တရုတ်နဲ့တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ အမေရိကန်ကိုလာရောက်လည်ပတ်ဖို့ ဂျပန်ဝန်ကြီးချုပ်ကို ဒေါ်နယ်ထရမ့်ဖိတ်ကြား

 435

Pika(NP News)ဇန်နဝါရီ ၄
ယခုနှစ်အတွင်း အမေရိကန်ကို လာရောက်လည်ပတ်ဖို့ ဂျပန်ဝန်ကြီးချုပ်ဆာနေးတာကိုင်ချီကို ဒေါ်နယ်ထရမ့်က ဖိတ်ကြားခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီလ(၂)ရက်နေ့က ဆာနေးတာကိုင်ချီနဲ့ လုပ်ဆောင်ခဲ့တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုအတွင်း ယခုလိုဖိတ်ကြားမှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အဲ့ဒီခရီးစဉ်ဟာ ဆာနေးတာကိုင်ချီက ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်နောက်ပိုင်း ၎င်းရဲ့ပထမဆုံးအမေရိကန်ခရီးစဉ်ဖြစ်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါပေမယ့်လည်း ဆာနေးတာကိုင်ချီနဲ့ ဖုန်းခေါ်ဆိုမှုနဲ့ ဖိတ်ကြားမှုတွေကို အမေရိကန်အစိုးရဘက်က ချက်ချင်းအတည်ပြုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ဂျပန်နဲ့တရုတ်တို့ကြား တင်းမာမှုတွေမြင့်တက်နေမှုနဲ့အတူ ဒေသတွင်းမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာချိန်မှာပဲ ယခုလိုသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။တရုတ်က တရုတ်(တိုင်ပေ)ကျွန်းအပေါ် စစ်ပွဲဆင်နွှဲခဲ့မယ်ဆိုရင် ဂျပန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေ လုပ်ဆောင်နိုင်တယ်လို့ ဆာနေးတာကိုင်ချီက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဂျပန်နဲ့တရုတ်တို့ကြား တင်းမာမှုတွေ စတင်မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ဒါ့ပြင် ဆာနေးတာကိုင်ချီရဲ့ ပြောဆိုချက်တွေက တာဝန်ယူမှု၊တာဝန်ခံမှုမရှိတဲ့ ပြောဆိုချက်တွေဖြစ်တယ်လို့လည်း တရုတ်အစိုးရက ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္နဲ႔တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ အေမရိကန္ကိုလာေရာက္လည္ပတ္ဖို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ကို ေဒၚနယ္ထရမ့္ဖိတ္ၾကား
Pika(NP News)ဇန္နဝါရီ ၄
ယခုႏွစ္အတြင္း အေမရိကန္ကို လာေရာက္လည္ပတ္ဖို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ဆာေနးတာကိုင္ခ်ီကို ေဒၚနယ္ထရမ့္က ဖိတ္ၾကားခဲ့တယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္ဟာ ဇန္နဝါရီလ(၂)ရက္ေန႔က ဆာေနးတာကိုင္ခ်ီနဲ႔ လုပ္ေဆာင္ခဲ့တဲ့ ဖုန္းေခၚဆိုမႈတစ္ခုအတြင္း ယခုလိုဖိတ္ၾကားမႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အဲ့ဒီခရီးစဥ္ဟာ ဆာေနးတာကိုင္ခ်ီက ဝန္ႀကီးခ်ဳပ္အျဖစ္ စတင္တာဝန္ထမ္းေဆာင္ေနာက္ပိုင္း ၎ရဲ႕ပထမဆုံးအေမရိကန္ခရီးစဥ္ျဖစ္လာမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါေပမယ့္လည္း ဆာေနးတာကိုင္ခ်ီနဲ႔ ဖုန္းေခၚဆိုမႈနဲ႔ ဖိတ္ၾကားမႈေတြကို အေမရိကန္အစိုးရဘက္က ခ်က္ခ်င္းအတည္ျပဳတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ဂ်ပန္နဲ႔တ႐ုတ္တို႔ၾကား တင္းမာမႈေတြျမင့္တက္ေနမႈနဲ႔အတူ ေဒသတြင္းမွာ တင္းမာမႈေတြပိုမိုျမင့္တက္လာခ်ိန္မွာပဲ ယခုလိုသတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။တ႐ုတ္က တ႐ုတ္(တိုင္ေပ)ကြၽန္းအေပၚ စစ္ပြဲဆင္ႏႊဲခဲ့မယ္ဆိုရင္ ဂ်ပန္က စစ္ေရးအရ ဝင္ေရာက္စြက္ဖက္မႈေတြ လုပ္ေဆာင္ႏိုင္တယ္လို႔ ဆာေနးတာကိုင္ခ်ီက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ဂ်ပန္နဲ႔တ႐ုတ္တို႔ၾကား တင္းမာမႈေတြ စတင္ျမင့္တက္လာခဲ့တာပဲျဖစ္ပါတယ္။ဒါ့ျပင္ ဆာေနးတာကိုင္ခ်ီရဲ႕ ေျပာဆိုခ်က္ေတြက တာဝန္ယူမႈ၊တာဝန္ခံမႈမရွိတဲ့ ေျပာဆိုခ်က္ေတြျဖစ္တယ္လို႔လည္း တ႐ုတ္အစိုးရက ျပစ္တင္ေဝဖန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.