အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာသွားလာနေတဲ့မူးယစ်မှောင်ခိုသင်္ဘောတစ်စီးကို အမေရိကန်ထပ်မံတိုက်ခိုက်ဖျက်ဆီး

 118

Pika (NP News) - ဇန်နဝါရီ ၂
အမေရိကန်စစ်တပ်က အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာရှိတဲ့ မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့သင်္ဘောတစ်စီးကို တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့ပြီး အနည်းဆုံးလူ(၂)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်းမှာလုပ်ဆောင်နေတဲ့မူးယစ်မှောင်ခိုသင်္ဘောတွေအပေါ် အမေရိကန်စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ (၁၀၇)ဦးအထိ ရှိလာပြီဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က”အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာ သွားလာနေတဲ့သင်္ဘောဟာ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားလာနေပြီး မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင် ပတ်သက်နေတယ်ဆိုတာကို ထောက်လှမ်းရေးတွေက အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒါကြောင့်မလို့ အမေရိကန်စစ်တပ်က မူးယစ်မှောင်ခိုသင်္ဘောကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အနည်းဆုံးလူ(၂)ဦး သေဆုံးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့သင်္ဘောတစ်စီးရဲ့ဗီဒီယိုဖိုင်ကို အမေရိကန် တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကနေစတင်ပြီး အမေရိကန်စစ်တပ်ဟာ မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့ သင်္ဘောအနည်းဆုံး(၃ဝ)စီးကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အများစုက အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာသြားလာေနတဲ့မူးယစ္ေမွာင္ခိုသေဘၤာတစ္စီးကို အေမရိကန္ထပ္မံတိုက္ခိုက္ဖ်က္ဆီး
Pika (NP News) - ဇန္နဝါရီ ၂
အေမရိကန္စစ္တပ္က အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာရွိတဲ့ မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့သေဘၤာတစ္စီးကို တိုက္ခိုက္မႈေတြ ထပ္မံလုပ္ေဆာင္ခဲ့ၿပီး အနည္းဆုံးလူ(၂)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ေဒသတြင္းမွာလုပ္ေဆာင္ေနတဲ့မူးယစ္ေမွာင္ခိုသေဘၤာေတြအေပၚ အေမရိကန္စစ္တပ္ရဲ႕တိုက္ခိုက္မႈေၾကာင့္ ေသဆုံးသူ အေရအတြက္ဟာ (၁၀၇)ဦးအထိ ရွိလာၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က”အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာ သြားလာေနတဲ့သေဘၤာဟာ မူးယစ္ေဆးဝါးသယ္ေဆာင္ရာလမ္းေၾကာင္းတစ္ေလွ်ာက္ ျဖတ္သန္းသြားလာေနၿပီး မူးယစ္ေဆးဝါးလုပ္ငန္းေတြမွာ ပါဝင္ ပတ္သက္ေနတယ္ဆိုတာကို ေထာက္လွမ္းေရးေတြက အတည္ျပဳႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္မလို႔ အေမရိကန္စစ္တပ္က မူးယစ္ေမွာင္ခိုသေဘၤာကို တိုက္ခိုက္ဖ်က္ဆီးခဲ့ၿပီး အနည္းဆုံးလူ(၂)ဦး ေသဆုံးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ရဲ႕တိုက္ခိုက္မႈေၾကာင့္ မီးေလာင္ပ်က္စီးသြားတဲ့သေဘၤာတစ္စီးရဲ႕ဗီဒီယိုဖိုင္ကို အေမရိကန္ ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က ထုတ္ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလကေနစတင္ၿပီး အေမရိကန္စစ္တပ္ဟာ မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့ သေဘၤာအနည္းဆုံး(၃ဝ)စီးကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီး အမ်ားစုက အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.