ပျဉ်းမနားတွင် ဂက်စ်အိုးမှစတင်လောင်ကျွမ်းခဲ့သည့် မီးကြောင့် အိမ်(၃၂) လုံး ပျက်စီးကာ လူဦးရေ (၃၅၀) ခန့်မီးဘေးသင့်

342

ထိုက်စံ(NP News) - ဇန်နဝါရီ ၁
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် ဂစ်အိုးမှစတင်လောင်ကျွမ်းခဲ့သည့် မီးကြောင့် အိမ်(၃၂) လုံး ပျက်စီးကာ လူဦးရေ (၃၅၀) ခန့်မီးဘေးသင့်ခဲ့ကြောင်း ပျဉ်းမနားမြို့အရန်မီးသတ်တပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့( ဒီဇင်ဘာ ၃၁ရက်)၊ ည ၆ နာရီအချိန်ခန့်က နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ (၁၆)တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြေပြင်မှာက အလုပ်များနေလို့ပါ။ အလုပ်များနေလို့ပါ။ မီးလောင်ချိန်ကတော့ ပတ်ဝန်းကျင်ကပြောတာတော့ (၆) နာရီလောက်တည်းက စလောင်တယ်လို့ပြောတာပဲ။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာကို ခန့်မှန်း (၅)လုံး (၆)လုံးလောက်လောင်နေပြီဗျ။ မီးလောင်သွားတာ အိမ်ထောင်စု ကနဦး (၆၀)ကျော်လို့ သတ်မှတ်ထားပါတယ်။ ၁၉ နာရီ ၃၅ မိနစ်မှာ မီးထိန်းနိုင်တယ်။ ၂၀ နာရီ အတိမှာ မီးလုံးဝငြိမ်းတာပါ။ မီးစလောင်တာက ဂက်စ်အိုးကနေလောင်တာ”ဟု အထက်ပါ သတင်းရင်းမြစ်က NP News ကိုပြောသည်။
မီးလောင်မှုကြောင့် လူနေအိမ် (၃၂) လုံးမှ အိမ်ထောင်စု (၆၀)ရှိ လူဦးရေ (၃၅၀)ခန့် မီးဘေးသင့်ခဲ့ကြောင်း သိရသည်။
“နေအိမ် အလုံး (၃၂) မီးလောင်သွားတာပါ။ မီးဘေးသင့်တာက အိမ်ထောင်စု (၆၀) ၊ လူဦးရေ (၃၅၀)ခန့်ပါ”ဟု ၎င်းကဆက်ပြောသည်။
ထို့နောက် ယင်းမီးလောင်မှုအား နေပြည်တော်အတွင်းရှိ မီးသတ်စခန်းများမှ Level 2 အဆင့်ဖြင့် ထွက်ခွာမီးငြှိမ်းသတ်ခဲ့ပြီး ည (၈) နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မီးလောင်မှုမှ ထိခိုက်ဒဏ်ရရှိမှုအခြေအနေနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ပ်ဥ္းမနားတြင္ ဂက္စ္အိုးမွစတင္ေလာင္ကြၽမ္းခဲ့သည့္ မီးေၾကာင့္ အိမ္(၃၂) လုံး ပ်က္စီးကာ လူဦးေရ (၃၅၀) ခန႔္မီးေဘးသင့္
ထိုက္စံ(NP News) - ဇန္နဝါရီ ၁
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕နယ္တြင္ ဂစ္အိုးမွစတင္ေလာင္ကြၽမ္းခဲ့သည့္ မီးေၾကာင့္ အိမ္(၃၂) လုံး ပ်က္စီးကာ လူဦးေရ (၃၅၀) ခန႔္မီးေဘးသင့္ခဲ့ေၾကာင္း ပ်ဥ္းမနားၿမိဳ႕အရန္မီးသတ္တပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
မီးေလာင္မႈသည္ ယမန္ေန႔( ဒီဇင္ဘာ ၃၁ရက္)၊ ည ၆ နာရီအခ်ိန္ခန႔္က ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္၊ ရန္ေအာင္(၂)ရပ္ကြက္၊ ရန္ႏိုင္ရပ္၊ နယ္ေျမ (၁၆)တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေျမျပင္မွာက အလုပ္မ်ားေနလို႔ပါ။ အလုပ္မ်ားေနလို႔ပါ။ မီးေလာင္ခ်ိန္ကေတာ့ ပတ္ဝန္းက်င္ကေျပာတာေတာ့ (၆) နာရီေလာက္တည္းက စေလာင္တယ္လို႔ေျပာတာပဲ။ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာကို ခန႔္မွန္း (၅)လုံး (၆)လုံးေလာက္ေလာင္ေနၿပီဗ်။ မီးေလာင္သြားတာ အိမ္ေထာင္စု ကနဦး (၆၀)ေက်ာ္လို႔ သတ္မွတ္ထားပါတယ္။ ၁၉ နာရီ ၃၅ မိနစ္မွာ မီးထိန္းႏိုင္တယ္။ ၂၀ နာရီ အတိမွာ မီးလုံးဝၿငိမ္းတာပါ။ မီးစေလာင္တာက ဂက္စ္အိုးကေနေလာင္တာ”ဟု အထက္ပါ သတင္းရင္းျမစ္က NP News ကိုေျပာသည္။
မီးေလာင္မႈေၾကာင့္ လူေနအိမ္ (၃၂) လုံးမွ အိမ္ေထာင္စု (၆၀)ရွိ လူဦးေရ (၃၅၀)ခန႔္ မီးေဘးသင့္ခဲ့ေၾကာင္း သိရသည္။
“ေနအိမ္ အလုံး (၃၂) မီးေလာင္သြားတာပါ။ မီးေဘးသင့္တာက အိမ္ေထာင္စု (၆၀) ၊ လူဦးေရ (၃၅၀)ခန႔္ပါ”ဟု ၎ကဆက္ေျပာသည္။
ထို႔ေနာက္ ယင္းမီးေလာင္မႈအား ေနျပည္ေတာ္အတြင္းရွိ မီးသတ္စခန္းမ်ားမွ Level 2 အဆင့္ျဖင့္ ထြက္ခြာမီးျငႇိမ္းသတ္ခဲ့ၿပီး ည (၈) နာရီတြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ မီးေလာင္မႈမွ ထိခိုက္ဒဏ္ရရွိမႈအေျခအေနႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကို စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။