မအူပင် - ဆားမလောက်ကားလမ်းတွင် ဟိုက်ဂျက်အား ဆီဘောက်ဆာကားမှ ဝင်တိုက်ထွက်ပြေး ၊ အမျိုးသားနှစ်ဦးသေဆုံး

 200

ပြည့်ဖြိုးပိုင် (မအူပင်)ဇန်နဝါရီ - ၂
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ်အပိုင် လယ်ကိုင်းကွေ့နှင့်ဝဲဒေါင့်တံတားအကြား
မအူပင် - ဆားမလောက် ကားလမ်းတွင် ဇန်နဝါရီလ (၁)ရက်နေ့ ညနေ (၅)နာရီခွဲကျော်အချိန်ခန့်က ဟိုက်ဂျက်ကားအား ဆီဘောက်ဆာကားက နောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ဟိုက်ဂျက်ကားပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့ကြောင်းအနှိုင်းမဲ့မေတ္တာလူမှုကူညီရေးအသင်း၏ဖော်ပြချက်အရသိရသည်။

ဖြစ်စဉ်မှာ - မအူပင် - ဆားမလောက်ကားလမ်းတွင် ဆားမလောက်ဘက်မှ မအူပင်ဘက်သို့ ဦး..........မောင်းနှင်လာသော ဟိုက်ဂျက်အမျိုးအစားမော်တော်ယာဉ်အား နောက်မှ ပါလာသော (စုံစမ်းဆဲ) ဆီဘောက်ဆာကားမှ ဝင်တိုက်ခဲ့သောကြောင့် ဟိုက်ဂျက်မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိခဲ့ကြောင်း ၊ ယင်းယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဟိုက်ဂျက်မော်တော်ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးမှာ သေဆုံးသွားခဲ့ပြီး သံဃာတော်တစ်ပါးမှာ အနည်းငယ်ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် နောက်မှ ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဉ်အားဝင်တိုက်ခဲ့သော ဆီဘောက်ဆာ
(စုံစမ်းဆဲ)မော်တော်ယာဉ်မှာ ထွက်ပြေးသွားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖမ်းဆီးအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိကြောင်းလည်း သိရသည်။

မအူပင် - ဆားမလောက်ကားလမ်းတွင် ဒီဇင်ဘာလ (၃၀)ရက်နေ့ နေ့လည်ပိုင်းကလည်း မအူပင်ဘက်မှ ပန်းတနော်ဘက်သို့ မောင်းနှင်လာသော လိုက်ထရပ်ကားတစ်စီး လမ်းဘေးသစ်ပင်အားဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။
သတင်းဓါတ်ပုံ - NLA (FB)

Zawgyi Version:
မအူပင္ - ဆားမေလာက္ကားလမ္းတြင္ ဟိုက္ဂ်က္အား ဆီေဘာက္ဆာကားမွ ဝင္တိုက္ထြက္ေျပး ၊ အမ်ိဳးသားႏွစ္ဦးေသဆုံး
ျပည့္ၿဖိဳးပိုင္ (မအူပင္)ဇန္နဝါရီ - ၂
ဧရာဝတီတိုင္းေဒသႀကီး ၊ မအူပင္ၿမိဳ႕နယ္အပိုင္ လယ္ကိုင္းေကြ႕ႏွင့္ဝဲေဒါင့္တံတားအၾကား
မအူပင္ - ဆားမေလာက္ ကားလမ္းတြင္ ဇန္နဝါရီလ (၁)ရက္ေန႔ ညေန (၅)နာရီခြဲေက်ာ္အခ်ိန္ခန႔္က ဟိုက္ဂ်က္ကားအား ဆီေဘာက္ဆာကားက ေနာက္မွ ဝင္တိုက္မႈျဖစ္ပြားခဲ့ၿပီး ဟိုက္ဂ်က္ကားေပၚပါ အမ်ိဳးသားႏွစ္ဦး ေသဆုံးသြားခဲ့ေၾကာင္းအႏႈိင္းမဲ့ေမတၱာလူမႈကူညီေရးအသင္း၏ေဖာ္ျပခ်က္အရသိရသည္။

ျဖစ္စဥ္မွာ - မအူပင္ - ဆားမေလာက္ကားလမ္းတြင္ ဆားမေလာက္ဘက္မွ မအူပင္ဘက္သို႔ ဦး..........ေမာင္းႏွင္လာေသာ ဟိုက္ဂ်က္အမ်ိဳးအစားေမာ္ေတာ္ယာဥ္အား ေနာက္မွ ပါလာေသာ (စုံစမ္းဆဲ) ဆီေဘာက္ဆာကားမွ ဝင္တိုက္ခဲ့ေသာေၾကာင့္ ဟိုက္ဂ်က္ေမာ္ေတာ္ယာဥ္မွာ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးရွိသစ္ပင္အားဝင္တိုက္မိခဲ့ေၾကာင္း ၊ ယင္းယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဟိုက္ဂ်က္ေမာ္ေတာ္ယာဥ္ေပၚပါ အမ်ိဳးသားႏွစ္ဦးမွာ ေသဆုံးသြားခဲ့ၿပီး သံဃာေတာ္တစ္ပါးမွာ အနည္းငယ္ထိခိုက္ဒါဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ ေနာက္မွ ဟိုက္ဂ်က္အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အားဝင္တိုက္ခဲ့ေသာ ဆီေဘာက္ဆာ
(စုံစမ္းဆဲ)ေမာ္ေတာ္ယာဥ္မွာ ထြက္ေျပးသြားခဲ့ၿပီး သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ ဖမ္းဆီးအေရးယူႏိုင္ေရး စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး စစ္ေဆးေရးဂိတ္မ်ားတြင္ စစ္ေဆးမႈမ်ားလုပ္ေဆာင္လွ်က္ရွိေၾကာင္းလည္း သိရသည္။

မအူပင္ - ဆားမေလာက္ကားလမ္းတြင္ ဒီဇင္ဘာလ (၃၀)ရက္ေန႔ ေန႔လည္ပိုင္းကလည္း မအူပင္ဘက္မွ ပန္းတေနာ္ဘက္သို႔ ေမာင္းႏွင္လာေသာ လိုက္ထရပ္ကားတစ္စီး လမ္းေဘးသစ္ပင္အားဝင္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္းလည္းသိရသည္။
သတင္းဓါတ္ပုံ - NLA (FB)

Related news

© 2021. All rights reserved.