ရွေးကောက်ပွဲပထမပိုင်းတွင် မဲပေးသူ (၅၂) ရာခိုင်နှုန်းကျော်ရှိဟုဆို

 159

Pearl (NP News) - ဒီဇင်ဘာ ၃၁
ဒီဇင်လာ (၂၈)ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲပထမပိုင်းတွင် မဲပေးသူ (၅၂) ရာခိုင်နှုန်းကျော်ရှိပြီး အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ အတွက် မဲစာရင်းကို (၃)ကြိမ်ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ပထမပိုင်းတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ပေါင်း ၁၁၆၉၂၁၄၄ (၁၁.၆သန်းကျော်) ရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင် ၁၁.၆သန်းကျော်အနက် ရွေးကောက်ပွဲ ပထမပိုင်းတွင် မဲဆန္ဒရှင် ၆၀၉၅၅၁၁ဦး ( (၆သန်းကျော်) လာရောက် မဲပေးခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့်၅၂.၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
“ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေ မှာတောင် ဆန္ဒမဲပေးသူ ဦးရေ (၅၀) ရာခိုင်နှုန်းမကျော်တဲ့ အခြေအနေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မဲပေးသူ (၅၀) ရာခိုင်နှုန်းကျော် ရှိခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်အတွက် အားရ ဂုဏ်ယူ ဖွယ်ဖြစ်ပြီး အောင်မြင်တဲ့ရွေးကောက်ပွဲ ဖြစ်ခဲ့ကြောင်း ပြောလိုပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မဲပေးနိုင်သည့် မဲဆန္ဒရှင်ပေါင်း (၂၄.၂၆) သန်း ခန့်ရှိ ပြီး လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက် နှင့် (၂၅)ရက်တို့တွင် ရွေးကောက်ပွဲ ဒုတိယပိုင်း နှင့် တတိယပိုင်းတို့ကို ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲပထမပိုင္းတြင္ မဲေပးသူ (၅၂) ရာခိုင္ႏႈန္းေက်ာ္ရွိဟုဆို
Pearl (NP News) - ဒီဇင္ဘာ ၃၁
ဒီဇင္လာ (၂၈)ရက္တြင္ က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲပထမပိုင္းတြင္ မဲေပးသူ (၅၂) ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး ေအာင္ျမင္သည့္ေ႐ြးေကာက္ပြဲျဖစ္ေၾကာင္း သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို အပိုင္း (၃) ပိုင္းခြဲ၍ က်င္းပမည္ျဖစ္ရာ ေ႐ြးေကာက္ပြဲ အတြက္ မဲစာရင္းကို (၃)ႀကိမ္ထုတ္ျပန္ခဲ့ၿပီး ေ႐ြးေကာက္ပြဲ ပထမပိုင္းတြင္ မဲေပးႏိုင္သည့္ မဲဆႏၵရွင္ေပါင္း ၁၁၆၉၂၁၄၄ (၁၁.၆သန္းေက်ာ္) ရွိေၾကာင္း သိရသည္။
အဆိုပါ မဲဆႏၵရွင္ ၁၁.၆သန္းေက်ာ္အနက္ ေ႐ြးေကာက္ပြဲ ပထမပိုင္းတြင္ မဲဆႏၵရွင္ ၆၀၉၅၅၁၁ဦး ( (၆သန္းေက်ာ္) လာေရာက္ မဲေပးခဲ့သည့္အတြက္ ရာခိုင္ႏႈန္းအားျဖင့္၅၂.၁၃ ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။
“ဒီမိုကေရစီထြန္းကားတဲ့ႏိုင္ငံေတြ မွာေတာင္ ဆႏၵမဲေပးသူ ဦးေရ (၅၀) ရာခိုင္ႏႈန္းမေက်ာ္တဲ့ အေျခအေနမွာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ မဲေပးသူ (၅၀) ရာခိုင္ႏႈန္းေက်ာ္ ရွိခဲ့တာဟာ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီစနစ္အတြက္ အားရ ဂုဏ္ယူ ဖြယ္ျဖစ္ၿပီး ေအာင္ျမင္တဲ့ေ႐ြးေကာက္ပြဲ ျဖစ္ခဲ့ေၾကာင္း ေျပာလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ မဲေပးႏိုင္သည့္ မဲဆႏၵရွင္ေပါင္း (၂၄.၂၆) သန္း ခန႔္ရွိ ၿပီး လာမည့္ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလ (၁၁)ရက္ ႏွင့္ (၂၅)ရက္တို႔တြင္ ေ႐ြးေကာက္ပြဲ ဒုတိယပိုင္း ႏွင့္ တတိယပိုင္းတို႔ကို ဆက္လက္က်င္းပမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.