ဒွါရဝတီမြို့ပြနိုင်ငံတော်များ တည်ထောင်စေခဲ့သော လူအန်ပရာဘန်းမြို့အကြောင်း (နိုင်ငံတကာ ဗဟုသုတ)

312

Pika - (NP News) - ဇန်နဝါရီ ၁
လူအန်ပရာဘန်းမြို့သည် လာအိုနိုင်ငံ မြောက်ပိုင်း အလယ်ပိုင်းရှိ လူအန်ပရာဘန်းပြည် နယ်၏မြို့တော်ဖြစ်ပြီး သမိုင်းဝင် ဗုဒ္ဓဘာသာဘုရား ကျောင်းများ၊ ပြင်သစ်ကိုလိုနီခေတ် ဗိသုကာလက် ရာများနှင့် ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ယူ နက်စကိုအဖွဲ့ကသတ်မှတ်ထားခြင်းတို့ကြောင့် နာမည်ကျော်ကြားသည့်မြို့တစ်မြို့လည်းဖြစ်သည်။ (၁၉၉၅)ခုနှစ်တွင် ကမ္ဘာ့ အမွေအနှစ်နေရာတစ်ခု အဖြစ် ယူနက်စကိုအဖွဲ့ကသတ်မှတ်လိုက်သော လူအန်ပရာဘန်းမြို့တွင် ဥရောပကိုလိုနီခေတ်အဆောက်အအုံများ၊ ရိုးရာ လာအိုဗိသုကာလက်ရာ များနှင့် ဗုဒ္ဓဘာသာဘုရားကျောင်း (၃၀)ကျော်တို့ ပါဝင်ကြောင်းသိရသည်။
ဒွါရဝတီမြို့ ပြနိုင်ငံတော်များ
(၆)ရာစုတွင် ကျောက်ဖယားမြစ်ဝှမ်းတွင် မွန်လူမျိုးများသည် ဒွါရဝတီနိုင်ငံတော်များကို ဖန်တီး ရန်ပူးပေါင်းခဲ့ကြသည်။ ထို့နောက် မြောက်ပိုင်းတွင် Haripunjaya နိုင်ငံတော်သည် ဒွါရဝတီနှင့်အပြိုင် အင်အားစုအဖြစ်ပေါ်ထွက်လာခဲ့သည်။ (၈)ရာစုတွင် မွန်လူမျိုးများသည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ သ မိုင်းဝင်နေရာ Fa Daet ၊ လာအိုနိုင်ငံ Sikhottabong ခရိုင်၊ လူအန်ပရာဘန်းနှင့် ထိုင်းနိုင်ငံ Chantaburi မြို့တို့တွင် ဒွါရဝတီမြို့ပြနိုင်ငံတော်များ ဖန်တီးရန် တွန်းအားပေးလုပ်ဆောင်ခဲ့ကြသည်။ အဆိုပါအချိန်မှစတင်ပြီး ယင်းမြို့ပြနိုင်ငံတော်များ သည် သီရိလင်္ကာသာသနာပြုများထံမှ ထေရဝါဒ ဗုဒ္ဓ ဘာသာကို ဒေသတစ်လျှောက်မိတ်ဆက်ပေးခဲ့ ကြောင်းသိရသည်။
ဒုတိယကမ္ဘာစစ်
ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်အပြီး တွင် လူအန်ပရာဘန်းမြို့သည် ဒုတိယကမ္ဘာစစ်၏အ ကြွင်းအကျန်များကို များစွာမြင်တွေ့ခဲ့ရသည့် မြို့တစ် မြို့ဖြစ်ပြီး စစ်ပွဲအတွင်း ဗစ်ချီ ပြင်သစ်၊ ထိုင်း၊ ဂျပန် အင်ပါယာ၊ လွတ်လပ်သောပြင်သစ်နှင့် တရုတ်အမျိုး သားရေးဝါဒီတပ်ဖွဲ့တို့ကဲ့သို့သော နိုင်ငံခြားနိုင်ငံများ ၏သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ အစပိုင်းတွင် ဗင်ချီ ပြင်သစ်များသည် လူအန်ပရာဘန်းမြို့ကိုထိန်းချုပ်ခဲ့ သော်လည်း (၁၉၄၀-၁၉၄၁)ခုနှစ် ပြင်သစ်-ထိုင်း စစ်ပွဲအပြီးတွင် ထိုင်းတပ်ဖွဲ့များလက်အောက်သို့ ဆုံး ရှုံးခဲ့ရကြောင်းသိရသည်။ (၁၉၄၅)ခုနှစ် မတ်လ(၉) ရက်တွင် အမျိုးသားရေးအုပ်စုတစ်ခုက လာအိုနိုင်ငံ ကို လွတ်လပ်သောနိုင်ငံအဖြစ်ကြေညာခဲ့ပြီး လူအန်ပ ရာဘန်းကို လာအိုနိုင်ငံ၏မြို့တော်အဖြစ် ကြေညာခဲ့ ကြောင်းသိရသည်။ (၁၉၄၅)ခုနှစ် ဧပြီလ(၇)ရက်တွင် ဂျပန်တပ်ရင်း(၂)ရင်းက လူအန်ပရာဘန်းမြို့ကိုသိမ်း ပိုက်ခဲ့သော်လည်း စက်တင်ဘာလတွင် တရုတ်အမျိုး သားဝါဒီတပ်ဖွဲ့များက ထပ်မံသိမ်းပိုက်သွားခဲ့ကြောင်း သိရသည်။
လာအိုပြည်တွင်းစစ်
(၁၉၄၆)ခုနှစ် ဧပြီလနှင့်မေလတို့တွင် ပြင် သစ်တို့သည် လေထီးတပ်များကိုအသုံးပြုကာ ဗီယန် ကျင်းနှင့် လူအန်ပရာဘန်းတို့ကို ပြန်လည်သိမ်းပိုက်ခဲ့ ပြီး ဝန်ကြီးများကို နိုင်ငံတွင်းမှနှင်ထုတ်ခဲ့ကာ ထိုင်း နှင့်ဗီယက်နမ်တို့သို့မောင်းထုတ်ခဲ့ကြောင်း သိရသည်။ ပထမအင်ဒိုတရုတ်စစ်ပွဲအတွင်း Viet Minh နှင့် Pathet လာအိုတပ်ဖွဲ့များသည် (၁၉၅၃)ခုနှစ်နှင့် (၁၉၅၄)ခုနှစ်တို့တွင် လူအန်ပရာဘန်းမြို့ကို သိမ်း ပိုက်ရန်ကြိုးပမ်းခဲ့သော်လည်း ပြင်သစ်တပ်ဖွဲ့များက ၎င်းတို့ကို မြို့သို့မရောက်ခင် ကြားဖြတ်တားဆီးနိုင်ခဲ့ ကြောင်းသိရသည်။
ခရီးသွားလုပ်ငန်း
လူအန်ပရာဘန်းမြို့၏ သဘာဝခရီးသွားလုပ်ငန်းနေရာများထဲတွင် ကွမ်စီရေတံခွန်၊ တက်ဆဲ ရေတံခွန်နှင့် ပါ့ခ်အိုဂူတို့ပါဝင်ကြောင်းသိရသည်။အချို့နေရာများတွင် ဆင်စီးခြင်းကိုခွင့်ပြုထားသော် လည်း အချို့နေရာများတွင် ဆင်စီးခြင်းမျိုးကိုတား မြစ်ပိတ်ပင်ထားကြောင်းသိရသည်။ Phou Si တောင်သည် လူအန်ပရာဘန်းမြို့လယ်တွင်တည် ရှိပြီး မြို့နှင့်မြစ်များဖြတ်သန်းသွားလာရာနေရာ များကို အဆိုပါတောင်ပေါ်မှာကြည့်ရှုနိုင်ပြီး နေဝင် ချိန်များကိုလည်း ကြည့်ရှုနိုင်မှုနှင့်အတူ တောင် တက်ခရီးသွားလုပ်ငန်းအတွက် နာမည်ကျော်ကြား သည့်နေရာတစ်ခုလည်းဖြစ်သည်။ လူအန်ပရာ ဘန်းမြို့၏ အဓိကလမ်းမကြီး၏အဆုံးတွင် ညဈေး တစ်ခုရှိပြီး ရှပ်အင်္ကျီများ၊ လက်ကောက်များနှင့် အခြားအမှတ်တရပစ္စည်းများကို ရောင်းချကြောင်း သိရသည်။ ဟော်ခမ်း တောင်ဝင်နန်းတော်ပြတိုက် နှင့် ဝပ်ရှန်သောင်ဘုရားကျောင်းတို့သည် လူအန်ပ ရာဘန်းမြို့၏ သမိုင်းဝင်နေရာများတွင်ပါဝင်ကြောင်း သိရသည်။ ထို့ပြင် လူအန်ပရာဘန်းမြို့၏ အဓိက လမ်းမကြီးများတွင် Wat Hosian Voravihane ဘုရားကျောင်းကဲ့သို့သော ဘုရားကျောင်းငယ်များ ဖြင့်ပြည့်နှက်နေကြောင်းသိရသည်။ နံနက်တိုင်း နေထွက်ချိန်တွင် ဘုန်းကြီးများသည် ဒေသခံများလှူဒါန်းသောဆွမ်းများကိုလက်ခံရန်အတွက် လမ်းမတစ်လျှောက်လှည့်လည်ကာ ဆွမ်းခံကြွကြ ကြောင်းသိရသည်။ လူအန်ပရာဘန်းမြို့၏ တောင် တက်စက်ဘီးစီးခြင်းတွင် လာရောက်လည်ပတ်သူ များသည် မြို့တွင်းသို့မဟုတ် ရေတံခွန်များဆီသို့ တစ်နေ့တာလုံးစက်ဘီးခြင်းကို လုပ်ဆောင်ကြ ကြောင်းလည်းသိရသည်။ လူအန်ပရာဘန်းမြို့ လယ်ကောင်မှစတင်ကာ မဲခေါင်မြစ်အောက်ပိုင်းသို့ အချိန်(၁၅)မိနစ်ကြအောင် လှေစီးပြီးသွားရသော ဘန်ချန်(မြေအိုးရွာ)သည်လည်း လူအန်ပရာဘန်း မြို့အနီးရှိ ကျော်ကြားသော နောက်ထပ်ခရီးသွားဆွဲဆောင်မှုနေရာတစ်ခုလည်းဖြစ်သည်။

Zawgyi Version:
ဒြါရဝတီၿမိဳ႕ ျပႏိုင္ငံေတာ္မ်ား တည္ေထာင္ေစခဲ့ေသာ လူအန္ပရာဘန္းၿမိဳ႕အေၾကာင္း
(ႏိုင္ငံတကာ ဗဟုသုတ)
Pika - (NP News) - ဇန္နဝါရီ ၁
လူအန္ပရာဘန္းၿမိဳ႕သည္ လာအိုႏိုင္ငံ ေျမာက္ပိုင္း အလယ္ပိုင္းရွိ လူအန္ပရာဘန္းျပည္ နယ္၏ၿမိဳ႕ေတာ္ျဖစ္ၿပီး သမိုင္းဝင္ ဗုဒၶဘာသာဘုရား ေက်ာင္းမ်ား၊ ျပင္သစ္ကိုလိုနီေခတ္ ဗိသုကာလက္ ရာမ်ားႏွင့္ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္ ယူ နက္စကိုအဖြဲ႕ကသတ္မွတ္ထားျခင္းတို႔ေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ (၁၉၉၅)ခုႏွစ္တြင္ ကမာၻ႔ အေမြအႏွစ္ေနရာတစ္ခု အျဖစ္ ယူနက္စကိုအဖြဲ႕ကသတ္မွတ္လိုက္ေသာ လူအန္ပရာဘန္းၿမိဳ႕တြင္ ဥေရာပကိုလိုနီေခတ္အေဆာက္အအုံမ်ား၊ ႐ိုးရာ လာအိုဗိသုကာလက္ရာ မ်ားႏွင့္ ဗုဒၶဘာသာဘုရားေက်ာင္း (၃၀)ေက်ာ္တို႔ ပါဝင္ေၾကာင္းသိရသည္။
ဒြါရဝတီၿမိဳ႕ ျပႏိုင္ငံေတာ္မ်ား
(၆)ရာစုတြင္ ေက်ာက္ဖယားျမစ္ဝွမ္းတြင္ မြန္လူမ်ိဳးမ်ားသည္ ဒြါရဝတီႏိုင္ငံေတာ္မ်ားကို ဖန္တီး ရန္ပူးေပါင္းခဲ့ၾကသည္။ ထို႔ေနာက္ ေျမာက္ပိုင္းတြင္ Haripunjaya ႏိုင္ငံေတာ္သည္ ဒြါရဝတီႏွင့္အၿပိဳင္ အင္အားစုအျဖစ္ေပၚထြက္လာခဲ့သည္။ (၈)ရာစုတြင္ မြန္လူမ်ိဳးမ်ားသည္ ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ သ မိုင္းဝင္ေနရာ Fa Daet ၊ လာအိုႏိုင္ငံ Sikhottabong ခ႐ိုင္၊ လူအန္ပရာဘန္းႏွင့္ ထိုင္းႏိုင္ငံ Chantaburi ၿမိဳ႕တို႔တြင္ ဒြါရဝတီၿမိဳ႕ျပႏိုင္ငံေတာ္မ်ား ဖန္တီးရန္ တြန္းအားေပးလုပ္ေဆာင္ခဲ့ၾကသည္။ အဆိုပါအခ်ိန္မွစတင္ၿပီး ယင္းၿမိဳ႕ျပႏိုင္ငံေတာ္မ်ား သည္ သီရိလကၤာသာသနာျပဳမ်ားထံမွ ေထရဝါဒ ဗုဒၶ ဘာသာကို ေဒသတစ္ေလွ်ာက္မိတ္ဆက္ေပးခဲ့ ေၾကာင္းသိရသည္။
ဒုတိယကမာၻစစ္
ဒုတိယကမာၻစစ္အတြင္းႏွင့္ စစ္အၿပီး တြင္ လူအန္ပရာဘန္းၿမိဳ႕သည္ ဒုတိယကမာၻစစ္၏အ ႂကြင္းအက်န္မ်ားကို မ်ားစြာျမင္ေတြ႕ခဲ့ရသည့္ ၿမိဳ႕တစ္ ၿမိဳ႕ျဖစ္ၿပီး စစ္ပြဲအတြင္း ဗစ္ခ်ီ ျပင္သစ္၊ ထိုင္း၊ ဂ်ပန္ အင္ပါယာ၊ လြတ္လပ္ေသာျပင္သစ္ႏွင့္ တ႐ုတ္အမ်ိဳး သားေရးဝါဒီတပ္ဖြဲ႕တို႔ကဲ့သို႔ေသာ ႏိုင္ငံျခားႏိုင္ငံမ်ား ၏သိမ္းပိုက္ျခင္းကိုခံခဲ့ရသည္။ အစပိုင္းတြင္ ဗင္ခ်ီ ျပင္သစ္မ်ားသည္ လူအန္ပရာဘန္းၿမိဳ႕ကိုထိန္းခ်ဳပ္ခဲ့ ေသာ္လည္း (၁၉၄၀-၁၉၄၁)ခုႏွစ္ ျပင္သစ္-ထိုင္း စစ္ပြဲအၿပီးတြင္ ထိုင္းတပ္ဖြဲ႕မ်ားလက္ေအာက္သို႔ ဆုံး ရႈံးခဲ့ရေၾကာင္းသိရသည္။ (၁၉၄၅)ခုႏွစ္ မတ္လ(၉) ရက္တြင္ အမ်ိဳးသားေရးအုပ္စုတစ္ခုက လာအိုႏိုင္ငံ ကို လြတ္လပ္ေသာႏိုင္ငံအျဖစ္ေၾကညာခဲ့ၿပီး လူအန္ပ ရာဘန္းကို လာအိုႏိုင္ငံ၏ၿမိဳ႕ေတာ္အျဖစ္ ေၾကညာခဲ့ ေၾကာင္းသိရသည္။ (၁၉၄၅)ခုႏွစ္ ဧၿပီလ(၇)ရက္တြင္ ဂ်ပန္တပ္ရင္း(၂)ရင္းက လူအန္ပရာဘန္းၿမိဳ႕ကိုသိမ္း ပိုက္ခဲ့ေသာ္လည္း စက္တင္ဘာလတြင္ တ႐ုတ္အမ်ိဳး သားဝါဒီတပ္ဖြဲ႕မ်ားက ထပ္မံသိမ္းပိုက္သြားခဲ့ေၾကာင္း သိရသည္။
လာအိုျပည္တြင္းစစ္
(၁၉၄၆)ခုႏွစ္ ဧၿပီလႏွင့္ေမလတို႔တြင္ ျပင္ သစ္တို႔သည္ ေလထီးတပ္မ်ားကိုအသုံးျပဳကာ ဗီယန္ က်င္းႏွင့္ လူအန္ပရာဘန္းတို႔ကို ျပန္လည္သိမ္းပိုက္ခဲ့ ၿပီး ဝန္ႀကီးမ်ားကို ႏိုင္ငံတြင္းမွႏွင္ထုတ္ခဲ့ကာ ထိုင္း ႏွင့္ဗီယက္နမ္တို႔သို႔ေမာင္းထုတ္ခဲ့ေၾကာင္း သိရသည္။ ပထမအင္ဒိုတ႐ုတ္စစ္ပြဲအတြင္း Viet Minh ႏွင့္ Pathet လာအိုတပ္ဖြဲ႕မ်ားသည္ (၁၉၅၃)ခုႏွစ္ႏွင့္ (၁၉၅၄)ခုႏွစ္တို႔တြင္ လူအန္ပရာဘန္းၿမိဳ႕ကို သိမ္း ပိုက္ရန္ႀကိဳးပမ္းခဲ့ေသာ္လည္း ျပင္သစ္တပ္ဖြဲ႕မ်ားက ၎တို႔ကို ၿမိဳ႕သို႔မေရာက္ခင္ ၾကားျဖတ္တားဆီးႏိုင္ခဲ့ ေၾကာင္းသိရသည္။
ခရီးသြားလုပ္ငန္း
လူအန္ပရာဘန္းၿမိဳ႕၏ သဘာဝခရီးသြားလုပ္ငန္းေနရာမ်ားထဲတြင္ ကြမ္စီေရတံခြန္၊ တက္ဆဲ ေရတံခြန္ႏွင့္ ပါ့ခ္အိုဂူတို႔ပါဝင္ေၾကာင္းသိရသည္။အခ်ိဳ႕ေနရာမ်ားတြင္ ဆင္စီးျခင္းကိုခြင့္ျပဳထားေသာ္ လည္း အခ်ိဳ႕ေနရာမ်ားတြင္ ဆင္စီးျခင္းမ်ိဳးကိုတား ျမစ္ပိတ္ပင္ထားေၾကာင္းသိရသည္။ Phou Si ေတာင္သည္ လူအန္ပရာဘန္းၿမိဳ႕လယ္တြင္တည္ ရွိၿပီး ၿမိဳ႕ႏွင့္ျမစ္မ်ားျဖတ္သန္းသြားလာရာေနရာ မ်ားကို အဆိုပါေတာင္ေပၚမွာၾကည့္ရႈႏိုင္ၿပီး ေနဝင္ ခ်ိန္မ်ားကိုလည္း ၾကည့္ရႈႏိုင္မႈႏွင့္အတူ ေတာင္ တက္ခရီးသြားလုပ္ငန္းအတြက္ နာမည္ေက်ာ္ၾကား သည့္ေနရာတစ္ခုလည္းျဖစ္သည္။ လူအန္ပရာ ဘန္းၿမိဳ႕၏ အဓိကလမ္းမႀကီး၏အဆုံးတြင္ ညေဈး တစ္ခုရွိၿပီး ရွပ္အက်ႌမ်ား၊ လက္ေကာက္မ်ားႏွင့္ အျခားအမွတ္တရပစၥည္းမ်ားကို ေရာင္းခ်ေၾကာင္း သိရသည္။ ေဟာ္ခမ္း ေတာင္ဝင္နန္းေတာ္ျပတိုက္ ႏွင့္ ဝပ္ရွန္ေသာင္ဘုရားေက်ာင္းတို႔သည္ လူအန္ပ ရာဘန္းၿမိဳ႕၏ သမိုင္းဝင္ေနရာမ်ားတြင္ပါဝင္ေၾကာင္း သိရသည္။ ထို႔ျပင္ လူအန္ပရာဘန္းၿမိဳ႕၏ အဓိက လမ္းမႀကီးမ်ားတြင္ Wat Hosian Voravihane ဘုရားေက်ာင္းကဲ့သို႔ေသာ ဘုရားေက်ာင္းငယ္မ်ား ျဖင့္ျပည့္ႏွက္ေနေၾကာင္းသိရသည္။ နံနက္တိုင္း ေနထြက္ခ်ိန္တြင္ ဘုန္းႀကီးမ်ားသည္ ေဒသခံမ်ားလႉဒါန္းေသာဆြမ္းမ်ားကိုလက္ခံရန္အတြက္ လမ္းမတစ္ေလွ်ာက္လွည့္လည္ကာ ဆြမ္းခံႂကြၾက ေၾကာင္းသိရသည္။ လူအန္ပရာဘန္းၿမိဳ႕၏ ေတာင္ တက္စက္ဘီးစီးျခင္းတြင္ လာေရာက္လည္ပတ္သူ မ်ားသည္ ၿမိဳ႕တြင္းသို႔မဟုတ္ ေရတံခြန္မ်ားဆီသို႔ တစ္ေန႔တာလုံးစက္ဘီးျခင္းကို လုပ္ေဆာင္ၾက ေၾကာင္းလည္းသိရသည္။ လူအန္ပရာဘန္းၿမိဳ႕ လယ္ေကာင္မွစတင္ကာ မဲေခါင္ျမစ္ေအာက္ပိုင္းသို႔ အခ်ိန္(၁၅)မိနစ္ၾကေအာင္ ေလွစီးၿပီးသြားရေသာ ဘန္ခ်န္(ေျမအိုး႐ြာ)သည္လည္း လူအန္ပရာဘန္း ၿမိဳ႕အနီးရွိ ေက်ာ္ၾကားေသာ ေနာက္ထပ္ခရီးသြားဆြဲေဆာင္မႈေနရာတစ္ခုလည္းျဖစ္သည္။