တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ ကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်းတစ်ခုကို တရုတ် စတင်

 99

Pika (NP News) - ဒီဇင်ဘာ ၃၁

တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ ကြီးမားတဲ့တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှု စစ်ရေးလေ့ကျင့်ခန်းတွေကို တရုတ်နိုင်ငံက စတင်ခဲ့ပြီး စစ်သင်္ဘောတွေ၊တိုက်လေယာဉ်တွေနဲ့အမြောက်တပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားခဲ့တယ်လို့ သိရပါ တယ်။
တရုတ်(တိုင်ပေ)ကျွန်းအတွက် အကြီးဆုံးလက်နက်ရောင်းချမှုအစီအစဉ်တစ်ခုကို အမေရိကန်အစိုးရက အတည်ပြု ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ‘Joint Sword – 2025A’ လို့ အမည်ပေးထားတဲ့စစ်ရေးလေ့ကျင့်ခန်းဟာ အဓိကဆိပ်ကမ်းတွေကို ပိတ်ဆို့တာတွေ၊ ရေကြောင်း ပစ်မှတ်တွေကို တိတိကျကျတိုက်ခိုက်တာနဲ့ ပြင်ပအင်အားစုတွေရဲ့ဝင်ရောက်စွက်ဖက်မှုတွေကို တုံ့ပြန်မယ့် အခြေအနေတွေကို သရုပ်ဖော်ထားတာဖြစ်တယ်လို့ တရုတ်အစိုးရက ပြောကြားခဲ့ပါတယ်။
တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒီလေ့ကျင့်ခန်းတွေဟာ ပင်လယ်-လေကြောင်းပူးတွဲတိုက်ခိုက်ရေး အဆင်သင့်ဖြစ်မှုတွေ၊ ဘက်စုံစစ်မြေပြင်ထိန်းချုပ်မှုတွေကို ပူးတွဲသိမ်းပိုက်မှုတွေနဲ့ အဓိကပစ်မှတ်တွေကို တိတိကျကျတိုက်ခိုက်မှုတွေကို အာရုံစိုက်ထားတာပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အဲဒီစစ်ရေးလေ့ကျင့်ခန်းတွေက တရုတ်နိုင်ငံရဲ့အမျိုးသားအချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့အရာတွေဖြစ်တယ်လို့လည်း တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ ႀကီးမားတဲ့စစ္ေရးေလ့က်င့္ခန္းတစ္ခုကို တ႐ုတ္ စတင္
Pika (NP News) - ဒီဇင္ဘာ ၃၁
တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ ႀကီးမားတဲ့တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈ စစ္ေရးေလ့က်င့္ခန္းေတြကို တ႐ုတ္ႏိုင္ငံက စတင္ခဲ့ၿပီး စစ္သေဘၤာေတြ၊တိုက္ေလယာဥ္ေတြနဲ႔အေျမာက္တပ္ဖြဲ႕ေတြကို ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔ သိရပါ တယ္။
တ႐ုတ္(တိုင္ေပ)ကြၽန္းအတြက္ အႀကီးဆုံးလက္နက္ေရာင္းခ်မႈအစီအစဥ္တစ္ခုကို အေမရိကန္အစိုးရက အတည္ျပဳ ေပးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ တ႐ုတ္ရဲ႕စစ္ေရးေလ့က်င့္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ‘Joint Sword – 2025A’ လို႔ အမည္ေပးထားတဲ့စစ္ေရးေလ့က်င့္ခန္းဟာ အဓိကဆိပ္ကမ္းေတြကို ပိတ္ဆို႔တာေတြ၊ ေရေၾကာင္း ပစ္မွတ္ေတြကို တိတိက်က်တိုက္ခိုက္တာနဲ႔ ျပင္ပအင္အားစုေတြရဲ႕ဝင္ေရာက္စြက္ဖက္မႈေတြကို တုံ႔ျပန္မယ့္ အေျခအေနေတြကို သ႐ုပ္ေဖာ္ထားတာျဖစ္တယ္လို႔ တ႐ုတ္အစိုးရက ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “ဒီေလ့က်င့္ခန္းေတြဟာ ပင္လယ္-ေလေၾကာင္းပူးတြဲတိုက္ခိုက္ေရး အဆင္သင့္ျဖစ္မႈေတြ၊ ဘက္စုံစစ္ေျမျပင္ထိန္းခ်ဳပ္မႈေတြကို ပူးတြဲသိမ္းပိုက္မႈေတြနဲ႔ အဓိကပစ္မွတ္ေတြကို တိတိက်က်တိုက္ခိုက္မႈေတြကို အာ႐ုံစိုက္ထားတာပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီစစ္ေရးေလ့က်င့္ခန္းေတြက တ႐ုတ္ႏိုင္ငံရဲ႕အမ်ိဳးသားအခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔အတြက္ လိုအပ္တဲ့အရာေတြျဖစ္တယ္လို႔လည္း တ႐ုတ္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.