ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

198

သုတကျော် (NP News) - ဇန်နဝါရီ ၂
ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ (ဇန်နဝါရီလ ၂ ရက်) ညပိုင်းတွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ စတင်ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲကျင်းပချိန်တွင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၇ နှင့် နည်းဥပဒေပါ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ရောက်ရှိနေကြသည့် မဲဆန္ဒရှင်များ၏ ကြိုတင်မဲပေးခြင်းကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာမြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ကောင်စစ် ဝန်ချုပ်ရုံးအသီးသီးက ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းမဲပေးပြီးသည့် ကြိုတင်ဆန္ဒမဲများကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ပေးပို့ခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ဆက်လက်ပေးပို့ခဲ့ ကြောင်း ဖော်ပြထားသည်။
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများကို ဖိတ်ကြား၍ ကော်မရှင်ကသတ်မှတ်ပေးသည့် နေ့ရက်ဖြစ်သည့် ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့ ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲစာအိတ် များကို ဖွင့်ဖောက်၍ ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် ကြိုတင်ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၇) နှင့် ပုံစံ (၁၇-၁) တို့တွင် ဖြည့်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ကြောင်း ရေးသား ထားသည်။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၅ (က) နှင့် နည်းဥပဒေပါ လုပ်ထုံး လုပ်နည်းများနှင့်အညီ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့ နယ်ပြင်ပသို့ ရောက်ရှိနေသော မဲဆန္ဒရှင်များဖြစ်သည့် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေရ သော အတွင်းလူနာများ ကြိုတင်ဆန္ဒမဲ ပေးခြင်းကို သက်ဆိုင်ရာ ဌာနအကြီးအမှူးများက စီစဉ်ပေးသည့် နေရာတွင် လည်းကောင်း၊ ယာယီနေရပ်စွန့်ခွာနေရသူ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယင်းတို့ရောက်ရှိရာဒေသ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်လည်းကောင်း ကော်မရှင်ကသတ်မှတ်ပေးသည့် နေ့ရက်အတွင်း စနစ် တကျ ဆန္ဒမဲပေးခဲ့ကြပြီး ယင်းသို့ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် စာအိတ်များကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များသို့ ပြန်လည်ပေးပို့ ခဲ့ကြောင်း ရေးသားထားသည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများကို ဖိတ်ကြား၍ ရွေးကောက်ပွဲ မကျင်းပမီ ၂ ရက်အလို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ မတိုင်မီ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲ လက်မှတ်ပါစာအိတ်များကို ဖွင့်ဖောက်၍ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြပါသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် ကြိုတင်ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၇-က) နှင့် ပုံစံ [၁၇(က-၁)] တို့တွင် ဖြည့်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သည့် အနာကြီး ရောဂါ စွဲကပ်နေသူ၊ ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊ သားဖွားနေသူ၊ ရဲအချုပ်စခန်း၊ အကျဉ်းစခန်းများတွင် အချုပ်ခံနေရသူ၊ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါး ကုသမှု ခံယူနေရသူများနှင့် မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်ကာ ယာယီတာဝန် သွားရောက်ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်း၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ သည် သက်ဆိုင်ရာရပ်ကွက် နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ကော်မရှင်က သတ်မှတ် သည့် ၁၈-၁၂-၂၀၂၅ ရက်နေ့မှ ၂၇-၁၂-၂၀၂၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာတိုင်း ဒေသကြီး နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ အကြောင်းကြားခဲ့ကြောင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများသို့လည်း ဆက်လက် အသိပေးအကြောင်းကြားခဲ့ပါသည်။ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၆၃ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င) တို့နှင့်အညီ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ ပေးခြင်းအား စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းကြိုတင် ဆန္ဒမဲလက်မှတ်များပါရှိသည့် မဲပုံးများကို ကြိုတင်ဆန္ဒမဲပေးသူစာရင်း ပုံစံ (၁၃-က) များနှင့်အတူ ရွေးကောက်ပွဲကျင်းပသည့်နေ့ ၂၈-၁၂-၂၀၂၅ ရက်နေ့ နံနက် ၀၆:၀၀ နာရီ မဲရုံမဖွင့်မီ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ နည်းဥပဒေ ၆၃ (စ) နှင့်အညီ စနစ်တကျအပ်နှံခဲ့ကြပါသည်။ မဲရုံပိတ်ချိန်တွင် မဲရုံမှူးက မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် ဆန္ဒမဲပေးထားသည့် ဆန္ဒမဲရလဒ်စာရင်းကို မဲပေးစက်မှ ထုတ်ယူပြီးနောက် ကြိုတင်ဆန္ဒမဲများကို ဦးစွာ ရေတွက်ခဲ့ပါသည်။ ထို့နောက် မဲရုံမှူးသည် မဲပေးစက်ဖြင့် မဲပေးထားသည့် ဆန္ဒမဲအရေအတွက် နှင့် ကြိုတင်ဆန္ဒမဲစာရင်းများကို စုစည်း၍ ပုံစံ (၁၇-ခ) နှင့် ပုံစံ {၁၇(ခ-၁)] တို့တွင် ရေးသွင်းပြီး ဆန္ဒမဲ ရလဒ်စာရင်းများကို သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာခဲ့ပြီးဖြစ်ကြောင်း ရေးသားထားသည်။
သက်ဆိုင်ရာမြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် မိမိလက်ဝယ်ရှိ ပုံစံ (၁၇-က) နှင့် ပုံစံ (၁၇(က-၁)] ပါ ကြိုတင်ဆန္ဒမဲရလဒ်စာရင်းများနှင့် မဲရုံအသီးသီးက ရရှိသည့် ပုံစံ (၁၇-ခ) နှင့် ပုံစံ {၁၇(ခ-၁)] တို့ကို စုစည်း၍ မြို့နယ်ဆန္ဒမဲရလဒ်စာရင်း ပုံစံ (၁၈) နှင့် ပုံစံ (၁၈-၁) တို့တွင် စနစ်တကျ ရေးသွင်းခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ သည် မိမိလက်ဝယ်ရှိ ပုံစံ (၁၇) နှင့် ပုံစံ (၁၇-၁) ပါ ကြိုတင်ဆန္ဒမဲစာရင်းနှင့် မြို့နယ်အသီးသီးက ပေးပို့လာသည့် ပုံစံ (၁၈) နှင့် ပုံစံ (၁၈-၁) ပါ ဆန္ဒမဲစာရင်းများကို စုစည်း၍ သက်ဆိုင်ရာမဲဆန္ဒနယ် အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် ဆန္ဒမဲစာရင်းများကို ပုံစံ (၁၉) နှင့် ပုံစံ (၁၉-၁) တို့တွင် ရေးသွင်းခဲ့ကြောင်း၊ အဆိုပါဆန္ဒမဲစာရင်း ပုံစံများတွင် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံမှူးများသည် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ကြိုတင်ဆန္ဒမဲများ ရေတွက်ခြင်း၊ ဆန္ဒမဲစာရင်းများ ပြုစုခြင်းနှင့် ကပ်ထားကြေညာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူများတို့အား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့ကြပြီး ရရှိသည့် ဆန္ဒမဲစာရင်းများကို အများပြည်သူ သိရှိနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း ဆိုထားသည်။

Zawgyi Version:
ႀကိဳတင္ဆႏၵမဲေပးျခင္းႏွင့္စပ္လ်ဥ္း၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ထုတ္ျပန္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂
ႀကိဳတင္ဆႏၵမဲေပးျခင္းႏွင့္စပ္လ်ဥ္း၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ယေန႔ (ဇန္နဝါရီလ ၂ ရက္) ညပိုင္းတြင္ ထုတ္ျပန္ခ်က္ တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္၌ စတင္က်င္းပခဲ့သည့္ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္တြင္းျပည္ပရွိ ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္ျပည္သူမ်ား အေနျဖင့္ ႏိုင္ငံသားတစ္ဦး၏ အခြင့္အေရးျဖစ္သည့္ မဲေပးပိုင္ခြင့္ မဆုံးရႈံးေစေရးအတြက္ ႀကိဳတင္ဆႏၵမဲေပးႏိုင္ေရး ဥပေဒျပ႒ာန္းခ်က္မ်ားႏွင့္အညီ စီစဥ္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ေ႐ြးေကာက္ပြဲက်င္းပခ်ိန္တြင္ သက္ဆိုင္ရာလႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ ၄၇ ႏွင့္ နည္းဥပေဒပါ လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ ျပည္ေထာင္စုအစိုးရ၏ခြင့္ျပဳခ်က္ျဖင့္ ႏိုင္ငံျပင္ပသို႔ေရာက္ရွိေနၾကသည့္ မဲဆႏၵရွင္မ်ား၏ ႀကိဳတင္မဲေပးျခင္းကို သတ္မွတ္ရက္အတြင္း သက္ဆိုင္ရာျမန္မာသံ႐ုံး၊ အၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံး၊ ေကာင္စစ္ ဝန္ခ်ဳပ္႐ုံးအသီးသီးက ေဆာင္႐ြက္ခဲ့ၾကပါသည္။ ယင္းမဲေပးၿပီးသည့္ ႀကိဳတင္ဆႏၵမဲမ်ားကို ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွတစ္ဆင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးသို႔ ေပးပို႔ခဲ့ေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးက သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားသို႔ ဆက္လက္ေပးပို႔ခဲ့ ေၾကာင္း ေဖာ္ျပထားသည္။
သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားက ႏိုင္ငံေရးပါတီမ်ားကို ဖိတ္ၾကား၍ ေကာ္မရွင္ကသတ္မွတ္ေပးသည့္ ေန႔ရက္ျဖစ္သည့္ ၂ဝ၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၅ ရက္တြင္ ႏိုင္ငံေရးပါတီမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္မ်ား၊ အသိသက္ေသမ်ားႏွင့္ အမ်ားျပည္သူတို႔ ေရွ႕ေမွာက္တြင္ ႀကိဳတင္ဆႏၵမဲစာအိတ္ မ်ားကို ဖြင့္ေဖာက္၍ ပြင့္လင္းျမင္သာစြာ ေရတြက္ခဲ့ၾကေၾကာင္း၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း တစ္ဦးခ်င္းရရွိသည့္ ႀကိဳတင္ဆႏၵမဲအေရအတြက္ကို ပုံစံ (၁၇) ႏွင့္ ပုံစံ (၁၇-၁) တို႔တြင္ ျဖည့္သြင္း၍ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္မ်ားႏွင့္ အသိသက္ေသမ်ား၊ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားက စိစစ္ၿပီး မွန္ကန္ေၾကာင္း လက္မွတ္ေရးထိုး၍ အမ်ားျပည္သူ ၾကည့္ရႈႏိုင္ရန္ သက္ဆိုင္ရာေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမ်ားတြင္ ကပ္ထားေၾကညာေပးခဲ့ေၾကာင္း ေရးသား ထားသည္။
သက္ဆိုင္ရာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒ ပုဒ္မ ၄၅ (က) ႏွင့္ နည္းဥပေဒပါ လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ မဲစာရင္းပါရွိသည့္ သက္ဆိုင္ရာၿမိဳ႕ နယ္ျပင္ပသို႔ ေရာက္ရွိေနေသာ မဲဆႏၵရွင္မ်ားျဖစ္သည့္ တပ္မေတာ္သားမ်ားႏွင့္ အတူေနအိမ္ေထာင္စုဝင္မ်ား၊ ေက်ာင္းသားမ်ား၊ သင္တန္းသားမ်ား၊ အခ်ဳပ္ခံေနရသူမ်ား၊ ေဆး႐ုံတက္ေရာက္ေနရ ေသာ အတြင္းလူနာမ်ား ႀကိဳတင္ဆႏၵမဲ ေပးျခင္းကို သက္ဆိုင္ရာ ဌာနအႀကီးအမႉးမ်ားက စီစဥ္ေပးသည့္ ေနရာတြင္ လည္းေကာင္း၊ ယာယီေနရပ္စြန႔္ခြာေနရသူ မဲဆႏၵရွင္မ်ား ႀကိဳတင္ဆႏၵမဲေပးျခင္းကို ယင္းတို႔ေရာက္ရွိရာေဒသ ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲတြင္လည္းေကာင္း ေကာ္မရွင္ကသတ္မွတ္ေပးသည့္ ေန႔ရက္အတြင္း စနစ္ တက် ဆႏၵမဲေပးခဲ့ၾကၿပီး ယင္းသို႔ဆႏၵျပဳထားသည့္ ႀကိဳတင္ဆႏၵမဲလက္မွတ္မ်ားပါရွိသည့္ စာအိတ္မ်ားကို သက္ဆိုင္ရာ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ မ်ားသို႔ ျပန္လည္ေပးပို႔ ခဲ့ေၾကာင္း ေရးသားထားသည္။
ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲမ်ားက ႏိုင္ငံေရးပါတီမ်ားကို ဖိတ္ၾကား၍ ေ႐ြးေကာက္ပြဲ မက်င္းပမီ ၂ ရက္အလို ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၆ ရက္ေန႔ ညေန ၄ နာရီ မတိုင္မီ ေရာက္ရွိလာေသာ ႀကိဳတင္ဆႏၵမဲ လက္မွတ္ပါစာအိတ္မ်ားကို ဖြင့္ေဖာက္၍ ႏိုင္ငံေရးပါတီမ်ား၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ား၊ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္မ်ား၊ အသိသက္ေသမ်ားႏွင့္ အမ်ားျပည္သူတို႔ ေရွ႕ေမွာက္တြင္ ပြင့္လင္းျမင္သာစြာ ေရတြက္ခဲ့ၾကပါသည္။ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း တစ္ဦးခ်င္းရရွိသည့္ ႀကိဳတင္ဆႏၵမဲအေရအတြက္ကို ပုံစံ (၁၇-က) ႏွင့္ ပုံစံ [၁၇(က-၁)] တို႔တြင္ ျဖည့္သြင္း၍ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္မ်ားႏွင့္ အသိသက္ေသမ်ား၊ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲမ်ားက စိစစ္ၿပီး မွန္ကန္ေၾကာင္း လက္မွတ္ေရးထိုး၍ အမ်ားျပည္သူ ၾကည့္ရႈႏိုင္ရန္ သက္ဆိုင္ရာ ၿမိဳ႕နယ္ေကာ္မရွင္အဖြဲ႕ ခြဲ႐ုံးမ်ားတြင္ ကပ္ထားေၾကညာေပးခဲ့ၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ေ႐ြးေကာက္ပြဲက်င္းပသည့္ေန႔တြင္ မဲ႐ုံသို႔ ကိုယ္တိုင္မလာေရာက္ႏိုင္သည့္ အနာႀကီး ေရာဂါ စြဲကပ္ေနသူ၊ ေရာဂါေဝဒနာ ျပင္းထန္စြာခံစားေနရသူ၊ အိုမင္းမစြမ္းသူ၊ သားဖြားေနသူ၊ ရဲအခ်ဳပ္စခန္း၊ အက်ဥ္းစခန္းမ်ားတြင္ အခ်ဳပ္ခံေနရသူ၊ ေဆး႐ုံတြင္ အတြင္းလူနာအျဖစ္ ေဆးဝါး ကုသမႈ ခံယူေနရသူမ်ားႏွင့္ မဲစာရင္းပါရွိရာေဒသမွ ေက်ာ္လြန္ကာ ယာယီတာဝန္ သြားေရာက္ထမ္းေဆာင္ရမည့္ ႏိုင္ငံ့ဝန္ထမ္း၊ တပ္မေတာ္သားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား သည္ သက္ဆိုင္ရာရပ္ကြက္ ႏွင့္ ေက်း႐ြာအုပ္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားတြင္ ေကာ္မရွင္က သတ္မွတ္ သည့္ ၁၈-၁၂-၂၀၂၅ ရက္ေန႔မွ ၂၇-၁၂-၂၀၂၅ ရက္ေန႔အထိ ႀကိဳတင္ဆႏၵမဲေပးႏိုင္ရန္ သက္ဆိုင္ရာတိုင္း ေဒသႀကီး ႏွင့္ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားမွတစ္ဆင့္ ၿမိဳ႕နယ္ႏွင့္ ရပ္ကြက္၊ ေက်း႐ြာအုပ္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲမ်ားသို႔ အေၾကာင္းၾကားခဲ့ေၾကာင္း၊ သက္ဆိုင္ရာေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားက ႏိုင္ငံေရးပါတီမ်ားသို႔လည္း ဆက္လက္ အသိေပးအေၾကာင္းၾကားခဲ့ပါသည္။ သက္ဆိုင္ရာလႊတ္ေတာ္ ေ႐ြးေကာက္ပြဲနည္းဥပေဒ ၆၃ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င) တို႔ႏွင့္အညီ ရပ္ကြက္ႏွင့္ေက်း႐ြာအုပ္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲမ်ားက မဲဆႏၵရွင္မ်ား ႀကိဳတင္ဆႏၵမဲ ေပးျခင္းအား စနစ္တက် စီစဥ္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ယင္းႀကိဳတင္ ဆႏၵမဲလက္မွတ္မ်ားပါရွိသည့္ မဲပုံးမ်ားကို ႀကိဳတင္ဆႏၵမဲေပးသူစာရင္း ပုံစံ (၁၃-က) မ်ားႏွင့္အတူ ေ႐ြးေကာက္ပြဲက်င္းပသည့္ေန႔ ၂၈-၁၂-၂၀၂၅ ရက္ေန႔ နံနက္ ၀၆:၀၀ နာရီ မဲ႐ုံမဖြင့္မီ သက္ဆိုင္ရာ မဲ႐ုံမႉးမ်ားထံသို႔ နည္းဥပေဒ ၆၃ (စ) ႏွင့္အညီ စနစ္တက်အပ္ႏွံခဲ့ၾကပါသည္။ မဲ႐ုံပိတ္ခ်ိန္တြင္ မဲ႐ုံမႉးက မဲဆႏၵရွင္မ်ား မဲေပးစက္ျဖင့္ ဆႏၵမဲေပးထားသည့္ ဆႏၵမဲရလဒ္စာရင္းကို မဲေပးစက္မွ ထုတ္ယူၿပီးေနာက္ ႀကိဳတင္ဆႏၵမဲမ်ားကို ဦးစြာ ေရတြက္ခဲ့ပါသည္။ ထို႔ေနာက္ မဲ႐ုံမႉးသည္ မဲေပးစက္ျဖင့္ မဲေပးထားသည့္ ဆႏၵမဲအေရအတြက္ ႏွင့္ ႀကိဳတင္ဆႏၵမဲစာရင္းမ်ားကို စုစည္း၍ ပုံစံ (၁၇-ခ) ႏွင့္ ပုံစံ {၁၇(ခ-၁)] တို႔တြင္ ေရးသြင္းၿပီး ဆႏၵမဲ ရလဒ္စာရင္းမ်ားကို သက္ဆိုင္ရာ မဲ႐ုံအသီးသီးတြင္ ကပ္ထားေၾကညာခဲ့ၿပီးျဖစ္ေၾကာင္း ေရးသားထားသည္။
သက္ဆိုင္ရာၿမိဳ႕ နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားသည္ မိမိလက္ဝယ္ရွိ ပုံစံ (၁၇-က) ႏွင့္ ပုံစံ (၁၇(က-၁)] ပါ ႀကိဳတင္ဆႏၵမဲရလဒ္စာရင္းမ်ားႏွင့္ မဲ႐ုံအသီးသီးက ရရွိသည့္ ပုံစံ (၁၇-ခ) ႏွင့္ ပုံစံ {၁၇(ခ-၁)] တို႔ကို စုစည္း၍ ၿမိဳ႕နယ္ဆႏၵမဲရလဒ္စာရင္း ပုံစံ (၁၈) ႏွင့္ ပုံစံ (၁၈-၁) တို႔တြင္ စနစ္တက် ေရးသြင္းခဲ့ပါသည္။ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ား သည္ မိမိလက္ဝယ္ရွိ ပုံစံ (၁၇) ႏွင့္ ပုံစံ (၁၇-၁) ပါ ႀကိဳတင္ဆႏၵမဲစာရင္းႏွင့္ ၿမိဳ႕နယ္အသီးသီးက ေပးပို႔လာသည့္ ပုံစံ (၁၈) ႏွင့္ ပုံစံ (၁၈-၁) ပါ ဆႏၵမဲစာရင္းမ်ားကို စုစည္း၍ သက္ဆိုင္ရာမဲဆႏၵနယ္ အလိုက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တစ္ဦးခ်င္းရရွိသည့္ ဆႏၵမဲစာရင္းမ်ားကို ပုံစံ (၁၉) ႏွင့္ ပုံစံ (၁၉-၁) တို႔တြင္ ေရးသြင္းခဲ့ေၾကာင္း၊ အဆိုပါဆႏၵမဲစာရင္း ပုံစံမ်ားတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းမ်ား၊ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္မ်ားႏွင့္ အသိသက္ေသမ်ား၊ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲမ်ားက စိစစ္ၿပီး မွန္ကန္ေၾကာင္း လက္မွတ္ေရးထိုး၍ အမ်ားျပည္သူ ၾကည့္ရႈႏိုင္ရန္ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမ်ားတြင္ ကပ္ထားေၾကညာေပးခဲ့ၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၊ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲမ်ားႏွင့္ မဲ႐ုံမႉးမ်ားသည္ ႀကိဳတင္ဆႏၵမဲေပးျခင္းႏွင့္ ႀကိဳတင္ဆႏၵမဲမ်ား ေရတြက္ျခင္း၊ ဆႏၵမဲစာရင္းမ်ား ျပဳစုျခင္းႏွင့္ ကပ္ထားေၾကညာျခင္းဆိုင္ရာ လုပ္ငန္းစဥ္မ်ားကို သက္ဆိုင္ရာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ႏိုင္ငံေရးပါတီမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္မ်ား၊ အသိသက္ေသမ်ားႏွင့္ အမ်ားျပည္သူမ်ားတို႔အား ဖိတ္ၾကား၍ ပြင့္လင္းျမင္သာစြာျဖင့္ တိက်မွန္ကန္စြာ ေဆာင္႐ြက္ခဲ့ၾကၿပီး ရရွိသည့္ ဆႏၵမဲစာရင္းမ်ားကို အမ်ားျပည္သူ သိရွိႏိုင္ရန္ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံးမ်ားတြင္ ကပ္ထားေၾကညာထားေၾကာင္း ဆိုထားသည္။