အင်ဒိုနီးရှားနိုင်ငံက ဘိုးဘွားရိပ်သာတစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦးသေဆုံး

 141

Pika (NP News) - ဒီဇင်ဘာ ၃၁

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက သက်ကြီးရွယ်အိုဂေဟာတစ်ခုမှာ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
မာနာဒိုမြို့က သက်ကြီးရွယ်အိုဂေဟာတစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းကို လက်ခံရရှိ ပြီးပြီးချင်းမှာပဲ မီးသတ်တပ်ဖွဲ့က ချက်ချင်းသွားရောက်ပြီး မီးငြိမ်းသတ်မှုတွေကို လုပ်ဆောင်ပေးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့အကြီးအကဲက “ဒီမီးလောင်ကျွမ်းမှုအတွင်း လူ(၁၆)ဦး သေဆုံးပြီး အခြားလူ(၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်ပွားချိန်မှာ သက်ကြီးရွယ်အိုအများစုဟာ ၎င်းတို့ရဲ့အခန်းတွေထဲမှာ အနားယူနေနိုင်ဖွယ်ရှိနေ တယ်လို့လည်း မီးသတ်တပ်ဖွဲ့အကြီးအကဲက ပြောကြားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ် သမားတွေဟာ လူ(၁၂)ဦးကို ဘေးလွတ်ရာကိုကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ဓါတ်ပုံတွေမှာ ဂေဟာက မီးလောင်ကျွမ်းနေပြီး ဒေသခံတွေက သက်ကြီးရွယ်အိုတစ်ဦးကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံက ဘိုးဘြားရိပ္သာတစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၆)ဦးေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၃၁
အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝစီကြၽန္းက သက္ႀကီး႐ြယ္အိုေဂဟာတစ္ခုမွာ မီးေလာင္ကြၽမ္းမႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁၆)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
မာနာဒိုၿမိဳ႕က သက္ႀကီး႐ြယ္အိုေဂဟာတစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားေနတယ္ဆိုတဲ့ သတင္းကို လက္ခံရရွိ ၿပီးၿပီးခ်င္းမွာပဲ မီးသတ္တပ္ဖြဲ႕က ခ်က္ခ်င္းသြားေရာက္ၿပီး မီးၿငိမ္းသတ္မႈေတြကို လုပ္ေဆာင္ေပးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
မီးသတ္တပ္ဖြဲ႕အႀကီးအကဲက “ဒီမီးေလာင္ကြၽမ္းမႈအတြင္း လူ(၁၆)ဦး ေသဆုံးၿပီး အျခားလူ(၃)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
မီးေလာင္ကြၽမ္းမႈျဖစ္ပြားခ်ိန္မွာ သက္ႀကီး႐ြယ္အိုအမ်ားစုဟာ ၎တို႔ရဲ႕အခန္းေတြထဲမွာ အနားယူေနႏိုင္ဖြယ္ရွိေန တယ္လို႔လည္း မီးသတ္တပ္ဖြဲ႕အႀကီးအကဲက ေျပာၾကားခဲ့ပါတယ္။ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ မီးသတ္ သမားေတြဟာ လူ(၁၂)ဦးကို ေဘးလြတ္ရာကိုကယ္ထုတ္ႏိုင္ခဲ့ၿပီး ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ေပးခဲ့တယ္လို႔လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာ တင္ထားတဲ့ဓါတ္ပုံေတြမွာ ေဂဟာက မီးေလာင္ကြၽမ္းေနၿပီး ေဒသခံေတြက သက္ႀကီး႐ြယ္အိုတစ္ဦးကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းေပးေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.