တရုတ်ကာကွယ်ရေးဝန်ကြီးအကြောင်း တစေ့တစောင်း

 253

ဂျန်ဇက် - (NP News) - ဇန်နဝါရီ ၁

တရုတ်နိုင်ငံနဲ့ တရုတ်တိုင်ပေကြား အငြင်း ပွားမှုပြသာနာတွေကြောင့် တင်းမာမှုတွေဖြစ်ပွားလျက် ရှိနေရာ တရုတ်တိုင်ပေကျွန်းမှာ တိုက်ပွဲများဖြစ်ပွား လာမှာကို စိုးရိမ်မှုမြင့်တက်လျက်ရှိနေပါတယ်။ တရုတ်နိုင်ငံက တရုတ်တိုင်ပေဟာ ၎င်းတို့လက် အောက်ခံပိုင်နက်ဖြစ်တဲ့အတွက် တရုတ်တိုင်ပေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ရေးကို ငြိမ်းချမ်းစွာကြိုး ပမ်းမှာဖြစ်သလို လိုအပ်မယ်ဆိုရင် အင်အားသုံးမယ် လို့ပြောဆိုထားဖူးရာ တင်းမာမှုတွေ ပိုမိုဖြစ်ပွားလာခဲ့ ပါတယ်။ တရုတ်တိုင်ပေကလည်း တရုတ်နိုင်ငံလက် အောက်ကခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင် ရန် ကြိုးပမ်းလျက်ရှိနေရာ တရုတ်နဲ့ တရုတ်တိုင်ပေ ကြား အငြင်းပွားမှုတွေ ပိုမိုဖြစ်လာခဲ့ပါတယ်။ တရုတ်တိုင်ပေမှာ သမ္မတအသစ်ပြောင်း လဲလာခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံထံမှ ခွဲထွက်ရေး လှုပ်ရှားမှုတွေပိုမိုလုပ်ဆောင်ခဲ့ရာ တရုတ်နိုင်ငံရဲ့စစ် သင်္ဘောတွေ၊ တိုက်လေယာဉ်တွေက တရုတ်တိုင်ပေ ပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်မှုတွေ ပိုမို လုပ်ဆောင်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ တရုတ် စစ်တပ်ဟာ စစ်အင်အား တောင့်တင်းခိုင်မာမှုတွေကို ယခင်ထက် ပိုမိုလုပ်ဆောင်လာခဲ့သလို တရုတ်ကာ ကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်ကိုယ်တိုင်ကလည်း ငြိမ်း ချမ်းရေးအတွက် တရုတ်နိုင်ငံရဲ့စစ်အင်အားကို ပိုမိုတောင့်တင်းအောင်လုပ်ဆောင်ရမယ်လို့ ပြောဆိုထား ပါတယ်။ ဒေါင်ဂျွန်ဟာ တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီးဖြစ်သလို (၂၀၂၃)ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်မှာ (၁၄)ယောက် မြောက် အမျိုးသားကာကွယ်ရေးဝန်ကြီးအဖြစ် ခန့် အပ်ခံခဲ့ရသူဖြစ်ပါတယ်။ (၁၉၆၁)ခုနှစ်မှာမွေးဖွားခဲ့ တဲ့ ဒေါင်ဂျွန်ဟာ တရုတ်ရေတပ် ဗိုလ်ချုပ်ကြီးတွေထဲ ကနေ ကာကွယ်ရေးဝန်ကြီးအဖြစ် ပထမဆုံးခန့်အပ်ခဲ့ သူဖြစ်ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှာ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူခွင့်ရသူအများ စုဟာ ကြည်းတပ်ကဖြစ်ပြီး ဒေါင်ဂျွန်ဟာ တရုတ်ရေ တပ်ကနေ ကာကွယ်ရေးဝန်ကြီးအဖြစ် ပထမဆုံးတာ ဝန်ယူခွင့်ရခဲ့သူဖြစ်ပါတယ်။ အသက် (၆၄)နှစ်အရွယ် ရှိဒေါင်ဂျွန်ဟာ ဘွဲ့ရရှိခဲ့ပြီးနောက် အသက် (၂၄)နှစ် အရွယ်မှာ ဒါလီယမ် ရေတပ်အကယ်ဒမီကိုတက် ရောက်ခဲ့ပြီး ရေတပ်အကယ်ဒမီက ကျောင်းဆင်းခဲ့ပြီး နောက် (၁၉၇၉)ခုနှစ်မှာ တရုတ်ရေတပ်မှာ စတင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ ၎င်းဟာ တရုတ် ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှာ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဖူးသလို မြောက်ပင်လယ်ရေတပ်အုပ်စု North Sea Fleet ရဲ့ ဒုတိယအကြီးအကဲအဖြစ်တာ ဝန်ထမ်းဆောင်ခဲ့ဖူးသလို (၉၂၂၆၉)တပ်ဖွဲ့မှာလည်း တပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ North Sea Fleet ဟာ တရုတ်ရေတပ်ရဲ့ စစ်ရေ ယာဉ်အုပ်စုသုံးခုထဲကတစ်ခုဖြစ်ပြီး ရှန်ဒေါင်းမြို့ မှာဌာနချုပ်ရှိနေပါတယ်။ ဒေါင်ဂျွန်ဟာ (၂၀၁၃)ခုနှစ် မှာ တရုတ်ရေတပ် စစ်ရေယာဉ်သင်္ဘောအုပ်စုထဲမှာ ပါဝင်တဲ့ East Sea Fleet ရဲ့ ဒုတိယအကြီးအကဲအဖြစ် ထပ်မံတာဝန်ယူခွင့်ရခဲ့ပြီး (၂၀၁၄)ခုနှစ်မှာ တရုတ် စစ်တပ်ရဲ့တောင်ပိုင်းတိုင်းတပ်မှူးချုပ်အဖြစ်တာဝန် ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ ၎င်းဟာ (၂၀၂၁)ခုနှစ်မှာ တရုတ်ရေတပ်ရဲ့ ဒုတိယအကြီးအကဲအဖြစ် ခန့်အပ် ခံရပြီး (၂၀၂၁)ခုနှစ် စက်တင်ဘာလမှာ တရုတ်ရေ တပ်အကြီးအကဲ သို့မဟုတ် တရုတ်ရေတပ် ဦးစီးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒေါင်ဂျွန်ဟာ ပေးအပ် တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်ခဲ့သလို စစ်စည်းကမ်းနဲ့အမိန့်ကို အပြည့်အဝလိုက်နာဆောင်ရွက်သူဖြစ်တဲ့အတွက် (၂၀၁၂)ခုနှစ် ဇူလိုင်လ မှာ ရေတပ်ဗိုလ်ချုပ်ကြီး၊ (၂၀၁၈) ခုနှစ် ဇူလိုင်လမှာ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးနဲ့ (၂၀၂၁)ခုနှစ် စက်တင် ဘာမှာ ရေတပ်ဗိုလ်ချုပ်ကြီး(ရှန်ကျန်း)ရာထူးများသို့ ရာထူးတိုးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။ ၎င်းဟာ တရုတ် ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို တရုတ်စစ် တပ်ရဲ့ အမျိုးသားကာကွယ်ရေးနည်းပညာတက္က သိုလ်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး (၂၀၁၃) ခုနှစ်ကစတင်ကာ အမျိုးသားကာကွယ်ရေးနည်းပညာ တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။ ဒေါင်ဂျွန်ဟာ ကာကွယ်ရေး ဝန်ကြီးအဖြစ်ခန့်အပ်ခံရပြီးနောက် တရုတ်အာဏာ ရပါတီဖြစ်တဲ့ ကွန်မြူနစ်ပါတီရဲ့ အမြဲတမ်းဗဟိုကော် မတီဝင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒေါင်ဂျွန်ကို ကာ ကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ခြင်းဟာ တရုတ်စစ် တပ်အတွက် အကြီးမားဆုံး အံအားသင့်စရာဖြစ်ခဲ့ရ တယ်လို့ လေ့လာသူတစ်ဦးကပြောပါတယ်။ နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဝမ်တီဆန်ကတော့ ဒေါင် ဂျွန်ကို ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့ရွေးချယ် လိုက်ခြင်းဟာ တရုတ်ဒုံးကျည်တပ်ဖွဲ့အတွင်းဖြစ်ပွား ခဲ့တဲ့ အကျင့်ပျက်လာဘ်စားမှုပြဿနာတွေကို ရှင်းလင်းမှုအစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ပြောပါ တယ်။ ဒေါင်ဂျွန်ဟာ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဝန် ကြီးအဖြစ်ခန့်အပ်ခံရပေမယ့် တရုတ်စစ်တပ်ရဲ့ အ မြင့်ဆုံးအာဏာပိုင်အဖွဲ့စည်းတစ်ခုဖြစ်တဲ့ တရုတ် ဗဟိုစစ်ကော်မရှင်အဖွဲ့မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်မရ ပါဘူး။ ၎င်းဟာ တရုတ်ဗဟိုစစ်ကော်မရှင်မှာ ပါဝင်ခွင့် မရတဲ့အတွက် တရုတ်စစ်တပ်နဲ့ပတ်သက်တဲ့ အဓိက အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စွမ်းမရှိဘူး လို့သိရပါတယ်။ ၎င်းဟာ တရုတ်ကာကွယ်ရေးဝန်ကြီး အဖြစ်တာဝန်ယူခွင့်ရခဲ့ပြီးနောက် ရုရှားစစ်တပ်နဲ့ ပိုမို ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင် အောင်ကြိုးပမ်းနိုင်ခဲ့သလို တခြားနိုင်ငံတွေနဲ့လည်း ကာကွယ်ရေးပိုင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ ဒေါင်ဂျွန်ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရပြီးနောက် (၂)နှစ် နီးပါးအတွင်း အကျင့်ပျက်လာဘ်စားမှုတွေရှိတယ် လို့စွပ်စွဲခံရပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့သတင်း ထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်ဟာ အကျင့်ပျက်လာဘ် စားမှုကြောင့် စုံစမ်းစစ်ဆေးခံနေရတယ်ဆိုတဲ့သ တင်းတွေကို ငြင်းဆန်ပယ်ချထားပြီး အခြေအမြစ်မရှိ ဘူးလို့တုံ့ပြန်ထားပါတယ်။ ၎င်းဟာ တရုတ်စစ်တပ်မှာ နှစ်ပေါင်း (၃၅)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တဲ့အတွက် တရုတ်စစ်တပ်ကို ကမ္ဘာ့အကောင်းဆုံး စစ်တပ်ဖြစ်ဖို့လိုလားနေသူဖြစ်ပါတယ်။ တရုတ်ကာ ကွယ်ရေးဝန်ကြီးက " တရုတ်စစ်တပ်ဟာ ဒုတိယ ကမ္ဘာစစ်ပွဲအတွင်းရရှိခဲ့တဲ့ရလဒ်တွေကို ကာကွယ် သွားမှာဖြစ်တယ်။ နိုင်ငံ့အကျိုးစီးပွားကိုကာကွယ်နိုင် အောင် တရုတ်စစ်တပ်ရဲ့ စစ်ရေးစွမ်းရည်ပိုင်းကို ပိုမို ကောင်းမွန်အောင်ထောက်ပံ့ပေးမယ်။ တရုတ်စစ်တပ် အင်အားကြီးလာလေလေ၊ စစ်ပွဲကို ထိန်းချုပ်နိုင်စွမ်း ပိုအားကောင်းလာလေလေဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်မှုလည်း ပိုသေချာလာလေ လေပါပဲ။ တရုတ်နိုင်ငံရဲ့စစ်ရေးဗျူဟာဟာ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာအခြေခံထား ပြီး နိုင်ငံတစ် နိုင်ငံနဲ့တစ်နိုင်ငံဆက်ဆံရေးမှာ အတင်းအကျပ်ခိုင်းစေမှုနဲ့ အင်အားသုံးမှုကို ငြင်းပယ်ခဲ့ပါတယ်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ ထာဝရငြိမ်းချမ်းရေးရည်မှန်း ချက်ကိုထိန်းသိမ်းပြီး တရုတ်စစ်တပ်ဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက် တွန်းအားတစ်ခုအဖြစ်ဆောင်ရွက်သွားမှာပါ"လို့ (၂၀၂၅)ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပခဲ့တဲ့ Xiangshan Forum မှာ ထည့်သွင်းပြောဆိုခဲ့ပြီး တရုတ်စစ်တပ်ရဲ့
ရည်မှန်းချက်တွေကိုအသိပေးခဲ့ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်ဟာ နိုင်ငံ့အကျိုးစီးပွားနဲ့ပတ်သက်ရင် သဘောထားတင်းမာသူ တစ်ဦးဖြစ်တယ်လို့ဆိုနိုင်ပြီး
၎င်း ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူပြီးနောက်ပိုင်းမှာ တရုတ်ရေတပ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေကြောင့် တခြားနိုင်ငံတွေနဲ့ တင်းမာ မှုတွေ ပိုမိုဖြစ်လာခဲ့သလို တရုတ်တိုင်ပေပိုင်နက် အတွင်းကို တရုတ်စစ်သင်္ဘောတွေနဲ့တိုက်လေ ယာဉ်တွေ ပိုမိုဝင်ရောက်မှုတွေရှိလာခဲ့ပါတယ်။ ဒါ့ပြင် တရုတ်စစ်တပ်နဲ့ အဓိကပြိုင်ဘက် အမေရိကန်စစ် တပ်ကြားဆက်ဆံရေးကလည်း အေးစက်မှုတွေရှိ ခဲ့တယ်လို့ဆိုကြပါတယ်။
တရုတ်နဲ့အမေရိကန်နိုင်ငံတို့ဟာ ကမ္ဘာ့ နိုင်ငံတွေထဲမှာ အင်အားကြီးသလို ပြိုင်ဘက်နိုင်ငံ တွေဖြစ်ပြီး အပြန်အလှန် ဝေဖန်ပြစ်တင်မှုတွေ မကြာခဏ ဖြစ်ပွားလျက်ရှိနေပါတယ်။ တရုတ်စစ်တပ် ဟာ ကမ္ဘာ့ စစ်အင်အားအတောင့်တင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်အောင်ကြိုးပမ်းလျက်ရှိနေပြီး တရုတ် ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်ရဲ့အခန်းကဏ္ဍက တရုတ်စစ်တပ် ခေတ်မီတိုးတက်ရေးအတွက် အဓိက အရေးပါလျက်ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ (၁၉၅၄)ခုနှစ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကိုတည်ထောင်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး တွေဟာ နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခွင့်မရဘဲ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရ ခဲ့သူဟာ (၁၂)နှစ်ကျော်သာရှိခဲ့ပါတယ်။တရုတ်စစ် တပ်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အကျင့် ပျက်လာဘ်စားမှု တိုက်ဖျက်ရေလှိုင်းဂယက်ထမှုတွေ လည်းရှိနေရာ ဒေါင်ဂျွန်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူမှုအပေါ် သက်ရောက်မှု အနည်းနဲ့အများ ရှိလာနိုင်ပါတယ်။ ဒေါင်ဂျွန်ဟာ ကာကွယ်ရေးဝန်ကြီး အဖြစ်တာဝန်ယူပြီးနောက် ပြည်ပနိုင်ငံတွေကို ခရီး သွားလာမှုနည်းပါးသူဖြစ်တယ်လို့ သိရပါတယ်။ အသက်(၆၃)နှစ်အရွယ်ရှိနေတဲ့ ဒေါင်ဂျွန်ဟာ အ ကျင့်ပျက်လာဘ်စားမှုတွေကြောင့် စုံစမ်းခံရဖူးတယ် လို့ သတင်းတွေလည်းထွက်ပေါ်ခဲ့ဖူးရာ တရုတ်ကာ ကွယ်ရေးဝန်ကြီးအဖြစ် နှစ်ပေါင်းများစွာကြာတာဝန်ယူခွင့်ရမှာလားဆိုတဲ့အချက်ကလည်း စိတ်ဝင်စား ဖွယ်ကောင်းနေပါတယ်။

Zawgyi Version:
တ႐ုတ္ကာကြယ္ေရးဝန္ႀကီးအေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ - (NP News) - ဇန္နဝါရီ ၁

တ႐ုတ္ႏိုင္ငံနဲ႔ တ႐ုတ္တိုင္ေပၾကား အျငင္း ပြားမႈျပသာနာေတြေၾကာင့္ တင္းမာမႈေတြျဖစ္ပြားလ်က္ ရွိေနရာ တ႐ုတ္တိုင္ေပကြၽန္းမွာ တိုက္ပြဲမ်ားျဖစ္ပြား လာမွာကို စိုးရိမ္မႈျမင့္တက္လ်က္ရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံက တ႐ုတ္တိုင္ေပဟာ ၎တို႔လက္ ေအာက္ခံပိုင္နက္ျဖစ္တဲ့အတြက္ တ႐ုတ္တိုင္ေပနဲ႔ ျပန္လည္ေပါင္းစည္းႏိုင္ေရးကို ၿငိမ္းခ်မ္းစြာႀကိဳး ပမ္းမွာျဖစ္သလို လိုအပ္မယ္ဆိုရင္ အင္အားသုံးမယ္ လို႔ေျပာဆိုထားဖူးရာ တင္းမာမႈေတြ ပိုမိုျဖစ္ပြားလာခဲ့ ပါတယ္။ တ႐ုတ္တိုင္ေပကလည္း တ႐ုတ္ႏိုင္ငံလက္ ေအာက္ကခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ေရးရယူႏိုင္ ရန္ ႀကိဳးပမ္းလ်က္ရွိေနရာ တ႐ုတ္နဲ႔ တ႐ုတ္တိုင္ေပ ၾကား အျငင္းပြားမႈေတြ ပိုမိုျဖစ္လာခဲ့ပါတယ္။ တ႐ုတ္တိုင္ေပမွာ သမၼတအသစ္ေျပာင္း လဲလာခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ႏိုင္ငံထံမွ ခြဲထြက္ေရး လႈပ္ရွားမႈေတြပိုမိုလုပ္ေဆာင္ခဲ့ရာ တ႐ုတ္ႏိုင္ငံရဲ႕စစ္ သေဘၤာေတြ၊ တိုက္ေလယာဥ္ေတြက တ႐ုတ္တိုင္ေပ ပိုင္နက္အတြင္းကို က်ဴးေက်ာ္ဝင္ေရာက္မႈေတြ ပိုမို လုပ္ေဆာင္လာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ တ႐ုတ္ စစ္တပ္ဟာ စစ္အင္အား ေတာင့္တင္းခိုင္မာမႈေတြကို ယခင္ထက္ ပိုမိုလုပ္ေဆာင္လာခဲ့သလို တ႐ုတ္ကာ ကြယ္ေရးဝန္ႀကီး ေဒါင္ဂြၽန္ကိုယ္တိုင္ကလည္း ၿငိမ္း ခ်မ္းေရးအတြက္ တ႐ုတ္ႏိုင္ငံရဲ႕စစ္အင္အားကို ပိုမိုေတာင့္တင္းေအာင္လုပ္ေဆာင္ရမယ္လို႔ ေျပာဆိုထား ပါတယ္။ ေဒါင္ဂြၽန္ဟာ တ႐ုတ္ျပည္သူ႔လႊတ္ေျမာက္ေရးတပ္မေတာ္ရဲ႕ ေရတပ္ဗိုလ္ခ်ဳပ္ႀကီးျဖစ္သလို (၂၀၂၃)ခုႏွစ္ ဒီဇင္ဘာလ(၂၉)ရက္မွာ (၁၄)ေယာက္ ေျမာက္ အမ်ိဳးသားကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန႔္ အပ္ခံခဲ့ရသူျဖစ္ပါတယ္။ (၁၉၆၁)ခုႏွစ္မွာေမြးဖြားခဲ့ တဲ့ ေဒါင္ဂြၽန္ဟာ တ႐ုတ္ေရတပ္ ဗိုလ္ခ်ဳပ္ႀကီးေတြထဲ ကေန ကာကြယ္ေရးဝန္ႀကီးအျဖစ္ ပထမဆုံးခန႔္အပ္ခဲ့ သူျဖစ္ပါတယ္။ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနမွာ ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူခြင့္ရသူအမ်ား စုဟာ ၾကည္းတပ္ကျဖစ္ၿပီး ေဒါင္ဂြၽန္ဟာ တ႐ုတ္ေရ တပ္ကေန ကာကြယ္ေရးဝန္ႀကီးအျဖစ္ ပထမဆုံးတာ ဝန္ယူခြင့္ရခဲ့သူျဖစ္ပါတယ္။ အသက္ (၆၄)ႏွစ္အ႐ြယ္ ရွိေဒါင္ဂြၽန္ဟာ ဘြဲ႕ရရွိခဲ့ၿပီးေနာက္ အသက္ (၂၄)ႏွစ္ အ႐ြယ္မွာ ဒါလီယမ္ ေရတပ္အကယ္ဒမီကိုတက္ ေရာက္ခဲ့ၿပီး ေရတပ္အကယ္ဒမီက ေက်ာင္းဆင္းခဲ့ၿပီး ေနာက္ (၁၉၇၉)ခုႏွစ္မွာ တ႐ုတ္ေရတပ္မွာ စတင္ တာဝန္ထမ္းေဆာင္ခြင့္ရခဲ့ပါတယ္။ ၎ဟာ တ႐ုတ္ ေရတပ္ေလ့က်င့္ေရးဌာနခ်ဳပ္မွာ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူခဲ့ဖူးသလို ေျမာက္ပင္လယ္ေရတပ္အုပ္စု North Sea Fleet ရဲ႕ ဒုတိယအႀကီးအကဲအျဖစ္တာ ဝန္ထမ္းေဆာင္ခဲ့ဖူးသလို (၉၂၂၆၉)တပ္ဖြဲ႕မွာလည္း တပ္မႉးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ဖူးပါတယ္။ North Sea Fleet ဟာ တ႐ုတ္ေရတပ္ရဲ႕ စစ္ေရ ယာဥ္အုပ္စုသုံးခုထဲကတစ္ခုျဖစ္ၿပီး ရွန္ေဒါင္းၿမိဳ႕ မွာဌာနခ်ဳပ္ရွိေနပါတယ္။ ေဒါင္ဂြၽန္ဟာ (၂၀၁၃)ခုႏွစ္ မွာ တ႐ုတ္ေရတပ္ စစ္ေရယာဥ္သေဘၤာအုပ္စုထဲမွာ ပါဝင္တဲ့ East Sea Fleet ရဲ႕ ဒုတိယအႀကီးအကဲအျဖစ္ ထပ္မံတာဝန္ယူခြင့္ရခဲ့ၿပီး (၂၀၁၄)ခုႏွစ္မွာ တ႐ုတ္ စစ္တပ္ရဲ႕ေတာင္ပိုင္းတိုင္းတပ္မႉးခ်ဳပ္အျဖစ္တာဝန္ ထမ္းေဆာင္ခြင့္ရခဲ့ပါတယ္။ ၎ဟာ (၂၀၂၁)ခုႏွစ္မွာ တ႐ုတ္ေရတပ္ရဲ႕ ဒုတိယအႀကီးအကဲအျဖစ္ ခန႔္အပ္ ခံရၿပီး (၂၀၂၁)ခုႏွစ္ စက္တင္ဘာလမွာ တ႐ုတ္ေရ တပ္အႀကီးအကဲ သို႔မဟုတ္ တ႐ုတ္ေရတပ္ ဦးစီးခ်ဳပ္ အျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။ ေဒါင္ဂြၽန္ဟာ ေပးအပ္ တဲ့တာဝန္ေတြကို ေက်ပြန္ေအာင္ထမ္းေဆာင္ႏိုင္ခဲ့သလို စစ္စည္းကမ္းနဲ႔အမိန႔္ကို အျပည့္အဝလိုက္နာေဆာင္႐ြက္သူျဖစ္တဲ့အတြက္ (၂၀၁၂)ခုႏွစ္ ဇူလိုင္လ မွာ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး၊ (၂၀၁၈) ခုႏွစ္ ဇူလိုင္လမွာ ေရတပ္ဒုတိယဗိုလ္ခ်ဳပ္ႀကီးနဲ႔ (၂၀၂၁)ခုႏွစ္ စက္တင္ ဘာမွာ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး(ရွန္က်န္း)ရာထူးမ်ားသို႔ ရာထူးတိုးျမႇင့္ခံခဲ့ရသူျဖစ္ပါတယ္။ ၎ဟာ တ႐ုတ္ ေရတပ္မွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသလို တ႐ုတ္စစ္ တပ္ရဲ႕ အမ်ိဳးသားကာကြယ္ေရးနည္းပညာတကၠ သိုလ္မွာလည္း တာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး (၂၀၁၃) ခုႏွစ္ကစတင္ကာ အမ်ိဳးသားကာကြယ္ေရးနည္းပညာ တကၠသိုလ္မွာ တြဲဖက္ပါေမာကၡအျဖစ္ တာဝန္ထမ္း ေဆာင္ခဲ့သူျဖစ္ပါတယ္။ ေဒါင္ဂြၽန္ဟာ ကာကြယ္ေရး ဝန္ႀကီးအျဖစ္ခန႔္အပ္ခံရၿပီးေနာက္ တ႐ုတ္အာဏာ ရပါတီျဖစ္တဲ့ ကြန္ျမဴနစ္ပါတီရဲ႕ အၿမဲတမ္းဗဟိုေကာ္ မတီဝင္အျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။ ေဒါင္ဂြၽန္ကို ကာ ကြယ္ေရးဝန္ႀကီးအျဖစ္ခန႔္အပ္ခဲ့ျခင္းဟာ တ႐ုတ္စစ္ တပ္အတြက္ အႀကီးမားဆုံး အံအားသင့္စရာျဖစ္ခဲ့ရ တယ္လို႔ ေလ့လာသူတစ္ဦးကေျပာပါတယ္။ ႏိုင္ငံေရး သိပၸံပညာရွင္တစ္ဦးျဖစ္တဲ့ ဝမ္တီဆန္ကေတာ့ ေဒါင္ ဂြၽန္ကို ကာကြယ္ေရးဝန္ႀကီးအျဖစ္ခန႔္အပ္ဖို႔ေ႐ြးခ်ယ္ လိုက္ျခင္းဟာ တ႐ုတ္ဒုံးက်ည္တပ္ဖြဲ႕အတြင္းျဖစ္ပြား ခဲ့တဲ့ အက်င့္ပ်က္လာဘ္စားမႈျပႆနာေတြကို ရွင္းလင္းမႈအစိတ္အပိုင္းတစ္ရပ္ျဖစ္တယ္လို႔ေျပာပါ တယ္။ ေဒါင္ဂြၽန္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ကာကြယ္ေရးဝန္ ႀကီးအျဖစ္ခန႔္အပ္ခံရေပမယ့္ တ႐ုတ္စစ္တပ္ရဲ႕ အ ျမင့္ဆုံးအာဏာပိုင္အဖြဲ႕စည္းတစ္ခုျဖစ္တဲ့ တ႐ုတ္ ဗဟိုစစ္ေကာ္မရွင္အဖြဲ႕မွာ အဖြဲ႕ဝင္အျဖစ္ပါဝင္ခြင့္မရ ပါဘူး။ ၎ဟာ တ႐ုတ္ဗဟိုစစ္ေကာ္မရွင္မွာ ပါဝင္ခြင့္ မရတဲ့အတြက္ တ႐ုတ္စစ္တပ္နဲ႔ပတ္သက္တဲ့ အဓိက အေရးပါတဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ႏိုင္စြမ္းမရွိဘူး လို႔သိရပါတယ္။ ၎ဟာ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး အျဖစ္တာဝန္ယူခြင့္ရခဲ့ၿပီးေနာက္ ႐ုရွားစစ္တပ္နဲ႔ ပိုမို ေကာင္းမြန္တဲ့ဆက္ဆံေရးကိုတည္ေဆာက္ႏိုင္ ေအာင္ႀကိဳးပမ္းႏိုင္ခဲ့သလို တျခားႏိုင္ငံေတြနဲ႔လည္း ကာကြယ္ေရးပိုင္းပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ ေဆာင္႐ြက္ခဲ့သူလည္းျဖစ္ပါတယ္။ ေဒါင္ဂြၽန္ဟာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ခန႔္အပ္ခံရၿပီးေနာက္ (၂)ႏွစ္ နီးပါးအတြင္း အက်င့္ပ်က္လာဘ္စားမႈေတြရွိတယ္ လို႔စြပ္စြဲခံရၿပီး စုံစမ္းစစ္ေဆးခံေနရတယ္လို႔သတင္း ထြက္ေပၚခဲ့သူျဖစ္ပါတယ္။ တ႐ုတ္အစိုးရကေတာ့ ကာကြယ္ေရးဝန္ႀကီး ေဒါင္ဂြၽန္ဟာ အက်င့္ပ်က္လာဘ္ စားမႈေၾကာင့္ စုံစမ္းစစ္ေဆးခံေနရတယ္ဆိုတဲ့သ တင္းေတြကို ျငင္းဆန္ပယ္ခ်ထားၿပီး အေျခအျမစ္မရွိ ဘူးလို႔တုံ႔ျပန္ထားပါတယ္။ ၎ဟာ တ႐ုတ္စစ္တပ္မွာ ႏွစ္ေပါင္း (၃၅)ႏွစ္ၾကာတာဝန္ထမ္းေဆာင္ခဲ့သူျဖစ္တဲ့အတြက္ တ႐ုတ္စစ္တပ္ကို ကမာၻ႔အေကာင္းဆုံး စစ္တပ္ျဖစ္ဖို႔လိုလားေနသူျဖစ္ပါတယ္။ တ႐ုတ္ကာ ကြယ္ေရးဝန္ႀကီးက " တ႐ုတ္စစ္တပ္ဟာ ဒုတိယ ကမာၻစစ္ပြဲအတြင္းရရွိခဲ့တဲ့ရလဒ္ေတြကို ကာကြယ္ သြားမွာျဖစ္တယ္။ ႏိုင္ငံ့အက်ိဳးစီးပြားကိုကာကြယ္ႏိုင္ ေအာင္ တ႐ုတ္စစ္တပ္ရဲ႕ စစ္ေရးစြမ္းရည္ပိုင္းကို ပိုမို ေကာင္းမြန္ေအာင္ေထာက္ပံ့ေပးမယ္။ တ႐ုတ္စစ္တပ္ အင္အားႀကီးလာေလေလ၊ စစ္ပြဲကို ထိန္းခ်ဳပ္ႏိုင္စြမ္း ပိုအားေကာင္းလာေလေလျဖစ္ၿပီး ကမာၻ႔ၿငိမ္းခ်မ္းေရး နဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈလည္း ပိုေသခ်ာလာေလ ေလပါပဲ။ တ႐ုတ္ႏိုင္ငံရဲ႕စစ္ေရးဗ်ဴဟာဟာ ၿငိမ္းခ်မ္းတဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈမွာအေျခခံထား ၿပီး ႏိုင္ငံတစ္ ႏိုင္ငံနဲ႔တစ္ႏိုင္ငံဆက္ဆံေရးမွာ အတင္းအက်ပ္ခိုင္းေစမႈနဲ႔ အင္အားသုံးမႈကို ျငင္းပယ္ခဲ့ပါတယ္။ ကုလသမဂၢပဋိညာဥ္စာတမ္းမွာ ျပ႒ာန္းထားတဲ့ ထာဝရၿငိမ္းခ်မ္းေရးရည္မွန္း ခ်က္ကိုထိန္းသိမ္းၿပီး တ႐ုတ္စစ္တပ္ဟာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးအတြက္ တြန္းအားတစ္ခုအျဖစ္ေဆာင္႐ြက္သြားမွာပါ"လို႔ (၂၀၂၅)ခုႏွစ္ စက္တင္ဘာလအတြင္း က်င္းပခဲ့တဲ့ Xiangshan Forum မွာ ထည့္သြင္းေျပာဆိုခဲ့ၿပီး တ႐ုတ္စစ္တပ္ရဲ႕
ရည္မွန္းခ်က္ေတြကိုအသိေပးခဲ့ပါတယ္။ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ေဒါင္ဂြၽန္ဟာ ႏိုင္ငံ့အက်ိဳးစီးပြားနဲ႔ပတ္သက္ရင္ သေဘာထားတင္းမာသူ တစ္ဦးျဖစ္တယ္လို႔ဆိုႏိုင္ၿပီး
၎ ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူၿပီးေနာက္ပိုင္းမွာ တ႐ုတ္ေရတပ္သေဘၤာေတြဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း ပိုင္နက္နယ္ေျမ အျငင္းပြားမႈေတြေၾကာင့္ တျခားႏိုင္ငံေတြနဲ႔ တင္းမာ မႈေတြ ပိုမိုျဖစ္လာခဲ့သလို တ႐ုတ္တိုင္ေပပိုင္နက္ အတြင္းကို တ႐ုတ္စစ္သေဘၤာေတြနဲ႔တိုက္ေလ ယာဥ္ေတြ ပိုမိုဝင္ေရာက္မႈေတြရွိလာခဲ့ပါတယ္။ ဒါ့ျပင္ တ႐ုတ္စစ္တပ္နဲ႔ အဓိကၿပိဳင္ဘက္ အေမရိကန္စစ္ တပ္ၾကားဆက္ဆံေရးကလည္း ေအးစက္မႈေတြရွိ ခဲ့တယ္လို႔ဆိုၾကပါတယ္။
တ႐ုတ္နဲ႔အေမရိကန္ႏိုင္ငံတို႔ဟာ ကမာၻ႔ ႏိုင္ငံေတြထဲမွာ အင္အားႀကီးသလို ၿပိဳင္ဘက္ႏိုင္ငံ ေတြျဖစ္ၿပီး အျပန္အလွန္ ေဝဖန္ျပစ္တင္မႈေတြ မၾကာခဏ ျဖစ္ပြားလ်က္ရွိေနပါတယ္။ တ႐ုတ္စစ္တပ္ ဟာ ကမာၻ႔ စစ္အင္အားအေတာင့္တင္းဆုံးႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္ေအာင္ႀကိဳးပမ္းလ်က္ရွိေနၿပီး တ႐ုတ္ ကာကြယ္ေရးဝန္ႀကီး ေဒါင္ဂြၽန္ရဲ႕အခန္းက႑က တ႐ုတ္စစ္တပ္ ေခတ္မီတိုးတက္ေရးအတြက္ အဓိက အေရးပါလ်က္ရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံဟာ (၁၉၅၄)ခုႏွစ္မွာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ကိုတည္ေထာင္ခဲ့ၿပီး ကာကြယ္ေရးဝန္ႀကီး ေတြဟာ ႏွစ္အတန္ၾကာ တာဝန္ထမ္းေဆာင္ခြင့္မရဘဲ ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခြင့္ရ ခဲ့သူဟာ (၁၂)ႏွစ္ေက်ာ္သာရွိခဲ့ပါတယ္။တ႐ုတ္စစ္ တပ္အတြင္းမွာ ျပဳျပင္ေျပာင္းလဲမႈေတြနဲ႔ အက်င့္ ပ်က္လာဘ္စားမႈ တိုက္ဖ်က္ေရလႈိင္းဂယက္ထမႈေတြ လည္းရွိေနရာ ေဒါင္ဂြၽန္ရဲ႕ ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ယူမႈအေပၚ သက္ေရာက္မႈ အနည္းနဲ႔အမ်ား ရွိလာႏိုင္ပါတယ္။ ေဒါင္ဂြၽန္ဟာ ကာကြယ္ေရးဝန္ႀကီး အျဖစ္တာဝန္ယူၿပီးေနာက္ ျပည္ပႏိုင္ငံေတြကို ခရီး သြားလာမႈနည္းပါးသူျဖစ္တယ္လို႔ သိရပါတယ္။ အသက္(၆၃)ႏွစ္အ႐ြယ္ရွိေနတဲ့ ေဒါင္ဂြၽန္ဟာ အ က်င့္ပ်က္လာဘ္စားမႈေတြေၾကာင့္ စုံစမ္းခံရဖူးတယ္ လို႔ သတင္းေတြလည္းထြက္ေပၚခဲ့ဖူးရာ တ႐ုတ္ကာ ကြယ္ေရးဝန္ႀကီးအျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာတာဝန္ယူခြင့္ရမွာလားဆိုတဲ့အခ်က္ကလည္း စိတ္ဝင္စား ဖြယ္ေကာင္းေနပါတယ္။

Related news

© 2021. All rights reserved.