PDF အဖွဲ့က မြို့အတွင်းပြန်မဝင်ရန် ခြိမ်းခြောက်ထားပြီး ဆင်ဖြူကျွန်း ဒေသခံများ မြို့ကျေမည်ကို စိုးရိမ်နေ

4084

Pearl (NP News) - ဇန်နဝါရီ ၃
PDF အဖွဲ့က မြို့အတွင်းပြန်မဝင်ရန် ခြိမ်းခြောက်ထားပြီး ဆင်ဖြူကျွန်း ဒေသခံများအနေဖြင့် မြို့ကျေမည်ကို စိုးရိမ် နေကြောင်း ဒေသခံများ ထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ရက်၊ ညပိုင်းမှစတင်ကာ PDF အဖွဲ့က တိုက်ပွဲများဖော်ဆောင်ခဲ့သဖြင့် တိုက်ပွဲ ပြင်းထန်းခဲ့ပြီး လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းမရှိတော့ သည့်အတွက် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည့် ဒေသခံအချို့ ပြန်လည် ဝင်ရောက်နေထိုင် နေပြီဖြစ် ကြောင်း သိရသည်။
“ဒီနေ့တော့ တိုက်ပွဲရယ်လို့ ကြီးကြီးမားမားမဖြစ်ဘူး။ ကြိုကြားလေးတော့ သူတို့ကလစ်တဲ့ နေရာဝင်တာပေါ့။ ပြန်အေးပြီးဆိုပြီး ဒေသခံတွေ ပြန်ဝင်ပြီးနေကြတာကိုလည်း သူတို့က နေစေချင်တဲ့ပုံမရှိဘူး။ မြို့ကျေမှ ရပ်မဲ့ သဘောပေါ့။ သူတို့က ထပ်လုပ်ဦးမယ်ဆိုတဲ့သဘောပေါ့။ အကုန်လုံးလည်း ထိတ်ထိတ်လန့်လန့်နဲ့ပဲ။ ၁၁ ရက်နေ့ကို အားလုံးစိုးရိမ်နေတာ။ လက်လုပ် လက်စားဒေသခံတွေတော့ အဆင်မပြေကြဘူး။ ဆင်ဖြူကျွန်ဆို တော်တော်များများ ဒုက္ခရောက် ကုန်ပြီ” ဟု ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၁)ရက်လည်း ဆင်ဖြူကျွန်းမြို့နယ်ရှိ စက်မှုလယ်ယာရုံးနှင့် ထွေအုပ်ရုံး တို့ကိုလည်း PDF အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။
“စက်မှုလယ်ယာနဲ့ ဆင်ဖြူကျွန်း မြို့နယ်ခွဲ ထွေအုပ်ရုံးက (၁)ရက်နေ့ ညက ဖြစ်တာ။ PDF တွေ မီးရှို့တာလေ။ ထွေအုပ်ရုံးကတော့ အထဲမှာ တော်တော်လေး လောင်သွားတယ်။ ဒီနေ့က နွယ်တမယ်ရွာမှာ လောင်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင်ဒေသခံအချို့ စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး ထိုသို့ စစ်ဘေးရှောင်ရာတွင်လည်း ဆင်ဖြူကျွန်း မြို့နှင့် (၇) မိုင်ခန့်သာကွာဝေးသည့် စလင်းမြို့သို့ ပြောင်းရွေ့သူများပြားကာ PDF ၏လမ်းပိတ်ဆို့မှုများ၊ လမ်းဘေးတစ်လျှောက်ထောင်ထားသည့် မိုင်းများကြောင့် သွားလာရာတွင်လည်း အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

Zawgyi Version:
PDF အဖြဲ႕က ၿမိဳ႕အတြင္းျပန္မဝင္ရန္ ၿခိမ္းေျခာက္ထားၿပီး ဆင္ျဖဴကြၽန္း ေဒသခံမ်ားအေနျဖင့္ ၿမိဳ႕ေက်မည္ကို စိုးရိမ္ ေနေၾကာင္း ေဒသခံမ်ား ထံ NP News မွ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
မေကြးတိုင္းေဒသႀကီး၊ ဆင္ျဖဴကြၽန္းၿမိဳ႕တြင္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၂ရက္၊ ညပိုင္းမွစတင္ကာ PDF အဖြဲ႕က တိုက္ပြဲမ်ားေဖာ္ေဆာင္ခဲ့သျဖင့္ တိုက္ပြဲ ျပင္းထန္းခဲ့ၿပီး လက္ရွိတြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားျခင္းမရွိေတာ့ သည့္အတြက္ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနၾကရသည့္ ေဒသခံအခ်ိဳ႕ ျပန္လည္ ဝင္ေရာက္ေနထိုင္ ေနၿပီျဖစ္ ေၾကာင္း သိရသည္။
“ဒီေန႔ေတာ့ တိုက္ပြဲရယ္လို႔ ႀကီးႀကီးမားမားမျဖစ္ဘူး။ ႀကိဳၾကားေလးေတာ့ သူတို႔ကလစ္တဲ့ ေနရာဝင္တာေပါ့။ ျပန္ေအးၿပီးဆိုၿပီး ေဒသခံေတြ ျပန္ဝင္ၿပီးေနၾကတာကိုလည္း သူတို႔က ေနေစခ်င္တဲ့ပုံမရွိဘူး။ ၿမိဳ႕ေက်မွ ရပ္မဲ့ သေဘာေပါ့။ သူတို႔က ထပ္လုပ္ဦးမယ္ဆိုတဲ့သေဘာေပါ့။ အကုန္လုံးလည္း ထိတ္ထိတ္လန႔္လန႔္နဲ႔ပဲ။ ၁၁ ရက္ေန႔ကို အားလုံးစိုးရိမ္ေနတာ။ လက္လုပ္ လက္စားေဒသခံေတြေတာ့ အဆင္မေျပၾကဘူး။ ဆင္ျဖဴကြၽန္ဆို ေတာ္ေတာ္မ်ားမ်ား ဒုကၡေရာက္ ကုန္ၿပီ” ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီ (၁)ရက္လည္း ဆင္ျဖဴကြၽန္းၿမိဳ႕နယ္ရွိ စက္မႈလယ္ယာ႐ုံးႏွင့္ ေထြအုပ္႐ုံး တို႔ကိုလည္း PDF အဖြဲ႕က မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္းလည္း သိရသည္။
“စက္မႈလယ္ယာနဲ႔ ဆင္ျဖဴကြၽန္း ၿမိဳ႕နယ္ခြဲ ေထြအုပ္႐ုံးက (၁)ရက္ေန႔ ညက ျဖစ္တာ။ PDF ေတြ မီးရႈိ႕တာေလ။ ေထြအုပ္႐ုံးကေတာ့ အထဲမွာ ေတာ္ေတာ္ေလး ေလာင္သြားတယ္။ ဒီေန႔က ႏြယ္တမယ္႐ြာမွာ ေလာင္တယ္” ဟု ၎က ေျပာသည္။
လက္ရွိတြင္ေဒသခံအခ်ိဳ႕ စစ္ေဘးေရွာင္ေနရဆဲျဖစ္ၿပီး ထိုသို႔ စစ္ေဘးေရွာင္ရာတြင္လည္း ဆင္ျဖဴကြၽန္း ၿမိဳ႕ႏွင့္ (၇) မိုင္ခန႔္သာကြာေဝးသည့္ စလင္းၿမိဳ႕သို႔ ေျပာင္းေ႐ြ႕သူမ်ားျပားကာ PDF ၏လမ္းပိတ္ဆို႔မႈမ်ား၊ လမ္းေဘးတစ္ေလွ်ာက္ေထာင္ထားသည့္ မိုင္းမ်ားေၾကာင့္ သြားလာရာတြင္လည္း အခက္အခဲမ်ားစြာ ျဖစ္ေပၚေနေၾကာင္း သိရသည္။