿပီဆိုရင္ ထိုင္းထိ‌ေရာက္ၿပီ ဆိုရင္ ေသခ်ာလို႔သြားတာ။ ထိုင္းကို ၾကားခံပဲသုံးတာ။ အရင္ကေလးေတြအကုန္လုံး ထိုင္း မွာ (၃)ရက္ သို႔မဟုတ္ (၅)ရက္ေနၿပီး ဂ်ပန္ကိုေရာက္တာ အကုန္လုံး။ အခုက်ေတာ့ ဂ်ပန္ထြက္ၿပီဆိုတာ ေသခ်ာလို႔ ကေလးေတြက ေပးေပ်ာ္ၿပီ။ ဒီမွာကလည္း (အလည)ကစပိတ္လိုက္တဲ့အခ်ိန္ကစၿပီးေတာ့ အခုထိ ထြက္ ေနဆဲပဲ။ အခုပိတ္လိုက္တဲ့ (၁၀)လေလာက္ အတြင္းမွာလည္းပဲ ထိုင္းထြက္ၿပီဆိုတာနဲ႔ ေသခ်ာၿပီ။ အဲဒီက တည္းက ေဒၚလာ (၁၅၀ဝ)ကို အကုန္သြင္း။ အဲဒီမွာ ပြဲစားနဲ႔ခ်ိတ္ၿပီးေတာ့ ထိုင္းက ဒြန္ေမာင္းေလဆိပ္ သို႔မဟုတ္ သုဝဏၰဘူမိေလ ဆိပ္အထိပို႔တဲ့အၿပီးအစီးသည္ ျမန္မာျပည္ တာခ်ီလိတ္ကိုထြက္မယ့္ ျပည္ တြင္းေလေၾကာင္းကေနစၿပီး အကုန္လုံးသည္ သိန္း (၅၀)နဲ႔အထက္မွာခ်ည္းပဲ။ အဲဒီေတာ့ ကေလးေတြ သည္ ပိုက္ဆံကို ဒီမွာအၿပီး ေခ်တာ။ ဟိုေရာက္ၿပီဆိုတာနဲ႔ ကေလးေတြက စိတ္ခ်လက္ခ်နဲ႔ ထိုင္းကိုထြက္ ၿပီဆို ေပးသြားၿပီ။ ေအဂ်င္စီကလည္း ကေလးေတြက ထိုင္းထိေအာင္ထြက္ၿပီးၿပီျဖစ္တဲ့အတြက္။ အဲဒီမွာ ပြဲစားက မင္းတို႔ေျပာထားတဲ့ေဒၚလာ (၅၀ဝ)ေပး၊ (၄၀ဝ)ေပး ေတာင္းတယ္။ အဲဒီထက္ပိုေတာင္းရင္လည္း ေတာင္းမယ္။ အမ်ားဆုံး (၈၀ဝ)ေလာက္အထိ ေပးရတယ္။ ေအဂ်င္စီလည္း အက်ိဳးအျမတ္ေတြ တစ္ဝက္ သို႔မဟုတ္ တစ္ဝက္နဲ႔အထက္ ယူကိုယူထား တယ္။ အခုေတာ့ ေပၚတာေတာ့ (၂) ခုေပါ့ေလ။ (၂) ခုထက္ လည္းပိုမ်ားႏိုင္တယ္။
ေမး - အခုျဖစ္တဲ့ Case မွာ သင္တန္းေက်ာင္းေတြလည္း ပါတယ္လို႔ၾကားတယ္ေနာ္။ ဟုတ္လား။
ေျဖ - အဲဒီမွာ အဲဒီကေလးေတြကို မိတ္ဆက္ေပးတဲ့ေက်ာင္းေတြရွိေသးတယ္။ ေက်ာင္းေတြက ေအဂ်င္စီမရွိဘူး။ ေက်ာင္းေတြက အမ်ားႀကီးလိုက္ဖြင့္ထားတဲ့ေက်ာင္းေတြရွိတယ္။ အဲဒီလိုေက်ာင္းေတြ ထဲမွာ ဆာကူရာေက်ာင္းေတာင္ပါတယ္။ ဒါကေတာ့ စာသင္ေပးထားတဲ့ကေလးေတြကို ေအဂ်င္စီေတြကို ပို႔ေပးတာ။ ကြၽန္ေတာ္တို႔ကေတာ့ မွန္မွန္ကန္ကန္လုပ္ေနတယ္။ ဒီလို ေအဂ်င္စီမ်ိဳးနဲ႔ပြဲစားနဲ႔ေတြ႕တဲ့ အခ်ိန္မွာ သူတို႔လည္း ဒုကၡေရာက္တာေပါ့ေနာ္။ ေအဂ်င္စီ သည္ လူေခၚေပးတဲ့ လူပြဲစားကိုလည္း ပိုက္ဆံ ေပးရတယ္။ ေက်ာင္းကိုလည္း ကေလးတစ္ေယာက္ကိုဘယ္ ေလာက္ဆိုၿပီးလည္း ေပးရတယ္။ ေက်ာင္း ဘက္ကို ျပန္ေပးရတာ။ ကေလးရွာေပးခ ေဒၚလာဘယ္ေလာက္ဆိုၿပီး။ ဒီအရႈပ္ထုပ္ကိုၾကည့္လိုက္ေတာ့ နစ္နာသူက ကေလးေတြပဲ။ ေနာက္ထပ္နစ္နာတာက ေအဂ်င္စီ။ ဘုမသိဘမသိဘဲနဲ႔ ေအဂ်င္စီပါးမဝဘဲနဲ႔ ပါးရည္နပ္ရည္ မရွိဘဲနဲ႔လုပ္တဲ့ေကာင္။ ရွင္းရွင္းေျပာရရင္ ေအဂ်င္စီ‌ေလာကက ခြက္ေစာင္းခုတ္ေနတာ။ ေရွ႕မွာတုန္းကလည္း ေျပာခဲ့ဖူးပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မသင္ေပးဘူး။ တစ္ေယာက္နဲ႔ တစ္ ေယာက္ မမွ်ေဝဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ ဆြဲေခၚရမယ္ဆိုတာမသိဘူး။ မင္းျဖစ္သြားၿပီမလား ထိုးခ်ေနတဲ့ေကာင္‌ေတြခ်ည္းပဲ။ ဘယ္သူ႔ကိုမွမသင္ေပးဘူး။ ကြၽန္ေတာ္ဆိုလည္း ဒီပညာကို ဂ်ပန္ဘက္ ကသင္ခဲ့ရတာ။ ကေလးမ်ားမ်ားပို႔တယ္။ လူမ်ားမ်ားပို႔ရင္ ဒီေအဂ်င္စီ ကနာမည္ႀကီးလာေရာ။ အခုက သူတို႔ကမက္တာေပါ့။ တခ်ိဳ႕က် နာမည္အရင္ႀကီးေအာင္လုပ္လိုက္မယ္။ ပိုက္ဆံေလွ်ာ့ယူလိုက္မယ္။ ပြဲစားကို မ်ားမ်ားေပးလိုက္မယ္။ ငါ့ဆီက လူမ်ားမ်ားထြက္ရင္ၿပီးေရာ အဲဒီလို ဂုဏ္၊ ျဒပ္ကိုလိုတဲ့လူက ျပႆနာေတြနဲ႔ရင္ဆိုင္ရတယ္။ အဲဒီေတာ့ နစ္နာသူ (၁) သည္ ကေလးဆိုရင္၊ နစ္နာသူ (၂)က အဲဒီ ေအဂ်င္စီပဲ။ သူတို႔မွာ ပိုက္ဆံလည္းကုန္ေသးတယ္၊ တာဝန္လည္းခံရေသးတယ္။ အခုအေရးယူခံရင္ ဒီ ေအဂ်င္စီ။ ဂ်ပန္ဘက္က ပြဲစား ကပြိဳင့္။ သူက ဘယ္သူလဲ ဘယ္ဝါလဲ။ အဲဒီလူက တစ္ခါတေလ အဲဒီ ေကာင္က တ႐ုတ္လူမ်ိဳး၊ ဂ်ပန္မွာ ဟိုးအရင္ကတည္းကေနတဲ့တ႐ုတ္လူမ်ိဳး။ ဂ်ပန္နဲ႔ တ႐ုတ္ဆိုတာ အရင္တည္းကေရာယွက္ေနတာ။ ဂ်ပန္မွာ ဟိုအရင္ လုပ္သားေတြ မရွိခင္ကတည္းက နံပါတ္(၁)က တ႐ုတ္နဲ႔စခဲ့တာ။ ၿပီးေတာ့ ဗီယက္နမ္တို႔ ျမန္မာတို႔ကို ဆက္လာတာ။ အဲဒီတ႐ုတ္ေတြသည္ အရင္က လုပ္သားအေနနဲ႔လုပ္ခဲ့ၾကၿပီး အခုက်ေတာ့ အလုပ္ရွင္လည္းျပန္ျဖစ္သြားၿပီ။ အလုပ္သမား ေအးဂ်င့္ေတြ လည္းျပန္ျဖစ္ကုန္ၿပီ။ ဆိုေတာ့ တ႐ုတ္။ သူ႔ကိုေဖာ္ရမွာ။ ၿပီးေတာ့မွ အစိုးရခ်င္းခ်ိတ္ၿပီးေတာ့။ အစိုးရနဲ႔ ျမန္မာကုမၸဏီနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ ထိထိေရာက္ေရာက္အေရးယူရမွာ။ တကယ္ေတာ့ အေျခခံ အားလုံး ရဲ႕ဇစ္ျမစ္ကိုလိုက္ရွာ၊ ျပႆနာရဲ႕အရင္းအျမစ္ကို လိုက္ရွာရင္ (အလည)ပဲ။ (အလည)က ပိတ္ထားလို႔ ဒီ လမ္းေၾကာင္းက ဒီလိုႀကီးျဖစ္ေနတာေလ။ အရင္ ကိုေက်ာ္ႏုေျပာတာရွင္းရွင္းေလး။ ဘယ္လို စစ္မႈထမ္း စုမလဲမဆိုတာ။ ဒီအထက္ကပုဂၢိဳလ္ေတြ လမ္းေၾကာင္းကို ဒီလိုပိတ္ထားမွပဲ ဒီျပႆနာကိုေျဖရွင္းႏိုင္ မယ္လို႔ထင္ေနတာလား။
ေမး - ဂ်ပန္က လုပ္သားလိုတာဘယ္ေလာက္လဲ။ ျမန္မာေဝစု ဘယ္ေလာက္လဲ။ ဒါ အစိုးရက ေဝစုကို ရေအာင္ယူလိုက္။ ၿပီးရင္ ေအဂ်င္စီေတြကိုေခၚၿပီး လုပ္သားလိုအပ္ခ်က္က ဒီေလာက္ရွိတယ္။ အဲဒီထက္ေက်ာ္မပို႔နဲ႔ဆို ရၿပီေလ။ ဘာေတြမ်ားခက္ခဲေနလဲ နားမလည္ဘူး။
ေျဖ - ကြၽန္ေတာ္လည္းနားမလည္ဘူး။ အားလုံးရဲ႕ တရားခံသည္ (အလည)ပဲ။ UMFCCI က ဒုဥကၠ႒နဲ႔ စကားသြားေျပာတယ္။ သြားေျပာေတာ့ သူလည္း စိတ္ညစ္ေနတာ။ စီးကူးကို ဂ်ပန္ JMC က ကေလးေတြကို စာသင္ေပးတယ္တို႔၊ မာစတာတက္တယ္တို႔။ စေကာ္လားခ်ေပးတယ္တို႔ လုပ္တာ။ အဲဒီ စင္တာဆက္ဖြင့္ဖို႔ စီးကူးနဲ႔ JICA နဲ႔ သံ႐ုံးရယ္၊ UMFCCI ရယ္ (၄)ဦး သေဘာတူလက္မွတ္ ထိုးရတယ္။ အဲဒီမွာသက္တမ္းတိုးထားတာ။ အဲဒီမွာသက္တမ္းမတိုးထားတာၾကာၿပီ။ နားလည္မႈနဲ႔။ အခု ေ႐ြးေကာက္ ပြဲေတြဘာေတြလည္း လုပ္ေတာ့မယ္ဆိုေတာ့ ဂ်ပန္ဘက္ကေရာ JICA ဘက္ကေရာ ဒါကို စီးပြားကူး သန္း နဲ႔လက္မွတ္ထိုးတာကို သက္တမ္းတိုးခ်င္တယ္။ အဲဒီမွာ သူကိုယ္တိုင္ ဦးခ်စ္ေဆြ႐ုံးခန္းထဲကိုသြားၿပီး လက္မွတ္ထိုးခိုင္းေတာ့ ဒီကိစၥက အေရးပါတဲ့ကိစၥမဟုတ္ဘူး။ အဲဒီေတာ့ အခ်ိန္ၾကာလိမ့္မယ္ စဥ္းစား မယ္ဆိုၿပီး (၃)ႀကိမ္ ျငင္းခံလိုက္ရတယ္တဲ့။ ေနာက္ဆုံးေတာ့ JICA ကသြားမွအဆင္ေျပတယ္။ ေျပာခ်င္ တာက သူက စလိုက္တဲ့အစ။ သူ႔ေၾကာင့္လား အထက္ကေပၚလစီေၾကာင့္လား မသိေပမယ့္ နားမလည္ တာတစ္ခုက အဲဒီလိုမ်ိဳး ပိတ္ၿပီးေတာ့ရွာမွပဲ စစ္မႈထမ္းကရမွာလား။ သူတို႔က စစ္မႈထမ္းေၾကာင့္လို႔ေျပာ တာကိုး။ အခုက သူမ်ားေတြေျပာရင္ အျပင္လူေတြေျပာရင္ ေယာက်ာ္းေလးပိတ္ထားတာ (၁၈)-(၃၅) မလား။ အဲဒါပဲသိတာ။ တကယ္က မိန္းကေလးပါပိတ္ ထားတာ။ ထြက္ခြာခြင့္ကိုမေပးတာ။ ကြၽန္ေတာ္တို႔ ေအဂ်င္စီေတြ အလုပ္လုပ္လို႔မရဘူး။ အခု ဘာထပ္လုပ္လဲဆိုရင္ ႏိုဝင္ဘာလမွာ ကြၽန္ေတာ္တို႔ကို အခြန္ မျဖစ္မေနေဆာင္ပါဆိုၿပီးတင္းၾကပ္တယ္။ ႏိုဝင္ဘာလဆန္းမွာ တင္းၾကပ္တယ္။ ပုံမွန္လုပ္ေနက်။ တစ္ ကယ္ဆိုရင္ ဘတ္ဂ်က္ေရးရာပိတ္တာသည္ ‌ဧၿပီမွာ။ အဲဒီဧၿပီမွာ ဘတ္ဂ်က္မပိတ္ခင္ အခြန္ အၿပီး‌ ေဆာင္။ ဧၿပီမ ေရာက္ခင္မွာ အားလုံးရွင္းၿပီးသားျဖစ္တာကို အစိုးရကိုတင္ရင္ လိုင္စင္ဆက္ခ်ေပးတယ္။ အခုက် ဒီႏွစ္ မကုန္ခင္မွာ အၿပီး‌ေဆာင္တဲ့။ အၿပီးမေဆာင္ရင္ ေအဂ်င္စီေတြ အေရးယူမယ္ဆိုၿပီး ထလုပ္ မယ္။ အခု ၿပီးေအာင္လုပ္ရတာေပါ့။ အားလုံးၿပီးတဲ့အခ်ိန္မွာ အခြန္႐ုံး(၄)ကိုတင္လိုက္ၿပီ။ ထုံးစံအတိုင္း အခြန္႐ုံးဆိုတာ ခ်က္ခ်င္းခ်ေပးတာမဟုတ္ဘူးေလ။ လနဲ႔ခ်ီၿပီး ဆြဲတာ တခ်ိဳ႕ဆို။ အဲဒီေတာ့ ႏိုဝင္ဘာ ကုန္ ၿပီး ဒီဇင္ဘာအစမွာ (အလည) ကစာထုတ္တယ္။ ေအဂ်င္စီေပါင္း (၆၀ဝ)ေက်ာ္ရွိတဲ့အထဲမွာ (၃၇၀) ေက်ာ္ အခြန္မေဆာင္ရေသးပါဘူး။ အခြန္ကင္းရွင္းေၾကာင္းစာ႐ြက္ သူ႔ဆီကိုတက္မလာေသးပါဘူး။ တက္မလာေသးတဲ့အတြက္ေၾကာင့္မို႔ ဒီ(၃၀ဝ)သည္ ကြၽန္ေတာ္ကုမၸဏီလည္းပါတယ္။ ဒီ(၃၀ဝ)ေက်ာ္ သည္ အခြန္ၿပီးေအာင္ျပတ္ေအာင္ လမကုန္ခင္စာမတင္ေပးရင္ ဒီႏွစ္ကုန္ကစၿပီး ေအဂ်င္စီလိုင္စင္ ပိတ္ သိမ္းပါမယ္ဆိုၿပီးေတာ့ တစ္လပဲၾကာတယ္။ ထင္တာက ေအဂ်င္စီေတြကို အလုပ္မလုပ္ေစခ်င္တာလား။ ပိတ္တာလား။ ရည္႐ြယ္ခ်က္ကဘာလဲ။ ႏိုင္ငံျခားေငြလည္း လစဥ္ေလ။ အရင္ကပိတ္သိမ္းခံရတာ (၂၅) ရာခိုင္ႏႈန္းမတင္လို႔ ေလ။ တကယ္ေတာ့ ဒီ(၂၅)ရာခိုင္ႏႈန္းက ဗမာျပည္က သူ႔မိဘေတြကိုျပန္လႊဲလိုက္တဲ့ ကိစၥက ေအဂ်င္စီနဲ႔ မဆိုင္တဲ့ကိစၥကို တာဝန္ဝင္ထမ္းေနတယ္။ မလုပ္ရင္လည္း အေရးယူမယ္ျဖစ္ေတာ့ လုပ္ေပးတယ္။ အခုက်ေတာ့ အခြန္ဆိုလည္းေဆာင္။ ဧၿပီဆိုလည္းေဆာင္တာပဲ။ မေဆာင္လို႔လည္းမရ ဘူးေလ။ မ‌ေဆာင္ရင္ ဘယ္လိုသက္တမ္းတိုးမလဲ။ အခုက မရရေအာင္ညႇစ္ေနတာလား ဘာျဖစ္ခ်င္ တာလဲ နားမလည္ဘူး။ အခုကြၽန္ေတာ္တို႔ရွိေနလို႔ ႏိုင္ငံျခားကို လူ‌ေတြထြက္ေနတယ္လို႔ျမင္ၿပီးေတာ့ပဲ ေအဂ်င္စီေတြကို ပိတ္သြားေအာင္လုပ္ေနတာလား။ အဲဒီလိုလည္းေတြးပါတယ္။ အခုအားလုံး ျဖစ္သြားတဲ့ တရားခံကိုလိုက္မရွာနဲ႔ (အလည)ပဲ။

(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.