ကျောက်ဖြူ SEZ ၏ ရေလှောင်ကန် ဆောက်မည့်မြေနေရာအတွက် သိန်း (၆)သောင်းကျော် လျော် ကြေးပေးရန် ပြင်ဆင်နေ

 284

Pearl (NP News)-ဒီဇင်ဘာ ၃၀
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၏ ကနဦးလုပ်ငန်းစဉ်ဖြစ်သည့် ရေလှောင်ကန်တည် ဆောက်မည့် ရခိုင်ပြည်နယ် မဒေးကျွန်းပေါ်ရှိ မြေနေရာများအတွက် ဒေသခံများအား လျော်ကြေးငွေ များပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများက ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
“ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ ကနဦးလုပ်ငန်းများဖြစ်တဲ့ ရေလှောင်ကန်တည်ဆောက်ရေး တွေ စတင်တော့မှာ ဖြစ်တယ်။ အစိုးရက မြေရာလျော်ကြေးကို မြန်မြန်ဆန်ဆန်ပေးဖို့နဲ့ လုပ်ငန်းတွေ စဖို့လုပ်နေတယ်။ မြေရာလျော်ကြေး တွေကတော့ အခုဒီဇင်ဘာလအတွင်း ပေးမယ်လို့ပြောတယ်။ အစည်းအဝေးတွေ လုပ်နေတယ်။ ပေးပြီးတော့ စလုပ်တော့မှာပေါ့” ဟု ကျောက်ဖြူမှ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက NP News သို့ပြောသည်။
ထိုသို့ မြေရာလျော်ကြေးများ ယခုလပိုင်းအတွင်း ပေးချေပြီး အဆိုပါ ရေလှောင်ကန် (၂)ခုကို လာ မည့်ပွင့်လင်းရာသီတွင် တည်ဆောက် ရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
“စီမံကိန်းဇုန်အတွင်း ကျရောက်တဲ့ ဒေသခံတိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့လယ်ယာ ကိုင်းကျွန်း တွေကို ခေတ်နဲ့လျော်ညီစွာပေးမယ်လို့ အစိုးရတာဝန်ရှိသူတွေနဲ့ ဒေသခံတိုင်းရင်းသားတွေ ညှိနှိုင်းပြီး ဆောင်ရွက်ထားတဲ့နှုန်းထားအတိုင်းပဲ ပေးချေမှာ။ ဈေးကတော့ လယ်ဆိုရင် ဘယ်လောက်၊ ဥယျာဉ်ဆို ရင် ဘယ်လောက်။ မြေပေါ်မူတည်ပြီးပေးမှာ။ အကုန်လုံးဆို သိန်း (၆) သောင်းကျော်မယ်။ ဒီရက်ပိုင်း အတွင်းမှာပဲ အပြီးပေးချေပြီးတော့ လုပ်ငန်းကိုပွင့်လင်းရာသီမှာ စတင်မှာဖြစ်တယ်” ဟု ၎င်းက ဆက် ပြောသည်။
ကျောက်ဖြူ‌ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရာတွင် အသုံးပြုရန်အတွက် အဆိုပါ ရေ လှောင်ကန်ကြီးများကို အစိုးရရန်ပုံငွေဖြင့် သုံးစွဲတည်ဆောက်သွားမည်ဖြစ်ပြီး ငွေကျပ်(၄)ဘီလျံခန့် ကုန်ကျနိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
ေက်ာက္ျဖဴ SEZ ၏ ေရေလွာင္ကန္ ေဆာက္မည့္ေျမေနရာအတြက္ သိန္း (၆)ေသာင္းေက်ာ္ ေလ်ာ္ ေၾကးေပးရန္ ျပင္ဆင္ေန
Pearl (NP News)-ဒီဇင္ဘာ ၃၀
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း၏ ကနဦးလုပ္ငန္းစဥ္ျဖစ္သည့္ ေရေလွာင္ကန္တည္ ေဆာက္မည့္ ရခိုင္ျပည္နယ္ မေဒးကြၽန္းေပၚရွိ ေျမေနရာမ်ားအတြက္ ေဒသခံမ်ားအား ေလ်ာ္ေၾကးေငြ မ်ားေပးရန္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရသည္။
“ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ရဲ႕ ကနဦးလုပ္ငန္းမ်ားျဖစ္တဲ့ ေရေလွာင္ကန္တည္ေဆာက္ေရး ေတြ စတင္ေတာ့မွာ ျဖစ္တယ္။ အစိုးရက ေျမရာေလ်ာ္ေၾကးကို ျမန္ျမန္ဆန္ဆန္ေပးဖို႔နဲ႔ လုပ္ငန္းေတြ စဖို႔လုပ္ေနတယ္။ ေျမရာေလ်ာ္ေၾကး ေတြကေတာ့ အခုဒီဇင္ဘာလအတြင္း ေပးမယ္လို႔ေျပာတယ္။ အစည္းအေဝးေတြ လုပ္ေနတယ္။ ေပးၿပီးေတာ့ စလုပ္ေတာ့မွာေပါ့” ဟု ေက်ာက္ျဖဴမွ စီးပြားေရးလုပ္ငန္း ရွင္တစ္ဦးက NP News သို႔ေျပာသည္။
ထိုသို႔ ေျမရာေလ်ာ္ေၾကးမ်ား ယခုလပိုင္းအတြင္း ေပးေခ်ၿပီး အဆိုပါ ေရေလွာင္ကန္ (၂)ခုကို လာ မည့္ပြင့္လင္းရာသီတြင္ တည္ေဆာက္ ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
“စီမံကိန္းဇုန္အတြင္း က်ေရာက္တဲ့ ေဒသခံတိုင္းရင္းသားေတြ ပိုင္ဆိုင္တဲ့လယ္ယာ ကိုင္းကြၽန္း ေတြကို ေခတ္နဲ႔ေလ်ာ္ညီစြာေပးမယ္လို႔ အစိုးရတာဝန္ရွိသူေတြနဲ႔ ေဒသခံတိုင္းရင္းသားေတြ ညႇိႏႈိင္းၿပီး ေဆာင္႐ြက္ထားတဲ့ႏႈန္းထားအတိုင္းပဲ ေပးေခ်မွာ။ ေဈးကေတာ့ လယ္ဆိုရင္ ဘယ္ေလာက္၊ ဥယ်ာဥ္ဆို ရင္ ဘယ္ေလာက္။ ေျမေပၚမူတည္ၿပီးေပးမွာ။ အကုန္လုံးဆို သိန္း (၆) ေသာင္းေက်ာ္မယ္။ ဒီရက္ပိုင္း အတြင္းမွာပဲ အၿပီးေပးေခ်ၿပီးေတာ့ လုပ္ငန္းကိုပြင့္လင္းရာသီမွာ စတင္မွာျဖစ္တယ္” ဟု ၎က ဆက္ ေျပာသည္။
ေက်ာက္ျဖဴ‌ေရနက္ဆိပ္ကမ္းစီမံကိန္း တည္ေဆာက္ရာတြင္ အသုံးျပဳရန္အတြက္ အဆိုပါ ေရ ေလွာင္ကန္ႀကီးမ်ားကို အစိုးရရန္ပုံေငြျဖင့္ သုံးစြဲတည္ေဆာက္သြားမည္ျဖစ္ၿပီး ေငြက်ပ္(၄)ဘီလ်ံခန႔္ ကုန္က်ႏိုင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.