(၁၅)လအတွင်း အိမ်တိုင်ရာရောက် စားအုန်းဆီ ပို့ဆောင်သည့်စနစ်မှ ပိဿာပေါင်း (၅၇)သိန်းကျော် ရောင်းချနိုင်ခဲ့

77

စော(NP News)-ဇန်နဝါရီ ၁
(၂၀၂၄)ခုနှစ် ၊ ဩဂုတ်လမှ (၂၀၂၅)ခုနှစ် ၊ နိုဝင်ဘာလကုန်အထိ၊ (၁၅)လတာကာလအတွင်း အိမ်တိုင်ရာရောက်စားအုန်းဆီ ပို့ဆောင်သည့်စနစ်မှ ပိဿာပေါင်း (၅၇)သိန်းကျော် ရောင်းချနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံစားသုံးဆီနှင့်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် ၄၄ မြို့နယ် ၌ စားအုန်းဆီ များ မိသားစုတစ်စု တစ်လစာဝယ်ယူနိုင်ရေး၊ လျင်မြန်လွယ်ကူ စွာနှင့် အိမ်အရောက်ဝယ်ယူနိုင်စေရေး ရည်ရွယ်ချက်များဖြင့် အိမ်တိုင်ရာရောက် (Door to Door)စနစ်ကို ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ဦးဆောင်ပြီးတော့ Call Center နဲ့ အမှာစာကောက်ယူပြီးတော့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စားသုံးသူပြည်သူကိုဖြန့်တဲ့လုပ်ငန်းစဉ်မှာ မနှစ်က ၂၀၂၄ ခုနှစ် ဩဂုတ်လ မှစပြီးတော့ နိုဝင်ဘာလ ၂၀၂၅ခုနှစ် အထိကို ဆိုရင် အားလုံးပေါင်း အိမ်ထောင်စုပေါင်း (၂၁၃၈၉၈၃) အိမ်ထောင်စု ဖြန့်ဝေထားပါတယ်။ ပိဿာချိန်အားဖြင့် (၅၇၈၉၉၁၃) ပိဿာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံစားသုံးဆီနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဋ္ဌ (၁) ဦးပိုင်ဖြိုးသန့်က NP Newsကိုပြောသည်။
အဆိုပါစနစ်အရ အိမ်ထောင်စုတစ်စုအတွက် တစ်လလျှင် တစ်ကြိမ် ဆီ(၂)ပိဿာ (၅၀)ကျပ်သားနှုန်း(၅လီတာ)ဘူးဖြင့် ရောင်းချနေပြီး သယ်ယူပို့ဆောင်ခကို ဝယ်ယူသူဘက်က ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အသိပေး ထုတ်ပြန်ထားပြီးဖြစ်သည်။
သယ်ယူပို့ဆောင်ခ နှုန်းထားများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် (၃၃)မြို့နယ်ကို (၂၅၀ဝ)ကျပ်ထက် မပိုသောနှုန်းနှင့်တိုင်းစည်ပင်နယ်နိမိတ်ပြင်ပ (၁၁) မြို့နယ်ကို များကို (၃၀ဝဝ)ကျပ်ထက်မပိုသော နှုန်းထားဖြင့် ကောက်ခံနေကြောင်း သိရသည်။
ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၆ ဇန်နဝါရီ ၁ ရက်အထိ ရန်ကုန်အထိုင်လက်ကားဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၀၆၀ ကျပ်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
(၁၅)လအတြင္း အိမ္တိုင္ရာေရာက္ စားအုန္းဆီ ပို႔ေဆာင္သည့္စနစ္မွ ပိႆာေပါင္း (၅၇)သိန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့
ေစာ(NP News)-ဇန္နဝါရီ ၁
(၂၀၂၄)ခုႏွစ္ ၊ ဩဂုတ္လမွ (၂၀၂၅)ခုႏွစ္ ၊ ႏိုဝင္ဘာလကုန္အထိ၊ (၁၅)လတာကာလအတြင္း အိမ္တိုင္ရာေရာက္စားအုန္းဆီ ပို႔ေဆာင္သည့္စနစ္မွ ပိႆာေပါင္း (၅၇)သိန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံစားသုံးဆီႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ ၿမိဳ႕နယ္ ၄၄ ၿမိဳ႕နယ္ ၌ စားအုန္းဆီ မ်ား မိသားစုတစ္စု တစ္လစာဝယ္ယူႏိုင္ေရး၊ လ်င္ျမန္လြယ္ကူ စြာႏွင့္ အိမ္အေရာက္ဝယ္ယူႏိုင္ေစေရး ရည္႐ြယ္ခ်က္မ်ားျဖင့္ အိမ္တိုင္ရာေရာက္ (Door to Door)စနစ္ကို ေရာင္းခ်ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ရန္ကုန္တိုင္းေဒသႀကီး အိမ္တိုင္ရာေရာက္ ျဖန႔္ျဖဴးေရာင္းခ်ေရးေကာ္မတီမွ ဦးေဆာင္ၿပီးေတာ့ Call Center နဲ႔ အမွာစာေကာက္ယူၿပီးေတာ့ ရန္ကုန္တိုင္းအတြင္းမွာရွိတဲ့ စားသုံးသူျပည္သူကိုျဖန႔္တဲ့လုပ္ငန္းစဥ္မွာ မႏွစ္က ၂၀၂၄ ခုႏွစ္ ဩဂုတ္လ မွစၿပီးေတာ့ ႏိုဝင္ဘာလ ၂၀၂၅ခုႏွစ္ အထိကို ဆိုရင္ အားလုံးေပါင္း အိမ္ေထာင္စုေပါင္း (၂၁၃၈၉၈၃) အိမ္ေထာင္စု ျဖန႔္ေဝထားပါတယ္။ ပိႆာခ်ိန္အားျဖင့္ (၅၇၈၉၉၁၃) ပိႆာျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံစားသုံးဆီႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းမွ ဒုဥကၠ႒ (၁) ဦးပိုင္ၿဖိဳးသန႔္က NP Newsကိုေျပာသည္။
အဆိုပါစနစ္အရ အိမ္ေထာင္စုတစ္စုအတြက္ တစ္လလွ်င္ တစ္ႀကိမ္ ဆီ(၂)ပိႆာ (၅၀)က်ပ္သားႏႈန္း(၅လီတာ)ဘူးျဖင့္ ေရာင္းခ်ေနၿပီး သယ္ယူပို႔ေဆာင္ခကို ဝယ္ယူသူဘက္က ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆီ ကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းက အသိေပး ထုတ္ျပန္ထားၿပီးျဖစ္သည္။
သယ္ယူပို႔ေဆာင္ခ ႏႈန္းထားမ်ားမွာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္ (၃၃)ၿမိဳ႕နယ္ကို (၂၅၀ဝ)က်ပ္ထက္ မပိုေသာႏႈန္းႏွင့္တိုင္းစည္ပင္နယ္နိမိတ္ျပင္ပ (၁၁) ၿမိဳ႕နယ္ကို မ်ားကို (၃၀ဝဝ)က်ပ္ထက္မပိုေသာ ႏႈန္းထားျဖင့္ ေကာက္ခံေနေၾကာင္း သိရသည္။
ဒီဇင္ဘာ ၂၆ ရက္မွ ၂၀၂၆ ဇန္နဝါရီ ၁ ရက္အထိ ရန္ကုန္အထိုင္လက္ကားေဈးႏႈန္းမွာ စားအုန္းဆီ တစ္ပိႆာလွ်င္ က်ပ္ ၆၀၆၀ က်ပ္ျဖစ္ေၾကာင္း သိရသည္။