တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ လုပ်ဆောင်ခဲ့တဲ့ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေကို အမေရိကန်ပြစ်တင်ရှုတ်ချ

392

Pika(NP News)ဇန်နဝါရီ ၄
တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလုပ်ဆောင်ခဲ့တဲ့ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်းမှာတင်းမာမှုတွေကို မလိုအပ်ပဲမြင့်တက်စေခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် တရုတ်(တိုင်ပေ)ကျွန်းအပေါ် စစ်ရေးအရဖိအားပေးမှုတွေကို ရပ်တန့်ဖို့ တရုတ်ကို အမေရိကန်က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တွန်မီပစ်ဂေါ့က”တရုတ်ရဲ့ တရုတ်(တိုင်ပေ)ကျွန်းနဲ့ ဒေသတွင်းက အခြားနေရာတွေမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပြောဆိုချက်တွေဟာ တင်းမာမှုတေကို မလိုအပ်ဘဲ မြင့်တက်စေပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့၊တရုတ်(တိုင်ပေ)အပေါ် စစ်ရေးအရဖိအားပေးမှုတွေကို လျှော့ချဖို့နဲ့ အဓိပ္ပါယ်ရှိတဲ့ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ တရုတ်ကို ကျွန်တော်တို့တိုက်တွန်းထားပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ တိုက်လေယာဉ်တွေ၊ရေတပ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်သင်္ဘောတွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တရုတ်အစိုးရက ဒီဇင်ဘာလ(၂၉)ရက်နဲ့ (၃၀)ရက်တို့မှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အလွန်အမင်းရန်လိုတဲ့လုပ်ရပ်တစ်ခုအဖြစ် တရုတ်(တိုင်ပေ)အစိုးရက ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ လုပ္ေဆာင္ခဲ့တဲ့ တ႐ုတ္ရဲ႕စစ္ေရးေလ့က်င့္မႈေတြကို အေမရိကန္ျပစ္တင္ရႈတ္ခ်
Pika(NP News)ဇန္နဝါရီ ၄
တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ ၿပီးခဲ့တဲ့ရက္ပိုင္းကလုပ္ေဆာင္ခဲ့တဲ့ တ႐ုတ္ရဲ႕စစ္ေရးေလ့က်င့္မႈေတြဟာ ေဒသတြင္းမွာတင္းမာမႈေတြကို မလိုအပ္ပဲျမင့္တက္ေစခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဝဖန္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)ကြၽန္းအေပၚ စစ္ေရးအရဖိအားေပးမႈေတြကို ရပ္တန႔္ဖို႔ တ႐ုတ္ကို အေမရိကန္က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ တြန္မီပစ္ေဂါ့က”တ႐ုတ္ရဲ႕ တ႐ုတ္(တိုင္ေပ)ကြၽန္းနဲ႔ ေဒသတြင္းက အျခားေနရာေတြမွာ လုပ္ေဆာင္ခဲ့တဲ့ စစ္ေရးေလ့က်င့္မႈေတြနဲ႔ ေျပာဆိုခ်က္ေတြဟာ တင္းမာမႈေတကို မလိုအပ္ဘဲ ျမင့္တက္ေစပါတယ္။ စစ္ေရးေလ့က်င့္မႈေတြကို ထိန္းထိန္းသိမ္းသိမ္းလုပ္ေဆာင္ဖို႔၊တ႐ုတ္(တိုင္ေပ)အေပၚ စစ္ေရးအရဖိအားေပးမႈေတြကို ေလွ်ာ့ခ်ဖို႔နဲ႔ အဓိပၸါယ္ရွိတဲ့ေဆြးေႏြးပြဲေတြမွာ ပါဝင္ဖို႔ တ႐ုတ္ကို ကြၽန္ေတာ္တို႔တိုက္တြန္းထားပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ တိုက္ေလယာဥ္ေတြ၊ေရတပ္သေဘၤာေတြနဲ႔ ကမ္းေျခေစာင့္သေဘၤာေတြပါဝင္တဲ့ စစ္ေရးေလ့က်င့္မႈေတြကို တ႐ုတ္အစိုးရက ဒီဇင္ဘာလ(၂၉)ရက္နဲ႔ (၃၀)ရက္တို႔မွာ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ တ႐ုတ္ရဲ႕ စစ္ေရးေလ့က်င့္မႈေတြကို အလြန္အမင္းရန္လိုတဲ့လုပ္ရပ္တစ္ခုအျဖစ္ တ႐ုတ္(တိုင္ေပ)အစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။