ဆွစ်ဇာလန်ရှိ အပန်းဖြေစခန်းတစ်ခုမှာ နှစ်သစ်ကူးညက မီးလောင်မှုကြောင့် သေဆုံးသူမြင့်တက်

107

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂
ဆွစ်ဇာလန်တောင်ပိုင်းရှိ နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုရှိ ဘားတစ်ခုတွင် နှစ်သစ်ကူးညက မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၄ဝ ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူ ၁၁၅ ယောက် ဒဏ်ရာရရှိခဲ့ကာ အများစုက ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆွစ်ဇာလန်ရဲတပ်ဖွဲက သတင်းထုတ်ပြန်ထားသည်။
အဆိုပါမီးလောင်မှုသည် ကရန်းစ်မွန်တာနားရှိ - Le Constellation အမည်ရှိ ဘားတစ်ခုတွင် နှစ်သစ်ကူးပွဲတော် ကျင်းပချိန် နံနက်၁ နာရီ မိနစ် ၃ဝ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရသောအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမယ့် တိုက်ခိုက်မှုဟုတ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
မီးလောင်မှုအတွင်း နိုင်ငံအများအပြားမှ အခြားနိုင်ငံသားများ ဒဏ်ရာရရှိခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း သေဆုံးသူများနှင့်ပတ်သက်ပြီး အတိအကျသတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ သေဆုံးသူများကို အတိအကျ သိရချိန်တွင် ရုပ်အလောင်းတွေကို မိသားစုတွေထံ အမြန်ဆုံးပေးအပ်သွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန် အာဏာပိုင်များက ပြောသည်။ ဆွစ်ဇာလန်အာဏာပိုင်များသည် ခရီးသွားတွေကြား ရေပန်းစားသော ဗယ်လီရက်စ်ဒေသရှိ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ရဟတ်ယာဉ် ၁၃ စီး၊ လူနာတင်ယာဉ် ၄၂ စီး နဲ့ ကယ်ဆယ်ရေးသမား ၁၅၀ ကို ညတွင်းချင်း စေလွှတ်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူအများစုက ပြင်းထန်သော မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး လူ ၆ဝ ကို ဗယ်လီးရက်စ်ရှိ ဆေးရုံကို ပို့ဆောင်ခဲ့ကာ ဒဏ်ရာရသူအများအပြားစုက အသက်အန္တရာယ်စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်းl ဒဏ်ရာရသူ အများစုက အသက် ၁၅ နှစ်မှ ၂၅ နှစ်အကြားရှိ လူငယ်အများစု ပါဝင်ကြောင်း သိရသည်။ ဆွစ်ဇာလန်ဆရာဝန်တစ်ဦးက “မီးလောင်မှုက အရမ်းပြင်းထန်တဲ့အတွက် အတွင်းပိုင်းမှာ မီးလောင်ဒဏ်ရာတွေ ရခဲ့သလို လူတွေက အဆိပ်သင့် မီးခိုးတွေကို အဆုတ်ထဲကို ရှူရှိုက်မိကြတယ်" ဟု ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် အီတလီနိုင်ငံသား ၁၆ ယောက် ပျောက်ဆုံးနေပြီး ၁၂ ဦးမှ ၁၅ ဦးအထိဆေးရုံတွင် ကုသမှုခံယူနေရတယ်လို့ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မီးလောင်မှုကြောင့် ပြင်သစ်နိုင်ငံသား ရှစ်ဦး ပျောက်ဆုံးနေပြီး သေဆုံးသူတွေထဲတွင် ပြင်သစ်နိုင်ငံသားများ ပါဝင်နိုင်ကြောင်း ပြောသည်။

Zawgyi Version :
ဆြစ္ဇာလန္ရွိ အပန္းေျဖစခန္းတစ္ခုမွာ ႏွစ္သစ္ကူးညက မီးေလာင္မႈေၾကာင့္ ေသဆုံးသူျမင့္တက္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂
ဆြစ္ဇာလန္ေတာင္ပိုင္းရွိ ႏွင္းေလွ်ာစီး အပန္းေျဖစခန္းတစ္ခုရွိ ဘားတစ္ခုတြင္ ႏွစ္သစ္ကူးညက မီးေလာင္မႈျဖစ္ပြားခဲ့ၿပီးေနာက္ လူ ၄ဝ ဦး ေသဆုံးခဲ့ၿပီး ေနာက္ထပ္ လူ ၁၁၅ ေယာက္ ဒဏ္ရာရရွိခဲ့ကာ အမ်ားစုက ျပင္းထန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ဆြစ္ဇာလန္ရဲတပ္ဖြဲက သတင္းထုတ္ျပန္ထားသည္။
အဆိုပါမီးေလာင္မႈသည္ ကရန္းစ္မြန္တာနားရွိ - Le Constellation အမည္ရွိ ဘားတစ္ခုတြင္ ႏွစ္သစ္ကူးပြဲေတာ္ က်င္းပခ်ိန္ နံနက္၁ နာရီ မိနစ္ ၃ဝ ဝန္းက်င္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မီးေလာင္ရေသာအေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ေပမယ့္ တိုက္ခိုက္မႈဟုတ္ေၾကာင္းတာဝန္ရွိသူတစ္ဦးက ေျပာသည္။
မီးေလာင္မႈအတြင္း ႏိုင္ငံအမ်ားအျပားမွ အျခားႏိုင္ငံသားမ်ား ဒဏ္ရာရရွိခဲ့ၿပီး လာမည့္ရက္ပိုင္းအတြင္း ေသဆုံးသူမ်ားႏွင့္ပတ္သက္ၿပီး အတိအက်သတင္းထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။ ေသဆုံးသူမ်ားကို အတိအက် သိရခ်ိန္တြင္ ႐ုပ္အေလာင္းေတြကို မိသားစုေတြထံ အျမန္ဆုံးေပးအပ္သြားမည္ျဖစ္ေၾကာင္း ဆြစ္ဇာလန္ အာဏာပိုင္မ်ားက ေျပာသည္။ ဆြစ္ဇာလန္အာဏာပိုင္မ်ားသည္ ခရီးသြားေတြၾကား ေရပန္းစားေသာ ဗယ္လီရက္စ္ေဒသရွိ မီးေလာင္မႈျဖစ္ပြားရာေနရာသို႔ ရဟတ္ယာဥ္ ၁၃ စီး၊ လူနာတင္ယာဥ္ ၄၂ စီး နဲ႔ ကယ္ဆယ္ေရးသမား ၁၅၀ ကို ညတြင္းခ်င္း ေစလႊတ္ခဲ့ေၾကာင္း သိရသည္။
ဒဏ္ရာရရွိသူအမ်ားစုက ျပင္းထန္ေသာ မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ၿပီး လူ ၆ဝ ကို ဗယ္လီးရက္စ္ရွိ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ကာ ဒဏ္ရာရသူအမ်ားအျပားစုက အသက္အႏၲရာယ္စိုးရိမ္ဖြယ္အေျခအေနရွိေနေၾကာင္းl ဒဏ္ရာရသူ အမ်ားစုက အသက္ ၁၅ ႏွစ္မွ ၂၅ ႏွစ္အၾကားရွိ လူငယ္အမ်ားစု ပါဝင္ေၾကာင္း သိရသည္။ ဆြစ္ဇာလန္ဆရာဝန္တစ္ဦးက “မီးေလာင္မႈက အရမ္းျပင္းထန္တဲ့အတြက္ အတြင္းပိုင္းမွာ မီးေလာင္ဒဏ္ရာေတြ ရခဲ့သလို လူေတြက အဆိပ္သင့္ မီးခိုးေတြကို အဆုတ္ထဲကို ရႉရႈိက္မိၾကတယ္" ဟု ေျပာသည္။
အဆိုပါမီးေလာင္မႈေၾကာင့္ အီတလီႏိုင္ငံသား ၁၆ ေယာက္ ေပ်ာက္ဆုံးေနၿပီး ၁၂ ဦးမွ ၁၅ ဦးအထိေဆး႐ုံတြင္ ကုသမႈခံယူေနရတယ္လို႔ အီတလီႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာသည္။ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း မီးေလာင္မႈေၾကာင့္ ျပင္သစ္ႏိုင္ငံသား ရွစ္ဦး ေပ်ာက္ဆုံးေနၿပီး ေသဆုံးသူေတြထဲတြင္ ျပင္သစ္ႏိုင္ငံသားမ်ား ပါဝင္ႏိုင္ေၾကာင္း ေျပာသည္။