တရုတ်ရေတပ်က နယ်မြေတွင်းက ဆုတ်ခွါသွားပေမယ့်လည်း အမြင့်ဆုံးသတိပေးချက်အဆင့်ကို တရုတ်(တိုင်ပေ)ဆက်လက်ထားရှိ

2184

Pik(NP News)-ဇန်နဝါရီ ၁
တရုတ်က ကြီးမားတဲ့ တိုက်ရိုက်ပစ်ခတ်မှုစစ်ရေးလေ့ကျင့်ခန်းတွေကို စတင်ခဲ့ပြီးနောက် တရုတ်(တိုင်ပေ)ကျွန်း စစ်တပ်ကို အမြင့်ဆုံးသတိပေးချက်အဆင့်မှာ ထားရှိနေဆဲဖြစ်တယ်လို့ တရုတ်(တိုင်ပေ)အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် တရုတ်ရေတပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်နေချိန်မှာ အရေးပေါ်ရေကြောင်းတုံ့ပြန်ရေးဌာနကို အဆင်သင့်အနေအထားနဲ့ ထားရှိထားတယ်လို့လည်း တရုတ်(တိုင်ပေ)အစိုးရက ပြောကြားခဲ့ပါတယ်။တရုတ်ရဲ့ ‘Joint Sword – 2025A’လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်ခန်းဟာ အဓိကဆိပ်ကမ်းတွေကို ပိတ်ဆို့တာတွေ၊ရေကြောင်းပစ်မှတ်တွေကို တိတိကျကျတိုက်ခိုက်တာနဲ့ ပြင်ပအင်အားစုတွေရဲ့ဝင်ရောက်စွက်ဖက်မှုတွေကို တုံ့ပြန်မယ့် အခြေအနေတွေကို သရုပ်ဖော်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေကို ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရန်စမှုတစ်ခုအဖြစ် တရုတ်(တိုင်ပေ)အစိုးရက ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။တရုတ်သင်္ဘောတွေဟာ တရုတ်(တိုင်ပေ)ကျွန်းအနီးတစ်ဝိုက်ကနေ ထွက်ခွါသွားပြီဖြစ်ပေမယ့်လည်း စစ်ရေးလေ့ကျင့်ခန်းတွေ ပြီးဆုံးသွားပြီလို့ တရုတ်ဘက်က တရားဝင်ကြေညာတာမျိုးမရှိသေးဘူးလို့လည်း တရုတ်(တိုင်ပေ)အစိုးရက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္ေရတပ္က နယ္ေျမတြင္းက ဆုတ္ခြါသြားေပမယ့္လည္း အျမင့္ဆုံးသတိေပးခ်က္အဆင့္ကို တ႐ုတ္(တိုင္ေပ)ဆက္လက္ထားရွိ
Pik(NP News)-ဇန္နဝါရီ ၁
တ႐ုတ္က ႀကီးမားတဲ့ တိုက္႐ိုက္ပစ္ခတ္မႈစစ္ေရးေလ့က်င့္ခန္းေတြကို စတင္ခဲ့ၿပီးေနာက္ တ႐ုတ္(တိုင္ေပ)ကြၽန္း စစ္တပ္ကို အျမင့္ဆုံးသတိေပးခ်က္အဆင့္မွာ ထားရွိေနဆဲျဖစ္တယ္လို႔ တ႐ုတ္(တိုင္ေပ)အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ တ႐ုတ္ေရတပ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြကို ဆက္လက္ေစာင့္ၾကည့္ေနခ်ိန္မွာ အေရးေပၚေရေၾကာင္းတုံ႔ျပန္ေရးဌာနကို အဆင္သင့္အေနအထားနဲ႔ ထားရွိထားတယ္လို႔လည္း တ႐ုတ္(တိုင္ေပ)အစိုးရက ေျပာၾကားခဲ့ပါတယ္။တ႐ုတ္ရဲ႕ ‘Joint Sword – 2025A’လို႔အမည္ေပးထားတဲ့ စစ္ေရးေလ့က်င့္ခန္းဟာ အဓိကဆိပ္ကမ္းေတြကို ပိတ္ဆို႔တာေတြ၊ေရေၾကာင္းပစ္မွတ္ေတြကို တိတိက်က်တိုက္ခိုက္တာနဲ႔ ျပင္ပအင္အားစုေတြရဲ႕ဝင္ေရာက္စြက္ဖက္မႈေတြကို တုံ႔ျပန္မယ့္ အေျခအေနေတြကို သ႐ုပ္ေဖာ္ထားတာျဖစ္တယ္လို႔လည္းသိရပါတယ္။တ႐ုတ္ရဲ႕စစ္ေရးေလ့က်င့္မႈေတြကို ေဒသတြင္းလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈနဲ႔ ပြင့္လင္းျမင္သာမႈရွိတဲ့ ရန္စမႈတစ္ခုအျဖစ္ တ႐ုတ္(တိုင္ေပ)အစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။တ႐ုတ္သေဘၤာေတြဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးတစ္ဝိုက္ကေန ထြက္ခြါသြားၿပီျဖစ္ေပမယ့္လည္း စစ္ေရးေလ့က်င့္ခန္းေတြ ၿပီးဆုံးသြားၿပီလို႔ တ႐ုတ္ဘက္က တရားဝင္ေၾကညာတာမ်ိဳးမရွိေသးဘူးလို႔လည္း တ႐ုတ္(တိုင္ေပ)အစိုးရက ေျပာၾကားခဲ့ပါတယ္။