မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် အမြန်ဝန်ဆောင်မှု ကို ဇန်နဝါရီ (၅)ရက်တွင် စတင်မည်

 491

‌စော(NP News)-ဇန်နဝါရီ ၁
မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် (၅)ရက်အတွင်း ရရှိရေး အမြန်ဝန်ဆောင်မှုကို ကို ဇန်နဝါရီ (၅)ရက်တွင် စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ယနေ့ (ဇန်နဝါရီ ၁ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အရေးကြီး သို့မဟုတ် အရေးပေါ်ဖြင့် ပြည်ပသို့ သွားရောက်လိုသူများ Online Booking တင်ခြင်း၊ ရုံးတွင်းဆောင်ရွက်ခြင်းတို့တွင် စောင့်ဆိုင်းရန် မလိုဘဲ အမြန်ဝန်ဆောင်မှု (Express Service) ဖြင့် လျှောက်ထားနိုင်ရေး စီစဉ်ထားကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့လျှောက်ထားနိုင်သည့်အတွက် မည်သည့်အိမ်ထောင်စုစာရင်းဝင်မဆို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင် လျှောက်ထားနိုင်၍ လျှောက်လွှာလက်ခံပြီး ၅ ရက်အကြာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သို့ဖြစ်ပါ၍ အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုးအပါအဝင် ၅၄၅,၀၀၀ ကျပ် ဖြစ်ပြီး အဆိုပါအမြန်ဝန်ဆောင်မှု (Express Service) ကို လာမည့် ဇန်နဝါရီ (၅)ရက်တွင် စတင်မည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ထို့ပြင် အမည်မည်းစာရင်းတွင် ပါဝင်သူများ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးစီးသူများ၊ ပြစ်ဒဏ်ကာလမပြီးမီ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် ပုဂ္ဂလိအဖွဲ့အစည်းများမှ ထောက်ခံချက်လိုအပ်သူများအနေဖြင့် ငွေ မဆုံးရှုံးစေရေးအတွက် ရုံးများတွင် စုံစမ်းပြီးမှသာ လျှောက်ထားရန်လည်း ထုတ်ပြန်ထားသည်။
အဆိုပါ အမြန်ဝန်ဆောင်မှုလုပ်ငန်းအတွက် ငွေပေးချေရာတွင် K Pay ၊ Wave Pay၊ AYA Pay၊ A Plus တို့ဖြင့် ပေးချေနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံကူးလက္မွတ္စာအုပ္ အျမန္ဝန္ေဆာင္မႈ ကို ဇန္နဝါရီ (၅)ရက္တြင္ စတင္မည္
‌ေစာ(NP News)-ဇန္နဝါရီ ၁
ျမန္မာႏိုင္ငံကူးလက္မွတ္စာအုပ္ (၅)ရက္အတြင္း ရရွိေရး အျမန္ဝန္ေဆာင္မႈကို ကို ဇန္နဝါရီ (၅)ရက္တြင္ စတင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက ယေန႔ (ဇန္နဝါရီ ၁ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက အေရးႀကီး သို႔မဟုတ္ အေရးေပၚျဖင့္ ျပည္ပသို႔ သြားေရာက္လိုသူမ်ား Online Booking တင္ျခင္း၊ ႐ုံးတြင္းေဆာင္႐ြက္ျခင္းတို႔တြင္ ေစာင့္ဆိုင္းရန္ မလိုဘဲ အျမန္ဝန္ေဆာင္မႈ (Express Service) ျဖင့္ ေလွ်ာက္ထားႏိုင္ေရး စီစဥ္ထားေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔ေလွ်ာက္ထားႏိုင္သည့္အတြက္ မည္သည့္အိမ္ေထာင္စုစာရင္းဝင္မဆို ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမ်ားျဖစ္ေသာ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ တို႔တြင္ ေလွ်ာက္ထားႏိုင္၍ ေလွ်ာက္လႊာလက္ခံၿပီး ၅ ရက္အၾကာတြင္ ႏိုင္ငံကူးလက္မွတ္စာအုပ္ရမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
သို႔ျဖစ္ပါ၍ အျမန္ဝန္ေဆာင္ခမွာ စာအုပ္ဖိုးအပါအဝင္ ၅၄၅,၀၀၀ က်ပ္ ျဖစ္ၿပီး အဆိုပါအျမန္ဝန္ေဆာင္မႈ (Express Service) ကို လာမည့္ ဇန္နဝါရီ (၅)ရက္တြင္ စတင္မည္ျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။
ထို႔ျပင္ အမည္မည္းစာရင္းတြင္ ပါဝင္သူမ်ား၊ ျပစ္မႈက်ဴးလြန္ၿပီး စစ္ေဆးခ်က္ မၿပီးစီးသူမ်ား၊ ျပစ္ဒဏ္ကာလမၿပီးမီ လြတ္ၿငိမ္းခ်မ္းသာျဖင့္ လြတ္ေျမာက္လာသူမ်ား၊ ျပည္ပထြက္ခြာမႈ တားဆီးခံရသူမ်ား၊ လက္ရွိႏိုင္ငံ့ဝန္ထမ္းမ်ား၊ အစိုးရအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အျခားအဖြဲ႕အစည္းမ်ားႏွင့္ ပုဂၢလိအဖြဲ႕အစည္းမ်ားမွ ေထာက္ခံခ်က္လိုအပ္သူမ်ားအေနျဖင့္ ေငြ မဆုံးရႈံးေစေရးအတြက္ ႐ုံးမ်ားတြင္ စုံစမ္းၿပီးမွသာ ေလွ်ာက္ထားရန္လည္း ထုတ္ျပန္ထားသည္။
အဆိုပါ အျမန္ဝန္ေဆာင္မႈလုပ္ငန္းအတြက္ ေငြေပးေခ်ရာတြင္ K Pay ၊ Wave Pay၊ AYA Pay၊ A Plus တို႔ျဖင့္ ေပးေခ်ႏိုင္ရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.