(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးရောင်းချမည်

 363

ကိုဖြိုး (NP News )ဇန်နဝါရီ ၃

(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အားဂုဏ်ပြုသည့် အနေဖြင့် မြန်မာ့စာတိုက်လုပ်ငန်းက (၂၀၀)ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးကို ဇန်နဝါရီ(၄)ရက် မှာ စတင်ရောင်းချပေးသွားမည်ဟုသိရသည်။
" ဇန်နဝါရီ ၄ ရက်မှာ ကျရောက်မယ့်လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း က (၂၀၀)ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးကို ၂၀၂၆ ခုနှစ်နှစ် ၊ ဇန်နဝါရီ ၄ ရက် မနက် ၉ နာရီ ၃၀ ကစပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး တို့နှင့်တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီး တွေ မှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်"ဟု မြန်မာ့စာတိုက်လုပ်ငန်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးများတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် မှာ ဝယ်ယူသည့် စာပို့တံဆိပ်ခေါင်း များတွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တံဆိပ်ခေါင်းစုဆောင်းသူဝါသနာရှင်များ အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း အနေဖြင့် အထိမ်းအမှတ် အထူးထုတ်တံဆိပ်ခေါင်းများ ကိုထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi version:

(၇၈)ႏွစ္ေျမာက္လြတ္လပ္ေရးေန႔အားဂုဏ္ျပဳသည့္ အေနျဖင့္ ျမန္မာ့စာတိုက္လုပ္ငန္းက (၂၀၀)က်ပ္တန္ အထူးထုတ္ စာပို႔တံဆိပ္ေခါင္းသစ္ (၂)မ်ိဳးကို ဇန္နဝါရီ(၄)ရက္ မွာ စတင္ေရာင္းခ်ေပးသြားမည္ဟုသိရသည္။
" ဇန္နဝါရီ ၄ ရက္မွာ က်ေရာက္မယ့္လြတ္လပ္ေရးေန႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့စာတိုက္လုပ္ငန္း က (၂၀၀)က်ပ္တန္ အထူးထုတ္ စာပို႔တံဆိပ္ေခါင္းသစ္ (၂)မ်ိဳးကို ၂၀၂၆ ခုႏွစ္ႏွစ္ ၊ ဇန္နဝါရီ ၄ ရက္ မနက္ ၉ နာရီ ၃၀ ကစၿပီး ေနျပည္ေတာ္ဗဟိုစာတိုက္ႀကီး ၊ ရန္ကုန္စာတိုက္ႀကီး၊ မႏၲေလးစာတိုက္ႀကီး တို႔ႏွင့္တိုင္းေဒသႀကီး/ ျပည္နယ္မ်ားရွိ စာတိုက္ႀကီး ေတြ မွာ တစ္ၿပိဳင္တည္း ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္"ဟု ျမန္မာ့စာတိုက္လုပ္ငန္း မွတာဝန္ရွိသူတစ္ဦးကေျပာသည္။
အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေနျပည္ေတာ္ဗဟိုစာတိုက္ႀကီး၊ ရန္ကုန္စာတိုက္ႀကီးႏွင့္ မႏၲေလးစာတိုက္ႀကီးမ်ားတြင္ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ ၄ ရက္ မွာ ဝယ္ယူသည့္ စာပို႔တံဆိပ္ေခါင္း မ်ားတြင္ ေန႔စြဲအမွတ္အသား တံဆိပ္႐ိုက္ႏွိပ္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
တံဆိပ္ေခါင္းစုေဆာင္းသူဝါသနာရွင္မ်ား အတြက္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့စာတိုက္လုပ္ငန္း အေနျဖင့္ အထိမ္းအမွတ္ အထူးထုတ္တံဆိပ္ေခါင္းမ်ား ကိုထုတ္လုပ္ေပးေနျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.