ကသာမြို့တွင် KIA၊ PDF များ၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် မြို့တွင်းကျန်ရှိနေသော လူ(၅၀၀)ခန့် အခက်ခဲကြုံတွေ့နေ

1517

သန့်ဇင်(NP News)-ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် KIA၊ PDF များ၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် မြို့တွင်းကျန်ရှိနေသော လူ(၅၀၀)ခန့် အခက်ခဲကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သော ကသာမြို့တိုက်ပွဲများကြောင့် ဒေသခံများစွာ နေရပ်စွန်ခွာခဲ့ရာ လက်ရှိတွင် KIA၊ PDFပူးပေါင်းအဖွဲ့က အင်းတော်-ကသာလမ်း၊ ထီးချိုင့်-ကသာလမ်းတို့တွင် ပိတ်ဆို့မှုများကြောင့် မြို့အတွင်းမှထွက်ခွာမရသူများ ရှိနေသေးကြောင်း သိရသည်။
“မြို့ထဲကထွက်တဲ့လူတွေဆိုရင်လည်း ဘာမှလုပ်လို့မရဘူး။ တပ်ကတော့ အတွင်းစည်းနဲ့ခုခံထားတယ်။ မြို့ထဲမှာ လေကြောင်းပစ် ခတ်မှုက ခဏခဏရှိတယ်။ KIA၊ PDF က အင်းတော်ဘက်နဲ့လည်း (၈) မိုင်ပတ်လည်။ ထီးချိုင့်ဘက်ကဆို ကျောက်ပုံရွာ၊ ကလုံရွာဘက် ကနေစီးပြီးဖမ်းနေတာ။ ဝန်ထမ်းတွေဆိုရင်လည်း မရှိတော့ဘူး။ ကျွန်တော်တို့မြို့ထဲမှာ လူနေအိမ်တွေရှိသေးတယ်။ ကျွန်တော်တို့မြို့ထဲမှာ လူအနည်းငယ်ရှိသေးတယ်။ မြို့ထဲမှာ စားနပ်ရိက္ခာတွေပြတ်လပ်နေတာ ဒေသခံတွေပါ”ဟု ဒေသခံတစ်ဦး NP News ကိုပြောသည်။
လက်ရှိတွင်လည်း ကသာမြို့တွင် Aton ဖုန်းလိုင်းတစ်မျိုးသာ ရံဖန်ရံခါသာ ဆက်သွယ်ရပြီး မြို့တွင်းမှထွက်ခွာသွားများသူများနှင့်လည်း ဆက်သွယ်ရန်အခက်အခဲရှိနေကြောင်း သိရသည်။
ထို့ပြင် ထွက်ခွာသူများအတွင်း အချို့မှာ KIA၊PDF အဖွဲ့၏ ဖမ်းဆီးခြင်းခံထားရကြောင်းလည်း သတင်းများထွက်ပေါ်နေကြောင်း သိရသည်။
မြို့တွင်းကျန်ရှိနေသူများသည်လည်း နေအိမ်ဖောက်ထွင်းခိုးယူသည့် အဖွဲ့များ၏ရန်နှင့် စားနပ်ရိက္ခာပြတ်လပ်မှုကိုကြုံတွေ့နေရကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“မြို့ထဲမှာ လူတွေက နီးစပ်ရာအိမ်တွေမှာစုပြီးနေကြတယ်။ အနုကြမ်းစီးတဲ့လူတွေကလည်း ညတိုင်းဝင်တဲ့အဖွဲ့တွေရှိတယ်။ အဲဒါကြောင့် အသိဆွေမျိုးတွေဆီမှာ စုဖွဲ့ပြီးနေနေကြရတယ်။ မြို့ခံကတော့ (၅၀၀)လောက်ပဲရှိတယ်။ လုတဲ့လူတွေက လူအင်အားအများအပြားနဲ့ အင်အား (၃၀)လောက်က ကားနဲ့ဆိုင်ကယ်တွေနဲ့ အိမ်တွေထဲဝင်ပြီးတော့ ဖျက်ဆီးတဲ့ပုံစံမျိုးရှိတယ်။ သူခိုးတွေကလည်း ခိုးပြီးတော့ အိမ်တွေမီးရှို့ခဲ့တာရှိတယ်”ဟု ၎င်းကပြောသည်။

Zawgyi Version:
ကသာၿမိဳ႕တြင္ KIA၊ PDF မ်ား၏ ပိတ္ဆို႔တိုက္ခိုက္မႈမ်ားေၾကာင့္ ၿမိဳ႕တြင္းက်န္ရွိေနေသာ လူ(၅၀၀)ခန႔္ အခက္ခဲႀကဳံေတြ႕ေန
သန႔္ဇင္(NP News)-ဇန္နဝါရီ ၁
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕တြင္ KIA၊ PDF မ်ား၏ ပိတ္ဆို႔တိုက္ခိုက္မႈမ်ားေၾကာင့္ ၿမိဳ႕တြင္းက်န္ရွိေနေသာ လူ(၅၀၀)ခန႔္ အခက္ခဲႀကဳံေတြ႕ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၉ ရက္က စတင္ျဖစ္ပြားခဲ့ေသာ ကသာၿမိဳ႕တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားစြာ ေနရပ္စြန္ခြာခဲ့ရာ လက္ရွိတြင္ KIA၊ PDFပူးေပါင္းအဖြဲ႕က အင္းေတာ္-ကသာလမ္း၊ ထီးခ်ိဳင့္-ကသာလမ္းတို႔တြင္ ပိတ္ဆို႔မႈမ်ားေၾကာင့္ ၿမိဳ႕အတြင္းမွထြက္ခြာမရသူမ်ား ရွိေနေသးေၾကာင္း သိရသည္။
“ၿမိဳ႕ထဲကထြက္တဲ့လူေတြဆိုရင္လည္း ဘာမွလုပ္လို႔မရဘူး။ တပ္ကေတာ့ အတြင္းစည္းနဲ႔ခုခံထားတယ္။ ၿမိဳ႕ထဲမွာ ေလေၾကာင္းပစ္ ခတ္မႈက ခဏခဏရွိတယ္။ KIA၊ PDF က အင္းေတာ္ဘက္နဲ႔လည္း (၈) မိုင္ပတ္လည္။ ထီးခ်ိဳင့္ဘက္ကဆို ေက်ာက္ပုံ႐ြာ၊ ကလုံ႐ြာဘက္ ကေနစီးၿပီးဖမ္းေနတာ။ ဝန္ထမ္းေတြဆိုရင္လည္း မရွိေတာ့ဘူး။ ကြၽန္ေတာ္တို႔ၿမိဳ႕ထဲမွာ လူေနအိမ္ေတြရွိေသးတယ္။ ကြၽန္ေတာ္တို႔ၿမိဳ႕ထဲမွာ လူအနည္းငယ္ရွိေသးတယ္။ ၿမိဳ႕ထဲမွာ စားနပ္ရိကၡာေတြျပတ္လပ္ေနတာ ေဒသခံေတြပါ”ဟု ေဒသခံတစ္ဦး NP News ကိုေျပာသည္။
လက္ရွိတြင္လည္း ကသာၿမိဳ႕တြင္ Aton ဖုန္းလိုင္းတစ္မ်ိဳးသာ ရံဖန္ရံခါသာ ဆက္သြယ္ရၿပီး ၿမိဳ႕တြင္းမွထြက္ခြာသြားမ်ားသူမ်ားႏွင့္လည္း ဆက္သြယ္ရန္အခက္အခဲရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ ထြက္ခြာသူမ်ားအတြင္း အခ်ိဳ႕မွာ KIA၊PDF အဖြဲ႕၏ ဖမ္းဆီးျခင္းခံထားရေၾကာင္းလည္း သတင္းမ်ားထြက္ေပၚေနေၾကာင္း သိရသည္။
ၿမိဳ႕တြင္းက်န္ရွိေနသူမ်ားသည္လည္း ေနအိမ္ေဖာက္ထြင္းခိုးယူသည့္ အဖြဲ႕မ်ား၏ရန္ႏွင့္ စားနပ္ရိကၡာျပတ္လပ္မႈကိုႀကဳံေတြ႕ေနရေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
“ၿမိဳ႕ထဲမွာ လူေတြက နီးစပ္ရာအိမ္ေတြမွာစုၿပီးေနၾကတယ္။ အႏုၾကမ္းစီးတဲ့လူေတြကလည္း ညတိုင္းဝင္တဲ့အဖြဲ႕ေတြရွိတယ္။ အဲဒါေၾကာင့္ အသိေဆြမ်ိဳးေတြဆီမွာ စုဖြဲ႕ၿပီးေနေနၾကရတယ္။ ၿမိဳ႕ခံကေတာ့ (၅၀၀)ေလာက္ပဲရွိတယ္။ လုတဲ့လူေတြက လူအင္အားအမ်ားအျပားနဲ႔ အင္အား (၃၀)ေလာက္က ကားနဲ႔ဆိုင္ကယ္ေတြနဲ႔ အိမ္ေတြထဲဝင္ၿပီးေတာ့ ဖ်က္ဆီးတဲ့ပုံစံမ်ိဳးရွိတယ္။ သူခိုးေတြကလည္း ခိုးၿပီးေတာ့ အိမ္ေတြမီးရႈိ႕ခဲ့တာရွိတယ္”ဟု ၎ကေျပာသည္။