ပြည်သူ့ရင်ပြင်၌ ညပိုင်းကျင်းပမည့်ပွဲများအတွက် YBS ယာဉ်လိုင်း (၇)လိုင်းဖြင့် ပြေးဆွဲသွားမည်

 6785

စော(NP News)-ဒီဇင်ဘာ ၃၀
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ညပိုင်းကျင်းပသွားမည့် ပွဲများအတွက် မနက်ဖြန် (ဒီဇင်ဘာ ၃၁ရက်)မှ (ဇန်နဝါရီ ၄ရက်)နေ့အထိ ငါးရက်တိုင်တိုင် YBS ယာဉ်လိုင်း (၇)လိုင်း ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YTRC)ထံမှ သိရသည်။
အဆိုပါ New Year Countdown ပွဲတော်နှင့် လွတ်လပ်ရေးနှင့်အထိမ်းအမှတ် ဈေးရောင်းပွဲတော်အဖြစ် မနက်ဖြန် (ဒီဇင်ဘာ ၃၁ရက်)မှ (ဇန်နဝါရီ ၄ရက်)နေ့အထိ ငါးရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်၍ အဆိုပါပွဲတော်သို့ လာရောက်ကြမည့်သူများအတွက် အကြိုအပိုဆောင်ရွက်ရန် ယာဉ်လိုင်း (၇)လိုင်းဖြစ်သည့် YBS (39) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)တို့ကို ပွဲပြီးဆုံးသည်အချိန်အထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့ရင်ပြင်မှ မြို့တွင်း ဆူးလေအထိ Mini bus (၃) စီးကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ရာ ယာဉ်စီးခများကို အခမဲ့စီစဉ်ပေးထားကြောင်း သိရသည်။
အဆိုပါ 2026 Yangon New Year Countdown ပွဲတော်တွ င် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲများနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတိုက ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျပည္သူ႔ရင္ျပင္၌ ညပိုင္းက်င္းပမည့္ပြဲမ်ားအတြက္ YBS ယာဥ္လိုင္း (၇)လိုင္း ယာဥ္စီးခအခမဲ့ျဖင့္ ေျပးဆြဲသြားမည္
ေစာ(NP News)-ဒီဇင္ဘာ ၃၀
ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပင္၌ ညပိုင္းက်င္းပသြားမည့္ ပြဲမ်ားအတြက္ မနက္ျဖန္ (ဒီဇင္ဘာ ၃၁ရက္)မွ (ဇန္နဝါရီ ၄ရက္)ေန႔အထိ ငါးရက္တိုင္တိုင္ YBS ယာဥ္လိုင္း (၇)လိုင္း ယာဥ္စီးခအခမဲ့ျဖင့္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ ေကာ္မတီ(YTRC)ထံမွ သိရသည္။
အဆိုပါ New Year Countdown ပြဲေတာ္ႏွင့္ လြတ္လပ္ေရးႏွင့္အထိမ္းအမွတ္ ေဈးေရာင္းပြဲေတာ္အျဖစ္ မနက္ျဖန္ (ဒီဇင္ဘာ ၃၁ရက္)မွ (ဇန္နဝါရီ ၄ရက္)ေန႔အထိ ငါးရက္တိုင္တိုင္ ျပဳလုပ္သြားမည္ျဖစ္၍ အဆိုပါပြဲေတာ္သို႔ လာေရာက္ၾကမည့္သူမ်ားအတြက္ အႀကိဳအပိုေဆာင္႐ြက္ရန္ ယာဥ္လိုင္း (၇)လိုင္းျဖစ္သည့္ YBS (39) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) ႏွင့္ YBS (8)တို႔ကို ပြဲၿပီးဆုံးသည္အခ်ိန္အထိ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္သူ႔ရင္ျပင္မွ ၿမိဳ႕တြင္း ဆူးေလအထိ Mini bus (၃) စီးကိုလည္း ေျပးဆြဲေပးသြားမည္ျဖစ္ရာ ယာဥ္စီးခမ်ားကို အခမဲ့စီစဥ္ေပးထားေၾကာင္း သိရသည္။
အဆိုပါ 2026 Yangon New Year Countdown ပြဲေတာ္တြ င္ ႏိုင္ငံေက်ာ္႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား၊ အဆိုေတာ္မ်ား၊ DJ ပညာရွင္မ်ား၊ အကအဖြဲမ်ားႏွင့္ မ်ိဳးဆက္သစ္ေတးသံရွင္မ်ားစြာတိုက ေဖ်ာ္ေျဖတင္ဆက္သြားမည္ျဖစ္ၿပီး မီးရႉးမီးပန္းပစ္ေဖာက္ျခင္းမ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.