တရုတ်(တိုင်ပေ)ကျွန်းကို ထောက်ခံမှုနဲ့ပတ်သက်ပြီး ပြင်ပအင်အားစုတွေကို တရုတ် သတိပေး

 166

Pika (NP News) - ဒီဇင်ဘာ ၃၁

တရုတ်(တိုင်ပေ)ကျွန်းကို ကျောထောက်နောက်ခံပြုနေတဲ့ ပြင်ပအင်အားစုအတွက် သတိပေးချက်တစ်ခုကို တရုတ်အစိုးရက ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ ကြီးမားတဲ့တိုက်ရိုက်ပစ်ခတ်မှု စစ်ရေးလေ့ကျင့်မှုတစ်ခုကို တရုတ်စစ်တပ်က စတင်လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုသတိပေးချက်တွေ ထုတ်ပြန်ခဲ့ တာပဲဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်(တိုင်ပေ)ကျွန်းနဲ့ တရုတ်ပြည်မကြီးတို့ကြား ပြန်လည်ပေါင်းစည်းရေးကို ရပ်တန့် ဖို့ ကြိုးပမ်းမှုတွေအားလုံးဟာ အောင်မြင်လိ့မ်မှာ မဟုတ်ဘူးလို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ လင်ဂျီအန်က ပြောကြားခဲ့ပါတယ်။
တရုတ်(တိုင်ပေ)ကျွန်းအတွက် အကြီးဆုံးလက်နက်ရောင်းချမှုအစီအစဉ်တစ်ခုကို အမေရိကန်အစိုးရက အတည်ပြု ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ‘Joint Sword – 2025A’ လို့ အမည်ပေးထားတဲ့စစ်ရေးလေ့ကျင့်ခန်းဟာ အဓိကဆိပ်ကမ်းတွေကို ပိတ်ဆို့တာတွေ၊ ရေကြောင်း ပစ်မှတ်တွေကို တိတိကျကျတိုက်ခိုက်တာနဲ့ ပြင်ပအင်အားစုတွေရဲ့ဝင်ရောက်စွက်ဖက်မှုတွေကို တုံ့ပြန်မယ့် အခြေအနေတွေကို သရုပ်ဖော်ထားတာဖြစ်တယ်လို့လည်း တရုတ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီစစ်ရေးလေ့ကျင့်ခန်းတွေက တရုတ်နိုင်ငံရဲ့အမျိုးသားအချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အရာတွေဖြစ်တယ်လို့လည်း လင်ဂျီအန်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)ကြၽန္းကို ေထာက္ခံမႈနဲ႔ပတ္သက္ၿပီး ျပင္ပအင္အားစုေတြကို တ႐ုတ္ သတိေပး
Pika (NP News) - ဒီဇင္ဘာ ၃၁
တ႐ုတ္(တိုင္ေပ)ကြၽန္းကို ေက်ာေထာက္ေနာက္ခံျပဳေနတဲ့ ျပင္ပအင္အားစုအတြက္ သတိေပးခ်က္တစ္ခုကို တ႐ုတ္အစိုးရက ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ ႀကီးမားတဲ့တိုက္႐ိုက္ပစ္ခတ္မႈ စစ္ေရးေလ့က်င့္မႈတစ္ခုကို တ႐ုတ္စစ္တပ္က စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုသတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ တာပဲျဖစ္ပါတယ္။ ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)ကြၽန္းနဲ႔ တ႐ုတ္ျပည္မႀကီးတို႔ၾကား ျပန္လည္ေပါင္းစည္းေရးကို ရပ္တန႔္ ဖို႔ ႀကိဳးပမ္းမႈေတြအားလုံးဟာ ေအာင္ျမင္လိ့မ္မွာ မဟုတ္ဘူးလို႔လည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရး ဆိုခြင့္ရွိသူ လင္ဂ်ီအန္က ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္(တိုင္ေပ)ကြၽန္းအတြက္ အႀကီးဆုံးလက္နက္ေရာင္းခ်မႈအစီအစဥ္တစ္ခုကို အေမရိကန္အစိုးရက အတည္ျပဳ ေပးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ တ႐ုတ္ရဲ႕စစ္ေရးေလ့က်င့္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ‘Joint Sword – 2025A’ လို႔ အမည္ေပးထားတဲ့စစ္ေရးေလ့က်င့္ခန္းဟာ အဓိကဆိပ္ကမ္းေတြကို ပိတ္ဆို႔တာေတြ၊ ေရေၾကာင္း ပစ္မွတ္ေတြကို တိတိက်က်တိုက္ခိုက္တာနဲ႔ ျပင္ပအင္အားစုေတြရဲ႕ဝင္ေရာက္စြက္ဖက္မႈေတြကို တုံ႔ျပန္မယ့္ အေျခအေနေတြကို သ႐ုပ္ေဖာ္ထားတာျဖစ္တယ္လို႔လည္း တ႐ုတ္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီစစ္ေရးေလ့က်င့္ခန္းေတြက တ႐ုတ္ႏိုင္ငံရဲ႕အမ်ိဳးသားအခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔အတြက္ လိုအပ္တဲ့ အရာေတြျဖစ္တယ္လို႔လည္း လင္ဂ်ီအန္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.