ဗင်နီဇွဲလားသမ္မတဖမ်းဆီးခံရမှုနဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံအများအပြားရဲ့ထုတ်ပြန်ပြောဆိုချက်များ

 2995

Pika (NP News)- ဇန်နဝါရီ ၃
အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုကို ဖမ်းဆီးလိုက်ပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်က ဗင်နီဇွဲလားနိုင်ငံအပေါ် ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုလိုအတည်ပြုပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က”အမေရိကန်နိုင်ငံဟာ ဗင်နီဇွဲလားအပေါ် ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုနဲ့ဇနီးဖြစ်သူတို့ကို ဖမ်းဆီးပြီးတော့ နိုင်ငံပြင်ပကိုခေါ်ထုတ်နိုင်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို အမေရိကန်ဥပဒေစိုးမိုးရေးနဲ့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့တာပါ”လို့ပြောဆိုခဲ့ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ၎င်းရဲ့နေအိမ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဲ့ဒီစစ်ဆင်ရေးကို ထူးချွန်ပြီးထက်မြက်တဲ့စစ်ဆင်ရေးတစ်ခုအဖြစ် ဒေါ်နယ်ထရမ့်က ချီးကျူးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းမှုနဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု တိုက်ဖျက်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဒေါ်နယ်ထရမ့်ကို နီကိုလက်စ်မာဒူရိုကကမ်းလှမ်းဖို့ ကြိုးပမ်းခဲ့ပြီးနောက် နှစ်ရက်အကြာမှာ နီကိုလက်စ်မာဒူရိုကို ဖမ်းဆီးလိုက်ပြီဆိုတာကို ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။
ဒါ့ပြင် အမေရိကန်က ဗင်နီဇွဲလားအပေါ်လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးကို အီရန်အစိုးရက ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ အမျိုးသားအချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးတို့ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တဲ့လုပ်ရပ်တစ်ခုအဖြစ် အီရန်က ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စွာစောင့်ကြည့်နေကြောင်းနဲ့ နောက်ထပ်ဆွေးနွေးမှုတွေအတွက် အကျပ်အတည်းဆိုင်ရာအဖွဲ့တစ်ဖွဲ့ကို တွေ့ဆုံဖို့ရှိတယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံကလည်း အမေရိကန်ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ပြီး နောက်ထပ်တင်းမာမှုတွေမဖြစ်အောင် ကာကွယ်ဖို့နဲ့ ဆွေးနွေးမှုတွေကနေတစ်ဆင့် ဒီအခြေအနေတွေအားလုံးကို ကျော်လွှားနိုင်မယ့်နည်းလမ်းကို ရှာဖွေဖို့အတွက် အာရုံစိုက်ဖို့က အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
စပိန်နိုင်ငံကလည်း ဗင်နီဇွဲလားမှာတင်းမာမှုလျှော့ချရေးနဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံကလည်း ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ဖို့အတွက် ဥရောပမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အီတလီနိုင်ငံရဲ့ သံတမန်ကိုယ်စားလှယ်အဖွဲ့က ဗင်နီဇွဲလားရဲ့ အခြေအနေတိုးတက်မှုတွေအားလုံးကို အထူးဂရုစိုက်ပြီး စောင့်ကြည့်နေတယ်လို့ အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုတာဂျာနီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အေမရိကန္တပ္ဖြဲ႕ေတြက ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုကို ဖမ္းဆီးလိုက္ၿပီလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္က ဗင္နီဇြဲလားႏိုင္ငံအေပၚ ႀကီးမားတဲ့တိုက္ခိုက္မႈတစ္ခုကို စတင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္က ယခုလိုအတည္ျပဳေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က”အေမရိကန္ႏိုင္ငံဟာ ဗင္နီဇြဲလားအေပၚ ႀကီးမားတဲ့တိုက္ခိုက္မႈတစ္ခုကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ၿပီး ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုနဲ႔ဇနီးျဖစ္သူတို႔ကို ဖမ္းဆီးၿပီးေတာ့ ႏိုင္ငံျပင္ပကိုေခၚထုတ္ႏိုင္ခဲ့ပါတယ္။
ဒီစစ္ဆင္ေရးကို အေမရိကန္ဥပေဒစိုးမိုးေရးနဲ႔ ပူးေပါင္းၿပီးေဆာင္႐ြက္ခဲ့တာပါ”လို႔ေျပာဆိုခဲ့ပါတယ္။
အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ဖေလာ္ရီဒါျပည္နယ္မွာရွိတဲ့ ၎ရဲ႕ေနအိမ္မွာ သတင္းစာရွင္းလင္းပြဲတစ္ခုျပဳလုပ္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အဲ့ဒီစစ္ဆင္ေရးကို ထူးခြၽန္ၿပီးထက္ျမက္တဲ့စစ္ဆင္ေရးတစ္ခုအျဖစ္ ေဒၚနယ္ထရမ့္က ခ်ီးက်ဴးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။မူးယစ္ေဆးဝါးေမွာင္ခိုကူးသန္းမႈနဲ႔ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္မႈ တိုက္ဖ်က္ေရးတို႔မွာ ပူးေပါင္းေဆာင္႐ြက္ဖို႔အတြက္ ေဒၚနယ္ထရမ့္ကို နီကိုလက္စ္မာဒူ႐ိုကကမ္းလွမ္းဖို႔ ႀကိဳးပမ္းခဲ့ၿပီးေနာက္ ႏွစ္ရက္အၾကာမွာ နီကိုလက္စ္မာဒူ႐ိုကို ဖမ္းဆီးလိုက္ၿပီဆိုတာကို ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့တာပဲျဖစ္ပါတယ္။
ဒါ့ျပင္ အေမရိကန္က ဗင္နီဇြဲလားအေပၚလုပ္ေဆာင္ခဲ့တဲ့ စစ္ဆင္ေရးကို အီရန္အစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ရဲ႕လုပ္ရပ္ဟာ ဗင္နီဇြဲလားႏိုင္ငံရဲ႕ အမ်ိဳးသားအခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမစိုးမိုးေရးတို႔ကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္တဲ့လုပ္ရပ္တစ္ခုအျဖစ္ အီရန္က ျပစ္တင္ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဗင္နီဇြဲလားႏိုင္ငံရဲ႕ အေျခအေနေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္စြာေစာင့္ၾကည့္ေနေၾကာင္းနဲ႔ ေနာက္ထပ္ေဆြးေႏြးမႈေတြအတြက္ အက်ပ္အတည္းဆိုင္ရာအဖြဲ႕တစ္ဖြဲ႕ကို ေတြ႕ဆုံဖို႔ရွိတယ္လို႔ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
႐ုရွားႏိုင္ငံကလည္း အေမရိကန္ရဲ႕လုပ္ရပ္ကို ျပင္းျပင္းထန္ထန္ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ေနာက္ထပ္တင္းမာမႈေတြမျဖစ္ေအာင္ ကာကြယ္ဖို႔နဲ႔ ေဆြးေႏြးမႈေတြကေနတစ္ဆင့္ ဒီအေျခအေနေတြအားလုံးကို ေက်ာ္လႊားႏိုင္မယ့္နည္းလမ္းကို ရွာေဖြဖို႔အတြက္ အာ႐ုံစိုက္ဖို႔က အေရးႀကီးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
စပိန္ႏိုင္ငံကလည္း ဗင္နီဇြဲလားမွာတင္းမာမႈေလွ်ာ့ခ်ေရးနဲ႔ ႏိုင္ငံတကာဥပေဒကို ေလးစားလိုက္နာဖို႔ ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ဘယ္လ္ဂ်ီယံႏိုင္ငံကလည္း ဗင္နီဇြဲလားႏိုင္ငံရဲ႕ အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ဖို႔အတြက္ ဥေရာပမိတ္ဖက္ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အီတလီႏိုင္ငံရဲ႕ သံတမန္ကိုယ္စားလွယ္အဖြဲ႕က ဗင္နီဇြဲလားရဲ႕ အေျခအေနတိုးတက္မႈေတြအားလုံးကို အထူးဂ႐ုစိုက္ၿပီး ေစာင့္ၾကည့္ေနတယ္လို႔ အီတလီႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီယိုတာဂ်ာနီက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.