အွန်လိုင်းအသုံးပြုလိမ်လည်မှုအတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ဆောင်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

221

စော (NP News) - ဇန်နဝါရီ ၂
အွန်လိုင်းအသုံးပြုလိမ်လည်မှုအတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ဆောင်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်စီချမှတ်ခဲ့ခြင်းကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ကူမဲမြို့နေ ဒေါ်ဇာဇာစန်း နှင့် ခင်ပွန်းဖြစ်သူ ခင်မောင်လွင်တို့က မြစ်သားမြို့နယ်နေ လူငယ်လေးဦးတို့ကို ၎င်း၏သားဖြစ်သူ လွင်မင်းထက်မှာ ကမ္ဘောဒီးယား Online Slot Game လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေပြီး Slot Game လုပ်ငန်းပိုင်ရှင်နှင့်ရင်းနှီးသဖြင့် တစ်လလျှင် လစာငွေကျပ်သိန်း (၄ဝ) ရရှိမည်ဖြစ်ပြီး၊ လမ်းစရိတ်အကုန်အကျခံ ပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် မန္တလေးလေဆိပ်မှတစ်ဆင့် တာချီလိတ်မြို့၊ တာချီလိတ်မြို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ Slot Game အလုပ်ရုံသို့ အဆင့်ဆင့်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပို့ဆောင်ခဲ့ပြီးနောက် လူငယ်လေးဦးအနက်တစ်ဦးမှာ ကွန်ပျူတာစာစီစာရိုက်မရသဖြင့် ခေါင်းဆောင်ဖြစ်သူစွမ်းလင်းထက်မှ လမ်းစရိတ်ကုန်ကျငွေ ဒေါ်လာ ၁၉၀၀ ကို Paing Thet Kyaw အမည်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay Account 09 767704410 သို့ ပေးလျော်ရန်၊ မပေးလျော်နိုင်ပါက ရောင်းစား မည်ဖြစ်ကြောင်းနှင့် ထွက်ပြေးပါက အစောင့်များက ကျင်စက်ဖြင့်တို့ပြီး ရိုက်နှက်နှိပ်စက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်လူငယ်သုံးဦးမှာလည်း တစ်နေကုန်နားချိန်မရှိဘဲ အွန်လိုင်းမှငွေလိမ်သည့် အလုပ်များအား လုပ်ကိုင်ရသည့်အပြင် လိမ်လည်ရန်လူရှာမရပါက အကြိမ် ၂၀၀ ခန့် ဒိုက်ထိုးခိုင်းကြောင်း သိရသည်။
ထို့ကြောင့် ကွန်ပျူတာ စာစီစာရိုက်မရသည့် လူငယ်၏ အဖေမှ လျော်ကြေးငွေအဖြစ် မြန်မာငွေကျပ် ၁၀၅ သိန်းအား Paing Thet Kyaw Acc သို့ KBZ Pay ဖြင့် လွှဲပေးခဲ့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း စိစစ်သိရှိရသဖြင့် အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ရာ မြစ်သားမြို့နယ်ကူမဲနယ်မြေရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(ခ)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃ဝ ရက်တွင် ကျောက်ဆည်ခရိုင်တရားရုံးမှ ဖမ်းမိသူဒေါ်ဇာဇာစန်းနှင့် ဦးခင်မောင်လွင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့်ထောင်ဒဏ် တစ်ဆယ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ စွမ်းလင်းထက်၊ ပိုင်သက်ကျော်နှင့် လွင်မင်းထက်တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
အြန္လိုင္းအသုံးျပဳလိမ္လည္မႈအတြက္ ကေမာၻဒီးယားႏိုင္ငံသို႔ ပို႔ေဆာင္ခဲ့သူမ်ားကို လူကုန္ကူးမႈျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ခ်မွတ္
ေစာ (NP News) - ဇန္နဝါရီ ၂
အြန္လိုင္းအသုံးျပဳလိမ္လည္မႈအတြက္ ကေမာၻဒီးယားႏိုင္ငံသို႔ ပို႔ေဆာင္ခဲ့သူမ်ားကို လူကုန္ကူးမႈျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္(၁၀)ႏွစ္စီခ်မွတ္ခဲ့ျခင္းေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး ျမစ္သားၿမိဳ႕နယ္ကူမဲၿမိဳ႕ေန ေဒၚဇာဇာစန္း ႏွင့္ ခင္ပြန္းျဖစ္သူ ခင္ေမာင္လြင္တို႔က ျမစ္သားၿမိဳ႕နယ္ေန လူငယ္ေလးဦးတို႔ကို ၎၏သားျဖစ္သူ လြင္မင္းထက္မွာ ကေမာၻဒီးယား Online Slot Game လုပ္ငန္းတြင္ အလုပ္လုပ္ကိုင္ေနၿပီး Slot Game လုပ္ငန္းပိုင္ရွင္ႏွင့္ရင္းႏွီးသျဖင့္ တစ္လလွ်င္ လစာေငြက်ပ္သိန္း (၄ဝ) ရရွိမည္ျဖစ္ၿပီး၊ လမ္းစရိတ္အကုန္အက်ခံ ပို႔ေဆာင္ေပးမည္ဟု စည္း႐ုံးေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မႏၲေလးေလဆိပ္မွတစ္ဆင့္ တာခ်ီလိတ္ၿမိဳ႕၊ တာခ်ီလိတ္ၿမိဳ႕ တရားမဝင္လမ္းေၾကာင္းမွတစ္ဆင့္ ထိုင္းႏိုင္ငံ၊ ထိုင္းႏိုင္ငံမွတစ္ဆင့္ ကေမာၻဒီးယားႏိုင္ငံ ဖေနာင္ပင္ၿမိဳ႕ Slot Game အလုပ္႐ုံသို႔ အဆင့္ဆင့္ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ပို႔ေဆာင္ခဲ့ၿပီးေနာက္ လူငယ္ေလးဦးအနက္တစ္ဦးမွာ ကြန္ပ်ဴတာစာစီစာ႐ိုက္မရသျဖင့္ ေခါင္းေဆာင္ျဖစ္သူစြမ္းလင္းထက္မွ လမ္းစရိတ္ကုန္က်ေငြ ေဒၚလာ ၁၉၀၀ ကို Paing Thet Kyaw အမည္ျဖင့္ ဖြင့္လွစ္ထားသည့္ KBZ Pay Account 09 767704410 သို႔ ေပးေလ်ာ္ရန္၊ မေပးေလ်ာ္ႏိုင္ပါက ေရာင္းစား မည္ျဖစ္ေၾကာင္းႏွင့္ ထြက္ေျပးပါက အေစာင့္မ်ားက က်င္စက္ျဖင့္တို႔ၿပီး ႐ိုက္ႏွက္ႏွိပ္စက္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ က်န္လူငယ္သုံးဦးမွာလည္း တစ္ေနကုန္နားခ်ိန္မရွိဘဲ အြန္လိုင္းမွေငြလိမ္သည့္ အလုပ္မ်ားအား လုပ္ကိုင္ရသည့္အျပင္ လိမ္လည္ရန္လူရွာမရပါက အႀကိမ္ ၂၀၀ ခန႔္ ဒိုက္ထိုးခိုင္းေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ကြန္ပ်ဴတာ စာစီစာ႐ိုက္မရသည့္ လူငယ္၏ အေဖမွ ေလ်ာ္ေၾကးေငြအျဖစ္ ျမန္မာေငြက်ပ္ ၁၀၅ သိန္းအား Paing Thet Kyaw Acc သို႔ KBZ Pay ျဖင့္ လႊဲေပးခဲ့သျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေစလႊတ္ေပးခဲ့ေၾကာင္း စိစစ္သိရွိရသျဖင့္ အမွတ္(၁၁)လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(မႏၲေလး)မွ တရားလို ျပဳလုပ္တိုင္တန္းခဲ့ရာ ျမစ္သားၿမိဳ႕နယ္ကူမဲနယ္ေျမရဲစခန္းက လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၈(ခ)ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာ ၃ဝ ရက္တြင္ ေက်ာက္ဆည္ခ႐ိုင္တရား႐ုံးမွ ဖမ္းမိသူေဒၚဇာဇာစန္းႏွင့္ ဦးခင္ေမာင္လြင္တို႔ႏွစ္ဦးကို လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၆ အရ အလုပ္ႏွင့္ေထာင္ဒဏ္ တစ္ဆယ္ႏွစ္စီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္တရားခံ စြမ္းလင္းထက္၊ ပိုင္သက္ေက်ာ္ႏွင့္ လြင္မင္းထက္တို႔ကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၈၇/၈၈ အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။