အဆိုပြုချက်ကို အမေရိကန် နဲ့ ဥရောပက လက်ခံပြီးမှ ရုရှားနဲ့တွေ့ဆုံမှုက ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ယူကရိန်းပြော

156

Pika (NP News) - ဒီဇင်ဘာ ၃ဝ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဥရောပခေါင်းဆောင်တွေက ရုရှားရဲ့စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် ယူကရိန်းအဆိုပြုထားတဲ့ ငြိမ်းချမ်းရေးမူဘောင်ကို သဘောတူညီပြီးမှသာ ရုရှားနဲ့ တွေ့ဆုံမှုက ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းက ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးလိုက်တဲ့အချိန်ကနေ စတင်ပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေကို မိတ်ဖက်နိုင်ငံတွေဆီကနေ ရရှိဖို့ မျှော်လင့်ထားတယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ယူကရိန်းက အဆိုပြုထားတဲ့ငြိမ်းချမ်းရေးမူဘောင်ထဲမှာ ယူကရိန်းအတွက် အမေရိကန်က လုံခြံရေးအာမခံချက်(၁၅)နှစ်ပေးဖို့ တောင်းဆိုထားတာလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့ပြင် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ကို နှစ်(၅၀)အထိ တိုးပေးဖို့ ဒေါ်နယ်ထရမ့်ကို တောင်းဆိုထားတယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တာဟာ အချိန်(၄)နှစ်နီးပါးကြာမြင့်နေပြီဖြစ်ပေမယ့်လည်း နှစ်ဘက်စလုံးက သိသာထင်ရှားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို ရယူနိုင်တာမျိုး မရှိသေးဘဲ အကျဉ်းသားနဲ့သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်လဲလှယ်တာမျိုး သဘောတူညီချက်တွေကိုသာ ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အဆိုျပဳခ်က္ကို အေမရိကန္ နဲ႔ ဥေရာပက လက္ခံၿပီးမွ ႐ုရွားနဲ႔ေတြ႕ဆုံမႈက ျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ ယူကရိန္းေျပာ
Pika (NP News) - ဒီဇင္ဘာ ၃ဝ
အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ဥေရာပေခါင္းေဆာင္ေတြက ႐ုရွားရဲ႕စစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ ယူကရိန္းအဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရးမူေဘာင္ကို သေဘာတူညီၿပီးမွသာ ႐ုရွားနဲ႔ ေတြ႕ဆုံမႈက ျဖစ္ေပၚလာႏိုင္ဖြယ္ရွိတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းက ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို လက္မွတ္ထိုးလိုက္တဲ့အခ်ိန္ကေန စတင္ၿပီး ယူကရိန္းအတြက္ လုံၿခဳံေရးအာမခံခ်က္ေတြကို မိတ္ဖက္ႏိုင္ငံေတြဆီကေန ရရွိဖို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းက အဆိုျပဳထားတဲ့ၿငိမ္းခ်မ္းေရးမူေဘာင္ထဲမွာ ယူကရိန္းအတြက္ အေမရိကန္က လုံၿခံေရးအာမခံခ်က္(၁၅)ႏွစ္ေပးဖို႔ ေတာင္းဆိုထားတာလည္း ပါဝင္တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းအတြက္ လုံၿခဳံေရးအာမခံခ်က္ကို ႏွစ္(၅၀)အထိ တိုးေပးဖို႔ ေဒၚနယ္ထရမ့္ကို ေတာင္းဆိုထားတယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့တာဟာ အခ်ိန္(၄)ႏွစ္နီးပါးၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ႏွစ္ဘက္စလုံးက သိသာထင္ရွားတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳး မရွိေသးဘဲ အက်ဥ္းသားနဲ႔ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္လဲလွယ္တာမ်ိဳး သေဘာတူညီခ်က္ေတြကိုသာ ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။