မတူညီသော နှင်းဘောလုံး(၁၁၀ဝဝ)လုံးကို စုဆောင်းပြီး ကိုယ်ပိုင်ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့သည့် ဂျာမနီအမျိုးသား

61

Pika (NP News) - ဇန်နဝါရီ ၁
ဂျာမနီနိုင်ငံသားတစ်ဦးသည် မတူညီသော နှင်းဘောလုံး(၁၁၀ဝဝ)လုံးကိုစုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ ဂင်းနစ်စံ ချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ ဂျိုးဆက်ဖ်ကာဒီနယ်ဆိုသည့်အမျိုးသားသည် ၎င်း၏ကိုယ် ပိုင်ဂင်းနစ်စံချိန်ဖြစ် သည့် နှင်းဘောလုံးအများဆုံးစု ဆောင်းမှုစံချိန်ကို ကိုယ်တိုင်ထပ်မံချိုးဖျက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ဂျိုးဆက်ဖ် သည် (၂၀ဝ၂)ခုနှစ်တွင် နှင်းဘောလုံးစုစုပေါင်း(၆၁၀ဝ)လုံးကို စုဆောင်း ခဲ့ပြီးနောက် နှင်းဘောလုံးအများဆုံးစု ဆောင်းသူအဖြစ် စံချိန်ကိုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဂျိုးဆက်ဖ်ကာဒီနယ်၏နေအိမ်ကိုလာ ရောက်လည် ပတ်ခဲ့ပြီး ၎င်းသည် မတူညီသောနှင်း ဘောလုံးစုစုပေါင်း(၁၁၀ဝဝ)လုံးကို စုဆောင်းထား ကြောင်းအတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဂင်းနစ်စံ ချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (၁၉၉၄) ခုနှစ်မှစတင်ပြီး နှင်းဘောလုံးများကို စုဆောင်းခဲ့သော ဂျိုးဆက်ဖ်ကာဒီနယ်က ၎င်းစုဆောင်းထားသည့်အထဲတွင် ရှေးအကျဆုံးနှင်းဘောလုံးမှာ (၁၈၈၉) ခုနှစ်က ပဲရစ်မြို့တွင်ပြုလုပ်ခဲ့သော အီဖယ်တာဝါပုံစံပါသည့်နှင်းဘောလုံးဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့ပြင် ၎င်းစုဆောင်းထားသော ထူးခြားသည့် နှင်းဘောလုံးအချို့တွင် ကိုကာကိုလာဖုန်းပုံသဏ္ဌာန် နှင်း ဘောလုံး၊ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှုကိုသရုပ်ဖော်ထားသည့်နှင်းဘောလုံးနှင့် ဆန်တာက လောက်စ် ရဟတ်ယာဉ် မောင်းနှင်နေသည့်ပုံကို သရုပ်ဖော်ထားသည့်နှင်းဘောလုံးတို့ပါဝင်ကြောင်းသိရသည်။ ဂျိုးဆက်ဖ်ကာ ဒီနယ်၏စုဆောင်း မှုများတွင် Star Wars၊ Harry Potter နှင့် Lord of the Rings ရုပ်ရှင်များမှ ဇာတ်ကောင်များနှင့်နေရာများကို သရုပ်ဖော်ထားသည့် နှင်းဘောလုံးများလည်း ပါရှိကြောင်း သိရသည်။

Zawgyi Version:
မတူညီေသာ ႏွင္းေဘာလုံး(၁၁၀ဝဝ)လုံးကို စုေဆာင္းၿပီး ကိုယ္ပိုင္ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့သည့္ ဂ်ာမနီအမ်ိဳးသား
Pika (NP News) - ဇန္နဝါရီ ၁
ဂ်ာမနီႏိုင္ငံသားတစ္ဦးသည္ မတူညီေသာ ႏွင္းေဘာလုံး(၁၁၀ဝဝ)လုံးကိုစုေဆာင္းခဲ့ၿပီးေနာက္ ကမာၻ႔ ဂင္းနစ္စံ ခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ဂ်ိဳးဆက္ဖ္ကာဒီနယ္ဆိုသည့္အမ်ိဳးသားသည္ ၎၏ကိုယ္ ပိုင္ဂင္းနစ္စံခ်ိန္ျဖစ္ သည့္ ႏွင္းေဘာလုံးအမ်ားဆုံးစု ေဆာင္းမႈစံခ်ိန္ကို ကိုယ္တိုင္ထပ္မံခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ဂ်ိဳးဆက္ဖ္ သည္ (၂၀ဝ၂)ခုႏွစ္တြင္ ႏွင္းေဘာလုံးစုစုေပါင္း(၆၁၀ဝ)လုံးကို စုေဆာင္း ခဲ့ၿပီးေနာက္ ႏွင္းေဘာလုံးအမ်ားဆုံးစု ေဆာင္းသူအျဖစ္ စံခ်ိန္ကိုရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ဂ်ိဳးဆက္ဖ္ကာဒီနယ္၏ေနအိမ္ကိုလာ ေရာက္လည္ ပတ္ခဲ့ၿပီး ၎သည္ မတူညီေသာႏွင္း ေဘာလုံးစုစုေပါင္း(၁၁၀ဝဝ)လုံးကို စုေဆာင္းထား ေၾကာင္းအတည္ျပဳခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဂင္းနစ္စံ ခ်ိန္သစ္တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ (၁၉၉၄) ခုႏွစ္မွစတင္ၿပီး ႏွင္းေဘာလုံးမ်ားကို စုေဆာင္းခဲ့ေသာ ဂ်ိဳးဆက္ဖ္ကာဒီနယ္က ၎စုေဆာင္းထားသည့္အထဲတြင္ ေရွးအက်ဆုံးႏွင္းေဘာလုံးမွာ (၁၈၈၉) ခုႏွစ္က ပဲရစ္ၿမိဳ႕တြင္ျပဳလုပ္ခဲ့ေသာ အီဖယ္တာဝါပုံစံပါသည့္ႏွင္းေဘာလုံးျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ၎စုေဆာင္းထားေသာ ထူးျခားသည့္ ႏွင္းေဘာလုံးအခ်ိဳ႕တြင္ ကိုကာကိုလာဖုန္းပုံသဏၭာန္ ႏွင္း ေဘာလုံး၊ တိုက္တန္းနစ္သေဘၤာနစ္ျမဳပ္မႈကိုသ႐ုပ္ေဖာ္ထားသည့္ႏွင္းေဘာလုံးႏွင့္ ဆန္တာက ေလာက္စ္ ရဟတ္ယာဥ္ ေမာင္းႏွင္ေနသည့္ပုံကို သ႐ုပ္ေဖာ္ထားသည့္ႏွင္းေဘာလုံးတို႔ပါဝင္ေၾကာင္းသိရသည္။ ဂ်ိဳးဆက္ဖ္ကာ ဒီနယ္၏စုေဆာင္း မႈမ်ားတြင္ Star Wars၊ Harry Potter ႏွင့္ Lord of the Rings ႐ုပ္ရွင္မ်ားမွ ဇာတ္ေကာင္မ်ားႏွင့္ေနရာမ်ားကို သ႐ုပ္ေဖာ္ထားသည့္ ႏွင္းေဘာလုံးမ်ားလည္း ပါရွိေၾကာင္း သိရသည္။