လွတ်လပ်ရေးနေ့ လွတ်ငြိမ်းနှင့်အတူ ပြန်ဝန်ဟောင်းဦးရဲထွဋ်နှင့် မော်ဒယ်နန်းမွေစံတို့လွတ်မြောက်လာ

19542

သန့်ဇင်(NP News)-ဇန်နဝါရီ ၄
(၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ ယနေ့ (ဇန်နဝါရီ ၄ ရက်)လွတ်ငြိမ်းချမ်းသားခွင့်နှင့်အတူ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်နှင့် မော်ဒယ် နန်းမွေစံလည်း လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသောဦးရဲထွဋ်သည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် ၂၀၂၃ ခုနှစ် (အောက်တိုဘာ ၂၈ ရက်) ညပိုင်းက ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ ၅၀၅ က၊ ပုဒ်မ ၁၂၄ တို့ဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံခဲ့ ရကြောင်း သိရသည်။
အလားတူ မော်ဒယ်နန်းမွေစံသည် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)ဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ် (၆) နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အမျိုးသားက (၆၀၀)နဲ့ အမျိုးသမီးက (၂၀၀)လောက်ပါတယ်။ ရန်ကုန်တိုင်းတစ်တိုင်းလုံးဆိုရင် (၁၀၄၀) လွတ်တယ်။ ဦးရဲထွဋ်လည်း လွတ်လာတယ်။ နန်းမွေစံလည်းလွတ်လာတယ်”ဟု သိရှိသူတစ်ဦးက NP News ကိုပြောသည်။
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရှိ အကျဥ်းစခန်း(၇)ခုမှ အကျဥ်းသား (၁၀၄၀) ဦး၊ အကျဥ်းသူ (၁၉၄) ဦးတို့လွတ်ငြိမ်းခွင့်ရခဲ့ပြီး အင်းစိန်အကျဉ်းထောင် အကျဉ်းသား၊အကျဉ်းသူ (၈၀၀)ဦးခန့်ပါဝင်ကြောင်း သိရသည်။
“အရမ်းပျော်ပါတယ်ဗျာ။ ထောင်ဒဏ် (၁) နှစ်ကျတာကို (၆)လနဲ့ (၂) ရက်နေခဲ့ရတယ်။ နိုင်ငံတော်က လွှတ်တော့ပျော်တာပေါ့ဗျာ။ ဘယ်လို ပြောရမလဲ။ ပါမယ်တောင်မထင်ဘူး။ ဝမ်းသာတာပေါ့။ ဇာတိက ကျွန်တော်အင်းတကော်ကပါ”ဟု အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသူ အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ယနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသား ချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျ ခံလျက်ရှိသော အကျဉ်းသား ၊ အကျဉ်းသူ (၆၁၃၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သိရသည်။
နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၅၂)ဦးလည်းပါဝင်ခဲ့ပြီး ၎င်းတို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ ပြည်နှင် ဒဏ်ပေးလိုက်ကြောင်း သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ် ဒဏ်အပြင် ယခုကျခံ ရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လြတ္လပ္ေရးေန႔ လြတ္ၿငိမ္းႏွင့္အတူ ျပန္ဝန္ေဟာင္းဦးရဲထြဋ္ႏွင့္ ေမာ္ဒယ္နန္းေမြစံတို႔လြတ္ေျမာက္လာ
သန႔္ဇင္(NP News)-ဇန္နဝါရီ ၄
(၇၈) ႏွစ္ေျမာက္လြတ္လပ္ေရးေန႔ ယေန႔ (ဇန္နဝါရီ ၄ ရက္)လြတ္ၿငိမ္းခ်မ္းသားခြင့္ႏွင့္အတူ ျပန္ၾကားေရးဝန္ႀကီးေဟာင္းဦးရဲထြဋ္ႏွင့္ ေမာ္ဒယ္ နန္းေမြစံလည္း လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။
သမၼတဦးသိန္းစိန္အစိုးရလက္ထက္ ျပန္ၾကားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေသာဦးရဲထြဋ္သည္ လူမႈကြန္ရက္စာမ်က္ႏွာေပၚ၌ မဟုတ္မမွန္သတင္းမ်ား ေရးသားျဖန႔္ေဝျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္ဟုဆိုကာ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅-က ျဖင့္ ၂၀၂၃ ခုႏွစ္ (ေအာက္တိုဘာ ၂၈ ရက္) ညပိုင္းက ဖမ္းဆီးခံခဲ့ရၿပီးေနာက္ ပုဒ္မ ၅၀၅ က၊ ပုဒ္မ ၁၂၄ တို႔ျဖင့္ ေထာင္ဒဏ္ (၁၀) ႏွစ္ ခ်မွတ္ခံခဲ့ ရေၾကာင္း သိရသည္။
အလားတူ ေမာ္ဒယ္နန္းေမြစံသည္ အီလက္ထေရာနစ္ ဆက္သြယ္ေဆာင္႐ြက္ေရး ဥပေဒ ပုဒ္မ ၃၃(က)ျဖင့္ ၂၀၂၂ ခုႏွစ္၊ စက္တင္ဘာ ၂၇ ရက္က ေထာင္ဒဏ္ (၆) ႏွစ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အမ်ိဳးသားက (၆၀၀)နဲ႔ အမ်ိဳးသမီးက (၂၀၀)ေလာက္ပါတယ္။ ရန္ကုန္တိုင္းတစ္တိုင္းလုံးဆိုရင္ (၁၀၄၀) လြတ္တယ္။ ဦးရဲထြဋ္လည္း လြတ္လာတယ္။ နန္းေမြစံလည္းလြတ္လာတယ္”ဟု သိရွိသူတစ္ဦးက NP News ကိုေျပာသည္။
(၇၈)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ လြတ္ၿငိမ္းႏွင့္အတူ ရန္ကုန္တိုင္းေဒသႀကီးရွိ အက်ဥ္းစခန္း(၇)ခုမွ အက်ဥ္းသား (၁၀၄၀) ဦး၊ အက်ဥ္းသူ (၁၉၄) ဦးတို႔လြတ္ၿငိမ္းခြင့္ရခဲ့ၿပီး အင္းစိန္အက်ဥ္းေထာင္ အက်ဥ္းသား၊အက်ဥ္းသူ (၈၀၀)ဦးခန႔္ပါဝင္ေၾကာင္း သိရသည္။
“အရမ္းေပ်ာ္ပါတယ္ဗ်ာ။ ေထာင္ဒဏ္ (၁) ႏွစ္က်တာကို (၆)လနဲ႔ (၂) ရက္ေနခဲ့ရတယ္။ ႏိုင္ငံေတာ္က လြတ္ေတာ့ေပ်ာ္တာေပါ့ဗ်ာ။ ဘယ္လို ေျပာရမလဲ။ ပါမယ္ေတာင္မထင္ဘူး။ ဝမ္းသာတာေပါ့။ ဇာတိက ကြၽန္ေတာ္အင္းတေကာ္ကပါ”ဟု အင္းစိန္အက်ဥ္းေထာင္မွ လြတ္ေျမာက္လာသူ အသက္ (၄၄) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေျပာသည္။
ယေန႔တြင္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ေန႔အားျဖင့္ လည္းေကာင္း၊ ျပည္သူလူထု ႏွလုံးစိတ္ဝမ္းေအးခ်မ္းေစေရးႏွင့္ လူသား ခ်င္းစာနာ ေထာက္ထားမႈကို အေလးထားေသာအားျဖင့္လည္းေကာင္း အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္၊ စခန္းအသီးသီးတြင္ ျပစ္ဒဏ္က် ခံလ်က္ရွိေသာ အက်ဥ္းသား ၊ အက်ဥ္းသူ (၆၁၃၄) ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္ေၾကာင္း သိရသည္။
ႏိုင္ငံျခားသား အက်ဥ္းသား၊ အက်ဥ္းသူ (၅၂)ဦးလည္းပါဝင္ခဲ့ၿပီး ၎တို႔ကို ျပစ္ဒဏ္ေလွ်ာ့ေပါ့ကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳ၍ ျပည္ႏွင္ ဒဏ္ေပးအပ္လိုက္ေၾကာင္း သိရသည္။
လြတ္ၿငိမ္းခ်မ္းသာခြင့္ရ အက်ဥ္းသားမ်ားသည္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄ဝ၁ ပုဒ္မခြဲ ၁ အရ ေနာက္တစ္ႀကိမ္ ျပစ္မႈထပ္မံ က်ဴးလြန္ပါက ၎ျပစ္ ဒဏ္အျပင္ ယခုက်ခံ ရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္ဟူေသာ စည္းကမ္း သတ္မွတ္ခ်က္ျဖင့္ ေလွ်ာ့ေပါ့ၿပီး ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။