ရန်လိုတဲ့လုပ်ရပ်မှန်သမျှကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အီရန်သတိပေး

 126

Pika(NP News)-ဇန်နဝါရီ ၁
အီရန်အပေါ် ရန်လိုတဲ့လုပ်ရပ်မှန်သမျှကို လျင်လျင်မြန်မြန်နဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အီရန်အစိုးရက ကတိပြုပြောဆိုခဲ့ပါတယ်။အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးခြိမ်းခြောက်မှုအသစ်တွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပြီးနောက် အီရန်အစိုးရရဲ့ ကတိပြုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုတို့ဟာ အမေရိကန်မှာ တွေ့ဆုံစဉ်အချိန်အတွင်း အီရန်က ၎င်းရဲ့နျူကလီးယား ဒါမှမဟုတ် ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေကို ပြန်လည်စတင်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် အမြစ်ပြတ်ချေမှုန်းပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်နဲ့ နေတန်ရာဟုတို့ရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်ဟာ ဘယ်လိုရန်လိုမှုကိုမဆို လျင်လျင်မြန်မြန်နဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အီရန်ထိပ်တန်းအကြံပေး Ali Shamkhaniက ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။အီရန်သမ္မတ Masoud Pezeshkianက”ဘယ်လိုရန်စမှုတွေကိုမဆို အီရန်ရဲ့ လက်တုံ့ပြန်မှုတွေဟာ ပြင်းထန်ပြီး လုံးဝနောင်တရစေမယ့်အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။”လို့သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ရန္လိုတဲ့လုပ္ရပ္မွန္သမွ်ကို ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္သြားမယ္လို႔ အီရန္သတိေပး
Pika(NP News)-ဇန္နဝါရီ ၁
အီရန္အေပၚ ရန္လိုတဲ့လုပ္ရပ္မွန္သမွ်ကို လ်င္လ်င္ျမန္ျမန္နဲ႔ ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္သြားမယ္လို႔ အီရန္အစိုးရက ကတိျပဳေျပာဆိုခဲ့ပါတယ္။အေမရိကန္နဲ႔ အစၥေရးတို႔ရဲ႕ အီရန္အေပၚ စစ္ေရးၿခိမ္းေျခာက္မႈအသစ္ေတြ ျပန္လည္ေပၚေပါက္လာခဲ့ၿပီးေနာက္ အီရန္အစိုးရရဲ႕ ကတိျပဳေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုတို႔ဟာ အေမရိကန္မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း အီရန္က ၎ရဲ႕န်ဴကလီးယား ဒါမွမဟုတ္ ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ေတြကို ျပန္လည္စတင္ဖို႔ ႀကိဳးစားခဲ့မယ္ဆိုရင္ အျမစ္ျပတ္ေခ်မႈန္းပစ္မယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ေဒၚနယ္ထရမ့္နဲ႔ ေနတန္ရာဟုတို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ အီရန္ဟာ ဘယ္လိုရန္လိုမႈကိုမဆို လ်င္လ်င္ျမန္ျမန္နဲ႔ ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္သြားမယ္လို႔ အီရန္ထိပ္တန္းအႀကံေပး Ali Shamkhaniက ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။အီရန္သမၼတ Masoud Pezeshkianက”ဘယ္လိုရန္စမႈေတြကိုမဆို အီရန္ရဲ႕ လက္တုံ႔ျပန္မႈေတြဟာ ျပင္းထန္ၿပီး လုံးဝေနာင္တရေစမယ့္အျဖစ္ဆိုးေတြနဲ႔ ႀကဳံေတြ႕ရပါလိမ့္မယ္။”လို႔သတိေပးေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.