ဆိုမာလီလန်းနယ်မြေမှာရှိတဲ့အစ္စရေးရဲ့တည်ရှိမှုအားလုံးကို တိုက်ခိုက်သွားမယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ ခြိမ်းခြောက်

 102

Pika (NP News) - ဒီဇင်ဘာ ၃၁

ဆိုမာလီလန်းဒေသမှာရှိတဲ့ အစ္စရေးရဲ့တည်ရှိမှုအားလုံးက တရားဝင် စစ်ဘက်ဆိုင်ရာပစ်မှတ်တွေဖြစ်လာလိမ့်မယ် လို့ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အစ္စရေးက ဆိုမာလီလန်းနယ်မြေ ရဲ့လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုတဲ့နိုင်ငံဖြစ်လာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဟူသီ လက်နက်ကိုင် အဖွဲ့ရဲ့သတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အစ္စရေးရဲ့လုပ်ရပ်ဟာ ဆိုမာလီယာနဲ့ယီမင်ကို ဆန့်ကျင်တဲ့ရန်လိုမှုတစ်ခုဖြစ်ပြီး ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့အကြီးအကဲ Abdulmalik al-Houthi က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဆိုမာလီလန်းဒေသမှာ တည်ရှိနေတဲ့အစ္စရေးရဲ့တည်ရှိမှုအားလုံးကို ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တရားဝင် စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်သွားမယ်လို့လည်း Abdulmalik al-Houthi က ပြောကြားခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားတို့ဟာ ဆိုမာလီလန်းနယ်မြေကို အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ကြေညာချက်တစ်စောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဆိုမာလီလန်းနယ်မြေရဲ့လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်ကို တရုတ် အပါအဝင် နိုင်ငံ အချို့က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဆိုမာလီလန္းနယ္ေျမမွာရွိတဲ့အစၥေရးရဲ႕တည္ရွိမႈအားလုံးကို တိုက္ခိုက္သြားမယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ ၿခိမ္းေျခာက္
Pika (NP News) - ဒီဇင္ဘာ ၃၁
ဆိုမာလီလန္းေဒသမွာရွိတဲ့ အစၥေရးရဲ႕တည္ရွိမႈအားလုံးက တရားဝင္ စစ္ဘက္ဆိုင္ရာပစ္မွတ္ေတြျဖစ္လာလိမ့္မယ္ လို႔ ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အစၥေရးက ဆိုမာလီလန္းနယ္ေျမ ရဲ႕လြတ္လပ္ေရးကို ပထမဆုံးအသိအမွတ္ျပဳတဲ့ႏိုင္ငံျဖစ္လာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ဟူသီ လက္နက္ကိုင္ အဖြဲ႕ရဲ႕သတိေပးခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အစၥေရးရဲ႕လုပ္ရပ္ဟာ ဆိုမာလီယာနဲ႔ယီမင္ကို ဆန႔္က်င္တဲ့ရန္လိုမႈတစ္ခုျဖစ္ၿပီး ေဒသတြင္းလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕အႀကီးအကဲ Abdulmalik al-Houthi က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဆိုမာလီလန္းေဒသမွာ တည္ရွိေနတဲ့အစၥေရးရဲ႕တည္ရွိမႈအားလုံးကို ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ တရားဝင္ စစ္ေရးပစ္မွတ္ေတြအျဖစ္ သတ္မွတ္သြားမယ္လို႔လည္း Abdulmalik al-Houthi က ေျပာၾကားခဲ့ပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး ဂီဒီယြန္ဆားတို႔ဟာ ဆိုမာလီလန္းနယ္ေျမကို အခ်ဳပ္အျခာ အာဏာပိုင္ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳတဲ့ေၾကညာခ်က္တစ္ေစာင္ကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ လက္မွတ္ေရးထိုးခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဆိုမာလီလန္းနယ္ေျမရဲ႕လြတ္လပ္ေရးကို အသိအမွတ္ျပဳခဲ့တဲ့ အစၥေရးရဲ႕လုပ္ရပ္ကို တ႐ုတ္ အပါအဝင္ ႏိုင္ငံ အခ်ိဳ႕က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.