လွတ်လပ်ရေးနေ့တွင် အကျဉ်းသား (၄၀၀၀) နီးပါး လွတ်ငြိမ်းခွင့်ရရှိမည်ဟု သိရ

1252

Pearl (NP News) - ဇန်နဝါရီ ၃
လာမည့် ဇန်နဝါရီ (၄)ရက်တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ရဲဘက်စခန်းအသီးသီး တွင် ပြစ်ဒဏ်ကျခံ လျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၄၀၀၀) နီးပါး လွတ်ငြိမ်းခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
“ မနက်ဖြန်အတွက် အကျဉ်းသား (၄၀၀၀) နီးပါး လွတ်ငြိမ်းတွေ ရှိတယ်။ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးဖို့ရှိတယ်။ ဂုဏ်ထူးဆောင်ဘွဲ့တွေက ရာဂဏန်းတော့ပေးဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံတော်အတွက် အမှုထမ်းသူ၊ အကျိုးဆောင်သူများ၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများကိုလည်း စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင်လည်း အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦး၊ စုစုပေါင်း ၆၀၄၄ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကို လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့ပြင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ထောင်ဒဏ်တစ်သက်မှ ထောင်ဒဏ် ၁၅ နှစ်သို့ လျှော့ပေါ့ပြောင်းပြီး ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။
အလားတူ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စည်သူဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ သိပ္ပကျော်စွာဘွဲ့ ၊ သူရဲကောင်းမှတ်တမ်းဝင်ဘွဲ့တံဆိပ် အစရှိသည်ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြင့်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
လာမည့္ ဇန္နဝါရီ (၄)ရက္တြင္ က်ေရာက္မည့္ (၇၈) ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔တြင္ ႏိုင္ငံတစ္ဝန္းရွိ အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္၊ ရဲဘက္စခန္းအသီးသီး တြင္ ျပစ္ဒဏ္က်ခံ လ်က္ရွိေသာ အက်ဥ္းသား၊ အက်ဥ္းသူ (၄၀၀၀) နီးပါး လြတ္ၿငိမ္းခြင့္ရရွိမည္ျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။
“ မနက္ျဖန္အတြက္ အက်ဥ္းသား (၄၀၀၀) နီးပါး လြတ္ၿငိမ္းေတြ ရွိတယ္။ ဂုဏ္ထူးေဆာင္ဘြဲ႕ေတြ ေပးဖို႔ရွိတယ္။ ဂုဏ္ထူးေဆာင္ဘြဲ႕ေတြက ရာဂဏန္းေတာ့ေပးဖို႔ရွိတယ္” ဟု ၎က ေျပာသည္။
ႏိုင္ငံေတာ္အတြက္ အမႈထမ္းသူ၊ အက်ိဳးေဆာင္သူမ်ား၊ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္လုံၿခဳံေရးတာဝန္မ်ားကို စြမ္းစြမ္းတမံထမ္းေဆာင္ခဲ့သူမ်ားကိုလည္း စြမ္းေဆာင္မႈဆိုင္ရာ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ (၄)ရက္၊ (၇၇)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔တြင္လည္း အက်ဥ္းသား၊ အက်ဥ္းသူ ၅၈၆၄ ဦးႏွင့္ ႏိုင္ငံျခားသား အက်ဥ္းသား၊ အက်ဥ္းသူ ၁၈၀ ဦး၊ စုစုေပါင္း ၆၀၄၄ ဦးတို႔ကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ(၁)အရ ေနာက္တစ္ႀကိမ္ျပစ္မႈ ထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္ က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္မ်ားျဖင့္ ယင္းတို႔က်ခံရန္ က်န္ရွိေသာျပစ္ဒဏ္မ်ားကို ေလွ်ာ့ေပါ့၍ လြတ္ၿငိမ္းခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေထာင္ဒဏ္တစ္သက္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ အက်ဥ္းသား၊ အက်ဥ္းသူ ၁၄၄ ဦးတို႔ကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ(၁)အရ ေထာင္ဒဏ္တစ္သက္မွ ေထာင္ဒဏ္ ၁၅ ႏွစ္သို႔ ေလွ်ာ့ေပါ့ေျပာင္းၿပီး ျပစ္ဒဏ္လြတ္ၿငိမ္း သက္သာခြင့္ျပဳခဲ့ေၾကာင္းလည္း သိရသည္။
အလားတူ (၇၇)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔တြင္ စည္သူဘြဲ႕၊ ေဇယ်ေက်ာ္ထင္ဘြဲ႕၊ သိပၸေက်ာ္စြာဘြဲ႕ ၊ သူရဲေကာင္းမွတ္တမ္းဝင္ဘြဲ႕တံဆိပ္ အစရွိသည္ျဖင့္ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားကို ခ်ီးျမင့္ခဲ့ေၾကာင္းလည္း သိရသည္။