ဂျာမနီဘဏ်တစ်ခု ဖောက်ထွင်းခံရပြီး အမေရိကန်ဒေါ်လာ(၃၅)သန်း နှင့် အခြားတန်ဖိုးကြီးပစ္စည်းများ ခိုးယူခံရ

125

Pika (NP News) - ဇန်နဝါရီ ၂
ခရစ္စမတ်အားလပ်ရက်များအတွင်း ဂျာမနီနိုင်ငံ Gelsenkirchen မြို့မှ ဘဏ်တစ်ခုကို သူခိုးတစ်ဖွဲ့က ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး ငွေသားအမေရိကန်ဒေါ်လာ(၃၅)သန်း နှင့် အခြားတန်ဖိုးကြီး လက်ဝတ်ရတနာပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါဖောက်ထွင်းဝင်ရောက်မှုသည် Sparkasse ဘဏ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူခိုးများသည် ဘဏ္ဍာတိုက် ထဲသို့ဝင်ရောက်နိုင်ရန်အတွက် ထူထဲသောကွန်ကရစ်နံရံကို ဖောက်ထွင်းခဲ့ပြီး လော့ကာပေါင်း(၃ဝဝဝ)ကျော်ကို ဖွင့်ကာ ငွေသားနှင့်ပစ္စည်းများကို ယူသွားခဲ့ခြင်းဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါဖောက်ထွင်းဝင်ရောက်မှုကြောင့် Sparkasse ဘဏ်တွင် ဖောက်သည်(၂၇၀၀)ခန့်က အပ်ထားသော ပိုင်ဆိုင်မှုများအားလုံး ပါသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထပ်မံပြောကြားခဲ့သည်။ Sparkasse ဘဏ်ဖွင့်ချိန်မတိုင်မီ နာရီပိုင်းအလိုတွင် ဘဏ်မှ မီးအချက်ပေးသံများမြည်လာခဲ့ပြီးနောက် ရဲများက ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ချိန်တွင် လော့ကာများအားလုံး ဖွင့်ခံထားရသည့်အခြေအနေကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖောက်ထွင်းဝင်ရောက်မှုအတွင်း သူခိုးများက အထူးပြုလုပ်ထားသော စက်မှုလုပ်ငန်းအဆင့်ရှိ တူးဖောက်ရေးစနစ် တစ်ခုကို အသုံးပြုခဲ့ပုံပေါ်ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါဖောက်ထွင်း ဝင်ရောက်မှုကို ပရော်ဖက်ရှင်နယ်ဆန်သည့်သူခိုးများက အကွက်ကျကျလုပ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဘဏ်၏ အနီးတွင်ရှိသော ကားပါကင်ဧရိယာမှတစ်ဆင့် ကြီးမားသော အိတ်ကြီးများကို သယ်ဆောင်လာသည့်လူအများအပြားကို တွေ့ခဲ့ကြောင်း မျက်မြင်သက်သေများက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပြီး စီစီတီဗီမှတ်တမ်းတွင် မျက်နှာဖုံးစွပ်ထားသောလူများက အနက်ရောင် Audi RS 6 ကားတစ်စီးနှင့်အတူ မောင်းနှင်ထွက်ပြေးသွားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါအနက်ရောင် Audi RS 6ကားကို သူခိုးများက Gelsenkirchen မြို့နှင့် ကီလိုမီတာ(၂၀၀)ခန့် အကွာအဝေး တွင်ရှိသည့် Hanover မြို့မှ ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့သည်။

Zawgyi Version :
ဂ်ာမနီဘဏ္တစ္ခု ေဖာက္ထြင္းခံရၿပီး အေမရိကန္ေဒၚလာ(၃၅)သန္း ႏွင့္ အျခားတန္ဖိုးႀကီးပစၥည္းမ်ား ခိုးယူခံရ
Pika (NP News) - ဇန္နဝါရီ ၂
ခရစၥမတ္အားလပ္ရက္မ်ားအတြင္း ဂ်ာမနီႏိုင္ငံ Gelsenkirchen ၿမိဳ႕မွ ဘဏ္တစ္ခုကို သူခိုးတစ္ဖြဲ႕က ေဖာက္ထြင္း ဝင္ေရာက္ခဲ့ၿပီး ေငြသားအေမရိကန္ေဒၚလာ(၃၅)သန္း ႏွင့္ အျခားတန္ဖိုးႀကီး လက္ဝတ္ရတနာပစၥည္းမ်ားကို ခိုးယူသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့သည္။
အဆိုပါေဖာက္ထြင္းဝင္ေရာက္မႈသည္ Sparkasse ဘဏ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး သူခိုးမ်ားသည္ ဘ႑ာတိုက္ ထဲသို႔ဝင္ေရာက္ႏိုင္ရန္အတြက္ ထူထဲေသာကြန္ကရစ္နံရံကို ေဖာက္ထြင္းခဲ့ၿပီး ေလာ့ကာေပါင္း(၃ဝဝဝ)ေက်ာ္ကို ဖြင့္ကာ ေငြသားႏွင့္ပစၥည္းမ်ားကို ယူသြားခဲ့ျခင္းျဖစ္ေၾကာင္း ဂ်ာမနီရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
ထို႔ျပင္ အဆိုပါေဖာက္ထြင္းဝင္ေရာက္မႈေၾကာင့္ Sparkasse ဘဏ္တြင္ ေဖာက္သည္(၂၇၀၀)ခန႔္က အပ္ထားေသာ ပိုင္ဆိုင္မႈမ်ားအားလုံး ပါသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထပ္မံေျပာၾကားခဲ့သည္။ Sparkasse ဘဏ္ဖြင့္ခ်ိန္မတိုင္မီ နာရီပိုင္းအလိုတြင္ ဘဏ္မွ မီးအခ်က္ေပးသံမ်ားျမည္လာခဲ့ၿပီးေနာက္ ရဲမ်ားက ဝင္ေရာက္စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ခ်ိန္တြင္ ေလာ့ကာမ်ားအားလုံး ဖြင့္ခံထားရသည့္အေျခအေနကို ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဖာက္ထြင္းဝင္ေရာက္မႈအတြင္း သူခိုးမ်ားက အထူးျပဳလုပ္ထားေသာ စက္မႈလုပ္ငန္းအဆင့္ရွိ တူးေဖာက္ေရးစနစ္ တစ္ခုကို အသုံးျပဳခဲ့ပုံေပၚေၾကာင္း စုံစမ္းစစ္ေဆးသူမ်ားက ေျပာၾကားခဲ့သည္။ ထို႔ျပင္ အဆိုပါေဖာက္ထြင္း ဝင္ေရာက္မႈကို ပေရာ္ဖက္ရွင္နယ္ဆန္သည့္သူခိုးမ်ားက အကြက္က်က်လုပ္ေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။ ဘဏ္၏ အနီးတြင္ရွိေသာ ကားပါကင္ဧရိယာမွတစ္ဆင့္ ႀကီးမားေသာ အိတ္ႀကီးမ်ားကို သယ္ေဆာင္လာသည့္လူအမ်ားအျပားကို ေတြ႕ခဲ့ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ရဲတပ္ဖြဲ႕ကို ေျပာၾကားခဲ့ၿပီး စီစီတီဗီမွတ္တမ္းတြင္ မ်က္ႏွာဖုံးစြပ္ထားေသာလူမ်ားက အနက္ေရာင္ Audi RS 6 ကားတစ္စီးႏွင့္အတူ ေမာင္းႏွင္ထြက္ေျပးသြားသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။
အဆိုပါအနက္ေရာင္ Audi RS 6ကားကို သူခိုးမ်ားက Gelsenkirchen ၿမိဳ႕ႏွင့္ ကီလိုမီတာ(၂၀၀)ခန႔္ အကြာအေဝး တြင္ရွိသည့္ Hanover ၿမိဳ႕မွ ခိုးယူလာခဲ့ျခင္းျဖစ္ေၾကာင္း ေနာက္ပိုင္းတြင္ ရဲတပ္ဖြဲ႕က အတည္ျပဳႏိုင္ခဲ့သည္။