ဒေါ်နယ်ထရမ့်ရဲ့ ဂရင်းလန်းအစီအစဉ်ကို ခိုင်ခိုင်မာမာဆန့်ကျင်သွားမယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ်ပြော

 698

Pika(NP News)- ဇန်နဝါရီ ၄
ဂရင်းလန်းနယ်မြေကို ပြန်လည်သိမ်းပိုက်မယ့် အမေရိကန်ရဲ့ကြိုးပမ်းမှုတွေအားလုံးကို ခိုင်ခိုင်မာမာဆန့်ကျင်သွားမယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒဲရစ်ဆန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လူဝီစီယားနားပြည်နယ်အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဂရင်းလန်းနယ်မြေအတွက် အထူးသံတမန်အဖြစ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခန့်အပ်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ မက်တီဖရက်ဒဲရစ်ဆန်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါ့ပြင် ဂရင်းလန်းနယ်မြေဟာ အမေရိကန်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာသင့်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လတွေအတွင်း အကြံပြုပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်ရဲ့ ဂရင်းလန်းကျွန်းကို ပြန်လည်သိမ်းပိုက်မယ့် ပြောဆိုချက်တွေကို အနီးကပ်ဆုံးမိတ်ဖက်နိုင်ငံထံမှ ခြိမ်းခြောက်မှုနဲ့ ဖိအားပေးမှုတွေအဖြစ် မက်တီဖရက်ဒဲရစ်ဆန်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။အခြားနိုင်ငံတစ်ခုကို ရယူမှုဆိုင်ရာ အယူအဆတွေဟာ ခေတ်နောက်ကျပြီး လက်ခံနိုင်စရာမရှိတဲ့ အမြင်တစ်ခုဖြစ်တယ်လို့လည်း ၎င်းကဝေဖန်ပြောဆိုခဲ့ပါတယ်။၎င်းက”အခြားနိုင်ငံတစ်ခု၊အခြားလူမျိုးတစ်ခုကို သိမ်းပိုက်လိုတာနဲ့ပတ်သက်ပြီး ပြောချင်တာက ကျွန်မတို့က တစ်စုံတစ်ယောက်က ဝယ်ပြီး ပိုင်ဆိုင်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ကျွန်မတို့က ပဋိပက္ခတွေကို ရှာဖွေနေတဲ့ လူတွေမဟုတ်ပါဘူး။ဘယ်လိုပဲဖြစ်နေပါစေ အမှန်နဲ့အမှားကို ကျွန်မတို့ ခိုင်ခိုင်မာမာဆန့်ကျင်ရပ်တည်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ေဒၚနယ္ထရမ့္ရဲ႕ ဂရင္းလန္းအစီအစဥ္ကို ခိုင္ခိုင္မာမာဆန႔္က်င္သြားမယ္လို႔ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ေျပာ
Pika(NP News)- ဇန္နဝါရီ ၄
ဂရင္းလန္းနယ္ေျမကို ျပန္လည္သိမ္းပိုက္မယ့္ အေမရိကန္ရဲ႕ႀကိဳးပမ္းမႈေတြအားလုံးကို ခိုင္ခိုင္မာမာဆန႔္က်င္သြားမယ္လို႔ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ မက္တီဖရက္ဒဲရစ္ဆန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။လူဝီစီယားနားျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဂ်က္ဖ္လန္ဒရီကို ဂရင္းလန္းနယ္ေျမအတြက္ အထူးသံတမန္အျဖစ္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ခန႔္အပ္ခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ မက္တီဖရက္ဒဲရစ္ဆန္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ဒါ့ျပင္ ဂရင္းလန္းနယ္ေျမဟာ အေမရိကန္ႏိုင္ငံရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္လာသင့္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့လေတြအတြင္း အႀကံျပဳေျပာဆိုခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္ရဲ႕ ဂရင္းလန္းကြၽန္းကို ျပန္လည္သိမ္းပိုက္မယ့္ ေျပာဆိုခ်က္ေတြကို အနီးကပ္ဆုံးမိတ္ဖက္ႏိုင္ငံထံမွ ၿခိမ္းေျခာက္မႈနဲ႔ ဖိအားေပးမႈေတြအျဖစ္ မက္တီဖရက္ဒဲရစ္ဆန္က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။အျခားႏိုင္ငံတစ္ခုကို ရယူမႈဆိုင္ရာ အယူအဆေတြဟာ ေခတ္ေနာက္က်ၿပီး လက္ခံႏိုင္စရာမရွိတဲ့ အျမင္တစ္ခုျဖစ္တယ္လို႔လည္း ၎ကေဝဖန္ေျပာဆိုခဲ့ပါတယ္။၎က”အျခားႏိုင္ငံတစ္ခု၊အျခားလူမ်ိဳးတစ္ခုကို သိမ္းပိုက္လိုတာနဲ႔ပတ္သက္ၿပီး ေျပာခ်င္တာက ကြၽန္မတို႔က တစ္စုံတစ္ေယာက္က ဝယ္ၿပီး ပိုင္ဆိုင္လို႔ရတဲ့အရာမ်ိဳးမဟုတ္ပါဘူး။ကြၽန္မတို႔က ပဋိပကၡေတြကို ရွာေဖြေနတဲ့ လူေတြမဟုတ္ပါဘူး။ဘယ္လိုပဲျဖစ္ေနပါေစ အမွန္နဲ႔အမွားကို ကြၽန္မတို႔ ခိုင္ခိုင္မာမာဆန႔္က်င္ရပ္တည္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.